လင်း လင်း
လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ
2/24/2014
ရခိုင်ညီလာခံကျင်းပရေး အကြိုညှိနိုင်း ဆွေးနွေးပွဲ ရန်ကုန်တွင် ဒုတိယ အကြိမ် ပြုလုပ်
(၂၄ ဖေဖေါ်ဝါရီ ၂၀၁၄) / ခိုင်မောင်ဦး(ရန်ကုန်)
A-c
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ ကျင်းပ ပြုလုပ်မည့် ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး ဒုတိယ အကြိမ်မြှောက် အကြိုညှိနိုင်း ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ယမန်နေ့က  ပြုလုပ် ခဲ့ကြသည်။
“ ဒီညီလာခံဟာ ရခိုင်သားတွေအတွက်အမတန်မှအရေးကြီးတယ်။  ရခိုင်အမျိုးသားတွေ ရှေ့ အနာဂါက်မှာကိုယ့် ကံကြမ္မာ ဘယ်လို ဖန်းတီကြမလဲ၊ ရခိုင်သူရခိုင်သားတွေ  ဂျီတစ်ကြောင်း ၊ ဆက်တစ်ကြောင်းသွားမယ်ဆိုရင် ဒီထက်မက ၀ဲကယက်ထဲမှာ နစ်နေဦးမှာပဲ။ ဘယ်လို့ ’ plan” တွေဆွဲကြမယ်၊ ဘယ်လို မူဝါဒတွေချကြမလဲ ဆိုတာ အရေးကြီတယ်။ ဒါကြောင့် အမျိုးသာညီလာခံကနေ ရခိုင်အမျိုးသားနေ့  တစ်ခု အရေးကြီးချမှတ်ဖို့  လိုပါတယ်” ဟု ရခိုင်ရေးရာဝန်ကြီး ဦးဇော်အေးမောင် ပြောဆိုသည်။
ညီလာခံကျင်းပရန် ရက်ပေါင်း အနည်းငယ်သာလိုတော့သဖြင့် ညီလာခံကျင်းပနိုင်ရေး အတွက် အကြို ဆွေးနွေး ညှိနှိင်းမူများကို အနည်းဆုံးတစ်ပတ် နှစ်ခါပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယင်းပြင် နိုင်ငံတော် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရခိုင်အဖွဲ့ အစည်း အသီးအသီး တို့ မှလည်း သဘာတူညီမူများ ရရှိခဲ့ကြောင်း ၀န်ကြီးက ပြောကြားသည်။
ရခိုင်ညီလာခံကျင်ပရန် အကြိုညှိနှိင်းဆွေးနွေးပွဲကို အနုပညာသမားများမှလည်းတက်ရောက်ခဲ့ပြီး ထိုအထဲမှ နာမည်ကြီး အနုပညာသမားတစ်ဦးဖြစ်သူ အဆိုတော် ၀င်းကိုခိုင်မှလည်း သူ့အမြင်ကို နိရဉ္စရာသို့ ယခုလိုပြောသည်။
’’လိုအပ်လာရင်ဒီညီလာခံဖြစ်လာဖို့ အတက်ဆုံးကူညီသွားမှာပဲလေ၊ ဒီလိုညီလာခံဆိုတာ ကျနော်တို့  ရခိုင်မှာ အင်မတင်မှလိုအပ်နေပါတယ်။ ရှေ့ ကိုဘယ်လို့ သွားရမယ်လဲဆိုတာအစီစဉ်တွေဆွဲရမယ်ပေါ့နော်။ ဒါကတော့ ကဏ္ဍအသီးသီးမှာရှိနေကြတဲ့ ပုဂ္ဂိုလ်တို့ မှလည်း တက်တက်ကြွကြွနဲ့ ပါဝင်ပြီးတော့ ဒီညီလာခံ ကိုဖြစ်အောင်လုပ်ရမယ်၊ အမြဲတမ်းလည်းလုပ်ရမယ်လို့  ကျနော်အနေနဲ့  ယူဆပါတယ်’’ ဟု ပြောသည်။
၎င်းဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သူ့အမြင် ကိုယ့်အမြင်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ညီလာခံကို ရခိုင်အမျိုးသား ညီလာခံအား (၁) ရခိုင်အမျိုးသားသွေးစည်းညီညွတ်ရေး(၂) အမျိုးသားတန်းတူရေးနှင့် တရားမျှတရေး (၃) လုံခြုံငြိမ်းချမ်းပြီး ဖွံ့ ဖြိုးတိုးတက်သည့် ရခိုင်လူ့ ဘောင်သစ်တရပ် ပေါ်ထွန်းရေး- ရည်မှန်းချက် (၃) ရပ်ဖြင့် ဦးတည်ကျင်းပမည်ဟု သိရသည်။
ရခိုင်အမျိုးသား ညီလာခံနှင့် ပတ်သက်ပြီး အကြိုညှိနိုင်း ဆွေးနွေးပွဲအား နေ့ လည် ၂နာရီအချိန် စတင်ကာ ညနေ ၅ နာရီတွင်ပြီးဆုံးခဲ့သည်။              နိရဉ္စရာ-
No comments:
Post a Comment
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ