လင်း လင်း
လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ
2/28/2014
သမိုင်း နန့် ပရိယာယ်
အေအကြောင်းအရာကို မပြောခင် ပထမဆုံးပြောချင်စွာက အကျွန်သည် သမိုင်းနန့် ပတ်သက်လာကေ မူကြိုအဆင့်ရာဟိကြောင်း သိစီချင်ပါရေ။
အဂုနောက်ပိုင်း ရခိုင်ပြည်ထွက် အချို့သောမဂ္ဂဇိန်းတိ၏ သမိုင်းကြောင်းဆိုင်ရာ ဆောင်းပါးတိမာ ကိုယ်ရို့မျိုးရိုးဂုဏ်သိက္ခာ နိမ့်ပါးစီရေ အကြောင်းအရာတိကို ရီးရေလူကလည်း ရီးကတ်ပြီးကေ ထည့်ပီးရေလူကလည်း ထည့်ပီးနီကတ်တေလို့ တွိလာရပါရေ။အေချင့်ဖြစ်ရခြင်း၏ အရင်းအမြစ်ကို လိုက်ကြည့်ရေခါ ကိုယ့်သမိုင်းကြောင်းကို ကိုယ်ရို့ဖာသာ သုတေသနလည်းမလုပ်ကတ်၊ အခြားလူမျိုးတိရီးရေ ကျမ်းတိ၊ စာတန်းတိကို ကိုးကားခါ ကိုးကား၊ တိုက်ရိုက် ဘာသာပြန်ဗျာလ် ကူးချခါ ကူးချဗနာ ကိုယ့်ပြည်ထုတ်စာအုပ်တိမာ ထည့်လာကတ် လို့ဖြစ်တေ ဆိုစွာတွိလာရပါရေ။
ဒေကမ္ဘာမှာ လူမျိုးပေါင်း ထောင်နန့်ချီလို့ ဟိလီရေ။ ယင်းချင့်ထဲမာ ကိုယ်ရို့လူမျိုးနန့် ပေါင်းသင်းဆက်ဆံဖူးခရေ လူမျိုးတိလည်း ပါလီဖို့။ ဇာလူမျိုးကမှ ကိုယ့်လူမျိုးကလွဲလို့ တခြားလူမျိုးတိအကြောင်း မနှိမ့်ချကေရာဟိလီဖို့၊ ဂုဏ်တင်ဗျာလ်ရီးဖို့ဆိုစွာ မေသေပိုင်လေ့မဖြစ်နိုင်ပါ။
ပင်လယ်ပြင်ကို စိုးမိုးခရေ ဒေလူမျိုးကို ကြောက်လို့ ပင်လယ်ပြင်မာ ထင်တိုင်းကြဲးခွင့်မရခရေ အခြားလူမျိုး တစ်မျိုးက ကိုယ့်ဖာသာနှိမ့်ချဗျာလ် ရီးဖို့ထင်ပါလာ။
ရွှီမြို့တော်က ညလင်ကွင်း မာ “One man, One rupee” အော်ဗျာလ် အရောင်းခံခရရေ မျိုးနွယ်တိက ဒေလူမျိုးကို အမွှန်းတင်ဗျာလ် ရီးပါဖို့သိ့လား။
ဒေကပြည်သားတိကို ပြည်ပကကုန်သည်တိ ဈီးနှိမ်ချင်ပိုင်နှိမ်၊ သူရို့ဘက်က တင်သွင်းရေပစ္စည်း အရည်အသွီးမပြည့်မမှီ ချင်တိုင်းပျင်ခွင့်မရအောင် ဘုရင်က ကုန်သွယ်မှုအားလုံးကို ဘုတ်အဖွဲ့တိဖွဲ့ဗျာလ် တိုင်းပြည်နီရာအနှံ့မာ ထားပီးခရေ။ သူရို့ချင်တိုင်း ပျင်လို့မရခရေ ဒေလူမျိုးကို သူရို့သမိုင်းမာ ဂုဏ်တင်ဗျာလ် မှတ်တမ်းရီးကတ်လီဖို့လား။
ယင်းချင့်တိကို ကိုယ်ရို့လူတိက ဘာသာခြားစာတိ တတ်တေဆိုဗျာလ် ဗန်းရ ရလို့ ကိုယ်ရို့သမိုင်းမာ ရောထည့်ဖို့ လုပ်နီကတ်လီရေ။ ယင်းပိုင်ရီးရေလူ အချင်းချင်းတောင် ကိုယ့်စွာမှန်ရေ၊ သူ့စွာမှားရေဆိုဗမနာ တစ်ခါတစ်ခါ စာရွက်ထက်မာ ရန်ဖြစ်ကတ်သိ့ရေ။ ယင်းပိုင်ဆောင်ပါးတိ ဖတ်ဖူးကတ်တေ လူတိက ဘဇောင်ပိုင်ဟိလီလေမသိ၊ အကျွန်ကတော့ခါ ကကောင်းဒေါသဖြစ်တေ။ ယင်းချင့်တိကို အဂုခောတ် နောက်ပေါက်အချေတိရာ ဖတ်ရကေ ကိုယ့်သမိုင်းကို အထင်မကြီးရေအပြင် အမြင်ဆိုးတိနန့် မြင်လားနိုင်ပါရေ။
သမိုင်းရီးရေဆိုစွာ နယူကလီးယားဗုံးက စနက်တံကို မှင်တံလုပ်ဗျာလ်ရီးရစွာနန့်တူရေ။ ဆကေလောက် လွဲလားစွာနန့် ကိုယ်ရို့မျိုးဆက်တိ ခောတ်အဆက်ဆက် နီထိုင်လားဖို့ ဒေမြီစွာ ရေဒီယိုသတ္တိကြွတိနန့် နီဖို့မရလောက်အောင် ဒုက္ခကျလားနိုင်ရေ။ ယေတွက်နန့် ပရိယာယ် ဟိကတ်ဖို့တော့ခါ လိုပါလိ့မေ။
အယင်ခေါက်ကလေ့ အင်္ဂလိပ်သမိုင်းပညာသျှင်တိ၊ ဟိန္ဒုတ်ကျောက်စာဝန်တိ ပျင်ကတ်စွာ ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်တေ ယေဓမ္မာဂါထာကို ဂေါင်းထက်ပန်ထားရေ ဝေသာလီကျောက်လှီကားတိုင်းပြည်ကိုတောင်မှ အုပ်စိုးရေလူတိသည် ဟိန္ဒုတ်တိ၊ ဗြဟ္မဏ၀ါဒနန့် မဟာယနဗုဒ္ဓဘာသာ ရာထွန်းကားပါရေ ဆိုဗနာဖြစ်လားဖို့ တတားချေရာ လိုရေ။ ကိုယ့်လူမျိုးပညာသျှင်တိ ဆွဲတင်ခလို့ရာမလား။
အယှင်းဆုံးဥပမာ ပြရဖို့ဆိုကေ.....
ရွင့်ဗြာသတ်တိ ရာဇလိမ်တစ်ခုလုပ်ဗျာလ် နှစ်အင်တန်လောက် ကမ္ဘာ့မီဒီယာတိမာ ၀ါဒဖြန့်လိုက်စွာ အဂု ကိုယ်ရို့ရင်ဆိုင်နီကတ်ရရေ ပြသနာအကြီးသန် ဖြစ်ပါလားရေ။ ဆရာကြီးမောင်ဗသိန်း၊ ဒေါက်တာအေးချမ်းရို့ပိုင် ပုဂ္ဂိုလ်တိ ရှိက ခံတိုက်နီလို့တောင် အားလုံးယှင်းဖို့အတွက် မေသေလောက်ကြာလိ့မေ မဆိုနိုင်ပါသိ။
ကကောင်းမကြာသိ့ခင် ဆယ်စုနှစ်တိကလည်း ရိုးတောင်တစ်ဖက်ပုဂ္ဂိုလ်တိနန့် စာမျက်နှာထက်မာ သမိုင်းစစ်ထိုးခကတ်စွာတိ တွိဖူးလိုက်ရရေ။ ယေတွက်နန့် လူများမဖျက်နိုင်အောင် ကိုယ့်သမိုင်းကို ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားကတ်ပါ။ ကိုယ်ရို့ကပါ ကိုယ့်သမိုင်းအုတ်ရိုးမာ ညောင်ပိုင် မစိုက်ကတ်ပါကေ့။ ကိုယ့်လက်နန့် ကိုယ့်သမိုင်းပုရပိုက်ကို အက်ဆစ်တချက် မပစ်ကတ်ပါကေ့။
ဒေဂုခောတ်မာ ကိုယ်ရီးဖို့ကြောင်းအရာတစ်ခုကို စိစုံအောင်သိပြီးမှ ရီးရေဆရာကြီးတိ ဟိရေပိုင်၊ စာဖြစ်ကေ ကျီယာဆိုရေပုဂ္ဂိုလ်က ပိုများနီပါရေ။ ယေတွက်နန့် သမိုင်းကြောင်းနန့် ပတ်သက်ရို့ ရီးဖို့ဆိုကေ ၊ ဦးစံရွှေပု၊ ဦးအောင်သာဦး၊ ဦးစံသာအောင် နန့် အဖိုးဦးသာထွန်း ရို့ပိုင် တောင်ကြို၊ မြောင်ကြားက ဘုရားအပျက်၊ ဇာတီအပြိုတိကို အရောက်လားဗျာလ် သမိုင်းခြီရာ ကောက်ပြီးယာလား။ ကျောက်စာ၊ ပီစာ နန့် ပုရပိုက်တိကြားမာ ဘ၀ကိုမြှုတ်နှံပြီးမှ ထွက်လာရေ သမိုင်းသုတေသီတိ ဖြစ်စီချင်ပါယင့်။ မဟုတ်ကေ ဟိုသူ့စွာကို ဒေသူ ကိုးကား။ ဒေလူ့စာကို ဟိုလူ ကူးချနန့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ထဲမာ မွိနီကတ်စွာ နှစ်မနည်းပါယာ။
နောက်ဆုံးပြောချင်စွာက ကိုယ့်မိ၊ ကိုယ့်ဖကို ထိုင်ဆဲနီရေလူကို နားရင်း၊ ပါးရင်း ပိတ်မသတ်ဘဲ လက်ခုပ်၊ လက်ဝါးတီးလို့ အားပီးဗျာလ်၊ ထပ်လို့ အကျယ်ကြီးဆဲရို့ရအောင် ခရာဝ ပီးစွာနန့် တူနီပါကြောင်း သိစီလိုပါရေ။
Research ဟိမှ Develop ဖြစ်ပါဖို့။ မျိုးဆက်ပြတ်ဖို့ပျင်နီရေ သမိုင်းချစ်လူငယ်ပညာသျှင်တိ ပေါ်ပေါက်လာဖို့ မျှော်လင့်ပါယင့်။
ဂျော်ဂျီ(ရခိုင်ပြည်)
(Feb.2014)
မောင်တော သရေကုန်ဘောင်ရွာတွင် အိမ်တစ်လုံး မီးလောင်
( ၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄)
ဒုချီးရားတန်းရွာက ဘင်္ဂလီလူမျိုးပိုင်အိမ်တစ်လုံး။
ဒုချီးရားတန်းရွာက ဘင်္ဂလီလူမျိုးပိုင်အိမ်တစ်လုံး။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော သရေကုန်ဘောင် ဘင်္ဂလီရွာတွင် မီးလောင်မူ ဖြစ်ပွားရာ  အိမ်တစ်ဆောင် မီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ ညနေ ၅ နာရီကျော်ကျော်မှာ လောင်တာပါ။ အိမ်တစ်လုံးဘဲ မီးထဲပါသွားပါတယ်” ဟု မောင်တောခရိုင် တည်ငြိမ်ရေးနှင့် ပြန်လည် နေရာချထားရေး အတွင်းရေးမှူး ဥပဒေအရာရှိ ဦးမြင့်သန်းက နိရဉ္စရာသို့ ပြောသည်။
ယခု မီးလောင်သော သရေကုန်ဘောင် ဘင်္ဂလီရွာမှာ ယခင် ပြဿနာ ဖြစ်ပွားခဲ့သော ဒုချီးရားတန်း အနီးတွင် တည်ရှိကြောင်း သိရသည်။
“ လောင်တာကတော့ ပေါ့ဆမီးပါ။ တစ်လုံးတည်းပါ။ နောက်ထပ်ကူးစက် လောင်ကျွမ်းတာ မရှိပါဘူး” ဟု ဦးမြင့်သန်းက ဆိုသည်။
သို့သော်ဒေသအတွင်းမှ အစိုးရ တာဝန်ရှိသူများနှင့် ရခိုင်တိုင်းရင်းသားများမှာ ၎င်းမီးလောင်မူအား ယခင်စွပ်စွဲနေကျ အတိုင်း ရခိုင်များက မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုလာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။                   နိရဉ္စရာ-
IRI မှ ရခိုင်နိုင်ငံရေး သမားများကို စစ်တွေတွင် သင်တန်းပို့ချ
( ၂၈ ဖေဖေါ်ဝါရီလ ၂၈) / ခိုင်ထူးမြတ် IRI-RNDP-ALDInternational Republican Institute ( IRI) မှ ရခိုင်နိုင်ငံရေးသမားများကို စစ်တွေတွင် ယမန်နေ့က သင်တန်းပို့ချခဲ့သည်။
၎င်းသင်တန်းသို့  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ကိုယ်စားလှယ် ၃ ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)မှ ကိုယ်စားလှယ် ၃၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၄၅ ဦး အပါအ၀င် ကြံခိုင်တိုးတက်ရေးပါတီ၊ တစည ပါတီ၊ မြိုခေါ် ခမီ အမျိုးသား ညီညွှတ်ရေး  ပါတီမှ ပါတီဝင်များလည်း  တက်ရောက် ခဲ့ကြသည်ဟု သိရှိရသည်။
“ ဒီသတင်းက ဒီမိုကရေစီမြှင့်တင်ရေးနဲ့ အရည်အချင်းမြင့်တင်ရေးအတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ထက်မြက် ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး  ပါတီတစ်ခုကို စနစ်တကျ စုစည်း ဖွဲ့စည်းခြင်းနဲ့ ထိရောက်အောင်မြင်အောင် မဲဆွယ်စည်းရုံးရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဒီသင်တန်းကို ဟောပြော ပို့ချတာဖြစ်ပါတယ်”ဟု သင်တန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး သင်တန်း ကြီးကြပ်ရေးမှူး ကိုညီညီမင်းက  နိရဉ္စရာသို့ ပြောကြားခဲ့သည်။
၎င်းသင်တန်းတွင် နိုင်ငံခြားသား တစ်ဦးဖြစ်သူ Stevecima ဟောပြောပို့ချခဲ့သည်ဟု သိရသည်။
“ သင်တန်းက ကောင်းပါတယ်။ မသိရတာကို သိရတယ်။ ဗဟုသုတတွေလည်း ရပါတယ်” ဟု သင်တန်းသား တစ်ဦးဖြစ်သူ ဦးလှမောင်က ဆိုသည်။
၎င်းသင်တန်းသို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ  စစ်တွေဟိုတယ်တွင်ပြုလုပ်ခဲ့သည်။  နိရဉ္စရာ-
ရခိုင်မတိုင်မီ MSF ၏ လုပ်ငန်းများ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း ရပ်ဆိုင်းခံခဲ့ရ
(၂၈ ဖေဖေါ်ဝါရီလ ၂၀၁၄) MSF-kicked-Out-Sittwe-Protest
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (AZG) ရဲ့ လုပ်ငန်းများ ရခိုင်တွင် ရပ်ဆိုင်း မခံရမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က စပြီး ရပ်ဆိုင်းခံခဲ့ရသည်ဟု ဘင်္ဂလာဒေခ်ျ့ရှိ နိရဉ္စရာ သတင်းထောက်မှ ပြောကြားသည်။
“ MSF ကို တစ်ခြား နိုင်ငံတကာ အန်ဂျီအို (၂) ခု နဲ့ အတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ အစိုးရက ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဓိကတော့ မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခံခဲ့ရပါတယ်” ဟု သူက ပြောသည်။
MSF နှင့် အတူ ရပ်ဆိုင်းခံခဲ့ရသော အခြား နိုင်ငံတကာ အန်ဂျီအို (၂) ခုမှာ AFC ဟု အတိုကောက်ခေါ်သော Action Against Hunger နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် Muslim Aid တို့ဖြစ်ကြသည်။
ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းမှာ ၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပါရှိသော သဘောတူညီမူများကို ချိုးဖေါက်ကာ လုပ်ပိုင်ခွင့်ကို ကျော်လွန်ကာ လုပ်ကိုင်၍ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက ထုတ်ဖေါ်ပြောကြားသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခကြောင့် မြန်မာဘက်မှ ထွက်ပြေးလာသော မွတ်ဆလင် ဘင်္ဂလီများအား လက်ခံခြင်းဖြင့် သူ့နိုင်ငံအတွင်း ထိန်းနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးလာသူများကို လက်မခံရန်နှင့် အကူအညီများမှ မပေးရန် အမိန့်ထုတ်ပြန်ထားခဲ့သည်။
၎င်းအန်ဂျီအို (၃) ခုသည် ဘင်္ဂလာဒေခ်ျ့ အစိုးရမှ  တားမြစ်ထားချက်ကို လိုက်နာခြင်းမရှိဘဲ  ချိုးဖေါက်ကာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ မွတ်ဆလင်များကို အကူအညီနှင့် ဆေးဝါးများကုသပေးသခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ချုပ်ဆိုထားသော MoU ကို ဖျက်သိမ်းကာ သူတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်ဟု သိရသည်။
အလားတူ MSF အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သူတို့နှင့် ချုပ်ဆိုထားသော MoU ကို ပြည်ထောင်စု အစိုးရမှ ဖျက်သိမ်းပြီး လုပ်ငန်းများကို ရပ်ဆိုင်းပစ်ခဲ့သည်။
ရပ်ဆိုင်းရသည့် အကြောင်း အရင်းမှာ ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍  MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့သည် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်၍ ဖြစ်ကြောင်း သိရသည်။
သို့အတွက် MSF အား INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိသည်ဟု သိရသည်။     နိရဉ္စရာ-
2/27/2014
MSF ၏ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီဟု ပြည်နယ်အစိုးရမှ အတည်ပြုပြောကြား
( ၂၇ ဖေဖေါ်ဝါရီလ ၂၀၁၄)
Protest-in-Sittwe-AZG-MSF
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF ( AZG) ၏ ရခိုင်ပြည်နယ်လုပ်ငန်းများကို တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ယနေ့ တရားဝင် ပြောကြားသည်။
“ သူတို့အထဲက တာဝန်ရှိသူတွေကို မနေ့ကတည်းက ခေါ်ယူပြီး လုပ်ငန်းတွေကို ရပ်ဖို့ တရားဝင် ပြောဆိုလိုက်ပြီဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်းရာနှင့်ချီပြီး ၎င်းအဖွဲ့အား ကန့်ကွက်မူများ ပေါ်ပေါက်ပြီး ၄ ရက်မြောက်နေ့တွင် MSF ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် ပြည်နယ် အစိုးရ၏ ကျေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းရပါသလဲ ဟု ဆိုသော မေးခွန်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ပြုစုရေး ဆပ်ကော်မီတီ ဥက္ကဌ ပြည်နယ် တရားဥပဒေချုပ် ဦးလှသိန်းမှ ပြောဆိုရန် ငြင်းဆိုသော်လည်း ကျန်းမာရေး ၀န်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးမှ နားလည်မူ စာချွန်လွှာကို သက်တမ်းမတိုးကြောင်းကို ရခိုင်ပြည်နယ် အစိုးရကို အကြောင်းကြားလာသဖြင့် MSF ၏ လုပ်ငန်းများကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ယခုလို ပြောသည်။
“ MSF နဲ့ ကျန်းမာရေး စောင့်ရှောက်မူ အတွက်ကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းကိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့နဲ့ စာချုပ်ကို သက်တမ်းမတိုးတော့သလို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့လည်း သူတို့ စာချုပ်ချုပ်ဆိုထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ထားတာကို ရပ်ဆိုင်း လိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရနဲ့တော့ ဘာမှ လက်မှတ်ရေးထိုးထာ မရှိတဲ့ အတွက် ကျွန်တော်တို့က ဘာမှ တခြား ပြောစရာမရှိတဲ့ အတွက် သူတို့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း နိရဉ္စရာမှ လက်ခံရရှိခဲ့သော ညွှန်ကြားချက် စာတစ်စောင်တွင် ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် ဟု ပါရှိသည်။                နိရဉ္စရာ-
တောင်ကုတ်ရွာမ တာဝါတိုင် မြေပိုင်ရှင်ကို အသိမပေးဘဲ ကျူးကျော်ဝင်ရောက်တည်ဆောက်
(၂၇ ဖေဖေါ်ဝါရီလ ၂၀၁၄) / တင့်ဆွေမောင်
 ဦးမောင်ခင်အေးပိုင် တောင်တွင် တာဝါတိုင် တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဦးမောင်ခင်အေးပိုင် တောင်တွင် တာဝါတိုင် တည်ဆောက်နေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် တာဝါတိုင်တစ်ခု တည်ဆောက်နေရာ မြေပိုင်ရှင်အား လျော်ကြေး မပေးသည့် အပြင် တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ ကျူးကျောက် ၀င်ရောက် တည်ဆောက်နေသည်ဟု မြေပိုင်ရှင် ဖြစ်သူ ဦးမောင်ခင်အေးက နိရဉ္စရာသို့ ပြောသည်။
“ ဘိုးစဉ် ဘောင်စဉ် ကျွန်တော် လုပ်ကိုင်းစားသောက်တဲ့ တောင်မှာ တယ်လီဖုန်း တာဝါတိုင်တစ်ခု စိုက်ထူဖို့ အတွက် အဆောက်အဦးကြီး တစ်ခုကို တည်ဆောက်နေပါတယ်။ ကျွန်တော်ကိုလည်း ဘာမှ အသိမပေးသလို လျော်ကြေးလည်း မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသွားပြောတော့ တိုင်ချင်တဲ့ နေရာမှာ သွားတိုင်လို့ ပြောတဲ့ အတွက် မီဒီယာကို တိုင်ကြားရတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
Wrama-1
အားမာန်သစ် ကုမ္ပဏီမှ  သူ့၏ မြေနေရာတွင် ၎င်းတာဝါတိုင်ထောင်မည့် အဆောက်အဦးတစ်ခုအား အခိုင်အမာ တည်ဆောက်နေကြောင်း သူက ပြောသည်။
“ ဒီတာဝါတိုင်က အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လားဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ တောကလူတွေမှာ ဒီတိုင်ဘယ်ကပိုင်တယ်ဆိုတာ မသိပါဘူး။ အခု ဆိုင်းဘုတ်ထောင်ထားတာက အားမာန်သစ်လို့ ဆိုင်းဘုတ်ထောင်ထားပါတယ်” ဟု မြေပိုင်ရှင် က ဆက်ပြောသည်။
ယခု တာဝါတိုင်တည်ဆောက်နေသော  မြေအား ပလပ်မြေဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် တည်ဆောက်နေသည်ဟု အမည် မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးက ဆိုသည်။
“ ဒီမြေက ဦးမောင်ခင်အေး ပိုင်တယ်ဆိုပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပလပ်မြေဆိုပြီး အထက်ကို တင်ပြထားတယ်လို့တော့ကြားပါတယ်” ဟု ဆိုသည်။
Wrama-2
၎င်းတောင်မှာ မိမိဘိုးဘွားလက်ထက်ကတည်း လုပ်ကိုင် စားသောက်လာသော တောင်ဖြစ်ပြီး ကျွန်းနှင့် သီဟိုပင်များကိုလည်း စိုက်ပျိုးထားသည်ဟု ဦးမောင်ခင်အေးမှပြောဆိုသည်။
“ ကျွန်တော်ပိုင်တောင်မှာ ခုလို ၀င်ရောက် ကျူးကျော်ပြီး တာဝါတိုင် စိုက်ထူဖို့လုပ်နေတဲ့ အတွက် ဒီကနေ့ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားလိုက်ပါတယ်။ တိုင်ကြားစာကို လက်ခံထားလိုက်ပြီး တစ်စုံတစ်ရာတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါ” ဟု သူက ဆိုသည်။
ဦးမောင်ခင်အေးမှ သက်ဆိုင်ရာ အထက် လူကြီးများ အနေဖြင့် ယခု ပြသနာကို တရားသဖြင့် ဖြေရှင်း ပေးစေလိုသည်ဟု ဆိုသည်။
ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဖုံးမှားနေသည်ဟု အကြောင်းပြန်ကာ တစ်စုံတစ်ရာ ဖြေကြား မရှိပါ။
 နိရဉ္စရာ-
စစ်တွေအထက(၆) မြတ်ဆရာပူဇော်ပွဲကျင်းပမည်
( ၂၇ ဖေဖေါ်ဝါရီလ ၂၀၁၄)
shs-6
ရခိုင်ပြည်နယ် စစ်တွေမြို့ အထက (၆) တွင် ကျောင်းသား ကျောင်းသူဟောင်းများ၏ တတိယ အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်မည်ဟု နိရဉ္စရာက သတင်းက ရရှိသည်။
စစ်တွေ အထက (၆) တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ဆရာဆရာမများအား ပူဇော်ကန်တော့ကြမည့် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို  ယခင်နှစ်များနည်းတူ စည်ကားသိုက်မြိုက်စွာ ဖြင့် အထက (၆) ရှိ ခန်းမဆောင်တွင် ကျင်းပသွားမည်ဟု စီစဉ်သူ ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူ ဟောင်းများ အနေဖြင့် မည်သည့်နှစ်တွင် ပညာသင်ကြားခဲ့သည် ဖြစ်စေ မပျက်အကွက် တက်ရောက်ကြပါရန်နှင့် အလှူငွေများ ထည့်ဝင် လိုပါက အောက်ပါ ကျောင်းသား ကျောင်းသူ ဟောင်းများထံတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
ဒေါ်ကျော့စိန်လှ (ဖုန်း- ၀၉၄၂၁၇ ၄၇၁၈၇)
ဒေါ်ခင်သန်းယဉ် (ဖုန်း- ၉၄၂၁၇ ၃၆၃၈၅)
ဒေါ်နော်လှလှအေး ( ဖုန်း- ၀၉၄၂၁၇ ၆၃၁၀၉)
ဦးစန်းနိုင် (ဖုန်း- ၀၉၄၂၁၇ ၁၄၄၆၆)
ဦးဝင်းဇော်အေး (၉၄၂၁၇ ၃၆၅၀၀)            နိရဉ္စရာ-
2/26/2014
ရခိုင်ညီလာခံကျင်းပရေးတွင် ALD မှ ပူးပေါင်းပါဝင်မူ အားနည်းနေခြင်းအပေါ် ပါတီခေါင်းဆောင်က ယခုလိုရှင်း
( ၂၆ ဖေဖေါ်ဝါရီ ၂၀၁၄)
rmeet
( ဤဓာတ်ပုံအား မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်။)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့တွင် စတင် ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် အကြိုညှိနိုင်း ဆွေးနွေးပွဲပြုလုပ်နေသည်မှာ သုံးကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်သော်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ခေါင်းဆောင်များ ပါဝင်မူ အားနည်းနေခြင်း အပေါ် ဝေဖန်မူ အချို့ ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့အတွက် ALD မှ ခေါင်းဆောင်  တစ်ဦးဖြစ်သူ ဦးလှမြင့်အား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုလို စပြောကြားသည်။
“ ကျွန်တော်တို့က ညီလာခံကို မကန့်ကွက်ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပူပေါင်း မဆောင်ရွက်နိုင်တာက တချို့ အကြောင်းအရာတွေတော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ မနက်ဖြန် မဟုတ်ရင် နောက်တစ်ရက်နှစ်ရက်မှာ ရခိုင်အမျိုးသား ပါတီ တည်ထောင်ခွင့် ကျတော့မယ်။ အဲသလို ကျလာရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလည်း ရှိတော့မဟုတ်ဘူး။ ကျွန်တော်တို့ အကုန်လုံးလည်း ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားကြတော့မှာ ဖြစ်ပါတယ်။ အဲသလို ကျွန်တော်တို့ အကုန်လုံး ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားတဲ့အခါ ပါတီက ဘယ်လို တာဝန် ပေးမလဲ။ ညီလာခံအတွက် တာဝန်ပေးမလား၊ ဘယ်လို လုပ်ပါလို့ ပါတီက တာဝန်ပေးမလား။  ပေးအပ်လားတဲ့ အတိုင်း ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပါတီ တည်ထောင်ခွင့်ကျအောင်ထိ စောင့်နေတာ ဖြစ်ပါတယ်။”
ယခု ညီလာခံမှာ ရခိုင်တစ်မျိုးသားလုံးအတွက် အလွန်အရေးကြီးသော ညီလာခံ ဖြစ်သဖြင့် ရခိုင်အမျိုးသားရေးကို စွန်းစွန်းတမံ ဆောင်ရွက်နေကြသော ရခိုင်အမျိုးသားများ အားလုံး ကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်ရန် လိုအပ်နေကြောင်း ပြောဆိုရာ ဦးလှမြင့်က ယခုလိုဆိုသည်။
“ ကျွန်တော်တို့က အခု ပေါင်းစည်းရေးကို စောင့်နေတယ်။ ပါတီထောင်ခွင့်ကျပြီးတာနဲ့ ကျွန်တော်တို့ အသစ်ဖြစ်လာတဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြရမှာပါ။ အဲဒီ အစည်းအဝေးကနေ တာဝန်ပေးအပ်လာရင် ကျွန်တော်တို့ ပေးအပ်တဲ့ တာဝန်အတိုင်း ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် သွားတက်ပါဆိုရင်လည်း သွားတက်မယ်။ ဒါကို ဆွေးနွေးပါဆိုရင်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး အကြိုညှိနိုင်းဆွေးနွေးပွဲကို (၃) ကြိမ်တိုင်တိုင် ရန်ကုန်ရောက် ရခိုင်အမျိုးသားများ အကြားပြုလုပ်ခဲ့ကြပြီ ဖြစ်သော်လည်း ALD ခေါင်းဆောင်များကြသော ဦးအေးသာအောင်၊ ဦးမျိုးဆွေနှင့် ဦးလှမြင့်တို့မှာ တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။              နိရဉ္စရာ-
ဘင်္ဂလာဒေခ်ျ့ လူမျိုးရေး အဓိဂရုဏ်း ၆ ဦး ဒဏ်ရာရ၊ တစ်ဦးပျောက်ဆုံး
( ၂၆ ဖေဖေါ်ဝါရီလ ၂၀၁၄)
Chittagong_Hill_Tracts ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ခခါရာဆိုးရီးခရိုင် ဘူဂျောဆိုးရီတွင် ဘင်္ဂလီနှင့် သက်လူမျိုးများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ၆ ဦးဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ဘင်္ဂလီ ၄ ဦးနှင့် သက်အမျိုးသား ၂ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ တစ်ဦးမှာ ဘင်္ဂလီအမျိုး သား ဖြစ်ကြောင်း parbattanews.com သတင်းတွင် ဖေါ်ပြသည်။
ယမန်နေ့ နေ့လည်ပိုင်းက ခခါရာဆိုးရီမြို့တွင် ဘင်္ဂလီကျောင်းသားတစ်စုမှ ဒေသခံ သက်အမျိုးသား နှစ်ဦးကို တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းက ပျောက်ဆုံးနေသည့် ဘင်္ဂလီတစ်ဦးကို ဘင်္ဂလီတစုက သက်အမျိုး သားများနေထိုင်သည့် ခရစ္စတန်ရွာအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ အဓိဂရုဏ်း  ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
                                                          နိရဉ္စရာ- 
ရခိုင်ပြည်နယ်တွင် GSM နှင့် CDMA တယ်လီဖုန်း တာဝါတိုင်စခန်း ၄၁ ခု တိုးချဲ့ တည်ဆောက်
( ၂၆ ဖေဖေါ်ဝါရီလ ၂၀၁၄) / ခိုင်မောင်ဦး (ရန်ကုန်)
Mobile network towerရခိုင်ပြည်နယ်အတွင်းကျေးရွာများတွင် တန်းဖိုးနည်း GSM မိုင်ဘိုင်းဖုန်း သုံစွဲသူများ ပိုမိုအဆင်ပြေစေရန်ရည်ရွယ်ပြီး GSM တာဝါတိုင်စခန်း ၄၁ ခု ကိုတိုးချဲ့ တည်ဆောက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နည်းပညာဝန်ကြီးဌာနရန်ပုံငွေဖြင့် GSM တာဝါတိုင်စခန်း အခု ၄၁ ခုတည်ဆောက် သွားမည်ဖြစ်ပြီး  စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊မင်းပြား၊ မြေပုံ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ရှိ ကျေးလက်ဒေသများတွင် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
GSM တာဝါတိုင်စခန်းများကိုတိုးချဲ့ အချို့နေရာများတွင် တည်ဆောက်ထားသော်လည်း ဖုန်းပြောဆိုရာများစွာ အဆင်ပြေမူမရှိသေးကြောင့်နှင့် ဖုန်းမေ့ဆစ် ပို့ ရာတွင်လည်း များစွာနှောင်းနှေးမူများကြုံတွေ့နေရသေးကြောင်း မိုဘိုင်းဖုန်းသုံးစွဲနေသူပြည် သူများကဆိုသည်။
” တည်ဆောက်နေတယ်လို့  ပြောနေတာပေါ့လေ၊ ဒါပေမယ့် ဖုန်းတွေခေါ်ရတာသိပ်အဆင်မပြေဘူး။ မေ့ဆစ်ပို့ရင် ဆိုးသေးတယ်ဗျ။ မနက်ပို့ တာ ညကျမှ ရောက်တယ်။ ပိုတ်ဆံကတော့ အရင်ဖြတ်သွားတယ်” ဟု စစ်တွေမှ ကိုကျော်ကြီးက ပြောသည်။
“ သူငယ်ချင်းကိုဖုန်းဆက်ပြီး မေ့ဆစ်ရောက်လားလို့  မေးကြည့်တော့ ။ မရောက်ဘူးတဲ့။ ကျနော်ပို့  လိုက်တာ ညကျမှရောက်တယ်လို့  ပြောတယ်။ဖုန်းခေါ်ရတာလည်း လှိုင်းက ကျပ်တယ်။ ဘယ်လိုမှအဆင်မပြေဘူး ။ အခုလို တည်ဆောက်ဖို့  လုပ်နေတယ်ဆိုတော့ ကောင်းတာပေါ့’’ဟု သူက ဆက်ဆိုသည်။
အစိုးရရန်ပုံငွေဖြင့် ငပလီကမ်းခြေ ဖွံ့ဖြိုးရေးအတွက် ဂျိတ္တောရွာတွင် GSM တာဝါတိုင်စခန်း တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်မင်းပြားမြို့ ကျိန်းတောင်တွင် GSM နှင့် CDMA  တာဝါတိုင်တစ်ခုရှိပြီးဖြစ်သော်လည်း ဖုန်းခေါ်ဆိုရာတွင် အဆင်ပြေမူမရှိသေးကြောင့် မင်းပြားဒေသခံ ကိုထွန်းနှိင်မှလည်း ပြောသည်။
’’ဖုန်းခေါ်ရတာအဆင်မပြေဘူး။ လှိုင်းကအရမ်းကျက်နေသေးတယ်” ဟု ဆိုသည်။
တစ်ရက်တစ်လေကျတော့လဲ အဆင်ပြေပါတယ်။ အရမ်းအရေးကြီးအခါကျတော့ ပြေးပြီးတော့ကုန်း  မြင့်တဲ့နေရာ ဒါမှမဟုက် ဘုန်းကြီးကျောင်းကိုပြေးပြီ ဖုန်းခေါ်ရတယ်။ GSM နှင့် CDMA တာဝါတိုင်စခန်းတွေ တည်ဆောက်နေကြားတော့ဝမ်းသာတာပေါ့ဗျာ’’’ဟု သူက ပြောဆိုသည်။    နိရဉ္စရာ-
စစ်တွေ- အမြင့်ကျွန်းအနီး ဘတ်စ်ကားတိမ်းမှောက်၍ ခရီးသည် အများအပြား ဒဏ်ရာရ
( ၂၆ ဖေဖေါ်ဝါရီလ ၂၀၁၄)/ လင်းမြတ်
Sittwe,_new_clock_towerယနေ့နံနက်က စစ်​​တွေမြို့မှ ထွက်လာသော အောင်သစ္စာ ခရီးသည်တင် ဘတ်စ်ကားသည် အမြင့်​ကျွန်း အနီးတွင် တိမ်းမှောက်သွားသဖြင့် ယာဉ်မောင်း အပါအ၀င် ခရီးသည် (၇) ဦး ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။
အမြင့်ကျွန်းရဲစခန်းမှ ဒုရဲအုပ် နိုင်​လင်းမှ ယနေ့ နံနက်  ၆ နာရီ ၂၀ ​လောက်တွင် ကားတိမ်း​မှောက်​၍ ခရီးသည် (၇) ဦး ဒဏ်ရာ ရရှိသွားကြောင်းကို နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ကားပေါ်မှာ ခရီးသည်​ ၁၁ ​ယောက်​ပါလာတယ်​။ ယာဉ်​​မောင်းအပါအ၀င်​ (၇) ​ယောက်​ဒဏ်​ရာရတယ်။ နောက်ထပ် အောင်သစ္စာကားတစ်စီး ရောက်လာပြီး အခု သူတို့ကို အဲဒီကားနဲ့ဘဲ ဆေးရုံကို ယူသွားပါပြီ” ဟု ဆိုသည်။
ကားဒရိုင်ဘာမှ ကားကို အရှိန်ဖြင့် ကွေ့ရာတွင် မထိန်းနိုင်​ဘဲ လမ်း​ဘေးကိုထိုးကျကာ တိမ်းမှောက် သွားသည်ဟု ဆိုသည်။နိရဉ္စရာ-
2/25/2014
တတိယနေ့မြောက် MSF ကို စစ်တွေတွင် ဆန္ဒပြ
( ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄)
Protest-against-MSF-AZG-Arakan
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (ခေါ်) AZG ရခိုင်ပြည်မှ ထွက်သွားရေး အတွက် သုံးရက်မြှောက်နေ့ ဆန္ဒပြပွဲကို စစ်တွေမြို့တွင် ယနေ့ ဆက်လက် ဆင်နွဲနေသည်ဟု သိရသည်။
ယနေ့ နေ့လယ် တစ်နာရီက စတင်ခဲ့သော ဆန္ဒပြ ထိုင်သပိတ် တိုက်ပွဲကို ကျောင်းတက်လမ်းသွယ် တစ်ခုဖြစ်သော ဦးအောင်ထွန်းဦး လမ်း အတွင်းရှိ MSF ရုံးရှေ့တွင် ဆင်နွှဲနေကြသည်ဟု ဆိုသည်။
“ ပထမတော့ လူ၂၀၀ လောက်က ထိုင်သပိတ်ဆင်နွှဲနေတာပါ။ အခုတော့ နေရာပေါင်းစုံက ချီတက်လာပြီး ပေါင်းလိုက်တော့ အင်အားက ၁၀၀၀ နီးပါးခန့် ဖြစ်သွားပါပြီ” ဟု ဆိုသည်။
Protest-against-MSF-AZG
တူညီ တီရှပ်များကို ၀တ်ဆင်ထားသော ဆန္ဒပြတိုက်ပွဲ ဆင်နွှဲနေသူများသည် MSF/AZG ထွက်သွား၊  MSF/AZG အလိုမရှိ ကြွေးကြော်ကာ သပိတ်တိုက်ပွဲ ဆင်နွှဲနေသည်ဟု သူက ပြောသည်။
MSF/AZG သည် စစ်တွေမြို့အနှံ့အပြားတွင် ရုံးခွဲများ ဖွင့်လှစ်ထားသဖြင့် ဆန္ဒပြသူများသည် နေရာရွှေ့ပြီး တစ်နေ့ တစ်နာရီနုန်းဖြင့် ၎င်းအဖွဲ့၏ ရုံးရှေ့သို့သွားကာ  ဆန္ဒပြနေကြရသည်ဟု သိရသည်။
                                                   နိရဉ္စရာ-
ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးအဖြစ် သံတွဲမြို့နယ်ကိုသတ်မှတ်
ဖေဖေါ်ဝါရီ ၂၅ ရက်၊ ၂၀၁၄ ခု။
Than-Dwe-Gate
ဒုတိယ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တေ ရခိုင်ပြည်မှာ ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်အဖြစ် ဒွာရာဝတီ သံတွဲမြို့ကို
သတ်မှတ် လိုက်တေလို့ သိရပါရေ။
ရခိုင်ပြည် မြို့နယ် ၁၇ ခုထဲမှာ သံတွဲမြို့နယ်ကို ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးလို့ ရွီးချယ်သတ်မှတ်လိုက်ပြီးကေ တစ်ခြား တိုင်းနန့်ပြည်နယ်တိမှာလည်း ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးမြို့နယ်တိအဖြစ်  သူရို့နန့် သက်ဆိုင်ရာ မြို့နယ်တိထဲက သတ်မှတ် လိုက်တေလို့ သိရပါရေ။
ယင်းပိုင်ဖွံ့ဖြိုးတိုးတက်မှု ရွီးချယ်စော်မှာ စိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးတိုးတက်မှု စရေ အချက်အလက်တိအရ သတ်မှတ်စော်ဖြစ်တေလို့ သိရပါရေ။ သံတွဲမြို့မှာဆူပူမှုဖြစ်ပြီးကေ အစိုးရအဖွဲ့က သုံးရက်အတွင်းဆင်းလာဘနာ စစ်ဆီးမှုတိ လုပ်ခရေလို့ သိရပါရေ။ ယင်းပိုင်စစ်ဆီးမှုတိလုပ်ရေအထဲမှာ ယင်းအစိုးရအဖွဲ့မှာ ပါဝင်ရေ မွီးမြူရေး၊ ရီလုပ်ငန်း၊ ကျေး လက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတိက ဒုတိယညွှန်ကြားရေးမှူးချုပ်တိပါပြီးကေ ယင်းညွှန်ကြားရေးမှုးတိက သက်ဆိုင်ရာ ဌာနအသီးသီး စစ်တမ်းတိကို စုံစမ်းစစ်ဆီးမှုတိ လုပ်ပြီးကေ ဒေဂုပိုင် သံတွဲမြို့ကို ရခိုင်ပြည်ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးအဖြစ် သတ်မှတ်စော်ဖြစ်ပါရေ။
“အစိုးရအဖွဲ့တိ ကွင်းဆင်းကြည့်စော်ရေ ဌာနဆိုင်ရာတိကို ခေါ်တွိ့စော်တိ၊ ယင်းဌာနဆိုင်ရာတိ တင်ပြချက်တိက အမှန် ဟုတ်မဟုတ်၊ လိုက်လံစစ်ဆီးစော်တိလုပ်ပါရေ။ ရခိုင်ပြည်နယ်အတိုင်းအတာနန့်ကြည့်ဖို့ဆိုကေ လူဦးရေ နည်းဘနာ လျှပ်စစ်မီး အရ နည်းရေ သံတွဲမြို့မှာ အားသာရေအပိုင်းက စိုက်ပျိုးရေးကောင်းရေ၊ ရာဘာပင်တိစိုက်ပျိုးထားစော်တိ၊ ကိုယ်ထူ ကိုယ်ထ ကျေးလက်မီးလင်းရေးဆိုဘနာ ဆိုလာပြားတိသုံးစော်တိ၊ ဘိုင်အိုဂစ်သုံးနိန်စော်တိကို အဂုထက်ထိ တွိ့နိန်ရစော် တိလည်း ပါရေအတွက်နန့် ဒေပိုင်ရွီးချယ်စော်ဖြစ်ပါရေ” လို့ သံတွဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးစိုးမြင့်က ဆိုပါရေ။
တစ်နိုင်ငံလုံးမှာ စံပြမြို့နယ်တိသတ်မှတ်ဖို့အတွက် အဖွဲ့ သုံးဖွဲ့ဖွဲ့ထားပြီးကေ အယင်းအစိုးရအဖွဲ့ရေ ပြည်နယ်တိုင်း ငါးခုကို ကိုယ်စားပြုလာစော်ဖြစ်ပြီးကေ မကွေးတိုင်း၊  ပဲခူးတိုင်း၊ ကရင်ပြည်နယ်နန့် နေပြည်တော်ကို မြို့တိကို တာဝန်ယူထားရေ အဖွဲ့ဖြစ်တေလို့ သိရပါရေ။
ဒေပိုင်ပြည်နယ်နန့်တိုင်းတိမှာဟိရေ မြို့နယ်တိကို ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးအဖြစ် ရွီးချယ်သတ်မှတ်စော်ဖြစ်ပြီးကေ ယင်းပိုင်လုပ်ဆောင်စော်ရေ တစ်ခြားပြည်နယ်တိုင်းတိနန့် ယှဉ်ပြိုင် စော်ဖြစ်တေလို့ သိရပါပါရေ'                     
လေးဝတီ (သံတွဲ)
ကမ်းနီးငါးဝင်ဖမ်းသော ကမ်းဝေးသင်္ဘောများကို ကျိန္တလီ ဒေသခံ ၂၀၀ ကျော် ကန့်ကွက်ဆန္ဒပြ
( ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄)
ဆန္ဒပြနေကြသော ကျိန္တလီ ဒေသခံများကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ဆန္ဒပြနေကြသော ကျိန္တလီ ဒေသခံများကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းတွင်  ကမ်းဝေးငါးဖမ်းခွင့်ရထားသော ငါးဖမ်းသင်္ဘောများသည် တားမြစ်ချက်များကို ဖေါက်ဖျက်ပြီး ကမ်းနီးတွင် ၀င်ရောက်ငါးဖမ်းနေသဖြင့် ကျိန္တလီ ဒေသခံ ၂၀၀ ကျော်က ယနေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကျိန္တလီမြို့ကို ပတ်ကာ ကြွေးကြော်သံများ ပြိုင်တူ ကြွေးကြော်ပြီး ဆန္ဒပြကြသည်ဟု ဒေသခံ ရေလုပ်သား တစ်ဦးက ပြောသည်။
“ဆန္ဒပြကန့်ကွက်မူကို ယနေ့ နံနက် ၉ နာရီက ဆောက်လုပ်ရေး ဗိုလ်တဲကနေ စတင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးးရုံးကို ချီတက် ဆန္ဒပြကြပါတယ်။ လူက ၂၀၀ ကျော်ပါဝင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဆန္ဒပြသူများသည် ကြွေးကြော်သံ (၃) ချက်ကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
ယင်းကြွေးကြော်သံ သုံးချက်မှာ (၁) ကမ်းဝေးသင်္ဘောများ ကမ်းနီးပင်ရေပြင်သို့ ၀င်ရောက် မဖမ်းဆီးရေး- ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေး – ဆောင်ရွက်ပေး၊ (၂)  ဒေသခံ ကမ်းနီး ရေလုပ်သားများ ဆင်ရဲနွမ်းပါးမူလျှော့ချရေး ကမ်းဝေးသင်္ဘောများအား ဖယ်ရှားပေး- ဖယ်ရှားပေး (၃) ပင်လယ်ပြင်တရား ဥပဒေစိုးမိုးရေး အလျှင်အမြန် ဆောင်ရွက်ပေး- ဆောင်ရွက်ပေး တို့ဖြစ်ကြောင်း သူက ပြောသည်။
ယခုကဲ့သို့ ဒေသခံ ရေလုပ်သားများ ဆန္ဒပြတောင်းဆိုရခြင်းမှာ ကမ်းဝေး ငါးဖမ်းသင်္ဘောများ အနေဖြင့် ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေသဖြင့် ဒေသအတွင်းက ရေလုပ်သားများ အနေဖြင့် အခက်အခဲ ကြုံတွေ့နေရ၍ ဖြစ်ကြောင်း ဆန္ဒပြပွဲအားကြီးကြပ်နေသူ ဗဟိုတရားရုံးရှေ့နေ ဦးတင်ညိုက နိရဉ္စရာကို ပြောသည်။
အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်နေကြသော ကျိန္တလီ ဒေသမှ ရေလုပ်သားများ (ဓါတ်ပုံ- နိရဉ္စရာ)
အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်နေကြသော ကျိန္တလီ ဒေသမှ ရေလုပ်သားများ (ဓါတ်ပုံ- နိရဉ္စရာ)
“ ကမ်းဝေးမှာ ဖမ်းဆီးခွင့်ရတဲ့ ဆွဲသင်္ဘောတွေ၊ ၀ါးလက်လှေတွေက ကမ်းနီး ရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ အတွက် ကမ်းနီးမှာ လုပ်ကိုင်စားသောက်နေရတဲ့ ရေလုပ်သားတွေ အနေနဲ့ အလွန့်အလွန် ဆင်းရဲ နွမ်းပါးမူနဲ့  ကြုံတွေ့နေရပါတယ်။ ကမ်းဝေး သင်္ဘောတွေ အနေနဲ့ ပင်လယ်ပြင် ရေမိုင် (၁၀) မိုင်ရဲ့ အပြင်ဘက်မှာ ကမ်းဝေး ရေပိုင်နက်ထဲမှာဘဲဖမ်းရမှာ ဖြစ်ပါတယ်။ အဲဒါကို ရေမိုင် (၁၀) မိုင် အတွင်းမှာ ရှိတဲ့ ကမ်းနီးလုပ်ကွက်တွေမှာ ဒေသခံ ရေလုပ်သားတွေ လုပ်ကွက်ထဲကို ကျူးကျော်ဝင်ရောက် ဖမ်းဆီးတဲ့ အတွက် ကမ်းနီးမှာ ငါးပုဇွန်တွေ ရှာဖွေ ဖမ်းဆီးလို့ မရပါဘူးခင်ဗျား။ ဒါကြောင့် ရေလုပ်သားအများစုက ဆင်းရဲနွမ်းပါးမူနဲ့ နေထိုင်စားသောက်ရေး အခက် ကြုံတွေ့နေရပါတယ်။ ဒီလို ဖြစ်လာတာကြောင့် ကမ်းဝေး ငါးဖမ်း သင်္ဘောတွေ ကမ်းနီးကို ၀င်မဖမ်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု သူက ဆိုသည်။
ထိုကဲ့သို့ ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေသဖြင့်  ၂၀၁၂ သြဂတ်စ် ၃၁ ရက်နေ့တွင် ရခိုင်ပြည် အမှတ် (၁၀) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က အမျိုးသားလွှတ်တော်တွင် တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြသော အဆိုနှင့် ပတ်သက်ပြီး ၂၀၁၃ အောက်တိုဘာလ ၂၂ ရက်နေ့က အမျိုးသားလွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ၎င်းအဆိုမှာ အောင်မြင်ခဲ့ကြောင်း၊ ၎င်းအဆိုမှာ ကမ်းဝေး ငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ငါဖမ်းဆီးခြင်း မပြုလုပ်ရန် ပြည်ထောင်စု အစိုးရက ကြပ်မတ်ပေးဖို့ ဆိုသော အဆို ဖြစ်ကြောင်း၊ သို့သော်လည်း လက်တွေ့တွင် ယနေ့ထိ အကြောင်း တစ်စုံတစ်ရာ မထူးသေးသလို အရေးယူ ဆောင်ရွက်ခြင်းလည်း မရှိသဖြင့် ဆန္ဒပြ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးတင်ညိုက ပြောသည်။
ယခု ဆန္ဒပြပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး လူပေါင်း ၃၀၀ လျှောက်ထားသော်လည်း လူ ၂၀၀ ထိသာ ခွင့်ပြုကြောင်း သူက ဆိုသည်။
ဆန္ဒပြပွဲ အပြီးတွင် ကျိန္တလီမြို့ထဲ လမ်းဆုံတွင်လည်း လူထု ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဆန္ဒပြပွဲ ပြုလုပ်မည်ဆိုသည့် သတင်းကြောင့် ရန်ကုန်မှ လာသော ကမ်းဝေးသင်္ဘောများသည် ကမ်းနီးမှ ချက်ချင်းဆိုသလို ထွက်ခွာသွားကြသည်ဟု စုံစမ်း သိရှိရသည်။             နိရဉ္စရာ-
ဗိုလ်ရာဇာဖောင်ဒေးရှင်း နယ်သာလန်တွင်ထူထာင်
( ၂၄ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး
Bo-Raza-Foundation
နယ်သာလန်နိုင်ငံရောက်ရှိနေကြသော ရခိုင့်တပ်မတော် ရဲဘော်များမှ ကျဆုံးလေပြီဖြစ်သော ရခိုင်တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်ရာဇာကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ရာဇာဖောင်းဒေးရှင်းကို ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။
၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် ဗိုလ်ရာဇာက ကျဆုံးသည့် နှစ်ပတ်လည်နေ့တွင် ၎င်းရဲဘော်များက ဗိုလ်ရာဇာဖောင်းဒေးရှင်းကို ထူထောင်လိုက်ခြင်း ဖြစ်သည်။
နယ်သာလန်တွင် ရောက်ရှိနေကြသော ရခိုင်တပ်မတော်မှ ရဲဘော်များက ယခင် သူတို့ ဖွဲ့စည်းထားသော  “၂/၁၁ ရခိုင်မျိုးချစ်များ” အဖွဲ့ကို “ ဗိုလ်ရာဇာဖောင်ဒေးရှင်း” ဟု ၎င်းနေ့တွင် အမည်ပြောင်းလဲ ဖွဲ့စည်း ထူထောင်လိုက်ခြင်း ဖြစ်သည်။
ဖွဲ့စည်း ရသည့် ရည်ရွယ်ချက်များမှာ အဖက်ဖက်မှ ယိုယွင်းနေသည့် ရခိုင်လူမှုအဖွဲ့အစည်းနှင့် ရခိုင်လူမှုဘ၀ တိုးတက် မြင့်မား လာရေးကို တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ရန် အတွက် ဖြစ်သည်ဟု သူတို့အထဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသိန်းအောင်ကျော်က ပြောသည်။
ယင်းပြင် အိန္ဒိယအစိုးရမှ ဗိုလ် ရာဇာအပါအ၀င် ရခိုင်နှင့် ကရင်ခေါင်းဆောင် ၆ ဥိးကို လုပ်ကြံသတ်ဖြတ်ပြီး အလောင်းများကို စနစ်တကျ ဖျောက် ဖျက်ပစ်ခဲ့သော်လည်း ဗိုလ်ရာဇာအမည်သည် ရခိုင် ပြည်သူများ ရင်ထဲတွင် ယနေ့တိုင် စွဲမြဲကျန်ရစ် နေသည်သာမက သူလုပ်ရပ်အတွက် ရခိုင်တမျိုးသားလုံး ဂုဏ်ယူလျှက်ရှိနေကြောင်းကို အိန္ဒိယ အစိုးရအား အသိပေးလို၍ ဗိုလ်ရာဇာ ဖေါင်းဒေးရှင်း (Boraza Foundation) ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု သူကဆက်ဆိုသည်။
ဗိုလ်ရာဇာအပါအ၀င် ရခိုင်၊ ကရင် ခေါင်းဆောင် ၆ ဦးကို အိန္ဒိယ စစ်ထောက်လှမ်းရေးမှ လိမ်လည် ခေါ်ယူပြီး ၁၉၉၈ ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်ဒမန် ကျွန်းစုရှိ လန်ဖောကျွန်းတွင် သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့ပြီး အလောင်းကိုပါ ဖျောက်ဖျက်ပစ်ခဲ့သည်။
ယင်းအပြင် ဗိုလ်ရာဇာတို့ ယူဆောင်လာသည့် ရာပေါင်းများစွာသော လက်နက် ခဲယမ်းမီးကျောက်များ၊ ခေတ်မီ အမြန် ရေယာဉ်များကိုလည်း အိန္ဒိယအစိုးရမှ အစအန မပေါ်အောင် ဖျောက်ဖျက်ပစ်ခဲ့သည်။
ဗိုလ်ရာဇာနှင့် အတူလိုက်ပါလာသည့် ရခိုင်၊ကရင် ရဲဘော် ၃၆ ဦးကိုလည်း (၁၄) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၂ ခုနှစ် မတ်လတွင်မှ ကာလကတ္တားအကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။
ထောင်မှ လွတ်မြောက်လာသည့် ရဲဘော်များကို အိန္ဒိယတွင် တနှစ်ခန့်နေထိုင်ပြီး နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကူ အညီဖြင့် နယ်သာလန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုခဲ့သည်။
နယ်သာလန်နိုင်ငံသို့ ရောက်သွားသည့် ရဲဘော်များအနေဖြင့်  တတ်နိုင်သည့်ဘက်မှ ရခိုင်ပြည်သူများ အတွက် ဆက် လက်လုပ်ကိုင် ကူညီနိုင်ရန် ယခုကဲ့သို့ ဗိုလ်ရာဇာ ဖောင်ဒေးရှင်းကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ဖေါ်ပြထားသည်။
             နိရဉ္စရာ-
မောင်တောမြို့နယ်တွင် ရဲစခန်း (၄)ခု ထပ်မံတိုးချဲ့မည်
(  ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄) / မင်းဆက်ခိုင်
Police in Maungdaw
ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် နယ်မြေ ရဲစခန်း (၄) ခု ထပ်မံတိုးချဲ့မည်ဟု သိရသည်။
ရဲစခန်းများ တည်ဆောက်မည့် ကျေးရွာများသို့ တာဝန်ရှိသူများ ယမန်နေ့က သွားရောက်လေ့လာခဲ့ကြောင်း မောင်တောခရိုင်ရဲမှူးကြီး ဦးရွှေသန်းက နိရဉ္စရာသို့ ပြောသည်။
“ ရဲစခန်းတွေကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်ဘောင်ကျေးရွာနဲ့  မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတွေမှာ တိုးချဲ့ ချသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရဲစခန်းတစ်ခုစီတွင် ရဲတပ်သား (၄၅) ဦးဖြင့် ဖွဲ့စည်းပုံပြည့်ချသွားမည် ဖြစ်ပြီး ခေတ်မှီလက်နက်များ တပ်ဆင်ရန်လည်း အထက်ကို တင်ပြထားကြောင်းသူက ပြောသည်။
ရဲစခန်းများတိုးချဲ့ရခြင်းသည် ဥပဒေစိုးမိုးမူကို ထိထိရောက်ရောက် ဆောင်ရွက်လို၍ ဖြစ်ကြောင်း သူက ဆိုသည်။
“  အဓိကတော့ တရားဥပဒေစိုးမိုးမူကို ထိထိရောက်ဆောင်ရွက်လိုတဲ့ အတွက် ဖြစ်ပါတယ်။ မောင်တောမြို့နယ် က ကျယ်ပြီး လူဦးရေထူထပ်တဲ့ အတွက် ရဲစခန်းတွေကို တိုးချဲ့ချထားခြင်း ဥပဒေစိုးမိုးရေးကို ထိထိရောက် ဆောင်ရွက်ဖို့ အတွက် ရည်ရွယ်ပါတယ်” ဟု သူက ဆိုသည်။
ရဲစခန်းသစ်များဖွင့်လှစ်ရန်အတွက် ရဲမှူးချုပ် တင်ကိုကိုဦးစီးလျှက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးကိစ္စ ရပ်များကို အလယ်သံကျော် အထက (ခွဲ) ကျောင်းခန်းမတွင် ယမန်နေ့က ဆွေးနွေးဟောပြော ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ယခင်က နစက တပ်ဖွဲ့မှ တာဝန်ယူခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် နစက တပ်ဖွဲ့၏ ပျော့ညံ့မူကြောင့် မလိုလားအပ်သော အကြမ်းဖက်တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သဖြင့် နစကကို ဖျက်သိမ်းပြီး နယ်စပ်လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။
မြန်မာရဲတပ်ဖွဲ့မှ နယ်စပ်လုံခြုံရေးကို တာဝန်ယူပြီးနောက် ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းတွင် ပြသနာပေါ်ပေါက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် နယ်မြေခံ ရဲစခန်း (၄) ခုကို သက်ဆိုင်ရာက တိုးချဲ့ရန် စီစဉ်လာခြင်း ဖြစ်သည်။
                                 နိရဉ္စရာ-
2/24/2014
3d ဆောဝှဲ
အေဆောဝှဲကတောခါ  ဂိမ်းးပြုလုပ်စာမှာ အသုံး များကပ်ပါရေ  ရုပ်အရံ လုပ်လို့ ရပါရေ
 အလှံ အသီတိကို
လီတိုက်နီရေ ဇီဇိုင်း လုပ်လို့ လဲ ရပါရေ
password ကတောခါ  linnlinniloveyou@gmail.com
အေမှာ  ဒေါင်းလိုက်ပါဒေ
လက်ကွတ် လေ့ကျန်ရန်ဆောဝှဲ
အေဆောဝှဲကတောခါ
လက်ကွတ် ဆရာကြီးဖြစ်အောင် လေ့ ကျန့်
ဖို့ လတ်ေ်ေ်  အေမှာ ဒေ password ကတောခါ
linnlinniloveyou@gmail.com ထည့်လိုက်ပါ
ဒေါင်းလို့  
မြန်မာပြန် dictionary
http://www.mediafire.com/download/nj9ot74be0z4pvb/%E1%81%82%E1%81%84%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%80%E1%80%AD%E1%80%AF+%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%9C%E1%80%AD%E1%80%AF%E1%80%BB%E1%80%95%E1%80%94%E1%80%B9
ကိုင် ၂၄ ဘာသာကို မြန်မာ လို ပြန်နှိုင်ရေ ဆောဝှဲ
ကောင်းအသစ်ထွက်ပေါ်နီပါယာ အားလုံး
စမ်းကြည့် လိုက်ကပ်မေ  password ကတောခါ linnlinniloveyou@gmail.com ကို ထည့် ပီးပါ
အေမှာ    ဒေါင်းပါ
မောင်တောနယ်စပ်က ဆန်တန်ချိန် ၂ ထောင်ကျော် ဘင်္ဂလာကိုပို့
ဖေဖေါ်ဝါရီ ၂၄ ရက်၊ ၂၀၁၄ ခု
ဘင်္ဂလာကို တင်ပို့ဖို့ပြင်ဆင်နိန်ကတ်တေ ဆန်အိပ်တိ
ဘင်္ဂလာကို တင်ပို့ဖို့ပြင်ဆင်နိန်ကတ်တေ ဆန်အိပ်တိ
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ခါနီးအချိန် ဖေဖေါ်ဝါရီလမှာ မောင်နေတယ်စပ်ကုန်သွယ်ရေးက ဘင်္ဂလားဒေရှ့်ကို အဓိက ပို့ကုန်အဖြစ် ဆန်တိတင်ပို့နိန်ရပြီးကေ ဖေဖေါ်ဝါရီ ပထမအပတ်အထိ ဆန်တန်ချိန် ၂၅၀၀ ကျော်တင်ပို့ထားဗျယ်ဖြစ်တေ လို့ လေးဝတီက သတင်းရဟိပါရေ။
အယင်က အများဆုံးတင်ပို့ရေ ရီငန်ပုစွန်တိ တင်ပို့စော်မှာ မဟိသလောက် နည်းပါးနိန်ပြီးကေ ဆန်တိကို ၂၀၁၄ နိုဝင်ဘာလက စလို့ ဘင်္ဂလာက ၀ယ်ယူဖို့ ကမ်းလှမ်းလာရေနောက်ပိုင်းမှာဒေဂုပိုင်တင်ပို့နိန်စော်ဖြစ်တေလို့ သိရပါရေ။
ဆန်စလို့ တင်ပို့ရချိန်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၈၅ ဒေါ်လာ နှုန်းရဟိခကေလည်း ဒေဂုအခါ တစ်တန်ကို ၃၇၅ ဒေါ်လာနန့် တင်ပို့နိန်ရရေလို့ သိရပါရေ။ ဘင်္ဂလာမှာ ဒေနှစ်မှာ အထွေထွေရွီးကောက်ပွဲကြောင့် ဒေသတွင်း မတည်မငြိမ်မှုတိဖြစ်လာရေအတွက် အိန္ဒိယက နှစ်စိုင်တင်ပို့နိန်ရေ  အခြီခံစားသောက်ကုန်တင်ပို့မှုတိကို ၂၀၁၃ ခုနှစ်မှာ
ရပ်ဆိုင်းလိုက်ပြီးကေ ရခိုင်ပြည် မောင်တော နယ်စပ်ကုန်သွယ်ရေးနန့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတိကနိန် တင်ပို့ကတ်စော်ဖြစ်တေလို့သိရပါရေ။
လက်ရှိ တင်ပို့နိန်ရေဈီးဖြစ်တေ ၃၇၅ ဒေါ်လာဈီးမှာ ဘင်္ဂလားဒေရှ့်ကိုအရောက် ဈီးနှုန်းဖြစ်ပြီးကေ တင်ပိုရေဆန်အမျိုးအစားမှာ ဧည့်မထ ဆန်အမျိုးအစားတိဖြစ်တေလို့သိရပါရေ။ ဘင်္ဂလားဒေရှ့်ဈီးကွက်ကို ဆန်တင်ပို့နိန်ရကေလည်း ရခိုင်ပြည်မှာ စပါးဈီးကွက်မှာ တင်းတစ်ရာကို ကျပ် ၃ သိန်းဝန်းကျင်ဈီးရာဟိပြီးကေ နယ်စပ်ဆန်ဈီးကွက်မှာ ဆန်တိက ဈီးအတက်အကျ
မဟိလို့သိရပါရေ။
ရခိုင်ပြည်က ဆန်တိကို ဘင်္ဂလားဒေရှ့်အပြင် ရိုးတဖက်က ပြည်၊ အောင်လံ ဈီးကွက်ကိုလည်း တင်ပို့နိန်ကတ်တေလို့သိရပါရေ။       လေးဝတီ (မောင်တော)
ဒုတိယ အကြိမ် ရခိုင်လူငယ်ဖိုရမ် မြောက်ဦးမြို့တွင်ကျင်းပ
(၂၄ ဖေဖေါ်ဝါရီ ၂၀၁၄) / မောင်အေးနှင့် ခိုင်ထူးမြတ်
youth-forum-Arakan
ဒုတိယ အကြိမ်မြှောက် ပြုလုပ်သည့် ရခိုင်လူငယ်ဖိုရမ်ကို ယနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ နံနက်မှ စတင်ပြီး မြောက်ဦးမြို့တွင် ကျင်းပသည်။
၎င်းလူငယ် ဖိုရမ်အား မြောက်ဦးမြို့ ရတနာ့ မာန်အောင် ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်နေကြောင်း၊ ၄င်းဖိုရမ်သို့ ရခိုင်ပြည်နယ် မြို့နယ် တစ်ခုစီမှ ကိုယ်စားလှယ် လူငယ် (၄) ဦးကျစီ တက်ရောက်နေကြောင်း ရခိုင်လူငယ် ဖိုရမ်ကို မင်းပြားမြို့နယ် ကိုယ်စားပြု တက်ရောက်လာသူ မတင်တင်သွယ်က နိရဉ္စရာကို ပြောကြားခဲ့ပါသည်။
“ င်္ဒီကနေ့ နံနက် ၈ နာရီခွဲမှာ အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။ ရခိုင်ဒေသ အတွင်း လူငယ်တွေ ခံစားကြုံတွေ့နေရတဲ့ အခက်ခဲပြသနာတွေကို ဖော်ထုတ် ဖြေရှင်းဖို့နဲ့ လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်” ဟု သူမကဆိုသည်။
ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်ကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ မြောက်ဦး ရခိုင်လူမှုကွန်ယက်မှ ကိုထွန်းထွန်းက ယခုကဲ့သို့ပြောသည်။
“ ကျွန်တော်တို့ ဒီဖိုရမ်လုပ်ပြီးရင် ခရိုင်အလိုက် ကိုယ်စားလှယ် ၁၅ ဦးရွေးမယ်။ ပြီးတော့ မတ်လ ၃ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး လူငယ်ဖိုရမ်မှာ ရခိုင်ပြည်နယ် ကိုယ်စားလှယ်အဖြစ် သွားတက်မယ်။ အဲဒီမှာ ကျွန်တော်တို့ ရခိုင်လူငယ်တွေရဲ့အသံတွေထွက်လာမယ်။ အကျိုးအမြတ်ကတော့ လူငယ်တွေရဲ့ အသံထွက်လာမယ်။ ပြီးတော့ သက်ဆိုင်ရာ အစိုးရအာဏာပိုင်တွေဘက်ကလည်း ကျွန်တော် တို့ကို အသိအမှတ်ပြုလာလိမ့်မယ်။”
ယင်းပြင် ဤလူငယ် ဖိုရမ်မှ  ရခိုင်လူငယ်များ၏ အခက်အခဲ ပြဿနာများကို သာမက ရခိုင်လူငယ်ကွန်ယက် တစ်ခု ပေါ်ပေါက်ရေးကိုလည်း ကြိုးစား ဆောင်ရွက်သွားမည်ဟု ပြောသည်။
youth-forum-Arakan
“ အဓိကတော့ ကျွန်တော်တို့ ဒီနေ့မှာ ရခိုင်လူငယ်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးနေပါတယ်။ ဒီပြဿနာတွေကို လာမည့်နှစ်ဖိုရမ်မကျမီ ကျွန်တော်တို့လူငယ်တွေ ဘာတွေလုပ်နိုင်မှာလည်းဆိုတဲ့ အပိုင်းက တစ်ပိုင်းပါ။ ကျွန်တော်တို့လုပ်နိုင်မယ့် အပိုင်းတွေပေါ့နော်။ နောက်တပိုင်းကတော့ ကျွန်တော်တို့ အစိုးရကိုတင်ပြ တောင်းဆိုအကြံပြုဖို့ဆိုတဲ့ တစ်ပိုင်းကို ဆွေးနွေးပါမယ်။ နောက်ဆုံးတစ်ပိုင်းက ရခိုင်ပြည်တပြည်နယ်လုံးဆိုင်ရာ လူငယ် ကွန်ယက်တခုကို ဖွဲ့စည်းဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဒီဖိုရမ်မှာ အဓိကဆွေးနွေးမှာပါ” ဟု ဆိုသည်။
အစိုးရ အာဏာပိုင်များသို့ အကြံပြုတင်ပြတောင်းခံသည့်အပိုင်းတွင် ပညာရေးနှင့်ဆိုင်သည့် ကဏ္ဍနှင့် ရခိုင် လူငယ်များ အလုပ်အကိုင်ရရှိစေမည့် အချက်များကို အကြံပြု တင်ပြသွားမည်ဖြစ်ကြောင်း ကိုထွန်းထွန်းက ဆက်လက် ပြောသည်။
ရခိုင် လူငယ်ဖိုရမ်ကို လူငယ် ၆၀ ကျော် တက်ရောက်နေပြီး  ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ယခုကျင်းပနေသည့် ရခိုင်လူငယ်ဖိုရမ်မှာ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် ဖိုရမ်ကို လွန်ခဲ့သည့် နှစ်က စစ်တွေမြို့တွင် ကျင်းပခဲ့သည်။          နိရဉ္စရာ-
အများပိုင်ကုမ္ပဏီ ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက လုပ်ငန်းစတင်
ဖေဖေါ်ဝါရီ ၂၄ ရက်၊ ၂၀၁၄ ခု။
ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်လီမိတက် လိုဂိုတံဆိပ်
ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်လီမိတက် လိုဂိုတံဆိပ်
ရခိုင်အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တေ ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်လီမိတက်ကနိန် Upay အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးဆိုရေလုပ်ငန်းတစ်ခုကို ကုမ္ပဏီအနိန်နန့် စလို့ အကောင်အထည်ဖေါ်လိုက်ဗျယ်ဖြစ်တေလို့ သိရပါရေ။
လုပ်ငန်းတိအနိန်နန့် ရန်ကုန်-စစ်တွေ လမ်းတစ်လျှောက် အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စရေ မြို့တိမှာ Upay အရောင်းဌာနတိထားဟိရေလို့ သိရပါရေ။
တောင်ကိုးရီးယားနိုင်ငံထုတ် ခရီးသည် ၄၅ ယောက်ဆန့်ရေ ဟွန်ဒိုင်းအထူးကားတိနန့် ပြီးဆွဲနိန်ဗျယ်ဖြစ်တေလို့ သိရပါရေ။
Upay လက်မှတ်တိကို ကြိုတင်မှာယူနိုင်ဗျယ်ဖြစ်ပြီးကေ လက်မှတ်ဈီးနှုန်းတိမှာလည်း ပုံမှန်ဈီးနှုန်းအတိုင်း ရခိုင်ပြည်သူတိ သသက်သသာနန့်ခရီးလားနိုင်အောင် စီမံထားရေလို့ သိရပါရေ။
ရခိုင်အများပိုင်ကုမ္ပဏီအနိန်နန့်  လုပ်ငန်းစီမံကိန်းတိထဲက တစ်ခုဖြစ်ပြီးကေ ပထမဆုံး လုပ်ငန်းစတင်စော်လို့ သိရပါရေ။     လေးဝတီ (ရန်ကုန်)
ရှိဟောင်းဒေသဖြစ်တေ မြောက်ဦးထိန်းသိမ်းရေးစော်ရေ ရခိုင်တိမှာ အဓိကတာဝန်ဟိရေလို့ အမျိုးသားလွှတ်တော်ဥက္ကဌ ပြော
ဖေဖေါ်ဝါရီ ၂၄ ရက်၊ ၂၀၁၄ ခု။
Mrauk-U-Damages-photo
ရခိုင်ပြည် မြောက်ဦး ရှိဟောင်းဒေသထိန်းသိမ်းရေးလုပ်ငန်းတိစော်ရေ ရခိုင်တိမှာအဓိက တာဝန်ဟိရေလို့ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကဖေဖေါ်ဝါရီလ ၁၉ ရက်နိန့်က လုပ်တေ အမျိုးသား လွှတ်တော် အစည်းအဝေး မှာ ပြောကြားလိုက်တေလို့ လေးဝတီက သတင်းရဟိပါရေ။
ရခိုင်ပြည် မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ရခိုင်ရှိဟောင်း မြို့တော် ဖြစ်တေ မြောက်ဦး ယိုင်ကျေးမှုနယ်မြေကို ထိန်းသိမ်းမှုညံ့ဖျင်းရေအတွက်ကြောင့် အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနန့် ရင်ဆိုင်နိန်ရရေ ရှိဟောင်းအမွီအနှစ် ၁၀ ခု စာရင်းမှာ မြောက်ဦးကို ၅ နေရာမှာ ထည့်သွင်းသတ်မှတ်ထားရေအတွက်ကြောင့် ယင်းစိုးရိမ်ဖွယ်ရာ အခြေအနေက ကင်းလွတ်လာရေ အထိ ပြည်ထောင်စုအစိုးရက ပြုပြင်မွမ်းမံထိန်းသိမ်းလုပ်ဆောင်ပီးဖို့ အစီအဇိုင်ဟိမဟိ ဆိုရေ မိန်းခွန်းကို ယိုင်ကျေးမှုဝန်ကြီး ဌာန ဒု-၀န်ကြီး ဦးသန်းဆွေက ၀န်ကြီးဌာန၏ ယိုင်ကျေးမှုနယ်မြေတိမှာ ဆောင်ရွက်နိန်မှုတိနန့် ရှိဆက်လို့ လုပ်ဆောင်လားဖို့
အခြေအနေတိကို ရှင်းလင်းပြောပြီးရေနောက်ပိုင်းမှာ လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ယင်းပိုင်ပြောကြားလိုက်စော် ဖြစ်ပါရေ။
မြောက်ဦးရှိဟောင်းဒေသကို မိမိအနိန်နန့် ယိုင်ကျေးမှုဝန်ကြီးအနိန်နန့် တာဝန်ထမ်းဆောင်ခရေအတွက် အယင်ကပင်စိတ်ဝင်စားပါကြောင်း၊ ယင်းဒေသကို ပစ်ထားရေဆိုရေစကားမှားကြောင်း၊ မိမိဗိုလ်မှူးအဆင့် ဟိရေအခါကပင် သုတေသနအရာရှိ။ ရုံးခန်း၊ ပြတိုက်တိဟိရေအတွက် ပစ်ထားစော်မဟုတ်ကြောင်း။ ယင်းဒေသရေ ကမ္ဘာရှိဟောင်း အမွီအနှစ်စာရင်း မ၀င်သိမ့်ကြောင်း၊ မြန်မာနိုင်ငံ ကမ္ဘာ့အမွီအနှစ်စာရင်းဝင်ဖို့အတွက်ကြိုးပမ်းနိန်စော် ပုဂံဒေသဖြစ်ကြောင်း၊ ယင်းပိုင်လုပ်ဆောင်ကြိုးပမ်းစော်မှာ ပုံဂံဒေသက လူနိန်အိမ်ခြီတိကို ရွိ့ပြောင်းလို့ မြို့သစ်တည်ရေအထိ လုပ်ဆောင်ခကေလည်း ယူနက်စကိုက ကြေနပ်လက်ခံခြင်းမဟိဘဲ အသစ်ထင်ထားရေ ဘုရားထီးတိကို ဖြုတ်စော်တိ၊
ကားလမ်းတိ အစဟိရေစော်တိကို ဖျက်သိမ်းစော်တိကို လုပ်ဆောင်စီချင်ရေအနေအထားဟိကြောင်း၊ ရှင်းလင်းပြောဆိုလိုက်ပါရေ။
“အစိုးရဘက်ဂျက်ကချပီးရေ ဘတ်ဂျက်ကို ပြန်ကြည့်ကေလည်း နှစ်ပေါင်းများစွာကို ပြန်ကြည့် သိန်းထောင်ဂဏန်းရာဟိရေလို့ သိရပါရေ၊ တစ်နှစ်ဘတ်ဂျက်မဟုတ်ပါ။ ယိုင်ကျေးမှုနန့်ပတ်သက်လို့ အလေးထားလား မထားလားဆိုစော် ကို ပြန်သုံးသပ်ဖို့လိုရေ” ဒေါက်တာအေးမောင်ကဆိုပါရေ။
ဒေပိုင် ရှိဟောင်းအမွီအနှစ်တိကို တစ်နိုင်ငံတည်းမှာဟိပါလျက် ပုဂံကိုကျကေ ယူနက်စကို  စာရင်းဝင်အောင်ကြိုးပမ်းပြီးကေ ရခိုင်ပြည် မြောက်ဦးကျတေ ချန်လစ်ထားစော်ရေ ပြည်ထောင်စုဆိုရေ မြန်မာနိုင်ငံမှာတိုင်းရင်းသားဆို ရေ စကားလုံးအောက်မှာ လူတိကိုသာမက ဗုဒ္ဓဘုရားစေတီ၊ ပုထိုးတော်တကိုပါ ခွဲခြားဆက်ခံနိန်ရရေ အနေအထားမှာဟိရေသိရပါရေ။
ယင်းအတွက်ကြောင့် ရခိုင်လူမျိုးအနိန်နန့် အမျိုးသားရေးတာဝန်၊ တိုင်းပြည်တိုးတက်ရေး တာဝန်တိရေ ပြည်ထောင်စုဆိုရေ အနေအထားကို အားကိုးစရာတစ်ခုအဖြစ်နန့် မမြင်ဘဲ ကိုယ့်ခြီထောက်ကိုယ်ရပ်တည်နိုင်ရေအထိ ကြိုးစားရုန်းကန် ကတ်ရဖို့ အခြေအနေဖြစ်တေလို့ ရခိုင်ပြည် ရှိဟောင်းယိုင်ကျေးမှုပြတိုက်တစ်ခုက နာမယ်မဖေါ်လိုရေ အရာရှိ တစ်ယောက်က လေးဝတီ ကို အဂုပိုင်သုံးသပ်ပြပါရေ။
“ယူနက်စကို စာရင်းဝင်ဖို့ဆိုစော်က ယင်းသူရို့မှာပြထားရေ အချက်အလက်တိနန့် အကျုံးဝင်မှ ယူနက်စကို ဝင်ဖို့။ ယင်းသူရို့ ပြောထားရေ အချက်အလက်တိက လုံးဝ ရှိဟောင်းပုံစံတစ်ခုကို ပြောင်းလဲပစ်ဖို့စော်၊ ယင်းစော် မှာ ဗမာတိက သူရို့လုပ်ထားစော်တိ ပျက်လားဖို့စော်ကြောက်တေ။ သူရို့ ဇာက ဆင်းသက်လာလဲဆိုစော် သိလားဖို့စော်ကြောက်တေ အနေအထားပါ။ ရခိုင်လူမျိုးတိအနိန့် ဇာပိုင်ပင်ဖြစ်ဖြစ် Stone Age လို့ ဆိုရေ မြောက်ဦးအနေအထားအရ လမ်းတိဖေါက်ဖို့ ဆိုလို့ တံတိုင်းကို ဖြို၊ နန်းကိုတူး၊ ရစရာမဟိအောင်လုပ်ပိုက်တေ။ ဂျပန်ရှိဟောင်းယိုင်ကျေးမှုအနေအထားမှာဆိုကေ ဖုန်ချေတိ၊ သဲမှုန့်ချေတိကို လုံးဝ ဂရုတစ်စိုက်နန့် Brush တိနန့် အနုစိတ်၊ အသေးစိတ် အားလုံးကို အသေအချာလုပ်တေ။ ပြန်ဖေါ်ရေ၊ ဓါတ်ပုံရိုက်တေ။ ပြီးကေ မြန်လို့ မြီမြုပ်ပိုက်တေ။ အပြင်မှာထားစော်ထက် မြီထဲက အမွီအနှစ်ကို မြီထဲမှာထားစော်က ပိုစိတ်ချရရေ။ ပိုလုံခြုံရေ။ အဂုက ရစရာမဟိ မိုးပြင်မှာပစ်ထားရေ။ ဘုရားတိဆိုကေ ခေါင်းကျိုး၊ ခြီကျိုး။ ယင်းသူရို့ ဘုရားကန်သင့်ဖို့” လို့ သုံသပ်ပြပါရေ။
အမျိုးသားလွှတ်တော်ဥက္ကဌ ပြောရေပိုင် ရခိုင်ပြည်အတွက် ရခိုင်လူမျိုးရို့တာဝန်ဖြစ်တေဆိုစော် ငြင်းစရာမဟိရေ တိုက်တွန်းချက်တစ်ခုဖြစ်ပါရေ။ 
လေးဝတီ (နေပြည်တော်)
ရခိုင်ညီလာခံကျင်းပရေး အကြိုညှိနိုင်း ဆွေးနွေးပွဲ ရန်ကုန်တွင် ဒုတိယ အကြိမ် ပြုလုပ်
(၂၄ ဖေဖေါ်ဝါရီ ၂၀၁၄) / ခိုင်မောင်ဦး(ရန်ကုန်)
A-c
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ ကျင်းပ ပြုလုပ်မည့် ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး ဒုတိယ အကြိမ်မြှောက် အကြိုညှိနိုင်း ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ယမန်နေ့က  ပြုလုပ် ခဲ့ကြသည်။
“ ဒီညီလာခံဟာ ရခိုင်သားတွေအတွက်အမတန်မှအရေးကြီးတယ်။  ရခိုင်အမျိုးသားတွေ ရှေ့ အနာဂါက်မှာကိုယ့် ကံကြမ္မာ ဘယ်လို ဖန်းတီကြမလဲ၊ ရခိုင်သူရခိုင်သားတွေ  ဂျီတစ်ကြောင်း ၊ ဆက်တစ်ကြောင်းသွားမယ်ဆိုရင် ဒီထက်မက ၀ဲကယက်ထဲမှာ နစ်နေဦးမှာပဲ။ ဘယ်လို့ ’ plan” တွေဆွဲကြမယ်၊ ဘယ်လို မူဝါဒတွေချကြမလဲ ဆိုတာ အရေးကြီတယ်။ ဒါကြောင့် အမျိုးသာညီလာခံကနေ ရခိုင်အမျိုးသားနေ့  တစ်ခု အရေးကြီးချမှတ်ဖို့  လိုပါတယ်” ဟု ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင် ပြောဆိုသည်။
ညီလာခံကျင်းပရန် ရက်ပေါင်း အနည်းငယ်သာလိုတော့သဖြင့် ညီလာခံကျင်းပနိုင်ရေး အတွက် အကြို ဆွေးနွေး ညှိနှိင်းမူများကို အနည်းဆုံးတစ်ပတ် နှစ်ခါပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယင်းပြင် နိုင်ငံတော် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရခိုင်အဖွဲ့ အစည်း အသီးအသီး တို့ မှလည်း သဘာတူညီမူများ ရရှိခဲ့ကြောင်း ၀န်ကြီးက ပြောကြားသည်။
ရခိုင်ညီလာခံကျင်ပရန် အကြိုညှိနှိင်းဆွေးနွေးပွဲကို အနုပညာသမားများမှလည်းတက်ရောက်ခဲ့ပြီး ထိုအထဲမှ နာမည်ကြီး အနုပညာသမားတစ်ဦးဖြစ်သူ အဆိုတော် ၀င်းကိုခိုင်မှလည်း သူ့အမြင်ကို နိရဉ္စရာသို့ ယခုလိုပြောသည်။
’’လိုအပ်လာရင်ဒီညီလာခံဖြစ်လာဖို့ အတက်ဆုံးကူညီသွားမှာပဲလေ၊ ဒီလိုညီလာခံဆိုတာ ကျနော်တို့  ရခိုင်မှာ အင်မတင်မှလိုအပ်နေပါတယ်။ ရှေ့ ကိုဘယ်လို့ သွားရမယ်လဲဆိုတာအစီစဉ်တွေဆွဲရမယ်ပေါ့နော်။ ဒါကတော့ ကဏ္ဍအသီးသီးမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တို့ မှလည်း တက်တက်ကြွကြွနဲ့ ပါဝင်ပြီးတော့ ဒီညီလာခံ ကိုဖြစ်အောင်လုပ်ရမယ်၊ အမြဲတမ်းလည်းလုပ်ရမယ်လို့  ကျနော်အနေနဲ့  ယူဆပါတယ်’’ ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သူ့အမြင် ကိုယ့်အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ညီလာခံကို ရခိုင်အမျိုးသား ညီလာခံအား (၁) ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး(၂) အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး (၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ ဖြိုးတိုးတက်သည့် ရခိုင်လူ့ ဘောင်သစ်တရပ် ပေါ်ထွန်းရေး- ရည်မှန်းချက် (၃) ရပ်ဖြင့် ဦးတည်ကျင်းပမည်ဟု သိရသည်။
ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး အကြိုညှိနိုင်း ဆွေးနွေးပွဲအား နေ့ လည် ၂နာရီအချိန် စတင်ကာ ညနေ ၅ နာရီတွင်ပြီးဆုံးခဲ့သည်။              နိရဉ္စရာ-
ရခိုင်ပြည်လမ်းတံတားဆောက်လုပ်ဖို့အတွက် ဂျပန်က ယန်းသိန်း ၇၃၈၀ ကူညီ
စစ်တွေ-ကျောက်တော် ကားလမ်းမှာ လမ်းပြင်နိန်ကတ်တေ ရခိုင်သမချေတိ
စစ်တွေ-ကျောက်တော် ကားလမ်းမှာ လမ်းပြင်နိန်ကတ်တေ ရခိုင်သမချေတိ
ရခိုင်ပြည်မှာ လမ်း၊ တံတားတိဆောက်လုပ်ထိန်းသိမ်းစော်မှာ စက်ပစ္စည်း ကရိယာတိ ပိုလို့ကောင်းမွန်လာစီဖို့အတွက်နန့် ဂျပန်အစိုးရက ဂျပန်ယန်း သိန်း ၇၃၈၀ ကူညီဖို့အတွက်ဖေဖေါ်ဝါရီလ ၂၀ရက်နိန့်မှာ နေပြည်တော်မှာဟိရေ အမျိုးသား စီမံကိန်းနန့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ နှစ်နိုင်ငံ တာဝန်ဟိလူတိက လက်မှတ်ရေးထိုးကတ်တေလို့
လေးဝတီက သတင်းရဟိပါရေ။
နှစ်နိုင်ငံတာဝန်ဟိလူတိဖြစ်တေ အမျိုးသားစီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ဒု-၀န်ကြီး ဒေါ်လဲ့လဲ့သိန်းနန့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ရို့က လက်မှတ်ရီးထိုးခကတ်စော်ဖြစ်ပြီးကေ တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့ အထွေအထွေရောဂါကုဆီးရုံတိမှာ ဆီးပစ္စည်းကရိယာတိ ပိုလို့ကောင်းလာဖို့ စီမံချက်နန့် ဂျပန်ယန်းသိန်း ၉၇၈၀ အကူအညီပီးလားဖို့အတွက်နောက်ထပ် နားလည်မှုသဘာတူညီချက် စာချုပ်ကို ထပ်လို့ လက်မှတ်ရီးထိုးခကတ်တေလို့ သိရပါရေ။
ရခိုင်ပြည်မှာဟိရေ လမ်းတိ ဆောင်လုပ်ဖို့နန့် ပြုပြင်ထိန်းသိမ်းဖို့အတွက် လိုအပ်တေ စက်ပစ္စည်းကရိယာတိ ပိုလို့ကောင်းမွန်လာဖို့ဖြစ်ပြီးကေယင်းစက်ပစ္စည်းယန္တရားတိကို အမ်း၊ တောင်ကုတ် စရေနိန်ရာရို့မှာ အစီးရေ ၅၄ စီးကို ထားဟိလားဖို့ဖြစ်တေလို့ လေးဝတီက သတင်းရဟိပါရေ။
ဂျပန်အစိုးရအနိန်နန့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနန့် တစ်ခြားဖွံ့ဖြိုးရေးလုပ်ငန်းတိမှာ ဂျပန်အပြည်အပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က တစ်ဆင့် ကူညီပီးနိန်ရေလို့ သိရပါရေ။
ယင်း အမျိုးသား စီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနိန်နန့် ဂျပန်နိုင်ငံက ကူညီငွေ ယန်း ၇၃၈၀ အတွက် စက်ပစ္စည်း ၅၄ စီးကို ရခိုင်ပြည်အတွက် ၀ယ်ယူပီးစော်မှာသယ်ယူခကုန်ကျစရိတ်တိ အားလုံးအပါအဝင် တစ်စီးကို ဂျပန်ယန်းငွေ သိန်း ၁၃၆ ကျရေလို့ သိရပါရေ။
ယင်းဝန်ကြီးဌာနအနိန်နန့် ရခိုင်ပြည်ကို အမှန်တကယ် စက်ပစ္စည်းတိ ရောက်မရောက်ဆိုစော်ကိုပြည်နယ် အစိုးရအဖွဲ့နန့် တာဝန်ဟိ လူတိက Follow up လိုက်နိန်ဖို့လိုရေလို့ သိရပါရေ။ ဇာဖြစ်လို့လဲဆိုကေ တစ်ချို့ရန်ပုံငွေတိရေ နာမယ်ကိန်း ဂဏန်းရာဟိပြီးကေ ရခိုင်ပြည်ကို အမှန်တကယ်မရောက်ဟိလို့အစိုးရဌာနဆိုင်ရာ သတင်းရပ်ကွက်တိအရ သိရပါရေ။
အထက်က ယင်းဝန်ကြီးဌာနက ချပီးထားရေ စက်ပစ္စည်း ၅၄ စီးအတွက် တစ်စီးကို ဂျပန်ယန်း ၁၃၆ သိန်းကျစော်ရေ အဆမတန်များပြားနိန်ရေလို့ သိရပါရေ။
နောက်ထပ် ယင်းဝန်ကြီးဌာနအနိန်နန့် ဂျပန်ကူညီငွေ ဂျပန်ယန်း သိန်း ၇၃၈၀ ကို ဇာပိုင်စီမံခန့်ခွဲဖို့ဆိုရေ ပွင့်လင်းမြင်သာမှုတိဟိစီချင်ရေလို့ ယင်းယှင့်နန့် ဆက်စပ်တေ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအချို့ အရသိရပါရေ။                  လေးဝတီ (နေပြည်တော်)
MSF ကို ထွက်သွားရန် ဒုတိယနေ့မြောက် စစ်တွေတွင် ဆန္ဒုပြ
(၂၃ ဖေဖေါ်ဝါရီလ ၂၀၁၄)
Protest-in-Sittwe MSF AZG
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် MSF ခေါ် AZG ကို ယနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ဒုတိယနေ့ မြောက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ ဆန္ဒပြပွဲတွင် လူရာနှင့်ချီပြီး ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။
MSF ကို ရခိုင်ပြည်ကထွက်လားရန် ဆန္ဒပြရသည့် အကြောင်းအရင်းကို  နိရဉ္စရာက မေးမြန်းရာ ရခိုင်လူမှုကွန်ယက် ခေါင်းဆောင် ဒေါ်မညို အေးက ယခုလို စပြောသည်။
“ ဟုတ်ကဲ့ MSF နဲ့ AZGဟာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နှစ်ဘက်လုံးကို ကျန်းမာရေး ကူညီးပေးဖို့ဆိုပြီ MOU ထိုးထားတာရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဘင်္ဂလီတွေကိုဘဲ ဘက်လိုက် ဆောင်ရွက်နေတာကို ကျမတို့တွေ့ရပါတယ်။ ဒါပေမဲ့ ရခိုင်လူမှုအသိုင်းက ဒီအဆင့်လောက်ကို ခွင့်လွတ်နိုင်ပါသေးတယ်။ အခုလက်တွေ့မှာ သိပ်ကို လွန်ကဲလာတာကို တွေ့ရတဲ့အတွက် ကျမတို့ ဆန္ဒပြရတာ ဖြစ်ပါတယ်။”
ဘယ်လိုနေရာမျိုးတွေမှာ လွန်ကဲလာတာတွေ့ရပါသလဲဟု မေးမြန်းရာ သူမက ယခုလို ဆက်ပြောသည်။
“ ကျမပြောပါမယ်။ နံပတ် (၁) က ဘင်္ဂလီတွေကို ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေးအတွက် ဆောင်ရွက်ဖို့ အားပေး အားမြှောက် ပြုတာတွေကို ကျမတို့တွေ့နေရပါတယ်။ (၂) အချက်က  ဘင်္ဂလီတွေ လူ့အ ခွင့် အရေး ချိုးဖောက် ခံနေရပါတယ်လို့ ကမ္ဘာ့မီဒီယာတွေကို လိမ်ညာဝါဒဖြန်နေ့တာကိုလည်း ကျမ တို့ကြားသိနေရတယ်။ နံပတ် ( ၃) အချက်က နိုင်ငံတကာအဖွဲ့တွေ ရောက်လာရင် မမှန်သတင်းပေးဖို့ ဘင်္ဂလီဒုက္ခ သည်စခန်းတွေမှာ တွင်တွင်ကျယ်ကျယ် သင်ကြားပေးနေတာတွေကို ကျမတို့သတင်းရရှိ ပါတယ်။ (၄) အချက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို သူတို့စောင့်ကြည့်တယ်၊ သတင်းပို့တဲ့ အလုပ်တွေကို လုပ်လာတာကို တွေ့နေရပါတယ်။ (၅) အချက် အခုနောက်ဆုံး ဖြစ်ရပ်ဆိုရင် ဒုချီးရားတန်း ဖြစ်ရပ်မှာဆိုရင် ဘင်္ဂလီ ၄၀ ဦး အပစ်ခံရပြီး ၂၄ ဦးဆေးကုသပေးရပါတယ်ဆိုပြီး ကမ္ဘာ့မီဒီယာတွေကို လိမ်ညာပြီး သတင်းပို့တာလည်းရှိပါတယ်။ ဒီလိုလုပ်လာတဲ့အတွက် ကျမတို့စိုးရိမ်တာက MSFနဲ့AZG ဟာ ရခိုင်ပြည်နယ်မှာ ဆက်ပြီးရှိနေရင် ပဋိပက္ခတွေထပ်မံပြီးဖြစ်ပွားဖို့အတွက် သူတို့သွေးထိုး လှုံဆော် ပေးနေတယ်ဆိုပြီး အဖြစ်အပျက်တွေကို မြင်တွေ့နေရတဲ့အတွက် ကျမတို့ သူတို့ ထွက်သွားဖို့ ဆန္ဒထုတ်ဖော်နေရတာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်တွင် အခြေစိုက် လူပ်ရှားရန်အတွက် နိုင်ငံတာ အန်ဂျီအိုများနှင့် MoU နားလည်မူ စာချွန်လွှာကို လက်မှတ်ရေးထိုးထားသည်မှာ နိုင်ငံတော် အစိုးရကဖြစ်သဖြင့်  အစိုးရကို ဆန္ဒပြမတောင်းဆိုဘဲ MSF  ဘာကြောင့် ဆန္ဒပြရတာပါလဲဟု ဆက်လက် မေးမြန်းရာ သူမက ယခုလို ပြောသည်။
“ ကျမတို့ အစိုးရကိုဆန္ဒမပြဘဲ MSFနဲ့ AZG ကိုဆန္ဒပြရတာက အကြောင်းရှိပါတယ်။ ကျမတို့ရခိုင်ပြည်နယ်မှာ သူတို့ဟာ MOU ထိုးပြီး ဆင်းလာတာဆိုကတည်းက ပြည်ထောင်စုအစိုး ရနဲ့ သဘောတူပြီးဆင်းလာတာ ဖြစ်ပါတယ်။ သို့သော်သူတို့ ဒီပြည်နယ်အတွင်းကို ရောက်လာတဲ့အ ချိန်မှာ ကျမတို့ ရခိုင်ပြည်နယ်အစိုးရပိုင်း အဖွဲ့အစည်းတွေကို သူတို့ ဘာလုပ် နေတယ်။ ဘာအကူအညီပေးနေတယ်ဆိုတာကို လုံဝချပြတာမရှိဘူး။ ဒါကြောင့် ကျမတို့ သမ္မတ ဦး သိန်းစိန်ဆီကို ၁၆ ရက်နေ့က အိပ်ဖွင့်ပေးစာ ပို့ပေးလိုက်ပါတယ်။ အဲဒီ အိပ်ဖွင့်ပေးစာကိုလည်း သတို့ AZGနဲ့MSF သက်ဆိုင်ရာ ကျန်းမာရေ၀န်ကြီးဌာန၊ ရခိုင်ပြည်နယ် ၀န်ကြီးဌာနတွေကိုလည်း ပေးတယ်။ နောက်ပြီး အိမ်ငှားထားတဲ့ လူတွေကိုလည်ပေးတယ်။ ပြီးတော့ သူတို့ရုံးအားလုံးကိုလည်း ကျမတို့ပို့ထားပါတယ်။ ကျတို့ အထူးစိုးရိမ်စရာ အခြေအနေတွေကို မြင်ရတဲ့အတွက် ကျမတို့ အခု လိုလုပ်ရတာ ဖြစ်ပါတယ်။”
သူတို့ရခိုင်ပြည်နယ်က ထွက်မသွားဘူးဆိုရင် ဘယ်လို ဆက်လုပ်ဖို့ အစီအစဉ်တွေရှိပါသလဲဟု မေးမြန်းရာ သူမက ယခုလို ပြောသည်။
“ ကျမတို့ ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မီတီဖွဲ့လို့ရှိပါတယ်။ စည်းကမ်းထိန်း သိမ်း ရေးနှင့် အမျိုးဘာသာစောင့်ရှောက်ရေး သံဃာအဖွဲ့တွေက ဦးဆောင်ပြီး သံဃာတော် ၉ပါး။ ပြီးတော့ ကျမတို့ လူပုဂ္ဂိုလ် ၉ ဦးနဲ့ကျတို့ ကော်မီတီဖွဲ့ထားတယ်။ အဲဒီကော်မီတီက မနက်ဖန်လည်း ဆန္ဒထုတ်ဖော်မယ်။ အဲဒီလို ဆန္ဒထုတ်ဖော်လို့လည်း သူတို့ဘက်က ဘာမှ တုန့်ပြန်မှုမရှိရင် သူတို့ရခိုင် ပြည်က ထွက်သွားဖို့အတွက်ကျမတို့ အချက်အလက်တွေစုဆောင်းထားတာတွေကို ကျမတို့ မီဒီယာတွေမှာလည်း ရေးသားထာပါတယ်။ သူတို့ထွက်မသွားဆိုရင် ကျမတို့ ကော်မီတီက ဆွေးနွေးပြီး ဆက်ပြီး အချိန်အဟုန် မြှင့်တင်သွားဖို့ရှိပါတယ်။”
AZG-MSF အဖွဲ့မှ  ကိုယ်စားလှယ်တွေ ဒေါ်မညိုအေးတို့ရခိုင် လူမှုအဖွဲ့အစည်း တွေနဲ့ ဆွေးနွေးဖြေရှင်းလိုကြောင်း ကမ်းလှမ်းလာပါက မည်ကဲ့သို့ သဘောထားပါမည်နည်းဟု မေးမြန်းရာသူမက ယခုလို ဆက်ဆိုသည်။
Protest-in-Sittwe MSF AZG
“ သူတို့ဖြေရှင်းချက် တောင်းလာရင် AZG အနေနဲ့ နှစ်ပေါင်း ၂၀ ကျော်အထဲက သူ တို့ လုပ်လာတဲ့ဖြစ်ရပ်တွေထဲက ဖြစ်ရပ်တွေကို အားလုံးသူတို့ကို ကျမတို့ သည်းခံနိုင်စရာမရှိဆိုတဲ့ အကြောင်းတွေကို ကျမတို့သူတို့ကိုပြန်ပြောရမယ်။ သူတို့ထပ်ပြီး ဆွေးနွေးလာရင်လည်း ကျမတို့ လက်ခံနိုင်စရာမရှိတော့ဘူး။ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ အမျိုးသားရေးအမြင်နဲ့ ကြည့်ရရင် သူတို့ဟာ အင်မတန်ဘက်လိုက်ပြီး ဘင်္ဂလီတခုတည်းအတွက်သာ ဖန်တီးထားတဲ့ ပုံသဏ္ဍာန်ပေါ် လွင်နေတယ်။ ဒါကြောင့် ကျတို့သူတို့နဲ့ တွေ့ဆုံခြင်းကိုလည်း ငြင်းပယ်ရမှာ ဖြစ်ပါတယ်။”
သူတို့ကို ရခိုင်ပြည်နယ်အတွင်းက ထွက်ခွာသွားဖို့အတွက် အစိုးရကို ထပ်ပြီး တောင်းဆိုမယ့် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာသူမက ယခုလို ပြောဆိုသွားပါသည်။
“ ဟုတ်ကဲ့/ ကျမတို့ ပထမဆုံးအကြိမ် သမ္မတကြီးဆီကို စာပို့ထားပါတယ်။ အဲဒီစာပို့ ထားလို့သမတကြီးရဲ့ လုပ်ဆောင်မှု အပေါ်မှာ မူတည်ပြီး ကော်မီတီဝင်တွေနဲ့ ဆွေးနွေးပြီး ဆက်ပြီး လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ သူတို့မထွက်မချင်း ကျမတို့အရှိန်အဟုန်မြှင့်တင်ပြီး နည်းလမ်းပေါင်းစုံနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွားဖို့ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောလိုပါတယ်။”  နိရဉ္စရာ-
2/23/2014
ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ယနေ့ မြန်မာနယ်စပ်ကို လာမည်
(၂၃ ဖေဖေါ်ဝါရီ ၂၀၁၄)/ မောင်အေး
Prime minister Hasina visit Coxsbazar
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့သို့ ယနေ့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဝန်ကြီးချုပ်သည် ယနေ့ နေ့လည်ပိုင်းတွင် ဒက္ကးမြို့တော်မှ တဆင့် ရောက်ရှိမည် ဖြစ်သည်။
သူမသည် ကော့စ်ဘဇားတွင် တည် ဆောက်ထားသည့် နိုင်ငံတကာ ခရိတ်ကတ် Cricket အားကစားကွင်း၊ ကော့စ်ဘဇား နိုင်ငံတကာ တက္ကသိုလ် (International University) နှင့် မဟားဇိုးကျွန်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံအပါအ၀င် တခြား အဆောက်ဦး များကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
ယခု သူမ၏ ကော့စ်ဘဇား ခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပြုလုပ်သည့် ခရီးစဉ်အတွင်း သူမ၏ အစိုးရမှ ပြန်လည် တည်ဆောက်ပေးသော ရားမူး (ခေါ်) ပန်းဝါမြို့မှ ဗုဒ္ဓဘာသာ အဆောက်အဦးများကို ဖွင့်လှစ်ပေးခဲ့သည်။
၂၀၁၂ ခုနှစ် စက်တင်္ဘာ နောက်ဆုံးအပတ်က ရာမူးမြို့တွင် ဘာသာရေး အစွန်းရောက်သူများ၏ မီးရှို့ ဖျက်ဆီး တိုက်ခိုက်မူကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း ပျက်စီးခဲ့ရသည်။
ယခု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လာရောက်လည်ပတ်သော ကော့စ်ဘဇား ခရိုင်သည် အတိုက်အခံ ဘီအန်ပီ ပါတီ ကြီးစိုးသောနေရာဖြစ်ပြီး ဘာသာရေး အစွန်းရောက်သမားများ ခိုအောင်းရာ မြန်မာ နယ်စပ်နှင့်လည်း နီးကပ်သော နေရာဖြစ်သဖြင့် သူမ၏ ခရီးစဉ် အတွင်း လုံခြုံရေးကို အထူး တင်းကျပ်ထားသည်ဟု သိရသည်။
                                                     နိရဉ္စရာ-
နိရဉ္စရာအမည်ကို မဖေါ်ပြဘဲ ဂျာနယ်များတွင် သတင်းအသုံးပြုမူ ကန့်ကွက်သွားမည်
( ၂၃ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
Narinjara
နိရဉ္စရာ သတင်းဌာ၏ အင်တာနက် စာမျက်နာက တစ်ဆင့် ထုတ်လွှင့်သော သတင်းများကို ပြည်တွင်းမှ ထုတ်ဝေသော သတင်း ဂျာနယ် စာစောင် အချို့တွင် နိရဉ္စရာ သတင်းဌာန အမည်ကို မဖေါ်ပြဘဲ အသုံးပြုနေမူကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။
“ ဒီကနေ့ဘဲ ကျနော်တို့ဆီက သတင်း (၂) ပုဒ်ကို ပြည်တွင်း ထုတ်ဂျာနယ် တစ်ခုမှာ သုံးထားတာကို တွေ့ရတယ်။ ကျနော်တို့ရေးတဲ့စာသား၊ ကျနော်တို့ အင်တာဗျူး လုပ်ထားတဲ့ သူတွေရဲ့ နာမည်နဲ့ ပြောတဲ့စကားတွေကို ဒီအတိုင်းသုံထားတယ်။ ဒါပေမယ့် နာမည်ကျတော့ ကျနော်တို့သတင်းဌာနကို မဖေါ်ပြဘဲ သူတို့ဆီက သတင်းထောက်နာမည်နဲ့ဘဲ ဖေါ်ပြထားတယ်။ ဒီလိုလုပ်တာတွေဟာ မီဒီယာကျင့်ဝတ်ကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ထိုသို့ကန့်ကွက်ရာတွင်လည်း အသုံးပြုသော သတင်းဌာန တစ်ခုချင်းစီကို စာရေးသား ပေးပို့ကန့်ကွက် သွားမည်ဟု ဆိုသည်။
“ ကျနော်တို့ရဲ့ သတင်းတွေကို တချို့ ဂျာနယ်တွေမှာ သူတို့ဆီက သတင်းထောက်နာမည်နဲ့ ဒီအတိုင်း ပြန်ရေးပြီး တင်ထားတာတွေကိုလည်း တွေ့ရတယ်။ နာမည်ကျတော့ ကျနော်တို့ သတင်းဌာနကို မသုံးဘူး။ ကျနော်တို့ရဲ့ သတင်းတွေကို မည်သူ မဆို လွတ်လပ်စွာ ယူသုံးနိုင်တယ်။ ဒါပေမယ့် သတင်းရင်းမြစ်နေရာမှာ နိရဉ္စရာလို့ ဖေါ်ပြပေးပါလို့ ကျနော်တို့က ပြောထားတယ်။ ဒါပေမယ့် မလိုက်နာကြဘူး” ဟု သူက ဆိုသည်။
နိရဉ္စရာ သတင်းဌာနအား ၁၉၈၈ ခုနှစ် ပြည်ပရောက်ရှိသွားသော ရခိုင်လူငယ် အချို့မှ ၂၀၀၁ ခုနှစ်က ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် တည်ထောင်ခဲ့သည်။ ယခုအခါ ပြည်တွင်းမှ ရပ်တည်ပြီး “ နေရဉ္စရာ ရခိုင်ဂျာနယ်အား” ထုတ်ဝေရန် အတွက် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနကို ခွင့်ပြုချက်တင်ထားရာ ခွင့်ပြုချက်မရသေးသဖြင့် စောင့်ဆိုင်းနေရသည်ဟု သိရသည်။
နိရဉ္စရာ သတင်းများကို အင်္ဂလိပ်- မြန်မာ (၂) ဘာသာဖြင့် ထုတ်ဝေနေပြီး http://www.narinjara.com/  နှင့် http://www.narinjara.com/burmese/ သွားရောက် ဖတ်ရှု့နိုင်သည်။    နိရဉ္စရာ
ကချင်ပြည်နယ်စစ်ပွဲတွင် ပိတ်မိနေသော ရခိုင်လူမျိုး ၂၀၀ ခန့် နေရပ်ရင်းပြန်
(၂၃ ဖေဖေါ်ဝါရီ ၂၀၁၄)
Myitkyina
(ဓါတ်ပုံ- အင်တာနက်)
ကချင်ပြည်နယ် တိုက်ပွဲများ အတွင်း ပိတ်မိပြီး ဒုက္ခရောက်နေကြသော ရခိုင် အမျိုးသား  ၁၈၂ ယောက်သည် ရခိုင်စာပေနှင့် ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ၏ စီစဉ်ပေးမူကြောင့် ယနေ့ နံနက်က ကချင်ပြည်နယ် မြစ်ကြီးနားမှ တစ်ဆင့် ရခိုင်သို့ ရထားဖြင့် ထွက်ခွာသွားကြသည်ဟု သတင်း ရရှိသည်။
“ စုစုပေါင်း ၁၈၂ ဦးပါ။ ဒီကနေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှ မြစ်ကြီးနားကနေ မန္တလေးကို ရထားနဲ့ ထွက်ခွာသွားကြပါတယ်” ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ဒုဥက္ကဌ ဦးဖြူသာချေက နိရဉ္စရာသို့ ပြောကြားသည်။
ယခု ရခိုင်သို့ ပြန်သွားကြသူ ၁၈၂ ဦးသည် လွန်ခဲ့သော (၆) နှစ်ကတည်းက ကချင်ပြည်သို့ အလုပ် လုပ်ရန် ရောက်ရှိနေကြသူများဖြစ်ကြပြီး ကချင်စစ်ပွဲအတွင်း ပိတ်မိနေရာမှ ဒုက္ခရောက်ရှိလာကြသဖြင့် မိမိနေရပ်သို့ ပြန်ကြခြင်း ဖြစ်သည်ဟု သူကဆိုသည်။
“ သူတို့က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လေဆာကျေးရွာမှ ငှက်ပျောခြံမှာ အလုပ် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်တော့ သူတို့က ကြားညှပ်သွားပြီး ဒုက္ခရောက်နေကြတာ ကြာနေပြီ။ အခုတော့ ကျနော်တို့ကနေ ဦးဆောင်ဦးရွက်ပြုပြီး သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ပြန်ပို့တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
သူတို့ ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန် အတွက် ရခိုင်စာပေနှင့်  ယဉ်ကျေးမူ ကော်မီ (မြစ်ကြီးနား) ၏ နာယက ဦးစောသိန်း၊ ဦးငွေသိန်း၊ ဥက္ကဌ ဦးမျိုးဇေယျာမင်းနှင့် ဒုဥက္ကဌ ဦးဖြူသာချေ တို့ မှ ဦးစီးပြီး အကူအညီများ တောင်းခံရာ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်ငွေ (၁၀) သိန်း၊ တခြား အလှူရှင်များထံမှ ကျပ်ငွေ (၄၂) သိန်းနှင့် ကချင်စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ဥက္ကဌ ဦးခက်ထိန်နာထံမှ ကျပ် (၁) သိန်း၊ စုစုပေါင်း ကျပ် (၅၃) သိန်း ရရှိခဲ့သည်ဟု ဆိုသည်။
ယခုပြန်သူ ရခိုင်လူမျိုးများမှာ ရခိုင်ပြည်နယ် မင်းပြားနှင့် မြေပုံမြို့နယ်မှ အများစု ဖြစ်ကြပြီး မင်းပြားမြို့နယ် ဥတ္တရကျေးရွာ ဆရာတော် ဦးမဟိန္ဒမှ ဦးစီးပြီး ခေါ်ဆောင်သွားသည်ဟု သိရသည်။
သူတို့အား မန္တလေး ရခိုင် လူမူ ဖုံလုံရေးအဖွဲ့မှ မန္တလေးဘူတာမှ  ကြိုဆို နေရာချထားပေးမည် ဖြစ်ပြီး ယင်းမှ တဆင့် ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးအတွက် ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လေဆာကျေးရွာမှ ငှက်ပျောခြံများတွင် နောက်ထပ် ရခိုင်လူမျိုး ၂၀၀ ခန့် ကျန်ရှိနေသေးပြီး သူတို့ပြန်ရန်အတွက် ဆက်လက် စီစဉ်ပေးသွားမည်ဟု ဒုဥက္ကဌ ဦးဖြူသာချေက ဆက်လက် ပြောဆိုသည်။
ကချင်ပြည်နယ်တနိုင်း ဟူးကောင်း ဒေသတွင် ရခိုင်အမျိုးသား သုံးသောင်းခန့်ရှိနေကြောင်း သိရသည်။
                                                                    နိရဉ္စရာ-
2/22/2014
အရုဏ်ဦးကို ကြိုဆိုခြင်း” ရခိုင်ကဗျာစာအုပ်ထွက်ဟိ
ဖေဖေါ်ဝါရီ ၂၂ ရက်၊ ၂၀၁၄ ခု။
အရုဏ်ဦးကို ကြိုဆိုခြင်း ကဗျာစာအုပ်အဖုံး
အရုဏ်ဦးကို ကြိုဆိုခြင်း ကဗျာစာအုပ်အဖုံး
၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၂၁ ရက်နိန့်က “အရုဏ်ဦးကို ကြိုဆိုခြင်း”လို့နာမယ်ပီးထားရေ ရခိုင်ကဗျာစာအုပ်ကို ထုတ်ဝီလိုက်ဗျယ်လို့ လေးဝတီက သတင်းရဟိပါရေ။
ကဗျာစာအုပ်မာ ကဗျာပုဒ်ရွီ တစ်ရာကျော်ကို ပုံနန့်တကွ ထည့်သွင်းထားပြီး ပြည်တွင်းပြည်ပဟိ ရခိုင်စာပီချစ်သူတို့က စီစဉ်ထုတ်ဝီခြင်းဖြစ်တေလို့ သိရပါရေ။ ခိုင်မင်းဇံ (ရခိုင်ပြည်)၊ တဂိုးခိုင်(အာရက္ခမြီ)၊ နှင်းနုခိုင်(မြောက်ဦး)၊ နာနို (Aryum)၊ ဝေဟင်အောင် စရေ ပြည်တွင်းပြည်ပ ကဗျာဆရာ/ဆရာမ ၂၀ ကျော်က စုစည်းရွီးသားထားရေလို့ သိရပါရေ။
ကဗျာစာအုပ်ကို ရခိုင်စာပီနန့် သမိုင်းသုတေသီဆရာကြီးမောင်ဗသိန်းနန့် ရခိုင်ဖတ်စာကော်မတီဝင် စာရီးဆရာ လေးဝတီခိုင်ကျော်ရို့က အမှာစာ ရီးပီးထားရေလို့ သိရပါရေ။
စာအုပ်ထုတ်ဝီရစော်နန့် ပတ်သကလို့ စာအုပ်ဖြစ်မြောက်ရီး စီစဉ်သူအဖွဲ့ဝင် ကဗျာဆရာ ကိုခိုင်ထွီးက “ရခိုင်ဖတ်စာကို အကျွန်ရို့ တောင်းတနီစွာ ကြာပါဗျာလ်။ စာပီဆိုစွာ ရခိုင်လူမျိုးရို့၏ အလင်းရောင်၊ အသက်သွီးကြောဖြစ်ပါရေ။။ အဂုပိုင် ရခိုင်ဖတ်စာသင်ရိုး ဖြစ်ပေါ်လာစွာကို ဝမ်းသာဂုဏ်ယူမိပါရေ။ ရခိုင်ဖတ်စာကို ကြိုဆိုရေ အနီနန့်
ဒေကဗျာ စာအုပ်ကို ထုတ်ဝီရစော်ဖြစ်ပါရေ” လို့ဆိုပါရေ။
ဒေကဗျာစာအုပ်ကို ရခိုင်ပြည်နန့် ရန်ကုန်၊ မလေးရှားရို့မှာ အဓိက ဖြန့်ချိလားဖို့ဖြစ်ပြီးကေ ရလာရေ အကျိုးအမြတ်တိကို ဆရာကြီးမောင်ဗသိန်း ဦးစီးရေ“အမင့်ပျိုးခင်း”အခလွတ်ရခိုင်စာသင်ကျောင်းသို့ လှူဒါန်းလားဖို့ဖြစ်ပါရေ။ လေးဝတီ (စစ်တွေ)
RNDP နှင့် ALD ခေါင်းဆောင်များ ANP အတွက် အလွှတ်သဘော ရွှေရသာမှာ တွေ့ဆုံ
( ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)
ALD-and-RNDP
ပါတီဂိုဏ်းဂနကို ဘေးဖယ်ပြီး အမျိုးသား ညီညွှတ်ရေးကို တည်ဆောက်ရန် ကြိုးစားနေကြသော နှစ်ဘက်ပါတီခေါင်းဆောင်များကို ယခင်က မှတ်တမ်းတင်ထားစဉ်။
ရခိုင် ပြည်သူများ မျှော်လင့်နေသော ရခိုင်အမျိုးသားပါတီ ( Arakan National Party)၏ ပေါင်းစည်း ရေး နောက်ဆုံးအဆင့် အခြေအနေအရပ်ရပ်ကို ALD နှင့် RNDP နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်မြို့ ရွှေရသာ စားသောက်ဆိုင်တွင် ယနေ့ အလွှတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
“ နေပြည်တော်က ပါတီဖွဲ့စည်းခွင့် ကျလာလို့ ရှိရင် ဟိုဘက်ပါတီက ၁၅ ယောက်၊ ဒီဘက် ပါတီက ၁၅ ယောက် စစ်တွေမှာ တွေ့ဆုံပွဲ လုပ်ဖို့ နဂိုကတည်းက သတ်မှတ်ထားပါတယ်။ ဒီအတွက် အကြိုတွေ့ဆုံပွဲပါ။ ဒါပေမယ့် ဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချတာမျိုးမဟုတ်ဘဲ Informal ပုံစံမျိုးတွေ့ကြတာပါ” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ  ALD ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် ဦမျိုးဆွေက နိရဉ္စရာသို့ ပြောကြားသည်။
စစ်တွေတွင် တွေ့ဆုံပွဲကို နေပြည်တော်မှ ပါတီ ဖွဲ့စည်းခွင့်ကျလျှင် ချက်ချင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်မှ ပါတီဖွဲ့စည်းခွင့်မှာ ယခုလကုန်ခါနီး (သို့မဟုတ်) နောက်လဆန်းတွင် ကျလာနိုင်ကြောင်း၊ သို့အတွက် နှစ်ဘက်ပါတီမှ ကိုယ်စားလှယ်များ မတ်လ ဒုတိယပတ်တွင် စစ်တွေတွင် တွေ့ဆုံနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ပြောကြားသည်။
ယခုအခါ ပါတီနှစ်ခု ပေါင်းစည်းရေးမှာ ရှောရှောရှူရှူနဲ့ အောင်မြင်တဲ့ အဆင့်သို့ ရောက်ရှိပါပြီလားဟု မေးမြန်းရာ ဦးမျိုးဆွေက ယခုလို ဆက်လက်ပြောဆိုသည်။
“ ပြောလို့ ရပါတယ်။ ပါတီ ပေါင်းစည်းရေးက ရှောရှောရှူရှူ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကလည်းအလွှတ်သဘော ဆွေးနွေးတာ ဖြစ်ပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေက ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီး၊ ရယ်မောမောနဲ့ ဆွေးနွေး ပြောဆိုကြတာ ဖြစ်တဲ့ အတွက် ပေါင်းစည်းရေးက ရှောရှောရှူရှူ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။”
ယနေ့ ဆွေးနွေးပွဲတွင် RNDP ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် လွှတ်တော် အမတ် (၃) ဦး အပါအ၀င် ကိုယ်စားလှယ် ရှစ်ဦးနှင့် ALD ဘက်မှ ဥက္ကဌ ဦးအေးသာအောင်နှင့် အတွင်းရေးမှူး ဦးမျိုးကျော်တို့ ဦးဆောင်သော ကိုယ်စားလှယ် ရှစ်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆွေးနွေးပွဲကို နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။    နိရဉ္စရာ-
ရခိုင် ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲ အခမ်းအနား ရန်ကုန်တွင် ပြုလုပ်
( ၂၂ ဇန်န၀ါရီ ၂၀၁၄)/ တင့်ဆွေမောင်
Yangon Arakanese
ရခိုင်သဟာယအသင်း(ရန်ကုန်)နှင့် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)တို့မှ ပူးပေါင်း ကျင်းပပြုလုပ်သော ၂၀၁၃ ခုနှစ် ပညာရည်ချွန်နှင့် ထူးခြားထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားကို ရွှေတိဂုံအရှေ့ဘက်မုဒ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ယနေ့ နေ့လယ် ၁ နာရီမှညနေ ၄ နာရီထိကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား လူကြီးများ၊ ဆုရကျောင်းသူ ကျောင်းသားများနှင့် မိဘများ၊ ထူးချွန်ဆုရသူ အရပ်ဘက်မှ ပုဂ္ဂိုလ်များ အပါအ၀င် စုစုပေါင်း လူပေါင်း ငါးရာကျော်ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နာယက ဆရာတော် တိပိဋကဓရ/ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍညဂါရိက ဘဒ္ဒန္တဣပါလမှ အဖွင့်အမှာ စကားပြောပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သတ်ပြီး ရခိုင်သဟာယအသင်းဥက္ကဌ ဦးလှမောင်သိန်းက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
”ကျနော်တို့ ရခိုင်ပြည်နယ်ဟာ ပညာရေးပိုင်းမှာ  အဘက်ဘက်က နိမ့်ကျနေပါတယ်။ ခုလို ပညာရည်ချွန် ဆုပေးပွဲတွေ ပြုလုပ်ခြင်းအားဖြင့် ပညာရေး အခန်းကဏ္ဍကို မြေတောင် မြောက်ပေးရာ ရောက်မယ်။ ဒြါ့ပင် နောက်လာမယ့် မျိုးဆက်သစ်တွေကို အားကျအတုယူစေချင်တယ်။ အဘက်ဘက်က ထူးချွန်ပြောင်မြောက်တဲ့ ရခိုင်အမျိုးသားတွေ ပေါ်ပေါက်လာရေးအတွက် ခုလို ပညာရည်ချွန်ဆုနဲ့ ထူးခြား ထူးချွန် ဆုပေးပွဲတွေကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယခုနှစ် ၂၀၁၃ ခုနှစ် ပညာရေးချွန်ဆုပေးပွဲနှင့် ထူးခြားထူးချွန် ဆုပေးပွဲ အခမ်းအနားတွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့ကြသူများထဲမှ ခြောက်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၈)ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် (၁၉) ဦးတို့အား အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။
ယင်းအပြင် ၂၇ ကြိမ်မြောက် Sea Game မှ ထူးချွန်ဆုရသူများ အပါအ၀င် လူမှုနယ်ပယ်အသီးသီးမှ ထူးချွန်သူ (၂၂)ဦးကိုလည်း ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။ နိရဉ္စရာ-
လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင်ဓါးပြတိုက်သူ ဘင်္ဂလီ (၅) ဦး မောင်တောတွင်ဖမ်းဆီးမိ
( ၂၂ ဖေဖေါ်ဝါရီလ ၂၀၁၄)
Five Bangali arrested in Maungdaw
ဓါတ်ပုံ- Share Arakan News
မောင်တောမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကဲ့သို့ အယောင်ဆောင် ဓါးပြတိုက်နေသူများဟု ယူဆရသော အဖွဲ့ဝင် (၅) ဦးပါ ဘင်္ဂလီ အုပ်စု တစ်ခုကို တိုက်ရာပါ ရွှေထည် ပစ္စည်းများနှင့် အတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မောင်တောရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
မောင်တောမြို့နယ် အတွင်း ဘင်္ဂလီ ကျေးရွာများရှိ ချမ်းသာသူ မိသားစုများအား ဘင်္ဂလီ ဓါးပြများက အချင်းချင်း ဓါးပြတိုက်မူများ ကျူးလွန်နေပြီး ထိုသို့ တိုက်ရာတွင် မြန်မာနိုင်ငံ လုံခြုံတပ်ဖွဲ့ဝင်များကို သိက္ခာကျစေရန် ရည်ရွယ်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကဲ့သို့ (အထူးသဖြင့်) ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ဟန်ဆောင်ကာ ဓါးပြတိုက်လေ့ရှိကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် ပြည်ပရှိ သူတို့အရေးကို လူပ်ရှားနေသော မီဒီယာများ၊ ဒေသအတွင်းက အိုင်အန်ဂျီအိုများမှ တဆင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို လုပ်ကြံ စွပ်စွဲလေ့ရှိကြောင်း သိရသည်။
ယခု ဖမ်းဆီးမိသော ဓါးပြ (၅) ဦးမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်ခဲ့သူများ ဖြစ်ကြပြီး ယမန်နေ့က ၎င်းနေအိမ်မှ ရရှိခဲ့သော ရွှေထည်ပစ္စည်းများကို မောင်တောမြို့ ပန်းထိမ်ဆိုင်တွင် လာရောက် ရောင်းချနေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖမ်းဆီး ရရှိမိခဲ့ခြင်းမှာ ဟုတ်မှတ်ကြောင်း မောင်တော ခရိုင်ရဲမှူးကြီး ဦးရွှေသန်းမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ သူတို့က မောင်တောက ပန်းထိမ်ဆိုင်မှာ မနေ့က လာရောင်းတဲ့ အခါ မသင်္ကာတဲ့ အတွက် ကျွန်တော်တို့ကို လာအကြောင်းကြားပါတယ်။ ဖမ်းဆီး စစ်ဆေး ဖော်ထုတ်တဲ့အခါ ဓါးပြတိုက်ရာကနေ ရလာတဲ့ ပစ္စည်းတွေဆိုတာကို သိရပါတယ်။ သူတို့ (၅) ဦးကလည်း ဓါးပြတိုက်တာက ကြာနေပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ မသိနိုင်တော့ဘူးဆိုပြီး လာရောင်းကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးသူများမှာ (၁) အဒူမော်လောက် (ဘ) ဘာဆာမျှာ (၂) အာဇီဇူရာမန် (ဘ) အဒူရှုကူရ် (၃) မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း (၄) မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီ (၅) အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ကြသည်။
“ ကျွန်တော်တို့ကလည်း အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ဦးရှော်ဘီအူလာအိမ်ကို ဓါးပြ တိုက်ထားတယ်ဆိုတာကို မသိဘူး။ အဲဒီ ဖမ်းမိတဲ့ ဓါးပြတွေက ထုတ်ဖေါ်ပြောမှ သိရတယ်။ အိမ်ရှင်ကို ခေါ်ယူစစ်ဆေးမှ သူကလည်း သူ့အိမ်ကို ဓါးပြတိုက်ခံထားရတယ်ဆိုတာကို ကျွန်တော်တို့ကို ဖွင့်ပြောတယ်။ ကျွန်တော်တို့ဆီ မတိုင်ရအောင်လည်း တိုင်တန်းတာတွေ လုပ်ရင် တစ်အိမ်သားလုံးကို သတ်ပစ်မယ်လို့ ဓါးပြတွေက ခြိမ်းခြောက်ထားတယ်လို့ ပြောတယ်။ အခု ဖမ်းမိတဲ့ ဓါးပြတွေရော၊ အိမ်ရှင်ကပါ ၀န်ခံ ပြောဆိုတဲ့ အတွက် ဒီရွှေတွေဟာ ဦးရှော်ဘီအူလာအိမ်က ဓါးပြတိုက်သွားတဲ့ ပစ္စည်းတွေဆိုတာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ပြောဆိုသည်။
၎င်းတို့ထံမှ သိမ်းဆည်းရမိသော ရွှေထည်ပစ္စည်း (၁၆) မျိုး၊ အလေးချိန်အားဖြင့် (၈) ကျပ်ကျော်၊ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်း (၅၀) ကျော်ဖိုးရှိကြောင်း ရဲမှူးကြီးက ဆက်လက် ပြောဆိုသည်။
ဖမ်းဆီးမိသူများအား မောင်တောမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။     နိရဉ္စရာ-
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် PFP ရုံးဖွင့်
( ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
People-for-People
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် People for People (PFP) အန်ဂျီအိုရုံးဖွင့်ပွဲကို စစ်တွေမြို့တွင် ယခုလ ၁၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းရုံးဖွင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ အဝေးပြေးကားဂိတ်၊ မင်းဂံရပ်ကွက်ရှိ ၎င်းရုံး တည်ရှိရာ ရုံးတွင် ပြုလုပ်ရာ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့သည်။
၎င်းအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပြေသိန်း (ခေါ်) ကိုထွန်းထွန်းမှ ရုံးဖွင့်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယခုလို ရှင်းပြပြောဆိုသည်။
“ အဓိကတော့ စွမ်းရည်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရေးအတွက် လေ့ကျင့် ပြုစုပျိုးထောင်သွားဖို့နဲ့ ပညာရေးကဏ္ဍကို တက်စွမ်းသမျှ ၀ိုင်းဝန်းကူညီသွားဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒီရည်ရွယ်ချက်တွေကို  အကောင်အထည်ဖေါ်မယ်ဆိုရင် ခုလို ရုံးအဖွဲ့ လိုအပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒီရုံးကို စစ်တွေမှာ ပထမဆုံး ဖွင့်လှစ်ရတာပါ” ဟု ဆိုသည်။
ရှေ့လုပ်ငန်းစဉ် တစ်ခုအဖြစ် RNDP နှင့် ပူးပေါင်းပြီး ရခိုင် လက်လုပ် အနုပညာ ပစ္စည်းများ (Handicrafts) များကို နိုင်ငံတကာဈေးကွက်ဝင်အောင် ဆောင်ရွက်သွားရန်လည်း အစီအစဉ်များ ချမှတ်ထားကြောင်း သူက ပြောဆိုသည်။
“ ဒါတွေ အပြင် ကျနော်တို့ရဲ့ လူငယ်အရည်အသွေးမြင့် သင်တန်းများကို ရခိုင်ပြည်နယ်က ဂွ၊ မြေပုံနဲ့ အမ်းမြို့နယ်တွေမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ ဒီထက် တိုးတက်အောင် လုပ်ဆောင်ဖို့လည်း ဆက်လက်ကြိုးစားသွားမှာပါ” ဟု သူက ဆက်ပြောသည်။
ရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့သော စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်၊ ရှေ့နေ အမျိုးသမီးကြီး ဆရာမ ဒေါ်အေးနုစိန်၊ ကိုခိုင်ကောင်းစံ၊ ကိုကျော်ဇောဦးနှင့် ရခိုင်အမျိုးသမီး အစည်းအရုံးမှ မမီမီသန်းတို့မှလည်း ဖွင့်ပွဲအခမ်းအနားတွင် နုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်ဟု သိရသည်။
ရုံးဖွင့်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ၁၀ နာရီကျော်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)သည် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိသွားသော ရခိုင်ကျောင်းသားနှင့် လူငယ်များကို အဓိကထား စုစည်းဖွဲ့စည်းထားသော အဖွဲ့ တစ်ခု ဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ လူမူရေး လုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။    နိရဉ္စရာ-
2/21/2014
မြောက်ဦးယဉ်ကျေးမူ အမွှေအနှစ် ပြုပြင်ထိန်းသိမ်းရေး ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံ
( ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄)
Mrauk-U Arakan
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် မြောက်ဦးယဉ်ကျေးမူ အမွေအနှစ်ကို ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၆၇၂၀ တောင်းခံထားသည်ဟု သိရသည်။
ယဉ်ကျေးမူဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေက ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ထိုသို့ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၁၉၉၂-၁၉၉၃ ခုနှစ် မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ နှစ်အလိုက် ရန်ပုံငွေ သုံးစွဲမူမှာ စုစုပေါင်း ကျပ် ၆၄၀၇ ဒသမ ၀၃ သိန်းရှိကြောင်း၊ ၁၉၉၅ -၁၉၉၆ ဘဏ္ဍာရေးနှစ်မှ ၂၀၀၄-၂၀၀၅ ခုနှစ်အထိ ပြည်သူများထည့်ဝင်သော အလှူငွေ ၆၇၉ ဒသမ ၇၃ ထိရှိကြောင်း၊ သို့အတွက် ကျပ်သိန်းပေါင်း ၇၀၈၆ ဒသမ ၇၆ သုံးပြီး ပြုပြင်ခဲ့ကြောင်း  ဒုဝန်ကြီးက ပြောကြားသည်။
ယခုအခါ မြောက်ဦးယဉ်ကျေးမူ အမွေအနှစ်ဒေသ နှင့် သုဝဏ္ဍဘူမိသထုံဒေသတို့အား အမျိုးသား ယဉ်ကျေးမူ အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဒုတိယ ၀န်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။
ယင်းပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရန်မှာ ဒေသခံ ရခိုင်လူမျိုးများတွင် အဓိက တာဝန် ရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်ဟု ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က The Voice တွင် ဖေါ်ပြသည်။
“ယဉ်ကျေးမှူ ဝန်ကြီးဌာနက ချထားပေးတဲ့ ဘတ်ဂျက်နဲ့ မဆိုင်ဘူး၊ ဝန်ထမ်းအင်အားနဲ့လည်း မဆိုင်ဘူး၊ ကိုယ်တိုင် တာဝန်ရှိတယ်လို့ ခံယူပြီး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတာပါ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်၏ မြောက်ဦးမြို့ ယဉ်ကျေးမှု နယ်မြေကို ပြည်ထောင်စုအစိုးရမှ ပြုပြင်မွမ်းမံ ထိန်းသိမ်းရန် အစီအစဉ်ရှိ မရှိနှင့် ပတ်သက်ပြီး မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖေါ်ပြသည်။        နိရဉ္စရာ-
တားမြစ်နယ်မြေ ကျူးးကျော်ဝင်ရောက်တဲ့ မလေးရှားနိုင်ငံသား စစ်တွေတွင် အ၀ိုင်းခံရ
( ၂၁ ဖေဖေါ်ဝါရီလ ၂၀၁၄)
sittwe_tower
မလေးရှားနိုင်ငံသား တစ်ဦးသည် ယမန်နေ့က ကန့်သတ် တားမြစ်ထားသော နယ်မြေတစ်ခုဖြစ်သော စစ်တွေမြို့ အောင်မင်္ဂလာ(အင်ဘာလာ) ရပ်ကွက်သို့ ညဥ့်အချိန်မတော် တိတ်တဆိတ် ၀င်ရောက်ခဲ့ရာမှ ပြဿနာ တစ်ရပ် ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။
“ အဲဒီ မလေးရှားနိုင်ငံခြားသားက တားမြစ်ထားတဲ့ အောင်မင်္ဂလာ ရပ်ကွက်ထဲကို ၀င်တယ်။ နောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သိရှိသွားပြီး သူတည်းတဲ့ မြတည်းခိုရိပ်သာ သူ့ကို ပြန်ခေါ်ယူလာခဲ့တယ်။ နောက်ပိုင်းမှာ သတင်းကျယ်ပြန့်သွားပြီး လူတွေဝိုင်းလိုက်လာပြီး သူ့ကို ထုတ်ပေးဖို့တောင်းဆိုကြတယ်။ တည်းခိုခန်းကို ၀ိုင်းထားတဲ့ လူက ရာဂဏန်းနဲ့ ချီပြီး ရှိပါတယ်” ဟု အခင်းဖြစ်ပွားစဉ် အနီးအနားတွင် ရှိနေသူ ကိုခိုင်ကောင်းစံက သူမြင်တွေ့သမျှကို ယင်းသို့ ပြောကြားသည်။
ပြဿနာ ဖြစ်ပွားသည့် အချိန်မှာ ည ၁၀ နာရီကျော်ခန့်တွင် ဖြစ်ကြောင်း၊ ထိုသို့ တည်းခိုခန်းကို ၀ိုင်းဝန်းခဲ့ကြသဖြင့် စစ်တွေတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း၊ နောက်ပိုင်း တာဝန်ရှိသူများမှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသဖြင့် တည်းခိုခန်းကို ၀ိုင်းထားသူများက လူစုခွဲလိုက်ကြသည်ဟု ဆိုသည်။
“ သူ့ဆီက ကင်မရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေကို သိမ်းဆည်းဖို့ တောင်းဆိုကြတယ်။ သူကိုထုတ်ပေးဖို့ ပြောဆိုကြတယ်။ တာဝန်ရှိသူတွေက စည်းကမ်းချိုးဖေါက်တဲ့ အတွက် ဥပဒေကြောင်းအရ အရေးယူပေးမယ်လို့ ပြောဆိုတဲ့ အတွက် နောက်ပိုင်းမှာတည်းခိုခန်းကို ၀ိုင်းထားကြတဲ့သူတွေ နေအိမ်တွေဆီကို ပြန်သွားကြပါတယ်” ဟု ယင်းက ဆိုသည်။
သို့သော်လည်း မြတည်းခိုရိပ်သာ အနီးတ၀ိုက်တွင် သက်ဆိုင်ရာမှ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုးချဲ့ချထားကြောင်း မျက်မြင်များက ပြောကြားသည်။               နိရဉ္စရာ-
ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး အကြိုညှိနိုင်း ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်
( ၂၁ ဖေဖေါ်ဝါရီလ ၂၀၁၄)
ANC-yangon
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ ရက်နေ့တွင် စတင် ကျင်းပ ပြုလုပ်မည့် ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး အကြိုညှိနိုင်း ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ ရွှေရသာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိက ကြိုးပမ်းနေကြသော ညီလာခံ ဖြစ်မြောက်ရေး ကော်မီတီဝင်များ ဖြစ်ကြသည့် ဦးသာဘန်း၊ ဦးဦးလှစော၊ ခိုင်သုခ၊ ကိုဝင်းအောင်၊ ရန်ကုန်မြို့မှ ရခိုင်လူကြီးများဖြစ်ကြသည့် ဒေါက်တာ အေးထွန်း၊ ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးဖေသိန်း အပါအ၀င် ရခိုင်အမျိုးသား ၄၀ ကျော် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပေါင်းစုံနှင့် လူမူ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ ကျယ်ပြန့်စွာ ပါဝင်နိုင်မည့် ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ကော်မီတီ ဖွဲ့စည်းရေး အပါအ၀င် ကျောက်ဖြူမြို့တွင် ညီလာခံ ကျင်းပရေး၊ ကိုယ်စားလှယ် ဖိတ်ကြားရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး  ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းကို ဦးသာဘန်းမှ ပြောကြားရာတွင် ယခုအချိန်အခါသည် ရခိုင်လူမျိုးများ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးသော အချိန်အခါ ဖြစ်သဖြင့် ရခိုင်တစ်မျိုးသားလုံး ပါဝင်နိုင်မည့် ညီလာခံ တစ်ခုကို ကျင်းပရန် လိုအပ်နေသည်ဟု ယုံကြည်ပါကြောင်း၊ ယခုလို ညီလာခံ တစ်ရပ် ပေါ်ပေါက်ရေးအတွက် (၄) ကြိမ်တိုင်တိုင် ရခိုင် ခေါင်းဆောင်များ စုံညီ ဆွေးနွေးခဲ့ကြပြီး ယခုအခါ အမျိုးသားညီလာခံ ကျင်းပရေးအတွက် နေရာနှင့် ရက်သတ်မှတ်ခြင်း၊ ကျင်းပရေး ကော်မီတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းပြင် နိုင်ငံတော် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအစည်းအဝေးကို ခေါ်ယူရခြင်းမှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး အတွက် လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆွေးနွေးနိုင်ရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ANC-yangon
ယင်းပြင် ဆွေးနွေးပွဲတွင် ညီလာခံကျင်းပရေးအတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တွင် ရုံးခန်း တစ်ခု ဖွင့်လှစ်သွားရေးနှင့် ရခိုင်ပြည်နယ် မြို့နယ်များမှလည်း ကိုယ်စားလှယ်များ တောင်းခံသွားရေးစသည့် ကိစ္စရပ်တို့ကိုလည်း ယေဘူယျ သဘောတူညီများ ရရှိခဲ့သည်။
၎င်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သူ့အမြင် ကိုယ့်အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး နောက်လာမည့် စနေနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်နေကြသည့် ရခိုင်အမျိုးသားများကို ဖိတ်ခေါ်ပြီး ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းရခိုင်အမျိုးသား ညီလာခံအား (၁) ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး(၂) အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး (၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ ဖြိုးတိုးတက်သည့် ရခိုင်လူ့ ဘောင်သစ်တရပ်   ပေါ်ထွန်းရေး-  ရည်မှန်းချက် (၃) ရပ်ဖြင့် ဦးတည်ကျင်းပမည်ဟု သိရသည်။            နိရဉ္စရာ-
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် PFP ရုံးဖွင့်
( ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
People-for-People
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)နှင့် People for People (PFP) အန်ဂျီအိုရုံးဖွင့်ပွဲကို စစ်တွေမြို့တွင် ယခုလ ၁၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းရုံးဖွင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ အဝေးပြေးကားဂိတ်၊ မင်းဂံရပ်ကွက်ရှိ ၎င်းရုံး တည်ရှိရာ ရုံးတွင် ပြုလုပ်ရာ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်များ စုစုပေါင်း (၅၀) ကျော် တက်ရောက်ခဲ့သည်။
၎င်းအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုပြေသိန်း (ခေါ်) ကိုထွန်းထွန်းမှ ရုံးဖွင့်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယခုလို ရှင်းပြပြောဆိုသည်။
“ အဓိကတော့ စွမ်းရည်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရေးအတွက် လေ့ကျင့် ပြုစုပျိုးထောင်သွားဖို့နဲ့ ပညာရေးကဏ္ဍကို တက်စွမ်းသမျှ ၀ိုင်းဝန်းကူညီသွားဖို့ ကျနော်တို့မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ဒီရည်ရွယ်ချက်တွေကို  အကောင်အထည်ဖေါ်မယ်ဆိုရင် ခုလို ရုံးအဖွဲ့ လိုအပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒီရုံးကို စစ်တွေမှာ ပထမဆုံး ဖွင့်လှစ်ရတာပါ” ဟု ဆိုသည်။
ရှေ့လုပ်ငန်းစဉ် တစ်ခုအဖြစ် RNDP နှင့် ပူးပေါင်းပြီး ရခိုင် လက်လုပ် အနုပညာ ပစ္စည်းများ (Handicrafts) များကို နိုင်ငံတကာဈေးကွက်ဝင်အောင် ဆောင်ရွက်သွားရန်လည်း အစီအစဉ်များ ချမှတ်ထားကြောင်း သူက ပြောဆိုသည်။
“ ဒါတွေ အပြင် ကျနော်တို့ရဲ့ လူငယ်အရည်အသွေးမြင့် သင်တန်းများကို ရခိုင်ပြည်နယ်က ဂွ၊ မြေပုံနဲ့ အမ်းမြို့နယ်တွေမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ ဒီထက် တိုးတက်အောင် လုပ်ဆောင်ဖို့လည်း ဆက်လက်ကြိုးစားသွားမှာပါ” ဟု သူက ဆက်ပြောသည်။
ရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာခဲ့သော စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်၊ ရှေ့နေ အမျိုးသမီးကြီး ဆရာမ ဒေါ်အေးနုစိန်၊ ကိုခိုင်ကောင်းစံ၊ ကိုကျော်ဇောဦးနှင့် ရခိုင်အမျိုးသမီး အစည်းအရုံးမှ မမီမီသန်းတို့မှလည်း ဖွင့်ပွဲအခမ်းအနားတွင် နုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြသည်ဟု သိရသည်။
ရုံးဖွင့်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ၁၀ နာရီကျော်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက်ကွန်ယက် (ရခိုင်)သည် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိသွားသော ရခိုင်ကျောင်းသားနှင့် လူငယ်များကို အဓိကထား စုစည်းဖွဲ့စည်းထားသော အဖွဲ့ တစ်ခု ဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ လူမူရေး လုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးကို တစ်ဘက်တစ်လမ်းက ကူညီဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။
                                                             နိရဉ္စရာ-
2/20/2014
ဟက္ကရီကျညဥ့် (ပန် – စစ်တွေ)
ဟက္ကရီကျညဥ့်
အို … ညစာ
တစ်ပွင့်သျှေတောင်မပွင့်ရေ အာကာနာန့်
ဇာခါ … မြီပြင်ကမွှီးလီဖို့
ချစ်တေဆိုကေလေ့
ဒေ … အနှစ်မဟိရေ မျက်လှည့်အဆုံးကို
ဇာပိုင် အဖုံးဖွင့်ကြည့်လို့ရလီဖို့
မ၀ါပါကေ့ရည်းစားဦး
အလှ … ပလှ ပြုံးရယ်လိုက်တေခါ
မင်းနခမ်းထက်မာ
ဝင်္ကဘာတစ်ခု
ဝံပုလွေတစ်ကောင်
အီးယောင်လေ၊ ဘားဘာကယ်ပါလို့
ယောင်ရအောင်ထိ
ရင်ဆို့ကြယ်ကြွီ၊ စည်းဝါးနရီ မှားလီဗျာယ်။
ကြားလား ……….
ညစာထဲမာ
ပင်လယ်ပြာက အသင်ယှူပြင်းလို့
ကြားလား ………
ညစာထဲမာ
မဟာမုန်တိုင်းက လီချွန်လာရေ
သဇင်တစ်ခက်၊ ပန်ပါ ညစာ
လမင်းကို ထွန်းပီးပါ
ပြီးကေ …
ကြယ်တိကို၊ မျက်လုံးမာ တပ်ပီးပါ။
စုတ်ပြတ်သပ်၊ ညစ်ပတ်နီရေ၊ ၀ဋ်ကြွီးတိနန့်
ရီစပ်စပ် သဲခုံထက်မာ
“ ချစ်တေ ” ဆိုရေစာလုံးကို
ရည်းစားအလိုကျ ငါရီးခဗျာယ်
သစ္စာတိပွန်းလို့
အဖြူရောင်အ၀တ်တိ စွန်းထင်းလားခကေ
“ သာခြင်း ” တိနန့် မျိုစပ်ထားရေ
လက်ဆည်ကန်မာ၊ ဖွတ်ပစ်မေ
မိုးထဖက်၊ အရုဏ်တက်ပါဖိ
ရည်းစားဦးအပြုံး ပီတိနန့်
နှလုံးသားအလင်းပကတိကို
မြင်လိုရေ၊ ဒေကမ္ဘာမာ
အို … ညစာ
အလင်းပွင့်သျှေတစ်ပွင့်၊ ပွင့်ပီးပါ ။      ။
ပန်(စစ်တွေ)
ပင်လယ်နားကမြို့ (မောင်ခိုင်အောင်)
  ပင်လယ်နားကမြို့
လွမ်းဖို့ရာ ဖြစ်လီရေ
အသျှေခါ ရီမြုပ်ဖူးရေ
ဘီလူးမချောင်းသျှေ ကောလီဗျာယ်
ဒေချောင်း ဒေမြစ်နန့် ဒေမြို့
အယင်ပိုင် လှသိယင့်လား
တိမ်ဖျားမှာ ထိုင်လို့ကြည့်ချင်ရေ ။
မြို့ကတော့ခါ
ရဲကျော်သူ ပြဿဒ်ဖျားထက်
စလောင်းတာဝါ မြင့်စွာကို
အာကာလီ စားနိန်ယင့်
ဘယ်မျက်လုံးက ဘဲငါးရာတောင်ထိပ်မှာ
ညာမျက်လုံးက ပင်လယ်ကို ကြာပစ်နိန်ုယင့် ။
ယင်းပင်လယ်မှာယေ
ဒေါ်လာပုဇွန်တိ အပြွတ်ပြွတ် သီးနိန်ယင့် …
ရေဒါနန့် ဟိုတယ်တိ ဒုံးကနိန်ကတ်ယင့် …
ငါးဖောက်သယ် ရွာသျှေတိကို
လင်ပျောက်မ ငိုခြင်းစီအောင်
ဆင်ခေါင်းလီကို လားပင့်စွာ
အေပင်လယ်မှာပ….
ဓည၀တီချွေးအပြည့်နန့် စက်သမ္ဗာန်ကို
မန္တလေးရမ်နန့် မြည်းပစ်စွာ သူပ ။
သမီးဖျားရေ တနိမှာ
ပန်လင်ပင်အောင် ရပ်ပြီးကေ
အေပင်လယ်စွာ …
ပိုကျယ်လာရေလား ပိုနက်လာရေလား
စဉ်းစားနိန်မိရေ ။      ။
မောင်ခိုင်အောင်
ဘင်္ဂလီတိကို သန်းခေါင်စာရင်းကောက်ယူစော်မှာ ဘင်္ဂလီတိအကူအညီကိုယူလားဖို့ဟိ
ဖေဖေါ်ဝါရီ ၂၀ ရက်၊ ၂၀၁၄ ခု။
လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဘင်္ဂလီဘာသာရေးခေါင်းဆောင်တိနန့် တွိ့ဆုံဇိုင်
လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ဘင်္ဂလီဘာသာရေးခေါင်းဆောင်တိနန့် တွိ့ဆုံဇိုင်
ရခိုင်ပြည်မှာဟိရေ ဘင်္ဂလီတိကိုသန်းခေါင်စာရင်းကောက်ယူဖို့စော်မှာ ယင်းဘင်္ဂလီတိကို ထည့်သွင်း အသုံးပြု လားဖို့ ဖြစ်တေလို့ လေးဝတီက သတင်းရဟိပါရေ။
လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဖေဖေါ်ဝါရီလ ၁၇ ရက်နိန့်က ဘင်္ဂလီဘာသာရေးခေါင်းဆောင်တိနန့်တွိ့ဆုံစော်မှာ ၀န်ကြီးဦးခင်ရီက ဘင်္ဂလီတိကို အသုံးပြုလားဖို့ဖြစ်တေလို့ ဘင်္ဂလီခေါင်းဆောင် တိကို ပြောဆိုခရေလို့ သိရပါရေ။
ယင်းပိုင်ဘင်္ဂလီတိကို အသုံးပြုလးဖို့ရည်ရွယ်ချက်က ဘာသာစကားအခက်အခဲနန့် လုံခြုံရေးအခြေအနေတိကြောင့် ယင်းပိုင် ဘင်္ဂလီတိကို ထည့်သွင်းအသုံးပြုလားဖို့ဖြစ်တေလို့ သိရပါရေ။
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ရခိုင်ပြည်ခရီးဇိုင်မှာ ရခိုင်မြို့မိမြို့ဖတိနန့်  ဘင်္ဂလီဘာသာရေးခေါင်းဆောင်တိကို သီးခြားစီခွဲလို့ တွိ့ဆုံခရေလို့ သိရပရေ။
“ဒေပိုင်လုပ်ရရေ ရည်ရွယ်ချက်က ဘင်္ဂလီတိကိုယ်တိုင်ကောက်တေအတွက် သူရို့အချက်အလက်တိကို တိတိကျကျသိရဖို့ ဇာဖြစ်လို့လဲဆိုကေ ကျွန်နော်ရို့အနိန်နန့်လားကေ အချက်အလက်အမှန်ကို တိတိကျကျသိရဖို့မဟုတ်” လို့ ၀န်ကြီးဦးခင်ရီက ဆိုပါရေ။
ယင်းပိုင်ဘင်္ဂလီတိကို ဘင်္ဂလီကိုယ်တိုင်ကောက်ယူစော်နန့်ပတ်သတ်လို့ စစ်တွေမြို့ခံတစ်ယောက်က “ယင်းသူအရိုးနန့်ယင်းသူပြန်ထိုးစော်ကောင်းပါရေ။ ယေကေလည်း လုံခြုံရေးကိုအကြောင်းပြ၊ ဘာသာစကားကို အကြောင်းပြဆိုစော်က အကြောင်းပြချက်ခိုင်ခိုင်လုံလုံမဟုတ်ပါ။ ယင်းပိုင်ရာလုပ်ဖို့ဆိုကေ အချက်အလက် မှန်မှန်ကန်ကန်မရနိုင်ပါ။ အလိမ်အညာလူမျိုးတိက လိမ်ညာဖို့စော်ကို လုံးဝမကြောက်ပါ။ ယင်းသူရို့ လိမ်ဖို့စော် အသေ အချာပါ” လို့ ဆိုပါရေ။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနိန်နန့် မတ်လ ၃၀ ရက်နိန့်က ဧပြီလ ၁၀ ရက်နိန့်အထိ ၁၂ ရက်ကြာ တစ်ပြည်လုံးမှာ ကောက်ယူလားဖို့လို့ သိရပါရေ။
 လေးဝတီ (စစ်တွေ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ