လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/26/2014

ရခိုင်ညီလာခံကျင်းပရေးတွင် ALD မှ ပူးပေါင်းပါဝင်မူ အားနည်းနေခြင်းအပေါ် ပါတီခေါင်းဆောင်က ယခုလိုရှင်း


( ၂၆ ဖေဖေါ်ဝါရီ ၂၀၁၄)
rmeet
( ဤဓာတ်ပုံအား မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်။)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့တွင် စတင် ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် အကြိုညှိနိုင်း ဆွေးနွေးပွဲပြုလုပ်နေသည်မှာ သုံးကြိမ်တိုင်တိုင် ရှိနေပြီ ဖြစ်သော်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှ ခေါင်းဆောင်များ ပါဝင်မူ အားနည်းနေခြင်း အပေါ် ဝေဖန်မူ အချို့ ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့အတွက် ALD မှ ခေါင်းဆောင်  တစ်ဦးဖြစ်သူ ဦးလှမြင့်အား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုလို စပြောကြားသည်။
“ ကျွန်တော်တို့က ညီလာခံကို မကန့်ကွက်ဘူးဆိုတာ အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပူပေါင်း မဆောင်ရွက်နိုင်တာက တချို့ အကြောင်းအရာတွေတော့ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ မနက်ဖြန် မဟုတ်ရင် နောက်တစ်ရက်နှစ်ရက်မှာ ရခိုင်အမျိုးသား ပါတီ တည်ထောင်ခွင့် ကျတော့မယ်။ အဲသလို ကျလာရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလည်း ရှိတော့မဟုတ်ဘူး။ ကျွန်တော်တို့ အကုန်လုံးလည်း ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားကြတော့မှာ ဖြစ်ပါတယ်။ အဲသလို ကျွန်တော်တို့ အကုန်လုံး ရခိုင်အမျိုးသား ပါတီအောက်ကို ရောက်သွားတဲ့အခါ ပါတီက ဘယ်လို တာဝန် ပေးမလဲ။ ညီလာခံအတွက် တာဝန်ပေးမလား၊ ဘယ်လို လုပ်ပါလို့ ပါတီက တာဝန်ပေးမလား။  ပေးအပ်လားတဲ့ အတိုင်း ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပါတီ တည်ထောင်ခွင့်ကျအောင်ထိ စောင့်နေတာ ဖြစ်ပါတယ်။”
ယခု ညီလာခံမှာ ရခိုင်တစ်မျိုးသားလုံးအတွက် အလွန်အရေးကြီးသော ညီလာခံ ဖြစ်သဖြင့် ရခိုင်အမျိုးသားရေးကို စွန်းစွန်းတမံ ဆောင်ရွက်နေကြသော ရခိုင်အမျိုးသားများ အားလုံး ကျယ်ပြန့်စွာ ပူးပေါင်း ပါဝင်ရန် လိုအပ်နေကြောင်း ပြောဆိုရာ ဦးလှမြင့်က ယခုလိုဆိုသည်။
“ ကျွန်တော်တို့က အခု ပေါင်းစည်းရေးကို စောင့်နေတယ်။ ပါတီထောင်ခွင့်ကျပြီးတာနဲ့ ကျွန်တော်တို့ အသစ်ဖြစ်လာတဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြရမှာပါ။ အဲဒီ အစည်းအဝေးကနေ တာဝန်ပေးအပ်လာရင် ကျွန်တော်တို့ ပေးအပ်တဲ့ တာဝန်အတိုင်း ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် သွားတက်ပါဆိုရင်လည်း သွားတက်မယ်။ ဒါကို ဆွေးနွေးပါဆိုရင်လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ” ဟု သူက ဆိုသည်။
ရခိုင်အမျိုးသားညီလာခံကျင်းပရေးနှင့် ပတ်သက်ပြီး အကြိုညှိနိုင်းဆွေးနွေးပွဲကို (၃) ကြိမ်တိုင်တိုင် ရန်ကုန်ရောက် ရခိုင်အမျိုးသားများ အကြားပြုလုပ်ခဲ့ကြပြီ ဖြစ်သော်လည်း ALD ခေါင်းဆောင်များကြသော ဦးအေးသာအောင်၊ ဦးမျိုးဆွေနှင့် ဦးလှမြင့်တို့မှာ တစ်ကြိမ်တစ်ခါမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။              နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ