လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

4/27/2014

ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံ စတင်ဖွင့်လှစ်

( ၂၇ ဧြ့ပီလ ၂၀၁၄)
Arakan-National-Conference
Add caption

ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယနေ့ နံနက် (၇) နာရီက ရခိုင် မင်္ဂလာစည်တော်များတီး၍ စတင်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားသို့ ပြည်တွင်း၊ ပြည်ပတွင် သီတင်းသုံးနေကြသော ရဟန်းတော်များ၊ ရခိုင် နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် ပါတီမှ ခေါင်းဆောင်များ၊ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် တစ်ခြားပြည်နယ်နှင့် တိုင်းမှ ရခိုင်ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့သည်။
အခမ်းအနားအား ရခိုင်မင်္ဂလာစည်တော် တီးခတ်ဖွင့်လှစ်ခဲ့ပြီး ရခိုင်အမျိုးသားညီလာခံ ကျင်းပရေး ကော်မီတီကိုယ်စား ကျင်းပရေးကော်မီတီ ဥက္ကဌ ဦးကျော်ငြိမ်း (ကျောက်ဖြူ) က အဖွင့်အမှာစကား ပြောကြားသည်။
အဖွင့်အမှာစကား ပြောရာတွင် “ တိုင်းပြည် အပြောင်းအလဲနဲ့ ဒီမိုကရေစီကို ဖြတ်သန်းနေတဲ့ ကာလမှာ ကျနော်ရမ္မာဝတီ ဒေသမှာ ခုလို ခန်းနားကြီးကျယ်တဲ့ ရခိုင်အမျိုးသားညီလာခံကို ကျင်းပခွင့်ပြုတဲ့ နိုင်ငံတော်အစိုးရ၊ တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်ကြသူတွေ အားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။ ရခိုင်လူမျိုးတွေဟာ ဒီမိုကရေစီရေးနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးကို အထူးလိုလားနေကြပါတယ်။ င်္ဒီညီလာခံက ပေါ်ထွက်လာမယ့် ရလဒ်တွေဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတက်ရေးနဲ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဖေါ်ဆောင်နိုင်လိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည် မျှော်လင့်နေပါတယ်” ဟု သူက ဆိုသည်။
ယင်းနောက် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ အမှာစကား ဆက်လက် ပြောကြားသည်။
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ “ ယခုအခါ မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ တခြားတိုင်းရင်းသားတွေနဲ့ အတူ ပူးပေါင်း ပါဝင်သွားကြပါ။ ညီလာခံ ထမြောက်အောင်မြင်အောင်နဲ့ ပြည်ထောင်စုကြီး ကောင်းကျိုးချမ်းသာကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်” ဟု ဆိုသည်။
တတိယ အနေဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ အလိုတော်ပြည့် ကျောင်းမှ ရဟန်းတော် တို့မှလည်း အသီးသီးအမှာစကားများ ပြောကြားခဲကြသည်။
ဖွင့်ပွဲအခမ်းအနားမှာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။                နိရဉ္စရာ-

4/21/2014

ရခိုင်ညီလာခံကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးရေးအတွက် အထောက်အကူပြုသောညီလာခံ ဖြစ်စေလိုဟု ရွှေည၀ါ ဆရာတော်မိန့်ကြား

( ၂၁ ဧပြီလ ၂၀၁၄)
ဆရာတော်မှ ငွေ (၁၀) သိန်း လွဲပြောင်း လှူဒါန်းနေစဉ်။ (ဓါတ်ပုံ- ကိုရဲမင်းဦး)
ဆရာတော်မှ ငွေ (၁၀) သိန်း လွဲပြောင်း လှူဒါန်းနေစဉ်။ (ဓါတ်ပုံ- ကိုရဲမင်းဦး)
ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံအား အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်မူပေါ်ပေါက်ရေးတို့အတွက်  အထောက်အကူပြုသော ညီလာခံကြီး ဖြစ်စေလိုသည်ဟု မြန်မာနိုင်ငံမှ အထင်ကရ ဆရာတော် တစ်ပါး ဖြစ်သော ရွှေည၀ါ ဆရာတော်က မိန့်ကြားသည်။
ရွှေည၀ါ ဆရာတော်မှ ရခိုင်အမျိုးသားညီလာခံသို့ ကျပ်ငွေ (၁၀) သိန်းလှူဒါန်းပြီးနောက် နိရဉ္စရာမှ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“ ဘုန်းကြီးပြောနေကျအတိုင်းဘဲ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်တွေက ပြည်ထောင်စု သားတွေချည်းဘဲ။ အဲဒါ ကျယ်ပြန့်တဲ့ အမြင်နဲ့ ကြည့်ပြီးတော့ ဒို့အမျိုးတွေချည်းဘဲ။ အမျိုးချင်း အမျိုးချင်းဆိုတာက တစ်ဦးကို တစ်ဦး စောင့်ရှောက်မူ ရှိရမယ်။ ရိုင်းပင်းမူ ရှိရမယ်။ ကူညီမူ ရှိရမယ်။ ဒါကြောင့် ဒီညီလာခံကြီးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အတွက်  အထောက်အကူပြုသောညီလာခံကြီး ဖြစ်စေလိုပါတယ် ” ဟု ဆရာတော်က ဆိုသည်။
ဆရာတော်အနေဖြင့် အလုပ်မအားလပ်သဖြင့် ကျောက်ဖြူတွင် ကျင်းပမည့် အမျိုးသားညီလာခံကိုမူ တက်ရောက်နိုင်မည်မဟုတ်သော်လည်း သ၀ဏ်လွှာ ပေးပို့သွားမည်ဟု ဆက်ဆိုသည်။
“ ဆရာတော်က ညီလာခံကို သွားဖို့ ရည်ရွယ်ချက်တော့ ရှိတယ်။ ဒါပေမယ့် တရားပွဲနဲ့ တိုက်ဆိုင်နေတဲ့ အတွက် ဂတိဖျက်ပြီးသွားတဲ့ ဘုန်းကြီး မဟုတ်တာကြောင့် ညီလာခံကိုတော့ ကြွနိုင်မှာတော့ မဟုတ်ဘူး တကာကြီး။ ဒါပေမယ့် သ၀ဏ်လွှာတော့ ပို့ပေးသွားမှာ ဖြစ်ပါတယ်။”
သ၀ဏ်လွှာထဲတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်မူပေါ်ပေါက်ရေး အတွက်  အထောက်အကူပြုသော ညီလာခံ ဖြစ်အောင်ကြိုးစားကြရန် လိုအပ်ကြောင်း ထည့်သွင်းဖေါ်ပြသွားမည်သာမက ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြရသော တိုင်းရင်းသားများမှာ အမျိုးတွေချည်း ဖြစ်သဖြင့် တစ်ဦးကို တစ်ဦး စောင့်ရှောက်ကြရန်ကိုလည်း ထည့်သွင်း မှာကြားသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။
ငွေလှူဒါန်းရသည့် ရည်ရွယ်ချက်ကိုလည်း ရွှေည၀ါ ဆရာတော်မှ ယခုလို မိန့်ကြားသည်။
“ ရခိုင်အမျိုးသားညီလာခံကြီးကို အားပေးထောက်ခံတဲ့ အနေနဲ့ ချီးမြှင့်တဲ့ သဘောအနေနဲ့ ကူညီ လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။            နိရဉ္စရာ-

4/19/2014

သင်္ကြန်ရေကစားအပြန် ကားတိမ်းမှောက်၍ မာန်အောင်မြို့နယ်တွင် တစ်ဦးသေ

( ၁၉ ဧပြီလ ၂၀၁၄) manungရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တွင် ရေကစားပြီး ပြန်လာသော ကားတစ်စီး ယမန်နေ့က မတော်တဆ တိမ်းမှောက်သွားရာမှ လူတစ်ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။
“မာန်အောင်မြို့နယ် ကမားကျေးရွာ ရေကစားမဏ္ဍပ်က ရေကစားအပြီး ပြန်လာတဲ့ကား ကြက်ရိုးကျေးရွာ သာသနာ အလင်းရောင်ကျောင်းရှေ့ လမ်းကွေ့မှာ တိမ်းမှောက်သွားတဲ့ အတွက် လူတစ်ဦးသေပြီး ဆယ်ဦးခန့် ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ဖုံးထဲမှ ပြောသည်။
သေဆုံးသွားသူမှာ တစ်ဝ ကျေးရွာက မောင်တင်အေးဖြစ်ကြောင်း သူက ဆိုသည်။
ကားတိမ်းမှောက်စဉ် ကားပေါ်မှာ လူ ၂၀ ခန့် ပါလာသည်ဟု သိရသည်။ နိရဉ္စရာ-

4/15/2014

စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သူ ဦးမောင်သိန်းအသုဘနှင့် သမီးဖြစ်သူ ပေးပို့သော ကဗျာ

( ၁၄ ဧပြီ ၂၀၁၄) U-Mg-Thein
စစ်တွေထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းစဉ် ကွယ်လွန်သွားခဲ့သူ ဦးမောင်သိန်း (၅၇) နှစ် အသုဘအား ယမန်နေ့က ရာနှင့်ချီသော ပြည်သူများက လိုက်လံ ပို့ဆောင်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
“ မနေ့ နေ့လယ် ၂ နာရီမှာ အသုဘချပါတယ်။ ရာနဲ့ချီတဲ့ လူထုက လိုက်လံပို့ဆောင်နုတ်ဆက်ခဲ့ကြပါတယ်” ဟု သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက ပြောသည်။
ဦးမောင်သိန်းသည် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များအတွင်း စစ်တွေရှိ နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ်ပြီး အခြားသူ (၁၁) ဦးနှင့်အတူ မတ်လ ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရရသည်။ ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ဧပြီလ ၁ ရက်နေ့တွင် သတိမေ့သွားပြီး စစ်တွေဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရသည်။ ဧပြီလ (၁၁) ရက်နေ့ ညဥ့် ၁၀ နာရီ ၃၅ မိနစ်တွင် ဦးမောင်သိန်းသည် စစ်တွေဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့သည်။
ဖခင်ဖြစ်သူ သေဆုံးသွားခြင်း အတွက် အလွန်ဝမ်းနည်း ပူဆွေးမိသော်လည်း သူ့အတွက် ဂုဏ်ယူကြောင်း ကိုနိုင်စိုးက ဆိုသည်။
“ ကျွန်တော်က အဖေသေဆုံးသွားတဲ့ အပေါ် ၀မ်းနည်းပါတယ်။ ၀မ်းနည်းပေမယ့် ဂုဏ်ယူပါတယ်။ စစ်တွေ တစ်မြို့လုံ၊ ရခိုင်ပြည်နယ် တစ်ခုလုံးက ကျွန်တော်ရဲ့ အဖေကို သူရဲကောင်း သဖွယ် သတ်မှတ်ပြီး အသုဘ လိုက်ပို့ကြပါတယ်။ ဒီအတွက် ကျွန်တော်အဖေ သေဆုံးသွားပေမယ့် ကျွန်တော်အဖေ ၀ိဥာဉ်ဟာ အခုထိ ရှိနေသလို ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် အဖေ သေဆုံးသွားပေမယ့် အဖေဟာ ရခိုင်ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိနေတဲ့ အတွက် ကျွန်တော် အနေနဲ့ ဂုဏ်ယူပါတယ်။ လေးစားပါတယ်” ဟု ပြောသည်။
IMG_20140413_142621
ဧပြီလ (၁၃) ရက်နေ့က ပြုလုပ်သော  ကွယ်လွန်သွားခဲ့သည့် ဦးမောင်သိန်း၏ အသုဘ အခမ်းအနားတွင် မလေးရှားတွင် ရောက်ရှိနေသူ သမီးကြီးဖြစ်သူ ခိုင်မျိုးလိုင်မှ ပေးပို့သော ကဗျာအား အသုဘတွင် ဖြန့်ဝေရာ အများပြည်သူများကို အလွန်စိတ်ထိခိုက်ခံစားခဲ့ရသည်ဟု အသုဘ အခမ်းအနားကို တက်ရောက်ခဲ့သူ ဦးညွှန့်မောင်က ပြောသည်။
ယင်း ကဗျာအား သူက ယခုလို ရွှတ်ပြသည်။
“သမီးချစ်ခင်လေးစားရပါသော ပါပါ”
တစ်နိန့်အားလုံးသူ ခွဲခွာရဖို့ဆိုစွာသိကေလဲ
မတရားနှိပ်စက်
သူတစ်ပါး ပယောဂကြောင့်
သမီးရို့ မိသားစုနန့်
ရခိုင်သူ ရခိုင်သားတိကို ခွဲလို့
ဘ၀တစ်ပါးကို ပါပါကူးပြောင်းလားခရေအတွက်နန့်
မဖြေသိမ့်နိုင်လောက်အောင် ခံစားရပါရေ။
ပါပါမျက်နာကို
နောက်ဆုံး တစ်ခေါက်ချေလောက်တောင်မှ
မြင်ခွင့်၊ တွီခွင့် မရလိုက်ကေလဲ
ဘ၀ဆက်တိုင်းမှာ ပါပါသမီး ဖြစ်ရပါစီလို့
ဆုတောင်းပါရေ။
တုနိုင်းမရရေ မေတ္တာတိနန့်
သားသမီး မိသားစု အပေါ်မှာတောင်မက
ရခိုင်တစ်မျိုးသားလုံးအတွက်
အသက်ကို ပီးဆပ်လားရေ ပါပါ
သမီးအတွက် ထာဝရ သူရဲကောင်း ဖခင်ပါ။
ပါပါ ကောင်းရာသုဂတိ လားပါစီ။

(ချစ်သမီးကြီး ညိုချေ)နိရဉ္စရာ-

ရခိုင်မောင်မယ်အသင်း (၂၃) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ရန်ကုန်တွင် ကျင်းပမည်

(၁၅ ဧပြီလ ၂၀၁၄) / တင့်ဆွေမောင်
(၂၄) ကြိမ်မြောက်မဟုတ်ဘဲ (၂၃) ကြိမ်မြောက်ဟု သိရပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
(၂၄) ကြိမ်မြောက်မဟုတ်ဘဲ (၂၃) ကြိမ်မြောက်ဟု သိရပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရခိုင်မောင်မယ်အသင်း၏ (၂၃) ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲကို နှစ်ဆန်း (၁) ရက် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယင်းသက်ကြီးပူဇော်ပွဲတွင် အသက် (၈၀) အထက် ရခိုင်အဖိုးအဖွားများကို ပူဇော်ကန်တော့သွားမည်ဟု ရခိုင်မောင်မယ် အသင်း၏ သက်ကြီး ပူဇော်ပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးခင်မောင်သန်းက ပြောသည်။
“ အသက် ၈၀ အထက် ရခိုင်အဖိုးရှင် အဘောင်ရှင် (အဖိုးအဖွား) တွေကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံမှာ ကန်တော့ ပူဇော်သွားမှာ ဖြစ်ပါတယ်။ နေ့လယ် တစ်နာရီကနေ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခု သက်ကြီး ပူဇော်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း သူက ယခုလို ပြောသည်။
“ သက်ကြီး ပူဇော်ပွဲဆိုတာက ရခိုင်ရိုးရာ အစဉ်အလာအရ ကြီးမြတ်သူ၊ ဂုဏ်မြတ်သူတွေကို ရိုသေကန်တော့တဲ့ ပွဲ ဖြစ်ပါတယ်။ ဒါက ရခိုင်အမျိုးသားတွေရဲ့ လေးစားစရာ ယဉ်ကျေးသိမ့်မွေ့တဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ အတွက် လက်ဆင့်ကမ်း သယ်ယူတဲ့ အနေနဲ့ နှစ်စဉ် နှစ်တိုင်း နှစ်ဆန်း တစ်ရက်နေ့မှာ ကျင်းပ ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခင်နှစ်က ပြုလုပ်သော သက်ကြီး ပူဇော်ပွဲတွင် အဖိုးအဖွားများအားလုံး မတက်ရောက်နိုင်ခဲ့သဖြင့် ယခုနှစ်တွင် တစ်ဦးတစ်လေမှ မကျန်ရအောင် ဖိတ်ကြားသွားမည်ဟု ဆိုသည်။
အလားတူ နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ရှိသော စစ်တွေမြို့ သက်ကြီး ပူဇော်ပွဲကိုလည်း နှစ်ဆန်း တစ်ရက်နေ့တွင် ဦးဥတ္တမခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဖိုးရှင် အဘောင်ရှင် ၉၀၀ ခန့်အား ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
နှစ်စဉ် နှစ်တိုင်း ရိုးရာ အစဉ်အလာမပျက် နှစ်ဆန်း တစ်ရက်နေ့တွင် ကျင်းပသော သက်ကြီး ပူဇော်ပွဲကို ရခိုင်မြို့တိုင်း၊ ရွာတိုင်းတွင်လည်း ကျင်းပကြသည်ဟု သိရသည်။ နိရဉ္စရာ-
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ