လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

6/26/2014

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်


10410627_809566349062941_5566833566756299106_n
သဘောထားထုတ်ပြန်ချက် အမှတ် (၂/၂၀၁၄)
နေ့စွဲ – ၂၃ ဇွန်လ ၂၀၁၄
၂၀၁၄-ခုနှစ် ဇွန်လ (၁၉) ရက်နေ့စွဲပါ နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် (၁၃/၂၀၁၄) အရ ဦးလှမောင်တင်အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးနေရာမှ ၄င်း၏ သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြု လိုက်ကြောင်းသိရသည်။
ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အမ်းမြို့နယ် (၁) မှ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်တာဝန်ပေးခံရသော ၀န်ကြီးချုပ်ဖြစ်သည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရထားသည့် ရခိုင်အမျိုးသားပါတီ သည် ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများအား ကိုယ်စားပြုသည့် အမျိုးသားပါတီ ဖြစ်သည့်အလျောက်၊ လစ်လပ်သွားသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာအား ရွေးချယ်ခန့်အပ်ခြင်း နှင့် ပတ်သက်၍ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
၁။ အသစ်ခန့်အပ်တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သည် ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ရမည်။
၂။ အသစ်ခန့်အပ်တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်ရမည်။
၃။ ဒီမိုကရေစီ၏ အနှစ်သာရများ နှင့် ညီညွတ်အောင် ကျင့်သုံးမည် ဆိုပါက ရခိုင်ပြည်နယ်လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် တင်မြှောက်ခန့်အပ်သင့်သည်။  လေးဝတီ

6/25/2014

(((((သဇင်ချေရို့ လန့်အော်သံ)))))



ရာစုတိလေ့ အလီလီပြောင်း

နှင်းမြူအလှက မြောက်ပြန်လီကိုမျှော်

ထော..ဥပတ္ခာ ပြု့လားရေ သစ်ရွက်ချေတိကြောင်း

ကြွီကွဲမျက်ရည်စက်နန့် အထီးကျန် သစ်ခြောက်ပင်ကြီးထက်

ဖူးပွင့်ကတ်ရဖို့ သဇင်ချေရို့ အဖြစ်က

နီပူကြီးထဲက ရီနည်းငါးချေတိပိုင်

ထိုယိုင် ဒေယိုင် ယိုင်ပနာ လဲလားဖို့

ခြောက်လှန့်နီရေ အပူလှိုင်းတိကြောင်း

လန့် အော်သံချေတိကို နဝင်ချေချို ပီတိပိုပြီး

မကြားပါလို့ အာလူးစားချင်ကေ

အားရေကြားက တခေါက်ချေ ကြည့်ပါ

အို..ဘုရား ဘုရား အလကားရရေ အောင်ဆီဂျင်ကို

“ဝ”အောင် မရှူနိုင်ရေ သဇင်ချေရို့ ဘဝ

မလှပရေ ဒေ ရသချေတိ ကြားမှာ

ဒေရင်ချေကို ကွဲအောင် ထုပြီး ဇာလောက် ငိုရပါဖို့သိမ့်လည်း.........

ရာဇဝင် ဆိုးကြီးက ပီးရေ အမွီဆိုးကြီးလား

ကံ ဇာတ်ဆရာကြီး၏ အလိုတော် အတိုင်းလား

ပြောချင်ပိုင် ပြောပါဖိ

မဟိရေ အားချေနန့် အန္တရာယ်တိ ကြားမှာ

နာကြင်စီရေ စူးချေတိကို နှုတ်ဆက်ပြီး

လားနီကတ်တေ ခြီလှမ်းချေတိက

ဦးတည်ရာ မဟိရေ ကောက်စလီ(ဗေဒါ)ပင်ချေပိုင်

ကိုင်ဆွဲစရာ မဟိရေ ဒုက္ခပင်လယ် ကြီးထဲ

မင်း ဇနကကြီးကို အားမကျကေလေ့

အကြင်နာ တရားအတွက် အိပ်ဆီး စားထားရေ

မေခလာကြီး ကြောင်းလား

စဉ်းစားပီးကတ်ပါ မောင်ကြီးသျှင်ရို့............



ယေဓမ္မာ ဟေတု ပဘာဝါ အကြောင်းချေက အကျိုး ဆိုကေ

အကျိုးချေ၏ ရက်စက်ခြင်းက ဇာအကြောင်းချေကြောင်း ဆိုစွာကို

အို..ဟောင်းနီရေ လမ်းဟောင်းချေက ခွဲထွက်လိုက်ပါ

ရင်သွီးချေရို့၏ အနာဂတ် လှပစီဖို့

သီအိုရီ အသစ်ချေနန့် နိယာမ လမ်းသစ်ချေထက်

ငါဆိုရေ အတ္တချေကို ခဝါချပြီး

ကွဲနီကတ်တေ ဂေါင်းချေတိကို

လွဲနီကတ်တေ အတွေး အပ်ချေတိနန့် ခြုပ်ဖို့

မျက်နှာချေဆိုင်ပြီး အဖြေချေတခု

ရှာသင့်ပါဗျာလ် မောင်ကြီးသျှင်ရို့.............၊၊

လေးစားစွာဖြင့်(နွယ်)
အစ်မချေ လှလေးနွယ် ရီးထားစော် tag မလုပ်ပါယာ အသိမပီးဂေ့ ဆိုလို့ 

မေးချေသို့ .....( ၃ )



မေးချေသို့ .....( ၃ )

မေးချေ၊မေးချေ.......................အေးမချေ၊

အစ်ကိုကြီးတယောက်ပြောလာရေ။

ရခိုင်သမတိစွာ.........................အေပိုင်လတ်၊

မမရို့ နားထောင်ကပ်။

အွန်လိုင်းထက်က...................ရခိုင်သမချေ၊

ဗမာစကားပြောမှပြန်ပြောရေ။

ဗမာပိုင်ပြောကေ......................အိုခေလတ်၊

ခင်လို့ မြင်လို့ ပြန်ပြောကပ်။

ရခိုင်လိုပြောလို့ ........................အဆင်မပြေ၊

အွန်လိုင်းထက်ကရခိုင်သမချေ။

အချင်းချင်းဆိုကေ..................အထင်မကြီးလတ်၊

တပျင်းဆိုးရေအေစိတ်ဓါတ်။

နောက်ထပ်တမျိုး...................ပြောသီးရေ၊

နိုင်ငံခြားမှာဆိုပါရေ။

ရခိုင်သမတိစွာ......................လူများခြားနန့် ၊

ပျော်လို့ ရွီင်လို့ .....................တဟားဟားတဲ့ ။

အချင်းချင်းဖြစ်လို့ ................စလိုက်ကေ၊

အိုင်တင်ကြီးနန့် ဟန်လုပ်တေ။

ဒုက္ခကျကေ..........................ရခိုင်သား၊

လားကူရရေဆိုပါကား။

ရန်ကုန်မှာလည်း..................တချို့ ဟာ၊

ဗမာစကားပြောပြီးဟန်လုပ်စွာ။

ဘာဘာ၊ညာညာ...................လီသံပီး၊

ကကောင်းအထင်ကြီး။

အချင်းချင်းကျကေ..............အရိုးမ၀င်၊

ဝမ်းရီဆာရေပင်။

မိရိုးဖလာ............................ကိုယ့် ဇာတိ၊

တခုချေလည်းသူမသိ။

တောင်ပန်ကပ်မေ..............အေးမချေ၊

ထိုမမ ရို့ ကိုလေ။

ရခိုင်ဆိုရေ.........................ဂုဏ်သကပ်၊

ဇာကြောင့် တွင်ရေစိုင်းစားကပ်။

မာရယုမင်းမြတ်..................အစတည်၊

အစိုင်အလာကြီးခရေ။

စန္ဒာသူရိယဆိုစွာ.................သိယင့် လား၊

ဘုရားကိုယ်စားသွန်းလုပ်ထား။

မျိုးရခိုင်ရို့ အတွက်..................ကြည့် ပနာ၊

ဘုရားရှင်ကိုယ်တိုင်ကြွချီလာ။

ဘုရားရှင်ယှိမှာ.......................ရခိုင်သား၊

ဗုဒ္ဓဘာသာခံယူထား။

ဟော်ကူး၊ဒေကူး....................မဟုတ်ပါ၊

ဘုရားယှိမှောက်တိုက်ရိုက်မှာ။

မျိုးစောင် ၊သီလ......................အာရက္ခ၊

ဗုဒ္ဓဘာသာအစစ်ပ။

ရခိုင်သားရို့ .......................သာသနာ၊

ဘိုးတော်နတ်တိမပါပါ။

အနန္တပါးဖြာ.....................အဓိက၊

ထေရ်ရ၀ါဒအစစ်ပ။

ရခိုင့် ရာဇ၀င်..................ကြည့် လိုက်ပါ၊

အဂင့် ဂုဏ်ယူစရာ။

မောထခါဆက်ပနာ..........ပြောမေကား၊

ရခိုင့် မော်ကွန်းဇာနီများ။

သမိုင်အစိုင်အလာ...............လေ့လာထား၊

ဂုဏ်ယူနိုင်ဇီရခိုင်စကား။(ဂုဏ်ယူနိုင်စီရခိုင်သား)။

အားလုံးကိုလေးစားစွာနန့်  (နွယ်)

အေးမချေသို့ (၄)ကိုဆက်လက်တင်ပါမေ

ရောက်မချေသို့ တတိုးချေမှာတမ်း

 
Add caption

( ရောက်မချေသို့ တတိုးချေမှာတမ်း........)

ရောက်မချေ........
တတိုးချေတတိုးချေ.........တိုင်ပင်မေ၊
အစ်ကိုကြီးတယောက်ပြောလာရေ။
ထိုအစ်ကိုကြိး..................ပြောရေစကား၊
ဆွေးနွေးကပ်မေနား။
သူပြောစွာကို...................ပြောလိုက်မေ၊
ရီးဖို့ နှမချေ။
ရခိုင်သူတိ.......................သိစီဖို့ ၊
စာရေးပီးပါလတ်သူကပြော။
နှမချေက........................ထပ်ပြီးကေ၊
အေပိုင်မီးပါရေ။
ဇာကြောင်းပါလဲ.................အစ်ကိုကြီး၊
အကြောင်းပြချက်တခေါက်ပီး။
အစ်ကိုကြီးက......................ပြောလာရေ၊
ဒေချင့် တိပါလေ။
ရောက်မချေရို့ ရေ...............သိစီနန်း၊
တတိုးချေပြောမေဒေစာတမ်း။
ရောက်မချေ...............
နိုင်ငံခြားကို.....................ရောက်နီရေ၊
အစ်ကိုတိစွာလေ။
ရခိုင်သူကို.......................မျော်မှန်းဆ၊
စောင့် လိုမျိုးရက္ခ။
မွီးရက်မြီလည်း................၀ီးနီရေ၊
မျိုးစောင့် အစ်ကိုတိစွာလေ။
အရွယ်ကလဲ..................ချိန်တန်ဘဲ၊
စိုင်းစားရခက်နီဆဲ။
ရရာယူလည်း................မဖြစ်နိုင်၊
စောင့် ဖို့ မျိုးရခိုင်။
မျိုးချစ်အေပိုင်...............အစ်ကိုများ၊
ရောက်မချေရို့ ဝိုင်းစိုင်းစား။
ယေနန့် ပါလေ...............ရောက်မချေ၊
တိုင်ပင်ကပ်ပါမေ။
မျိုးနွယ်စိုင်လာ..............တည်တန့် ဖို့ ၊
ဆွေးနွေးကပ်ပါစို့ ။
ရောက်မချေ.............
နည်းပညာတိ.................တိုးတက်ရေ၊
အေဂုခေတ်မှာလေ။
လူတိုင်းလူတိုင်း................သိနီယင့် ၊
အွန်လိုင်းအင်တာနက်။
တယောက်နန့် တယောက်...........ကြည့် ရှု့ နိုင်၊
vzoရှိ(ယှိ)မှာထိုင်။
တယောက်နန့် တယောက်.................စကားပြော၊
ခင်မင်မှု့ တမျိုး။
မျိုးစောင့် တရားနန့် ................ကြည့် ပြီးကေ၊
စိုင်စားကပ်ပါမေ။
ရောက်မချေရို့ ရေ.....................သိဇီသား၊
ဝံသာနုရက္ခိတရား။
ရောက်မချေ.............
အမျိုးမပျောက်ဖို့ .....................ပြောကပ်မေ၊
တတိုးတတိုးချေ။
အွန်လိုင်းကိုလည်း......................အထင်မသေး၊
စိုင်းစားရဖို့ ဘဲ။
ရှိ(ယှိ)ကရီစက်..........................ဆုံဖူးကေ၊
မေတ္တာချင်းဆုံမေ။
အ၀ီးရောက်တေ........................အစ်ကိုများ၊
မျိုးစောင့် နီဇီသား။
ရောက်မချေ...............
ဝံသာနုတရားနန့် ....................ပြောလိုက်မေ၊
ရီးသားအေစာရေ။
(ကဗျာမှီ၊စာမှီ) ......................ကေလည်း၊
စေတနာအရင်းခံဘဲ။
အမှားပါကေ...........................ခွင့် လွတ်ပါ၊
ရောက်မချေရို့ ယာ။
သေသေရှာရှာ.......................စိုင်းစားနန်း၊
(တတိုးချေပြောရေအေစာတမ်း)။။။

အားလုံးကိုလေးစားစွာနန်

(နွယ်)

6/04/2014

အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရသူ မောင်နှမနှစ်ဦး၏ အမှု စစ်ဆေး၊ရာ တက်ရောက်လေ့လာသူများပြား

( ၄ ဇွန်လ ၂၀၁၄) / ဗေဒါပျံ Burthidaung-court
ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီတို့ အုပ်စုဖွဲ့ တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်တိုင်းရင်းသားမောင်နှ နှစ်ဦးတို့၏ အမှုကို ဘူးသီးတောင် မြို့နယ်တရားရုံးတွင် ယမန်နေ့က ဆက်လက် စစ်ဆေးရာ တက်ရောက်လေ့လာသူ အများအပြား ရှိခဲ့သည်ဟု သိရသည်။
တိုက်ခိုက်ခံရသူ တစ်ဦးဖြစ်ပြီး အဓိက သက်သေဖြစ်သည့် မညွန့်ညွန့်သိန်းကို အဓိကထား စစ်ဆေးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော ရုံးချိန်းတွင် တရားလို ဖြစ်သူများကိုအမှုကိုကျေအေးစေရန် ခြိမ်းခြောက် စည်းရုံးမှုများရှိကြောင်းနှင့် ပုဒ်မပြောင်းစွဲဆိုကြောင်း သတင်းများထွက်ပေါ်လာသဖြင့် အမှုကိုပိုမိုစိတ်ဝင်စားသူများပြားလာပြီး ယနေ့ ရုံးချိန်းတွင် တရားခွင်စစ်ဆေးမှုကိုလေ့လာရန်ပရိတ်သတ် ၆၀ ခန့်ရောက်ရှိလာခဲ့ပြီးအမျိုးသမီးများအများစု ဖြစ်ခဲ့သည်။
တက်ရောက်လေ့လာသူများတွင် စစ်တွေမြို့၊ ရခိုင်အမျိုးသမီးကွန်ယက်မှ ဒေါ်ညိုအေးလည်းပါဝင်ပြီး အင်တာနက် သတင်းများတွင် ယခုအမှုကိုတွေ့မြင်သိရှိရသဖြင့် စိတ်ဝင်စားမိကာ စစ်တွေမြို့မှ လာရောက်၍ လေ့လာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ယနေ့တွင် တရားလိုပြ သက်သေများကို စစ်ဆေးခဲ့ပြီး တက်ရောက်လေ့လာသူများက တရားလိုဖြစ်သူများကို အားငယ်ကြောက်ရွံ့မှုမရှိစေရန် အားပေးခဲ့ကြပြီး တရားခွင်စစ်ဆေးပြီးဆုံးသည်အထိ နားထောင်သူ များပြား ခဲ့သည်။
“ ကျွန်တော့်မှာအမှုကိစ္စကြုံလာလို့ စားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ဆိုင်ကယ်လဲအမှုနဲ့ပတ်သက်လို့ သက်သေခံအဖြစ် ရုံးတင်ထားရလို့ ဆိုင်ကယ်လည်းမဆွဲရဘူး။ တခြား အလုပ်လုပ်ဖို့လဲအဆင်သင့်မရှိတော့ တော်တော်အခက်အခဲဖြစ်နေလို့ အမှုကိုရုပ်သိမ်းခွင့် လျှောက်ထားဖို့အထိ စဉ်းစားခဲ့မိပါတယ်။ အခုလို ကျွန်တော်တို့ကိုအားပေးနှစ်သိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အမှုစဖြစ်ကတည်းက ကျွန်တော်တို့ အမှုကို ဒီလောက်လူတွေ စိတ်ဝင်စားလိမ့်မယ်လို့ မထင်မိပါဘူး။ အခုလို နှစ်သိမ့် အားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အမှုကို ပိတ်သိမ်းခွင့်မတင်တော့ပါဘူး။ အဆုံးထိအမှန်အတိုင်း ဖြစ်အောင်သာ ထွက်ဆိုပါမယ်”  ဟု တရားလို မောင်ကျော်သိန်းလှိုင်က ပြောပါသည်။
တရားလို၏ ညီမဖြစ်သူ မညွန့်ညွန့်သိန်းကလည်း “ အကျွန်တို့မှာ တစ်နေ့လုပ် တစ်နေ့စားပါ။ အခုပြဿနာတက်လို့ ခရုရှာဖားရှာလဲ မသွားဝံ့ပါ။ စားဝတ်နေရေးအခက်အခဲဖြစ်လာလို့ အမှုကို မြန်မြန်ပြီးရင် မြန်မြန်အေးတယ်ဆိုပြီး ရုတ်သိမ်းလည်း ရုတ်သိမ်းပါစေလို့ စဉ်းစားခဲ့မိပါတယ်။ အခုလိုအမျိုးသမီးတွေ လာပြီးအားပေးတဲ့အတွက် အားရကျေနပ်ပါတယ်။ အမှန်အတိုင်းထွက်ဆိုခဲ့ပါတယ်´ ဟု ရှင်းပြသည်။
Burthidaung
မညွန့်ညွန့်သိန်းနှင့် စစ်တွေမှ ရခိုင် အမျိုးသမီးခေါင်းဆောင် ဒေါ်ညိုအေး (ဓါတ်ပုံ- ဗေဒါပျံ)
မညွန့်ညွန့်သိန်း၏ ထွက်ဆိုချက်အရ အမှုမဖြစ်ခင် နှစ်ရက်ခန့် ညဘက်ကတည်းက အလယ်ချောင်း ဘင်္ဂလီရွာဘက်မှ သဘော့ချောင်းရခိုင်ရွာဘက်သို့ ဓါတ်မီးများဖြင့်ထိုး၍ ဘင်္ဂလီတို့ အော်ဟစ်ဆူပူခဲ့ကြကြောင်း။ ရခိုင်များသတ်ဖို့ လာနေတယ်ဟု ကောလာဟာလ သတင်းများထွက်ပေါ်ခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြောင်း။ ထိုသို့ဖြစ်ပြီးနောက်နေ့တွင် ယခု မောင်နှမနှစ်ဦးကို အလယ်ချောင်းရွာအနီးတွင် ရိုက်နှက်မှုခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းရိုက်နှက်မူတွင် နောက်ကွယ်က ပယောဂများ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိနေသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပါတ်သက်၍ ကင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးကလည်း ဖြစ်ပေါ်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုပေးသည်။
ယခုအခါ သဘော့ချောင်းကျေးရွာထိပ်တွင် အမှုဖြစ်သည့်နေ့ကစ၍ ရဲကင်းစခန်းတစ်ခုကို ချထားပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူဆောင်ရွက်ထားသည်။
အမှုစစ်ဆေးမှုပြီးဆုံးသည့်အခါ သက်သေခံအဖြစ် သိမ်းဆည်းထားသောတရားလို၏ ဆိုင်ကယ်ကို ပြန်လည် ထုတ်ပေးခဲ့ပြီးကျန်သက်သေများကိုစစ်ဆေးရန် (၄-၆-၂၀၁၄)နေ့တွင် ချိန်းဆိုလိုက်သည်။
ယနေ့တက်ရောက်လေ့လာသူများက စားဝတ်နေရေး အခက်အခဲဖြစ်နေသော တရားလို မောင်နှမများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ နိရဉ္စရာ–

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

( ၄ ဇွန်လ ၂၀၁၄) Dr-Aye-Mg-Photo
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။
၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ရုတ်တရက် အဆိုတင်တာ၊ ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အားလုံးနီးပါးက ထောက်ခံတာ၊ ကန့်ကွက်တဲ့ NLD ကိုယ်စားလှယ်ကို ဆွေးနွေးခွင့် မပြုတာ၊ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ အဆိုပြုလွှာ အဟောင်းကို မမျှော်လင့်ပဲ လွှတ်တော်အမတ်တွေကို ဖြန့်ဝေထားတာတွေဟာ အတော့ကို ထူးခြားမူတွေ ရှိနေတယ်လို့လည်း သူကဆက်ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ် နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်တဲ့ အဆိုကို ဇွန်လ ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ဒေါ်ခင်ဝင်းကြည်ဆိုတဲ့ NDF ပါတီကို ကိုယ်စားပြုထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် တင်လိုက်တယ်။ တင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးဘက်က ထောက်ခံတယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဌ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကန့်ကွက်မယ့် ပုဂ္ဂိုလ်တွေရဲ့ ကန့်ကွက်ချက်တွေကို အမတ်တွေကို နားထောင်ခွင့်မပြုခဲ့ပါဘူး။ အဲဒါက ဘာနဲ့သွားပြီး တိုက်ဆိုင်သလဲဆိုရင် ကျနော် တစ်ခါက အမျိုးသားလွှတ်တော်မှာ တင်ဖူးတဲ့ ရခိုင်ပြည်နယ် အေးချမ်းလုံခြုံရေး အတွက် ရေတို ရေရှည် ဆောင်ရွက်သွားတဲ့ကိစ္စတွေကို ကျနော်ဆွေးနွေးတဲ့အခါမှာ ကြံ့ခိုင်ရေး ပါတီက ဦးလှဆွေက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းအရင်းတွေကိုတော့ လွှတ်တော် ဥက္ကဌက ခွင့်ပြုခဲ့တယ်။ ကန့်ကွက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ပိတ်ပင်ထားမှု မရှိခဲ့ဘူး။  အခု PR စနစ်ကို ပြောင်းဖို့ တင်တဲ့ ကာလမှာတော့  NLD အမတ် ဦးသိန်းဆွေက ကန့်ကွက်တာကို လုံးဝ စကားပြောခွင့် မပေးခဲ့ဘူး။ ဒါကလည်း ထူးခြားတယ်လို့ ဆိုပါတယ်။
ဒါပြင် သတိထားရမယ့် အချက်တွေလည်း ရှိတယ်လို့ ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။
“ တပ်မတော်သားတို့၊ ပြည်ခိုင်ဖြိုးတို့ အထူးသဖြင့်အစိုးရ ရပ်တည်မှုတို့ကတော့ ကျောချင်း ကပ်သွားတယ်လို့ ထင်ပါတယ်။ ထူးခြားမူကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့တွက် NLD တို့ ၈၈ တို့ရဲ့ လှုပ်ရှားမှုတွေ အတွက် နိုင်ငံရေး Level  ညှိမှုလို့ထင်ပါတယ်။ ဒါက အတိုင်းအတာတစ်ခုအထိ တာစူ နေခဲ့လို့ရှိရင် မြန်မာ့နိုင်ငံရေးမှာ သူများပြောသလို Destructive Politic ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သတိထားဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ အဓိကပြသနာဖြစ်လာမယ်။ ဖွဲ့စည်းပုံ ပြင်နေဆဲကာလ။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားလွှတ်တော်ရဲ့ ဖွဲ့စည်းမူအရ တစ်ပြည်နယ် သို့မဟုတ် တိုင်းတစ်တိုင်းကို ၇ ဦးနဲ့ သတ်မှတ်ထားတယ်။ ခုပါတီက စာရင်း သို့မဟုတ် ပုံစံမျိုးနဲ့ဆိုရင် တစ်ပြည်နယ် ၇ ဦးဆိုတဲ့ ပြသနာတွေ နည်းနည်းလောက် ဖြစ်လာနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီ PR စနစ်ကို သွားချင်လို့လားတော့ မသိဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ ခရိုင်တွေကို ပိုမို တိုးချဲ့လာတာတွေကို တွေ့ရတယ်။ ခရိုင်ရဲ့နောက်မှာ အမျိုးသားလွှတ်တော်  ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ပါတီ List နဲ့ လာတဲ့ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ ထူးထူးခြားခြား ပေါ်ထွက် လာမယ် ထင်တယ်။ သို့ပေမယ့် ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ ပြသနာ။ အနာဂါတ် နိုင်ငံရေးဆိုင်ရာ ပြသနာကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုမယ်။ ပြည်သူလက်ခံဖို့လည်းလိုပါလိမ့်မယ်။ ခုဆိုရင် ရွေးကောက်ပွဲစနစ်တစ်ခုတည်းနဲ့ မတည်ငြိမ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မညီမျှတဲ့ ရလဒ်တွေကို ပြည်သူတွေက ခါးခါးသီးသီးခံစားနေရတဲ့ ကာလမှာ ကျနော်တို့က ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုစနစ်ကြောင့် အစွန်းရောက်အဖွဲ့အစည်းလေးတွေ အထူးသဖြင့် အာဏာရ ပါတီတွေမှာ ပါတဲ့ အစွန်းရောက်တဲ့ ဘာသာရေး အယူသီးတဲ့ ပုဂ္ဂိုလ်တွေ အတိုက်အခံမှာပါတဲ့ ဘာသာရေးမတူတဲ့ ပုဂ္ဂိုလ်တစ်ချို့က သီးသန့်ခွဲထွက်သွားပြီးရင် လူမျိုးစုတစ်ခုသို့မဟုတ် ဘာသာရေး လူပ်ရှားမှု တစ်ခုအနေနဲ့ ပါတီတစ်ခုအဖြစ်ပေါ်ပြီးရင် သူတို့ရဲ့ သီးသန့် လွှတ်တော်နေရာ ရရှိရေးတွက် ကြိုးစားလာတာတွေကို တွေ့ရလာနိုင်တယ်။”
PR စနစ်အပေါ် အမြင်ကတော့  “ ဒါကတော့ တော်တော်လေး ဆွေးနွေးပြီးမှသာ ကျနော်တို့ ဒီ PR လက်ခံနိုင်မှလက်ခံပါမယ်။ လက်ခံချင်မှလည်း လက်ခံနိုင်ပါတယ်။ ဆွေးနွေးမှု ရှိဖို့လိုပါတယ်။ ပြီးရင် နိုင်ငံရေးရင့်ကျက်မှုနဲ့ လူမျိုးစု ပဠိပက္ခတွေရှိနေတဲ့ ကာလမျိုး ၊ အစွန်းရောက်ဘာသာရေး အယူသီး နေတဲ့ ကာလမျိုးမှာ ကြောက်စရာ ကောင်းတယ်လို့ သုံးသပ်ပါယ်။ ဒါကြောင့် ကျနော်တို့ ကတော့ တစ်လျှောက် လုံးဝလက်မခံခဲ့ပါဘူး။”
PR စနစ်က ရခိုင်ပြည်သူတွေအတွက် အကျိုးရှိနိုင်မလား၊ အကျိုးယုတ်နိုင်မလားလို့ မေးတော့ သူက ခုလို ဆိုပါတယ်။
“ PR စနစ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့နားလည်သလောက် ဂျာမနီနိုင်ငံမှာတောင်မှ ရောထွေးစွာ သုံးပါတယ်။ သူတို့ပါလီမာန် ၂ မျိုးရှိတယ်။ မဲဆန္ဒနယ် ၃၁၀ လောက်ရှိတဲ့ Lower House မှာကျတော့ အဓိက ကျနော်တို့ နိုင်တဲ့သူက ဆိုတဲ့ စနစ်ကိုသွားသလို ပါတီထဲက ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီချင်း ပြိုင်တဲ့ စနစ်တစ်ခုလည်း အစပေါ်နေတာတွေ့တယ်။ အဲဒီအချိန်မျိုးမှာ အနည်းဆုံး ပြည်သူရဲ့ ထောက်ခံမူဆိုတဲ့ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်း အထက်ရမှာသာ ယင်းပါတီကို ပါလီမာန်ထဲကို သွင်းတဲ့စနစ်ရှိပါတယ်။ အချိုးအစားအလိုက်ပေါ့။ သို့သော်လည်း ရောထွေးတယ်။ ရင့်ကျက်မှုရှိဖို့လိုတယ်။ သူတို့နိုင်ငံမှာ လူမျိုးနွယ်က ဂျာမန်မျိုးနွယ်စုတွေက များပါတယ်။ လူမျိုးတူပါတယ်။ နယ်စပ်လောက်မှာပဲ ဒီဘက်က ဘေလ်ဂျီယန် လူမျိုး လောက်ပဲ လူမျိုးခြားပါတယ်။ ဒါကပြသနာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူမျိုးအင်မတန်များတဲ့အခါ လူမျိုးငယ်စု ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာသာမျိုးစုံရှိတဲ့အခါ ဘာသာအယူသီးတဲ့ ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီပါတီတွေက လွှတ်တော်ထဲကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးအရ အတိုက် အခိုက်တွေ ပိုများလာနိုင်ပါတယ်။ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း တော်တော် ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့တော့ ကျနော်တို့ ဒီဘက်က ဒီပုဂ္ဂိုလ်တွေ အပြိုင်ဖြစ်လာတဲ့ အခါ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံဖို့အတွက် ခိုင်မာတဲ့ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့ဖို့  အတွက် ခက်ခဲမှူ ရှိကောင်းရှိလာနိုင်ပါတယ်။ ကျနော်တို့ ကတော့ PR စနစ်ကိုလုံးဝလက်မခံဆိုတဲ့ မူချပြီးရင် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစား ညှိနှိုင်းပြီးရင် တိုင်းရင်းသား ပါတီအားလုံးပါ တိုင်းရင်းသားနယ်မြေတွေမှာပါ တည်ငြိမ် အေးချမ်း ခိုင်မာတဲ့ အစိုးရ တစ်ရပ်ကို ခုကာလ နှစ်ပေါင်း ၂၀ လောက်နဲ့ တည်ဆောက်သွားမှသာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်နိုင်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ ပြည်ထောင်စုအစိုးရက နှစ်ပေါင်းများစွာ ဗဟို ဦးစီးအားနဲ့ ဗဟိုကိုတည်ဆောက်တာများပါတယ်။ အဲ့ဒါကြောင့် နယ်စွန် နယ်ဖျား ပြည်နယ်တွေ အားလုံး ဆင်းရဲနေတာဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် ခိုင်မာသောပြည်နယ်အစိုးရများ အမျိုးသား ပြည်နယ်အစိုးရများ လိုအပ်တဲ့ကာလဖြစ်တဲ့အတွက် ခိုင်မာသော ပြည်နယ်အစိုးရများ ဖြစ်ပေါ်ရေးကို ဖြိုခွဲလိုတဲ့ ရည်မှန်းချက်တွေ ရှိလာနိုင်ပါတယ်။”     နိရဉ္စရာ-

ဈေးကြီးမှ အမိုက်များကို အသုံးပြု၍ စစ်တွေမြို့လမ်းတိုးချဲ့နေ

(  ၄ ဇွန်လ ၂၀၁၄) / ခိုင်ခိုင်ဇံ
စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
စစ်တွေမြို့ နာဇီရွာရပ်ကွက် စက်ရုံ လမ်းမကြီးကို အမိုက်များဖြင့် ဖါထေး ပြုပြင်နေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကားလမ်းအချို့ကို ကားနှစ်စီးသွားနိုင်ရန် အတွက် ဘေးဝဲယာ တစ်ဘက် တစ်ချက်စီကို တိုးချဲ့နေရာ ယင်းသို့ တိုးချဲ့နေရာတွင် အောက်ခံကို မြေသားအား အသုံးမပြုဘဲ စစ်တွေ ဈေးကြီးမှ စွန့်ပစ် အမို်က်များကို အသုံးပြုကာ တိုးချဲ့ ပြုပြင်နေသည်ဟု သိရသည်။
မြေသားအမာကို ရလို၍ ယခုလို အမိုက်များဖြင့် လမ်းခင်းနေခြင်း ဖြစ်ကြောင်း နာဇီရွာရပ်ကွက် စက်ရုံလမ်းမကြီးကို အမိုက်မျာဖို့ပြီး လမ်းလုပ်နေသည့်  စည်ပင်မှ အလုပ်သမားခေါင်းဆောင် တစ်ဦးက ပြောသည်။
SAM_0853
“ဒီလမ်းမှာကားကြီးနှစ်စီးသွားလို့ရအောင်အ တွက်ကားဘီး တစ်လုံးစာ လမ်းခုံးကို လုပ်ဆောင်နေတာပါ။ အမှိုက်တွေမှာပါတဲ့ မြေသားတွေကို မဆုံးရှုံးရအောင် စစ်တွေ ဈေးကြီးက အမှိုက်တွေနဲ့ ဒီလမ်းခုံးကို ပြုလုပ်နေတာပါ။ အမှိုက်တွေကို နှစ်ရက်လောက် ထားလိုက်ရင် မြေသားတွေဟာအောက်ဖက်ကို ရောက်သွားပြီး မြေသားအမာကို ရရှိတဲ့အတွက်ကျွန်တော်တို့ အသုံးပြုရတာပါ” ဟု သူက ပြောသည်။
၎င်းလမ်းကို ၂၀၁၄ ခုနှစ် မေလ ၅ ရက်နေ့က စတင် တိုးချဲ့နေသည်ဟု သိရသည်။
အမည်မဖေါ်လိုသူ ဒေသအတွင်းက အင်ဂျင်နီယာ အငြိမ်းစား တစ်ဦးကမူ ယခုကဲ့သို့ အမိုက်များကို အသုံးပြုပြီး လမ်းခင်းသည်ကို တစ်ခါမှ မကြားဖူးပါကြောင်း၊ ယခုကဲ့သို့ လမ်းအောက်ခံကို မြေသားကို အသုံးမပြုဘဲ အမိုက်များကို အသုံးပြုပါက လမ်းမှာ အရည်အသွေး ကောင်းမွန်မည် မဟုတ်သည့်အပြင် များမကြာမီ ပျက်စီး သွားနိုင်ကြောင်း ဆိုသည်။
စစ်တွေမှ သဘာဝပတ်ဝန်းကျင် လေ့လာသူတစ်ဦးက ယခုလို ဆိုပြန်သည်။
“ လူနေအိမ်တွေနဲ့ နီးကပ်တဲ့နေရာတွေမှာ စွန့် ပစ်ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အမှိုက်တွေကို အသုံးပြုပြီး လမ်းလုပ်တာဟာ လူထုရဲ့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆိုးကျိုးသက်ရောက်မူတွေလည်း အများကြီး ဖြစ်ပေါ်နိုင် ပါတယ်။ နိုင်ငံတာကာမှာ စွန့််ပစ်ပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်နေချိန်မှာ ကျနော်တို့ နိုင်ငံမှာ လမ်းလုပ်တဲ့ နေရာမှာ ဒီလို အမိုက်တွေကို အသုံးပြုတာဟာ မဖြစ်သင့်ပါဘူး။ လူထုရဲ့ ကျန်းမာရေးကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်”ဟု သူက ပြောသည်။
Road-Build
လမ်းလုပ်ရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးကလည်း ယခုလို ဆိုပြန်သည်။
“ တစ်နေ့ကို လုပ်အားခငွေ သုံးထောင်ကျပ်နဲ့ လုပ်နေတာပါ။ အထက်က လူကြီးတွေက ဒီဟာ လုပ်ဆိုရင် ကျနော်တို့က လုပ်ရတာဘဲ။ ဒီလို အမိုက်တွေကို လမ်းခင်းတဲ့ အတွက် ဘာဖြစ်လာမလဲ။ ကောင်းမလား- ဆိုးမလား။ ဒါတွေကို ကျနော်တို့ မသိပါ။ မနက်၇နာရီကနေ့  ညနေ ၅နာရီခွဲထိ ခိုင်းတာကို လုပ်နေတာပါဘဲ” ဟု ဆိုသည်။
ယခုကဲ့သို့ စွန့်ပစ် အမိုက်များကို အသုံးပြုပြီး လမ်းခင်းပါက ဆိုးကျိုးနှင့် ကောင်းကျိုး မည်သို့ ရှိနိုင်မည်ကို သက်ဆိုင်ရာ အထက်လူကြီးများမှ အမြန်ဆုံး စီစစ်ရန် လိုအပ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။နိရဉ္စရာ-

တင့်ကားဖျက်လက်နက် ၂၀၀ နီးပါး ဘင်္ဂလာဒေခ်ျ့က ဖမ်းမိ

( ၄ ဇွန်လ ၂၀၁၄) / မောင်အေး
Huge arms & ammo hauled habigani-satchori-3
( Photo- BDNEWS24)
တင့်ကားဖျက် လက်နက် (Anti-tank weapons) အမျိုးအစား ၂၀၀ ကို အိန္ဒိယနယ်စပ် အနီးတွင် ဘင်္ဂလာဒေခ်ျ့ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာ မှုခင်းအထူးနှိမ်နင်းရေးတပ်ဖွဲ့ (Rapid Action Battalion) မှ ၎င်းလက်နက်များကို အိန္ဒိယ၊ ထရိပူရပြည်နယ် နယ်စပ်မှ (၃) ကီလိုမီတာ အကွာ ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ယနေ့တွင် ရှာဖွေ သိမ်းဆည်း မိသည်ဟု ဘင်္ဂလာ ဘီဒီနယူးတွင် ဖေါ်ပြသည်။
Huge arms & ammo hauled habigani-satchori
ဖမ်းဆီးရမိသည့် လက်နက်များထဲတွင် တင့်ကားဖျက်လက်နက် ၁၈၄ ခုနှင့် ဓါတ်အားသွင်းကရိယာ ၁၅၄ ခုတို့ပါဝင်ပြီး နယ်စပ်အနီးရှိ တောင်ပူဇာ တစ်ခုတွင် မြေကျင်းတူး ၀ှက်ထားသည်ဟု ဆိုသည်။
ယင်းလက်နက်များမှာ အိန္ဒိယ ထရိပူရ ခွဲထွက်ရေးအဖွဲ့ All Tripura Tiger Force (ATTF) ၏ လက်နက်များ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ခန့်မှန်းထားသည်။
လက်နက်များ ဖမ်းမိသောနေရာမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်သည်။
လက်နက်များမှာ တရုတ်လုပ် လက်နက်များ ဖြစ်ပြီး ကော့စ်ဘဇား ပင်လယ်ကမ်းခြေမှ တဆင့် တင်သွင်းလာပုံရသည်ဟု ဘင်္ဂလာအာဏာပိုင်များက ဆိုသည်။      နိရဉ္စရာ-

စည်းထိန်းသိမ်းရေး ရခိုင်ရဟန်းတော်များ ဒုတိယအကြိမ် အစည်းအဝေး စစ်တွေတွင်ကျင်းပ

(- ၃ ဇွန်လ ၂၀၁၄)/လင်းမြတ် monk-meeting
ရခိုင်ပြည်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၏ ဒုတိယအကြိမ် အစည်းအဝေးကို စစ်တွေ  မြို့မ ပရိယတ္တိစာသင်တိုက်တွင် ယနေ့ စတင်ကျင်းပကြောင်း သတင်းရရှိသည်။
အစည်းအဝေးကို ဇွန်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသော အစည်းအဝေးဖွင့်ပွဲသို့ စစ်တွေမြို့မှ ဆရာတော်ကြီးများ၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားပြုသံဃာတော်များအပါအဝင် သံဃာတော် စုစုပေါင်း (၆၇)ပါး တက်ရောက်ကြောင်း သိရသည်။
အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် “မိသားစု” ရခိုင်စည်တော်အဖွဲ့မှ မင်္ဂလာ စည်တော်တီး၍ ရတုသီဆိုကာ ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် စစ်တွေမြို့ မကျည်းမြိုင်ဆရာတော် ဦးညဏဝံသအား တက်ရောက်လာသော သံဃာတော်များမှ သဘာပတိ ဆရာတော်အဖြစ် တင်မြှောက်ခဲ့ကြသည်။
အခမ်းအနားတွင် အစည်းအဝေးခေါ်ယူရခြင်းအကြောင်းကို စစ်တွေမြို့ စည်း/ထိမ်းအဖွဲ့ မြောက်ပိုင်း ဥက္ကဌဆရာတော် ဦးစန္ဒောဘာသမှ တက်ရောက်သံဃာတော်များထံ  ယခုလို လျှောက်ထား ပြောဆိုသည်။
“ဒုတိယအကြိမ် ရခိုင်ပြည်လုံးဆိုင်ရာ စည်းထိမ်းအစည်းအဝေးကို သံတွဲမြို့မှာ ပြုလုပ်ကျင်းပမယ်လို့စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် သံတွဲမှာမကျင်းပဖြစ်ခဲ့ပါ ဘုရား။ အစည်းအဝးမလုပ်ဖြစ်တာ တစ်နှစ်တာကာလအထိ ကြာမြင့်ခဲ့တဲ့အတွက် အဖွဲ့အစည်းမှာလည်း ပျောက်ကွယ်လုမတတ်မှေးမှိန် သွားခဲ့ပါတယ်။ ဒါကြောင့် ဒီလိုအစည်းအဝေးကို ပြန်လည်ကျင်းပဖို့လိုအပ်တယ်ဆိုပြီး စီစဉ်ခဲ့ရတာပါ” ဟု လျှောက်ထားသည်။
ရခိုင်ပြည်နယ်ရှိ စည်းထိန်းသံဃာတော်များအဖွဲ့များ ရေရှည်တည်တံ့ခိုင်မြဲစေရန် နှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြို့နယ်အသီးသီးမှ ဆရာတော်သံဃာတော်များ၏ သဘောထားများကို ရယူနိုင်ရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဆရာတော် ဦးစန္ဒောဘာသမှ မိန့်ကြား သည်။
၂၀၁၂ ခုနှစ် ရခိုင်-ဘင်္ဂလီ ပဋိပက္ခဖြစ်ပွားခဲ့သည့် အချိန်အတွင်း ရခိုင်ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့အစည်းကိုစတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို စစ်တွေမြို့ ဒက်ခေါင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      နိရဉ္စရာ

မုတ်သုန်မိုးအ၀င်နောက်ကျ၍ သံတွဲတွင် ရေရှား

( ၃ ဇွန်လ ၂၀၁၄) / နေဇော်
သံတွဲ မဘသ အဖွဲ့မှ ကားကြီးများဖြင့် ရေလှူဒါန်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
သံတွဲ မဘသ အဖွဲ့မှ ကားကြီးများဖြင့် ရေလှူဒါန်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
မုတ်သုန်မိုး အ၀င်နောက်ကျနေသဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့ ရပ်ကွက် အချို့တွင် ရေရှားနေ၍ မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မှ ရေများလာရောက် လှူဒါန်းနေကြရကြောင်း သတင်း ရရှိသည်။
“ အဓိက ရေရှားနေတာက ကျနော်တို့နေတဲ့ သံတွဲမြို့ တစ်ဘက်ကမ်း ဒွာရ၀တီမြို့သစ်မှာ ဖြစ်ပါတယ်။ မဘသ အဖွဲ့ကနေ ကားကြီးတွေနဲ့ ရေတွေနေ့တိုင်း လာရောက်လှူဒါန်းနေပါတယ်” ဟု ဒွာရ၀တီ မြို့သစ်ရပ်ကွက်မှ ခိုင်သဇင် မုန့်တိုက်နေ ဦးမြင့်စိုးက ပြောသည်။
ယခုကဲ့သို့ ရေလှူဒါန်းမူကြောင့် ဒွါရ၀တီ မြို့သစ်နေ လူထုအနေဖြင့် ရေဒုက္ခမှ ကင်းဝေးပြီး တစ်စုံတစ်ရာ အတိုင်းအတာထိ အဆင်ပြေကြသည်ဟု ဆိုသည်။
၎င်းရေများကို ရေပေါသောနေရာမှ မဘသ အဖွဲ့မှ ကားတစ်စီး ကျပ်တစ်သောင်းခွဲနုန်းဖြင့် ၀ယ်ယူပြီး လာရောက်လှူဒါန်းနေကြသည်ဟု သိရသည်။
“ ဒီငွေတွေကို စင်္ကာပူကိုရောက်နေကြတဲ့ ဒွာရ၀တီမြို့သစ်က လူတွေ စုပေါင်း လှူဒါန်းကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မွန်မြတ်တဲ့ အလှူအတန်းအတွက် ကျနော်တို့ မဘသ အဖွဲ့က ကြားဝင် ကူညီ ဆောင်ရွက် ပေးတာသာ ဖြစ်ပါတယ်။ သူတို့က ပိုပြီးကျေးဇူးရှိပါတယ်” ဟု မဘသ အဖွဲ့ အလုပ်အမူဆောင်ကော်မီတီ အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။
သံတွဲမြို့တွင် ရေအထူးရှားပါးနေသော နေရာများမှာ ဒွာရ၀တီမြို့သစ်၊ ညောင်ပင်ဈေး၊ တလင်းဆိပ်၊ သွေးကျောက်တို့ ဖြစ်ကြပြီး တစ်နေ့ကို (၃) ကြိမ်နုန်းဖြင့် လှူဒါန်းနေကြရသည်ဟု သူက ဆက်ဆိုသည်။
“ ကျွန်တော်တို့ လှူနေတာ ၅ ရက်ရှိပါပြီ။ တစ်နေ့ သုံးကြိမ်နုန်းနဲ့ လှူဒါန်းပါတယ်။ နောက်ထပ်လည်း မိုးမရွာရင် ဆက်လက် လှူဒါန်းသွားမှာပါ” ဟု ဆိုသည်။
Thandwe-water-crisis
ဒွာရ၀တီမြို့သစ်မှာ သံတွဲ တစ်ဘက်ကမ်းတွင် တည်ရှိပြီး အောင်သပြေဆည်မှ ရေကို အသုံးပြုကြရသည်။ အောင်သပြေဆည်တွင် ရေခန်းခြောက်သွားသဖြင့် လွန်ခဲ့သော သုံးရက်ခန့်မှ စ၍ ရေပေးဝေနေမူကို ရပ်တန့်လိုက်သည်ဟု သိရသည်။
ယမန်နေ့ က သံတွဲတွင် မိုးတပြိုက်နှစ်ပြိုက် ရွာသွန်းခဲ့သဖြင့် ရေအနည်းငယ် ကန်များတွင် တင်ကျန်ခဲ့သော်လည်း ယင်းရေများကို သောက်သုံးမည်ဆိုပါက ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် မိုးရေချိန်လက်မ အများဆုံး ရွာသွန်းသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း နှစ်စဉ် နွေရာသီ ရောက်တိုင်း နေရာ အနှံ့အပြားတွင် ရေရှားလေ့ရှိသဖြင့် ရေအကျိုး ဆယ်ပါးကို မျှော်ကိုးပြီး သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ရေမရှားရအောင် စီစဉ်ဆောင်ရွက်ပေးရန် ရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သတင်း ရရှိသည်။           နိရဉ္စရာ-

6/02/2014

မောင်နှမ နှစ်ဦးအား ရန်ရှာတိုက်ခိုက်သူ လူတစ်စုအား တစ်လကြာမှ တရားစွဲဆိုနိုင်

( ၃ ဇွန်လ ၂၀၁၄) / ဗေဒါပျံ (ဘူးသီးတောင်) Buthidaung
၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွါးခဲ့သော ရခိုင်တိုင်းရင်းသား မောင်နှမနှစ်ဦးအား ဘင်္ဂလီများက အုပ်စုဖွဲ့ ရန်ရှာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်သော တရားခံများကို မှုခင်းဖြစ်ပွားပြီး တစ်လကြာမှ ဘူးသီးတောင် မြို့နယ် တရားရုံးတွင် တရားစွဲဆိုနိုင်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ဖြစ်ရခြင်းမှာ ခြိမ်းခြောက်ခြင်း၊ ငွေမက်လုံးပြကာဖိအားပေးခြင်း၊ တရားလိုဖြစ်သူများဘက်မှ တွေဝေထိတ်လန့်ခြင်း၊ အမှုပွဲစားများဖြစ်သော ရခိုင်တချို့က ဘင်္ဂလီများဘက်မှ လိုက်ကာအမှုကို ရုတ်သိမ်းပေးစေရန် ဆောင်ရွက်ခြင်းတို့ကြောင်း ဖြစ်သည်ဟု ယင်းအမှုကို အနီးကပ်လေ့လာစုံစမ်းနေသူ ဦးကျော်ဝင်းက ပြောသည်။
“ ဒီလ ၂၉ ရက်နေ့မှဘဲ တရားစွဲဆိုနိုင်ခဲ့ပါတယ်။ ခုလို ကြန့်ကြာရတာက အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း အမူကို ပြေအေးဖို့ ဖိအားပေးတာတွေလည်း ပါဝင်တယ်လေ” ဟု သူက ဆိုသည်။
ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းအုပ်စု သဘောက်ချောင်း ကျေးရွာနေ၊ မောင်ကျော်သိန်းလှိုင်နှင့် နှမဖြစ်သူ မညွန့်ညွှန့်သိန်းတို့ နှစ်ဦးသည် ဧပြီလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ခန့်တွင် ဂြိတ်ချေ (ခရု) ရောင်းရန် ဈေးသို့ ထွက်လာခဲ့ရာ အလယ်ချောင်းအုပ်စု၊ လသာကုလားရွာအနီးသို့ အရောက်တွင် ဘင်္ဂလီများက ၀ိုင်းရံလာပြီး ရန်မူတိုက်ခိုက်သဖြင့် မောင်ကျော်သိန်းလှိုင်၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ပျက်စီးသွားခဲ့သည်။
၎င်းကိုဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်ကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမှုတွင် ပါဝင်သော တရားခံ (၇)ဦးအနက် (၅)ဦးဖြစ်သော မာလိတ်တူဆောင်း၊ အဒူရော်ရှီး၊ အဒူမာဆောင်း၊ မာမောက်တာမိန်နှင့် အာရသွန်ဘီဘီတို့ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉(က)/ ၂၉၄ / ၃၃၇ / ၃၀၇ အရ ရမန်ယူ စစ်ဆေးခဲ့သည်။
အဓိက ပြစ်မှုကျူးလွန်သူများဖြစ်သောအီနုစ်နှင့် အီဆလင်ဆိုသူ ညီအစ်ကိုနှစ်ဦးမှာ အခင်းဖြစ်ပွားသော နေ့တွင်ပင်  အလယ်ချောင်း ဥက္ကဌအပါအ၀င် ၎င်း၏အပေါင်းပါများက ဆောင်ရွက်ပေးမူကြောင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု တရားလို၏  မိခင်ကပြောသည်။
မေလ ၂၉ ရက်နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါတွင်မူ လက်ခံရနိုင်သည့် ပုဒ်မ၂၉၄/ ၁၄၈ / ၅၀၆ / ၃၂၃ / ၄၂၇ / ၁၁၄ သို့ပြောင်းလဲပြီး စွဲဆိုခဲ့သည်ဟု ဦးကျော်ဝင်းက ဆိုသည်။
“ ပထမ ရမန်ယူစစ်ဆေးခဲ့စဉ်က ပုဒ်မနေတွေကို  တရားစွဲဆိုတင်ပို့တဲ့ အခါ ပြောင်းလဲစွဲဆိုခဲ့တယ်။ အခု ပုဒ်မတွေက အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်နေတဲ့ အတွက်  တရားခံများဟာ အာမခံရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်ဆိုတာ ပေါ်လွှင်တယ်”  ဟု ဆိုသည်။
“ အမှုဖြစ်စကတည်းက လေ့လာနေတာပါ။ ဖြစ်တုန်းက ဘင်္ဂလီတွေက သူတို့ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပါ။ ရခိုင်တွေ သတ်ပစ်၊ သတ်ပစ် ဆိုပြီး လိုက်ရိုက်တာ။ ဒါဟာ တမင်သက်သက် မတည် မငြိမ် ဖြစ်အောင် ရည်ရွယ်ပြီးရန်စတာ ဖြစ်ပါတယ်။ ဒါကို ထိရောက်တဲ့ အပြစ်မယူဘဲ လွှတ်ပေးလိုက်မယ်၊ ပြေငြိမ်း လိုက်မယ်ဆိုရင် နောက်ထပ်လည်းဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမယ်။ နောက်ဆုံး ဒီတိုင်းရင်းသား ရွာတွေမှာ ကျူးကျော် ရန်စမှုတွေ ဆက်ပြီးဖြစ်လာရင် နေထိုင်ဖို့ အခက်အခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေကို ကျူးလွန်သူတွေ အလျှောက်  တရားဥပဒေနဲ့ အညီ အရေးယူဖို့ လိုပါတယ်” ဟု ဦးထွန်းဝင်းကဆိုသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ပွဲစားများမှတစ်ဆင့် ငွေကြေးပေးပြီး အမှု ရုပ်သိမ်းရန် တရားလို ဖြစ်သူ မောင်ကျော်သိန်းလှိုင်ကိုလည်း စည်းရုံးမှုများရှိနေကြောင်း ကာယကံရှင် ကိုယ်တိုင်က ၀န်ခံပြောကြားသည်။
အမှုကို ပုဒ်မပြောင်းကာ တရားစွဲဆိုခြင်းမှာ အဂတိလိုက်စားခြင်း ဖြစ်နိုင်ကြောင်း ပြောဆို ဝေဖန်မှုများ ရှိနေပြီး အမူအပေါ် ဘူးသီးတောင် ဒေသခံများက စိတ်ဝင်စားစွာ စောင့်ကြည့်နေလျှက်ရှိကြောင်း သတင်း ရရှိသည်။နိရဉ္စရာ-

အရည်အသွေး မပြည့်မှီသည့် လမ်းခင်းမူအပေါ် ကန့်ကွက် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားချက် မြောက်ဦး ရဲတပ်ဖွဲ့က ငြင်းပယ်

(၂ ဇွန်လ ၂၀၁၄)/တင့်ဆွေမောင်
Road-construction
ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းခင်းနေစဉ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော် အစိုးရမှ ပြည်သူများ ဆန္ဒဖေါ်ထုတ်ခွင့်တင်လာပါက အတတ်နိုင်ဆုံး ခွင့်ပြုပေးရန် ညွှန်ကြား ထားသော်လည်း  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကျွဲတဲရွာအနီးရှိ ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်း ခင်းလုပ်ငန်း အပေါ် ဒေသခံများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခြင်းကို ငြင်းပယ်လိုက်သည်။
၂၀၁၄ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ဒေသခံများက ၎င်းလမ်းနှင့် ပတ်သက်ပြီး လူပေါင်း (၁၅၀) ခန့်က ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတောင်းဆိုခဲ့သည်။  မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မေလ(၂၇)ရက်စွဲပါ စာအမှတ်- ၁၀၁၂(၀၃)/၁၁၀/ ဦး ၁ ဖြင့် ဆန္ဒထုတ်ဖော်မည့်ကိစ္စကို ငြင်းပယ်လိုက်သည်။
မြောက်ဦးမြို့နယ် ရဲစခန်းမှ ဆန္ဒဖေါ်ထုတ်ခွင့်ကို ငြင်းပယ်ရသည့် အကြောင်းအရင်းကို ယခုလို ရေးသားထားသည်ဟုဆိုသည်။
“ ၎င်း ကျောက်ချောလမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်
လျှက်ရှိသော လမ်းဖြစ်ကြောင်း၊ လမ်းအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှုရှိမရှိ ၊ဘဏ္ဍာရေးစည်းမျည်း စည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ မရှိ ကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများအား စာရင်းစစ်ရုံးမှ သီးသန့်တာဝန်ပေးအပ်ကာ စစ်ဆေး ဆောင်ရွက်မည် ဖြစ်၍ ဆန္ဒဖေါ်ထုတ်ခွင့်တင်ပြချက်ကို ငြင်းဆိုရခြင်းဖြစ်ကြောင်း”  ရဲစခန်း၏ ငြင်းပယ်အမိန့်တွင် ဖော်ပြထားသည်။
ပီပင်ရင်း-နန်းတက်လမ်း ကျောက်ချောလမ်းခင်းလုပ်ငန်းကို ထက်မိုးပွင့် ကုမ္ပဏီနှင့် ရွှေမြင့်မိုရ် ကုမ္ပဏီ တို့က တာဝန်ယူတည်ဆောက်ခဲ့ကြရာ ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဒေသခံပြည်သူ များမှ ကျေနပ်မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ကျွဲတဲရွာမှ အငြိမ်းစား အင်ဂျင်နီယာမှူးကြီးဖြစ်သူ ဦးဦးဘစောက နိရဉ္စရာသို့ ပြောသည်။
“နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ထိုက်တန်တဲ့ ကျောက်ချောလမ်းကောင်းတစ်ခုရရှိဖို့ ဆန္ဒထုတ်ဖော်မှာပါ။ လမ်းဆောက်လုပ်တဲ့ နေရာမှာအရည်အသွေးမပြည့်မီတဲ့ ကျောက်တုံးတွေသုံးထားတယ်။ သတ်မှတ်ချက်အတိုင်း
အလွှာလိုက် အဆင့်ဆင့်မခင်းဘဲ တောင်မြေအမာတုံးတွေကို သုံးပြီး ဖြစ်သလို ခင်းထားတယ်။ လမ်းအထူကလည်း (၈)လက်မလောက်ပဲ ရှိတယ်။ဒါကြောင့် တာဝန်ယူလုပ်နေတဲ့ ကုမ္ပဏီတွေကို ဆန္ဒပြဖို့ တင်ခဲ့ကြတာ ” ဟု သူက ပြောဆိုသည်။
ယင်းကျောက်ချောလမ်းခင်းရန်အတွက် နိုင်ငံတော်အစိုးထံမှ ဘက်ဂျက်ငွေ(၃၁၄၆.၉)ကျပ်သိန်းချထားပေးခဲ့ရာ အေးမြင့်မိုရ် ကုမ္ပဏီမှ ကျပ် ၂၃၄၆.၉ သိန်း၊ ထက်မိုးပွင့် ကုမ္ပဏီမှ ကျပ် (၁၁၀၀) သိန်းစီဖြင့် ကန်ထရိုက် ရရှိခဲ့ပြီး လမ်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးအေးမောင်သန်းက ပြောသည်။
ပီပင်ရင်း-နန်းတက် ကျောက်ချောလမ်းမှာ ၂၀၁၄ ခုနှစ်မတ်လတွင် နောက်ဆုံးထားပြီး ပြီးစီးရမည်ဖြစ်သော်လည်း (၂) လကျော်လာသော်လည်း ပြီးစီမူမရှိဘဲ ဖြစ်နေသဖြင့် ဒေသခံများပြည်သူများ အကြားတွင် သံသယများ တိုးပွားနေသည်ဟု ဦးဦးဘစောက ဆိုသည်။
ယင်းလမ်းကိစ္စနှင့် ပတ်သက်၍ ယနေ့ မြောက်ဦးမြို့နယ် စည်ပင်ရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး ဦးတင်ငွေ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဒေသခံများ ဆွေးနွေးရာ ဒေသခံများ၏ တောင်းဆို မှုများကို ကုမ္ပဏီများမှ လိုက်လျောပေးမည်ဟု နှုတ်ကတိပေးထားသည်ဟု သိရသည်။
သို့အတွက် ဆန္ဒထုတ်ဖော်မည့် ကိစ္စကို အချိန်တစ်ပတ်ခန့် ရွှေ့ဆိုင်းထာဦးမည်ဖြစ်ကြောင်း ဦးဦးဘစောက ပြောဆိုသည်။
ရခိုင်ပြည်နယ် အတွင်း နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့် လမ်း၊ တံတားနှင့် အဆောက်အဦးအများအပြားကို ဆောက်လုပ်နေကြရာ အများစု ကုမ္ပဏီများမှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ၀န်ကြီးများ၊ ဒေသအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဆင့် တာဝန်ရှိသူများနှင့် နားလည်မူယူကာ နှစ်ပေါက် တစ်ပေါက် ရိုက်စား လုပ်နေကြသဖြင့် နေရာဒေသ အများအပြားတွင် လမ်းတံတားများမှာ အရည်အသွေး မပြည့်မှီဘဲ ဖြစ်နေပြီး  ပြဿနာများလည်း ပေါ်ပေါက်နေသည်ဟု နိရဉ္စရာက စုံစမ်း သိရှိရသည်။နိရဉ္စရာ-

မြန်မာ-ဘင်္ဂလာဒေခ်ျ့တင်းမာမူ လျှော့ကျသွားပြီဟု ဘင်္ဂလာဒေခ်ျ့နိုင်ငံခြားရေးဝန်ကြီးပြောကြား

( ၂ ဇွန်လ ၂၀၁၄)
FM AH Mahmood Ali
(ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali)
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် တင်းမာမူ လျှော့ကျသွားပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး AH Mahmood Ali ပြောသည်။
ယမန်နေ့က ဒက္ကားမြို့ရှိ ဟိုတည် တစ်ခုဖြစ်သော Ruposhi Bangla တွင် ပြုလုပ်သော အခမ်းအနား တစ်ခုတွင် သူက ထိုကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ တင်းမာမူကတော့ လျှော့ကျသွားပြီး၊ နယ်စပ်မှာ နဂိုပုံမှန်ကို ပြန်ရောက်ဖို့ကျနော်တို့ ကြိုးစားနေပါတယ်” ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များသို့ သူက ပြောဆိုသည်။
ယင်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ အိမ်နီးချင်း မိတ်ဆွေများ ဖြစ်ကြပြီး အခုအခါ နှစ်နိုင်ငံအကြားအရေးပါတဲ့ ပြောင်းလဲမူများနှင့် အတူ နှစ်နိုင်ငံဆက်ဆံရေးအောက်တွက် နေရာများစွာမှာ အတူတကွ ပူပေါင်း ဆောင်ရွက်နေကြောင်း သူက ပြောကြားသည်။
ယင်းပြင် ဘင်္ဂလာဒေခ်ျ- တရုတ်- အိန္ဒိယ-မြန်မာ တို့ ပါဝင်သည့် (BCIM)  စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC တွင်လည်း မြန်မာနိုင်ငံမှာ အဖွဲ့ဝင်နိုင်ငံတစ်ခုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေကြောင်း သူက ဆိုသည်။
ကျနော်တို့အနေဖြင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြင့်တင်နေကြောင်း၊ ခင်ဗျားတို့လည်း ဒါကို လိုလားပါလိမ့်မယ်ဟု သူက သတင်းထောက်များတွေ့ဆုံစဉ် ထိုသို့ ပြောဆိုသည်။
ဇွန်လ (၉) ရက်နေ့တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) အကြီးအကဲ ညွှန်ချုပ် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး နယ်စပ် ရေးရာ ကိစ္စများကို ဆွေးနွေးမည်ဟု သူက ဆိုသည်။
ယင်းပြင် ဇွန်လ (၁၉) ရက်နေ့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာလက်အောက်တွင် ဖွဲ့စည်းထားသော နိုင်ငံခြားရေးရုံးအဆင့် ညှိနိုင်းရေးအဖွဲ့ဝင်များသည်လည်း ဒက္ကားမြို့တွင် တွေ့ဆုံပြီး ဆွေးနွေးကြမည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့အကြား နယ်စပ်တွင် တင်းမာမူ ဖြစ်ပေါ်ခဲ့ပြီး မေလ (၃၀) ရက်နေ့က အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် တင်းမာမူ လျှော့ကျရေး သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားလာကြခြင်း ဖြစ်သည်။နိရဉ္စရာ-
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ