
ရဲက ပြိုကျ အဆောက်အဦးအနီး လာရောက် စစ်ဆေးနေစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
သေဆုံးသူမှာ ဦးကျော်အေး (၅၃) နှစ် (ဘ) ယောင်သာအောင် ကန်တော်ကြီးရပ်ကွက် ဖြစ်ကြောင်း အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ်ဝင်းငြိမ်းနိုင်က အတည်ပြု ပြောကြားသည်။
“ ပွဲချင်းပီး သေတာက ဦးကျော်အေး (၅၃) နှစ်၊ ဒဏ်ရာရသူတွေက မောင်စိုးစိုး(၂၂)နှစ်၊ မောင်ကျော်လှိုင် (၁၈)နှစ်၊ ကျော်လှသိန်း (၃၂)နှစ်နဲ့ ခင်ခင်မောင်အသက်(၂၄)နှစ် တို့ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။
ယနေ့နံနက် ၉ နာရီကျော်ခန့်တွင် ဘော်လုံးရပ်ကွက် ဓမ္မာရုံ တိုးချဲ့ဆောင်အား တည်ဆောက်နေစဉ် ပြိုကျရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရသူ (၄) ဦးထဲမှ မောင်ကျော်လိုင်မှာ သေဆုံးသွားသူ ဦးကျော်အေး၏ သားဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူ (၄) ဦးစလုံးကို စစ်တွေဆေးရုံကြီးတွင် တင်ထားရပြီး မောင်စိုးစိုးအား ခွဲစိတ်ဆောင်တွင် အတွင်းလူနာ အဖြစ်၎င်း၊ မောင်ကျော်လိုင်အား အရိုးဆောင်တွင်၎င်း တင်ထားရပြီး ကျော်လှသိန်းနှင့် ခင်ခင်မောင်တို့အား ပြင်ပလူုနာအဖြစ် ဆေးကုသနေရကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောသည်။
နိရဉ္စရာ မှ ကူးယူဖော်ပြသည်
No comments:
Post a Comment