လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/21/2014

ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး အကြိုညှိနိုင်း ဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်

( ၂၁ ဖေဖေါ်ဝါရီလ ၂၀၁၄)
ANC-yangon
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ ရက်နေ့တွင် စတင် ကျင်းပ ပြုလုပ်မည့် ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး အကြိုညှိနိုင်း ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ ရွှေရသာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲသို့ ညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိက ကြိုးပမ်းနေကြသော ညီလာခံ ဖြစ်မြောက်ရေး ကော်မီတီဝင်များ ဖြစ်ကြသည့် ဦးသာဘန်း၊ ဦးဦးလှစော၊ ခိုင်သုခ၊ ကိုဝင်းအောင်၊ ရန်ကုန်မြို့မှ ရခိုင်လူကြီးများဖြစ်ကြသည့် ဒေါက်တာ အေးထွန်း၊ ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးဖေသိန်း အပါအ၀င် ရခိုင်အမျိုးသား ၄၀ ကျော် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပေါင်းစုံနှင့် လူမူ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များ ကျယ်ပြန့်စွာ ပါဝင်နိုင်မည့် ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ကော်မီတီ ဖွဲ့စည်းရေး အပါအ၀င် ကျောက်ဖြူမြို့တွင် ညီလာခံ ကျင်းပရေး၊ ကိုယ်စားလှယ် ဖိတ်ကြားရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး  ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအဖွင့် မိန့်ခွန်းကို ဦးသာဘန်းမှ ပြောကြားရာတွင် ယခုအချိန်အခါသည် ရခိုင်လူမျိုးများ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးသော အချိန်အခါ ဖြစ်သဖြင့် ရခိုင်တစ်မျိုးသားလုံး ပါဝင်နိုင်မည့် ညီလာခံ တစ်ခုကို ကျင်းပရန် လိုအပ်နေသည်ဟု ယုံကြည်ပါကြောင်း၊ ယခုလို ညီလာခံ တစ်ရပ် ပေါ်ပေါက်ရေးအတွက် (၄) ကြိမ်တိုင်တိုင် ရခိုင် ခေါင်းဆောင်များ စုံညီ ဆွေးနွေးခဲ့ကြပြီး ယခုအခါ အမျိုးသားညီလာခံ ကျင်းပရေးအတွက် နေရာနှင့် ရက်သတ်မှတ်ခြင်း၊ ကျင်းပရေး ကော်မီတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းပြင် နိုင်ငံတော် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအစည်းအဝေးကို ခေါ်ယူရခြင်းမှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး အတွက် လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆွေးနွေးနိုင်ရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ANC-yangon
ယင်းပြင် ဆွေးနွေးပွဲတွင် ညီလာခံကျင်းပရေးအတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တွင် ရုံးခန်း တစ်ခု ဖွင့်လှစ်သွားရေးနှင့် ရခိုင်ပြည်နယ် မြို့နယ်များမှလည်း ကိုယ်စားလှယ်များ တောင်းခံသွားရေးစသည့် ကိစ္စရပ်တို့ကိုလည်း ယေဘူယျ သဘောတူညီများ ရရှိခဲ့သည်။
၎င်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သူ့အမြင် ကိုယ့်အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး နောက်လာမည့် စနေနေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်နေကြသည့် ရခိုင်အမျိုးသားများကို ဖိတ်ခေါ်ပြီး ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းရခိုင်အမျိုးသား ညီလာခံအား (၁) ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး(၂) အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး (၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ ဖြိုးတိုးတက်သည့် ရခိုင်လူ့ ဘောင်သစ်တရပ်   ပေါ်ထွန်းရေး-  ရည်မှန်းချက် (၃) ရပ်ဖြင့် ဦးတည်ကျင်းပမည်ဟု သိရသည်။            နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ