လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/23/2014

နိရဉ္စရာအမည်ကို မဖေါ်ပြဘဲ ဂျာနယ်များတွင် သတင်းအသုံးပြုမူ ကန့်ကွက်သွားမည်

( ၂၃ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
Narinjara
နိရဉ္စရာ သတင်းဌာ၏ အင်တာနက် စာမျက်နာက တစ်ဆင့် ထုတ်လွှင့်သော သတင်းများကို ပြည်တွင်းမှ ထုတ်ဝေသော သတင်း ဂျာနယ် စာစောင် အချို့တွင် နိရဉ္စရာ သတင်းဌာန အမည်ကို မဖေါ်ပြဘဲ အသုံးပြုနေမူကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြောသည်။
“ ဒီကနေ့ဘဲ ကျနော်တို့ဆီက သတင်း (၂) ပုဒ်ကို ပြည်တွင်း ထုတ်ဂျာနယ် တစ်ခုမှာ သုံးထားတာကို တွေ့ရတယ်။ ကျနော်တို့ရေးတဲ့စာသား၊ ကျနော်တို့ အင်တာဗျူး လုပ်ထားတဲ့ သူတွေရဲ့ နာမည်နဲ့ ပြောတဲ့စကားတွေကို ဒီအတိုင်းသုံထားတယ်။ ဒါပေမယ့် နာမည်ကျတော့ ကျနော်တို့သတင်းဌာနကို မဖေါ်ပြဘဲ သူတို့ဆီက သတင်းထောက်နာမည်နဲ့ဘဲ ဖေါ်ပြထားတယ်။ ဒီလိုလုပ်တာတွေဟာ မီဒီယာကျင့်ဝတ်ကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ထိုသို့ကန့်ကွက်ရာတွင်လည်း အသုံးပြုသော သတင်းဌာန တစ်ခုချင်းစီကို စာရေးသား ပေးပို့ကန့်ကွက် သွားမည်ဟု ဆိုသည်။
“ ကျနော်တို့ရဲ့ သတင်းတွေကို တချို့ ဂျာနယ်တွေမှာ သူတို့ဆီက သတင်းထောက်နာမည်နဲ့ ဒီအတိုင်း ပြန်ရေးပြီး တင်ထားတာတွေကိုလည်း တွေ့ရတယ်။ နာမည်ကျတော့ ကျနော်တို့ သတင်းဌာနကို မသုံးဘူး။ ကျနော်တို့ရဲ့ သတင်းတွေကို မည်သူ မဆို လွတ်လပ်စွာ ယူသုံးနိုင်တယ်။ ဒါပေမယ့် သတင်းရင်းမြစ်နေရာမှာ နိရဉ္စရာလို့ ဖေါ်ပြပေးပါလို့ ကျနော်တို့က ပြောထားတယ်။ ဒါပေမယ့် မလိုက်နာကြဘူး” ဟု သူက ဆိုသည်။
နိရဉ္စရာ သတင်းဌာနအား ၁၉၈၈ ခုနှစ် ပြည်ပရောက်ရှိသွားသော ရခိုင်လူငယ် အချို့မှ ၂၀၀၁ ခုနှစ်က ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် တည်ထောင်ခဲ့သည်။ ယခုအခါ ပြည်တွင်းမှ ရပ်တည်ပြီး “ နေရဉ္စရာ ရခိုင်ဂျာနယ်အား” ထုတ်ဝေရန် အတွက် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနကို ခွင့်ပြုချက်တင်ထားရာ ခွင့်ပြုချက်မရသေးသဖြင့် စောင့်ဆိုင်းနေရသည်ဟု သိရသည်။
နိရဉ္စရာ သတင်းများကို အင်္ဂလိပ်- မြန်မာ (၂) ဘာသာဖြင့် ထုတ်ဝေနေပြီး http://www.narinjara.com/  နှင့် http://www.narinjara.com/burmese/ သွားရောက် ဖတ်ရှု့နိုင်သည်။    နိရဉ္စရာ

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ