လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/21/2014

၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် PFP ရုံးဖွင့်

( ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
People-for-People
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် People for People (PFP) အန်ဂျီအိုရုံးဖွင့်ပွဲကို စစ်တွေမြို့တွင် ယခုလ ၁၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းရုံးဖွင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ အဝေးပြေးကားဂိတ်၊ မင်းဂံရပ်ကွက်ရှိ ၎င်းရုံး တည်ရှိရာ ရုံးတွင် ပြုလုပ်ရာ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့သည်။
၎င်းအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပြေသိန်း (ခေါ်) ကိုထွန်းထွန်းမှ ရုံးဖွင့်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယခုလို ရှင်းပြပြောဆိုသည်။
“ အဓိကတော့ စွမ်းရည်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရေးအတွက် လေ့ကျင့် ပြုစုပျိုးထောင်သွားဖို့နဲ့ ပညာရေးကဏ္ဍကို တက်စွမ်းသမျှ ၀ိုင်းဝန်းကူညီသွားဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒီရည်ရွယ်ချက်တွေကို  အကောင်အထည်ဖေါ်မယ်ဆိုရင် ခုလို ရုံးအဖွဲ့ လိုအပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒီရုံးကို စစ်တွေမှာ ပထမဆုံး ဖွင့်လှစ်ရတာပါ” ဟု ဆိုသည်။
ရှေ့လုပ်ငန်းစဉ် တစ်ခုအဖြစ် RNDP နှင့် ပူးပေါင်းပြီး ရခိုင် လက်လုပ် အနုပညာ ပစ္စည်းများ (Handicrafts) များကို နိုင်ငံတကာဈေးကွက်ဝင်အောင် ဆောင်ရွက်သွားရန်လည်း အစီအစဉ်များ ချမှတ်ထားကြောင်း သူက ပြောဆိုသည်။
“ ဒါတွေ အပြင် ကျနော်တို့ရဲ့ လူငယ်အရည်အသွေးမြင့် သင်တန်းများကို ရခိုင်ပြည်နယ်က ဂွ၊ မြေပုံနဲ့ အမ်းမြို့နယ်တွေမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ ဒီထက် တိုးတက်အောင် လုပ်ဆောင်ဖို့လည်း ဆက်လက်ကြိုးစားသွားမှာပါ” ဟု သူက ဆက်ပြောသည်။
ရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့သော စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်၊ ရှေ့နေ အမျိုးသမီးကြီး ဆရာမ ဒေါ်အေးနုစိန်၊ ကိုခိုင်ကောင်းစံ၊ ကိုကျော်ဇောဦးနှင့် ရခိုင်အမျိုးသမီး အစည်းအရုံးမှ မမီမီသန်းတို့မှလည်း ဖွင့်ပွဲအခမ်းအနားတွင် နုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်ဟု သိရသည်။
ရုံးဖွင့်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ၁၀ နာရီကျော်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)သည် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိသွားသော ရခိုင်ကျောင်းသားနှင့် လူငယ်များကို အဓိကထား စုစည်းဖွဲ့စည်းထားသော အဖွဲ့ တစ်ခု ဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ လူမူရေး လုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။
                                                             နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ