လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/11/2014

ဘင်္ဂလာဒေခ်ျ့နယ်စပ် တလျှောက် အိန္ဒိယရဲမေများကို တိုးချဲ့ချမည်

(နိရဉ္စရာ- ၁၁ ဖေဖေါ်ဝါရီ ၂၀၁၄)
BSF women constableအိန္ဒိယနိုင်ငံသည် သူ့နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသော ဘင်္ဂလာဒေခ်ျ့ နယ်စပ်တလျှောက် လုံခြုံရေးကို အထူးတင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရာ အမျိုးသမီးရဲမေများကိုပါ နယ်စပ်တလျှောက်တွင် တိုးချဲ့ချထားမည်ဟု သိရသည်။
၎င်းအမျိုးသမီးရဲမေများကို ကီလိုမီတာ ၈၅၆ အရှည်ရှိသော အိန္ဒိယ-ဘင်္ဂလာ နယ်စပ်တလျှောက်တွင် ယခုလအလယ်ပိုင်းမှ စ၍ ဖြန့်ကျက်ချထားမည်ဟု ဆိုသည်။
အမျိုးသမီးရဲမေ ၂၇ ဦးပါဝင်သော တပ်ဖွဲ့တစ်ခု လွန်ခဲ့သော နှစ်ပတ်ခန့်က စတင် ရောက်ရှိလာပြီး လေ့ကျင့်သင်ကြားမူများ ပြုလုပ်နေကြောင်း၊ သင်တန်းပြီးပါ နယ်စပ်တလျှောက်ရှိ BSF ( အိန္ဒိယ နယ်ခြားစောင့်) တပ်ဖွဲ့တွင် တာဝန်ယူသွားမည်ဖြစ်ကြောင်း  BSF ဒါရိုက်တာ BS Rawat က ဆိုသည်။
ယခုအမျိုးသမီးရဲမေများကို နယ်စပ်တွင် ချထားရခြင်းမှာ မှောင်ခို အမျိုးသမီးများကို နှိမ်နှင်းလို၍ ဖြစ်သည်ဟု ဆိုသည်။
နယ်စပ်တလျှောက်တွင် မှောင်ခို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်သူ အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ နယ်စပ်တွင် အမျိုးသား တပ်ဖွဲ့ဝင်များသာ ရှိသဖြင့် အမျိုးသမီးများကို ရှာဖွေရာတွင် အခက်အခဲရှိကြောင့်၊ သို့အတွက် အမျိုးသမီးရဲမေများကို နယ်စပ်တွင် တိုးချဲ့ ဖြန့်ကျက် ချထားရန် စီစဉ်လာရခြင်း ဖြစ်ကြောင်း သူက ရှင်းလင်း ပြောကြားသည်။
အိန္ဒိယ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခို လုပ်ငန်းကြီးထွားနေကြောင်း၊ ၎င်းမှောင်ခို လုပ်ငန်းများအပြင် အမျိုးသမီးများကိုလည်း လူမှောင်ခိုတင်ပို့မူများ နယ်စပ်တွင် ပြုလုပ်ကြနေသည်ဟု ဆိုသည်။

                                     နိရဉ္စရာ

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ