လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/13/2014

မြောက်ဥက္ကလာပ NLD ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ အချိန်ကပ်ပြီး ဖျက်သိမ်းရ

( ၁၃ ဖေဖေါ်ဝါရီ ၂၀၁၄) / ခိုင်မောင်ဦး (ရန်ကုန်)
NLD-billboard
ဖေဖော်ဝါရီ ၁၂  ရက်နေ့  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြောက်ဥက္ကလာပမြို့  နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးစီး ကျင်းပမည့် စာပေဟောပြောပွဲကို စာပေဟောပြောပွဲ မစတင်မှီ နာရီ အနည်းငယ် အလိုတွင် ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ဖျက်သိမ်းလိုက်ရခြင်းမှာ ဦးကိုနီနှင့် ဦးမြအေးတို့ ပါဝင်ဟောပြောမည့် အပေါ် ဆန့်ကျင်ကန့်ကွက်မူများ ပေါ်ပေါက်လာ၍ ဖြစ်ကြောင်း မျိုးချစ်ရဟန်းတော်သမဂ္ဂအဖွဲ့ မှ အရှင်သုစိတ္တက ပြောသည်။
“ဒါကတိုင်းရင်းအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုနေ့  ဖြစ်ပါတယ်။ ဦးဇင်းတို့ က NLD မှ ဦးစီးကျင်းပလို့  ကန့်  ကွက်ပြီး ပြောနေတာမဟုက်ပါဘူး။ ပြည်ထောင်စုနေ့ ဆိုတာ တိုင်းရင်းအားလုံးကို ကိုယ်စားပြုပါတယ်။ NLD မှာ တိုင်းရင်းသား လူမျိုးပညာရှင်တွေ အများကြီးရှိပါတယ်။ သူတို့ တွေ ရွေးပြီးထည့်ပါလား။ ဘာကြောင့် တိုင်းရင်းသား မဟုက်တဲ့  လူမျိုးတွေကို ရွေးပြီး ဒီပြည်ထောင်စုနေ့  စာပေဟောပြောပွဲမှာထည့်ရတာလဲ။ NlD မှာ တိုင်းရင်းသား ပညာတတ်တွေမရှိဘူးလား” ဟု  ယင်းရဟန်းတော်က ဆိုသည်။
ပြည်ထောင်စုနေ့  ဆိုသည်မှာတိုင်းရင်းသားများကို ကိုယ်စားပြုသောနေ့ ဖြစ်သောကြောင့် ယင်းစာပေဟောပွဲ တွင် မြန်မာ တိုင်းရင်းသားလူမျိုး တစ်ဦးတစ်ယောက်ကိုမှ  ထည့်ပေးဟောပြောခြင်းမပြုဘဲ မွတ်ဆလင်များကို ထည့်သွင်း ဟောပြောရန် စီစဉ်ထားမူ အပေါ် မသင့်လျော်သဖြင့် မျိုးချစ် ရဟန်းသံတော်သမဂ္ဂအဖွဲ့ မှ ကန့်ကွက်ရာမှ စာပေဟောပြောပွဲကို ဖျက်သိမ်းကြောင်း အမျိုးသားဒီမိုကရေစီ  ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးထွန်မြင့်မှ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ကျေညာခဲ့သည်ဟု သိရသည်။
ဦးကိုနီနှင့် ကိုမြအေးတို့ ဟောပြောခွင့်မရလျှင် စာပေဟောပြောပွဲကို ပြုလုပ်ရန် မဖြစ်နိုင်ဟု ဆိုကာ ဦးထွန်းမြင့်မှ ဖျက်သိမ်းကြောင်း ကျေညာခဲ့သည်ဟု ဆိုသည်။
၎င်းစာပေဟောပြောပွဲကို မြောက်ဥက္ကလာပ မြို့ နယ်( ဂ ) ရပ် ကွက်၊ နီလာ( ၁ ) လမ်းတွင် ပြည်ထောင်စုနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညနေ (၆) နာရီခွဲတွင် ပြုလုပ်ရန် စီစဉ်ထားပြီး စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း ဆရာသန်းစိုးနှိုင် တို့ နှင့် ’’NLD မှ’’  ဦးကိုနီ နှင့် ၈၈ ကိုမြအေးတို့ မှ ဟောပြောရန်စီစဉ်ထားကြောင်း သိရသည်။

                                                    နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ