ဖေဖေါ်ဝါရီ ၁၅ ရက်၊ ၂၀၁၄ ခု။

ဘင်္ဂလာဒေ့ရှ်နိုင်ငံထုတ် ဆင်းကဒ်တစ်ခု
ရခိုင်ပြည်နန့် ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တရားမဝင်ကုန်စည်မျိုးစုံနန့် မူးယစ်ဆီးဝါးတိမျိုးစုံ ရောင်းဝယ်ဖေါက်ကားမှုတိကို နှစ်နိုင်ငံအနိန်နန့် ထိန်းသိမ်းစောင့်ကြည့်နိန်ရေကြားက ပိုမိုဆိုးရွားလာနိန်ကြောင်းနန့်တတူဘင်္ဂလားဒေရှ့်က မိုဘိုင်းဆင်းကဒ် ၅ သောင်းရေ ရခိုင်နယ်စပ်မှာ တရားမဝင်ခိုးယူသုံးစွဲနိန်ရေလို့ ဖေါ်ပြထားပါရေ။
ယင်းဆင်းကဒ်တိကို ဘင်္ဂလားဒေရှ့်နယ်စပ်မှာ အလွယ်တကူဝယ်လို့ရနိန်ပြီးကေ တရားမဝင် နည်းလမ်းနန့် ရခိုင်နယ်စပ်မှာ ခိုးယူသုံးစွဲနိန်ကတ်တေလို့ သိရပါရေ။ ယူဆောင်ရောင်းချရေ လူတိအနိန်နန့်အကျိုးအမြတ်များရေလို့ ဘင်္ဂလားဒေရှ့်ဆက်သွယ်ရေးဝန်ကြီးဌာနက Dhaka Tribune ကို ပြောဆိုရေလို့ သိရပါရေ။
နယ်စပ်ဒေသတိမှာ ဖုန်းလိုင်းကွန်ရက်တိ ဆက်စပ်မှုတိဟိနိန်ပြီးကေ တစ်ခြားနယ်စပ်တိ ဖြစ်တေ တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ် ရို့မှာလည်း တစ်ဖက်နိုင်ငံက ဖုန်းတိကို နယ်စပ်ဒေသမှာဟိရေလူတိက သုံးစွဲမှုတိဟိနိန်ရေလို့ သိရပါရေ။
ဘင်္ဂလားဒေရှ့်နိုင်ငံနန့် မြန်မာနိုင်ငံအကြားမှာ ဆက်သွယ်ရေးကွန်ရက်တိ တရားဝင်ထူထောင် နိုင်ကေ နိုင်ငံချင်းဆက်စပ်နိန်ရေ လုံခြုံရေးအတွက်သော်လည်းကောင်း၊ နိုင်ငံအခွန်ဘဏ္ဍာ အတွက် သော်လည်းကောင်း၊
ဆက်ဆံရေးလုံခြုံမှု အပြည့်အ၀ ရဟိနိုင်ဖို့လို့ Dhaka Tribune က သုံးသပ်ပြောဆိုထားပါရေ။
လေးဝတီ (ဘင်္ဂလားဒေရှ့်)
No comments:
Post a Comment