လင်း လင်း
လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ
5/31/2014
နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေငြိမ်သက်နေ
(၁ ဇွန်လ ၂၀၁၄)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးလူပ်ရှားနေမူများ (ဓါတ်ပုံ- ဘင်္ဂလာဒေခ်ျ့ သတင်းစာများမှ)
မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် နှစ်ဘက်တပ်များ တိုးချသော်လည်း နယ်စပ် အခြေအနေမှာ တည်ငြိမ်နေကြောင်း သိရသည်။
သို့သော် နယ်စပ်အခြေအနေမှာတင်းမာနေကြောင်း ဘင်္ဂလာဒေခ်ျ့ စစ်ဘက်သတင်းရပ်ကွက်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
ယမန်နေ့ (မလေ ၃၁ ရက်နေ့) နံနက်က သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်သား နာယတ် မီဇနူရ် ရာဟာမန် (Nayek Mizanur Rahman – ၄၃ နှစ်) အလောင်းအား လွှဲပြောင်းပေးပြီးနောက် ပစ်ခတ်သံများဆက်မကြားရတော့ဟု နယ်စပ်နေ ဒေသခံများက ပြောသည်။
still-tensed-border
သို့သော်လည်း နှစ်ဘက်နယ်စပ် ပြည်သူများမှာ တပ်အင်အားများ ဖြည့်တင်းနေကြသဖြင့် အထူးစိုးရိမ် ပူပန်နေကြပြီး ညဥ့်အချိန်တွင် အိမ်များကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ သွားအိပ်ကြသည်ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် တပ်ဖွဲ့အကြား လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က နယ်စပ်မိုင်တိုင်အမှတ် (၅၂) အနီး အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားစဉ် ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီတပ်မှ နာယတ် မီဇနူရ် ရာဟာမန် ကျဆုံးခဲ့သည်။
မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင်းသို့ ၀င်ရောက်လာပြီး ၎င်းနာယတ် မီဇနူရ် ရာဟာမန်အား မြန်မာဘက်သို့ ဆွဲယူသွားခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့က စွပ်စွဲသည်။
still-tensed-border
လွန်ခဲ့သော သောကြာနေ့က နယ်စပ်တွင် ပျောက်ဆုံးသွားသော နာယတ် မီဇနူရ် ရာဟာမန်အား ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ (Border Guard Bangladesh) တပ်ဖွဲ့မှ နယ်စပ်တွင် ရှာဖွေစဉ် မြန်မာဘက်က ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မူများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းသို့ ဖြစ်ပွားပြီးနောက် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဒုတိယ အကြိမ်မြောက်ဆင့်ခေါ်ခဲ့ပြီး နယ်စပ်တွင် ပစ်ခတ်မူပြုလုပ်ခြင်းနှင့် နာယတ် မီဇနူရ် ရာဟာမန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆိုခဲ့သည်။
မြန်မာဘက်မှ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ဟု ထင်မှတ်သဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းမှ သေဆုံးသူမှာ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ တပ်ဖွဲ့ဝင် ဖြစ်သည်ဟု သိရကြောင်း ပြန်လည် ရှင်းလင်းချက်ပေး ပြောဆိုသည်ဟု သိရသည်။
BGB_Naikkhangchari
သို့သော်လည်း ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘင်္ဂလာဒေခ်ျ့ ပိုင်နက်နယ်မြေတွင် အာရ်အက်ဆို အကြမ်းဖက်အဖွဲ့ ခိုအောင်း၍ မရှိကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းကျေညာချက် တစ်စောင် ယမန်နေ့က ထုတ်ပြန်ပြီး ယခု နယ်စပ်တွင် ဖြစ်ပွားခဲ့မူနှင့် ပတ်သက်ပြီး စစ်ဆေးရန်နှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေသော မြန်မာတပ်များကို အမြန်ဆုံး ရုတ်သိမ်းရန် မြန်မာ အစိုးရအား တောင်းဆိုခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့သည် ၂၀၀၈ ခုနှစ် နိုဝင်္ဘာလကလည်း ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် စစ်ပွဲ ဖြစ်လုနီးပါးထိ ပြသနာ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကာ ပြေငြိမ်းခဲ့ကြောင်း သိရသည်။ နိရဉ္စရာ-
ကိုယ်ဝန်ဆောင်မိခင်(၄) ဦး ကလေးအသေမွေးဖွားမူ ရွှေသဘာဝ စီမံကိန်းမှ စွန့်ပစ်ဓါတုပစ္စည်းများကြောင့်ဟု သံသယဖြစ်
(၃၁ မေလ ၂၀၁၄) / မျိုးချစ်နိုင်
ဓါတ်ငွေ့သန့်စင်စက်ရုံ ( ဓါတ်ပုံ- နိရဉ္စရာ)
ဓါတ်ငွေ့သန့်စင်စက်ရုံ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မလကျွန်းကျေးရွာမှ ကိုယ်ဝန်ဆောင် မိခင် (၄) ဦး လွန်ခဲ့သော လအနည်းငယ်က ကလေးအသေမွေးဖွားခဲ့သဖြင့် ယင်းသို့ ဖြစ်ရခြင်းမှာ ရွှေသဘာဝဓါတ်ငွ့စီမံကိန်း OGT ဓါတ်ငွေ့သန့်စင်စက်ရုံမှ စွန့်ပစ်သော ဓါတုပစ္စည်းများးကြောင့်ဟု ကျေးရွာသားများက သံသယ ဖြစ်နေကြသည်ဟု သိရသည်။
“ ကျွန်တော်ကို ဒီကိစ္စတိုင်ကြားတဲ့ အတွက် မနေ့က ကျွန်တော်သွားရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးလေဦးခန့်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်္ဘာလမှာ ကလေးတွေ အသေ မွေးဖွားခဲ့တယ်လို့ ရွာသားတွေက ပြောတယ်။ ခုလို ဖြစ်ရတာဟာ သူတို့ရွာမှာ တည်ဆောက်ထားတဲ့ ဓါတ်ငွေ့သန့်စင်စက်ရုံက စွန့်ပစ်တဲ့ ဓါတုပစ္စည်းတွေကြောင့်လို့ ကျေးရွာသားတွေက သံသယ ဖြစ်နေကြပါတယ်” ဟု မလကျွန်းကျေးရွာသို့ မေလ ၃၀ ရက်နေ့က ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။
သို့သော်လည်း သူ့မှာ ပညာရှင် တစ်ဦး မဟုတ်သဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များသို့ စစ်ဆေးနိုင်ရန် တင်ပြသွားမည်ဟု သူက ဆိုသည်။
“ ကျွန်တော်သွားရောက်စစ်ဆေးတော့ ဘာတွေ့ရသလဲဆိုတော့ စက်ရုံက စွန့်ပစ်တဲ့ ပစ္စည်းတွေကို မြောင်းတူးပြီး ပင်လယ်ထဲကို ပစ်ချတယ်။ သာမန် ရေဆိုးရေညစ်တွေကိုတော့ နေ့ခင်းဘက်မှာ မြောင်းထဲက တဆင့် စွန့်ပစ်ပြီး ဓါတု ပစ္စည်းလို အရောင်အဆင်းတွေနဲ့ စွန့်ပစ် ပစ္စည်းတွေကျတော့ ညဥ့်မှာ ပို့လွှတ်တယ်လို့ ပြောတယ်။ အဲသလို လွှတ်တဲ့ အခါ အနံ့အသက်တွေ ဆိုးဆိုးရွားရွားနံတယ်လို့ ပြောတယ်။ ပင်လယ်ထဲက ငါးတွေသေဆုံးမူတွေရှိတယ်လို့လည်း ရွာသားတွေက ပြောပါတယ်” ဟု သူက ပြောသည်။
၎င်းကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ဦးသည် စွန့်ပစ္စည်းများကို ပင်လယ်ထဲသို့ ပို့ဆောင်သည့် မြောင်းအနီးရှိ လယ်ကွင်းများတွင် အလုပ် လုပ်ကိုင်သူများ ဖြစ်ကြပြီး ယင်းအနီးရှိ ရေတွင်းများမှ ရေကို သောက်သုံးရာမှ ယခုလို ကိုယ်ဝန်မွေးဖွားစဉ် ကလေး အသေမွေးဖွားခြင်း ဖြစ်ကြောင်း သံသယ ဖြစ်နေကြသည်ဟု ဆိုသည်။
ကိုယ်ဝန်ဆောင်စဉ် ကလေးအသေမွေးဖွားသူ အမျိုးသမီးများမှာ (၁)နုနုချေ (၂) စန္ဒာဝင်း(၃) သန်းသန်းနွယ်(၄) သိန်းယဉ်နုတို့ဖြစ်ကြသည်ဟု ရွာသား တစ်ဦးဖြစ်သူမောင်ဝေခင်က ပြောသည်။
_MG_0714ယင်းသဘာဝဓတ်ငွေ့သန့်စင် စက်ရုံမှ  စွန့်ပစ်ပစ္စည်း အညစ်ကြေးများ ပင်လယ်ထဲသို့ စွန့်ပစ်ရာမှ အနီးနားနေထိုင်သူဒေသခံများ အနံ့သက်များကြောင့် ခေါင်းကိုက်ခြင်း သီးပင်စားပင်များ ပျက်ဆီးခြင်း ပင်လယ်တွင် ငါးရှားပါးလာခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။
“ အဲဒီ ဆိုးရွားတဲ့ အနံ့အသက်က OGT စက်ရုံဝင်းထဲက အညစ်ကြေးထုတ်တဲ့ ရေမြောင်းထဲက ထွက်တာ။ သူတို့စက်ရုံဝင်းထဲမှာ ရေကန်ကြီးရှိပါတယ်။ အဲဒီရေကန်ကြီးထဲမှာအညစ်ကြေးတွေစုထားပြီးတော့ အဲဒီ ကန်ထဲကနေတဆင့် လွှတ်တာ။ အဘတို့မသိတဲ့ သာမန်အညစ်ကြေးနံ့မဟုတ်တဲ့ အနံ့တွေလဲပါတယ်။ အက်စစ်နံ့လိုလို ဂတ်စ်နံ့လိုလိုတွေပါတယ်။ ပုံမှန် မနက်အစောကြီး ၄နာရီကနေ ၇နာရီထိ သူတို့ ပင်လယ်ထဲစွန့်ထုတ်တယ်” ဟု ပြောသည်။
မလကျွန်းရွာအုပ်ချုပ်ရေးမှုး ဦးတင့်ရီမှလည်း နံနက် ၅နာရီကနေ ၇နာရီထိ အနံ့များ တအားထွက်ကြောင်း  သူတို့ကန်ထဲကနေ တဆင့်ရေမြောင်းကစွန့်ပစ်ချိန်တွင် အင်္န့အသက်မှာ ဆိုးဆိုးရွားရွားထွက်ကြောင်း အတည်ပြု ပြောဆိုသည်။
မလကျွန်းကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး ယခင်က ကလေးအသေမွေးဖွားခြင်းမျိုး လုံးဝ မရှိဟု သိရသည်။  နိရဉ္စရာ-
5/29/2014
မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆင့်ခေါ်
( ၃၀ မေလ ၂၀၁၄) / မောင်အေး Bangladesh_Myanmar flagနယ်စပ်တွင် မြန်မာတပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသော ဘင်္ဂလာ နယ်ခြားစောင့် အရာရှိတစ်ဦးနှင့် ပတ်သတ်ပြီး ဒက္ကားရှိ မြန်မာသံအမတ်ကြီးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းသို့ ဆင့်ခေါ်ပြီးနောက် မြန်မာတပ်ဖွဲ့၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး နယ်စပ်တွင် ပျောက်ဆုံးနေမူနှင့် ပတ်သက်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်စာ တစ်စောင်ကိုလည်း မြန်မာဘက်သို့ ပေးအပ်ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။
မေလ ၂၈ ရက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နံနက်က မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ် မိုင်တိုင် (၅၂) အနီးတွင် မြန်မာလုံခြုံရေး တပ်ဖွဲ့တစ်ခုနှင့် BGB ( Border Guard Bangladesh) ဟု ခေါ်သော ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး BGB အရာရှိ တစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေခဲ့သည်ဟု ဆိုသည်။
၎င်းအရာရှိအား မြန်မာဘက်မှ ဖမ်းဆီထားသည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယူဆထားပြီး အမြန်ဆုံး ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက မြန်မာသို့ တောင်းဆိုကြောင်း မြန်မာ သံအမတ်ကြီးအား ပြောဆိုသည်ဟု သိရသည်။
မြန်မာသံအမတ်ကြီးကမူ ယင်းကိစ္စအား သက်ဆိုင်ရာ မြန်မာအာဏာပိုင် တာဝန်ရှိသူများထံတင်ပြပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ကြားပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
အလားတူ ရန်ကုန်ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနအား ကန့်ကွက် စာတစ်စောင် ယမန်နေ့က ရေးသားပေးပို့ခဲ့ပြီး ယင်းဖြစ်စဉ်အား အမြန်ဆုံး စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ဘင်္ဂလားမြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၅၂ အနီးတွင် ပုံမှန် လုံခြုံရေးတာ ၀န် ထမ်းဆောင်နေသည့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်ခဲ့သည့် အတွက် ဘင်္ဂလာနယ်ခြားစောင့် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန် ပျောက်ဆုံးနေကြောင်း ဘင်္ဂလာတာ ၀န်ရှိသူ များမှ ပြောဆိုသည်။
ပျောက်ဆုံးနေသည့် ဘင်္ဂလာနယ်ခြားစောင့်တပ် အရာရှိဖြစ်သူ မီဇာနူရ် ရာဟာမန်နှင့်အတူ အမ်း ၂၂ ရိုင်ဖယ် တစ်လက်နှင့်အတူ ကျဉ်ဆန် ၁၂၀ ပျောက်ဆုံးနေကြောင်းဆိုသည်။
မြန်မာ-ဘင်္ဂလာနယ်စပ်တွင် မေလ ၁၃ ရက်နေ့က တစ်ကြိမ်၊ ၁၇ ရက်နေ့က တစ်ကြိမ် ဘင်္ဂလာဒေခ်ျ့ နယ်မြေတွင် ခိုအောင်းနေသော လက်နက်ကိုင် မူဆလင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် မြန်မာဘက်ကမှ ရဲတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရသော်လည်း လက်နက်ကိုင် အကြမ်းဖက် အုပ်စုများအား ခိုလုံခွင့်ပေးထားသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အပေါ် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာမှ လူသိရှင်ကြား တစ်စုံတစ်ရာ ကန့်ကွက်ခဲ့မူ မရှိကြောင်း သိရသည်။ နိရဉ္စရာ-
မြန်မာနယ်စပ်အနီး နယ်ခြားစောင့်ကင်းစခန်း ၂၈ ခု ဘင်္ဂလာမှ တိုးချဲ့တည်ဆောက်
( ၂၉ မေလ ၂၀၁၄)
BGB
ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ယခုလို RPG နောက်ပွင့် လောင်ချာများဖြင့် စစ်ရေး လေ့ကျင့်နေချိန်တွင် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်မှီလက်နက်များကို လူတိုင်းစေ့ မကိုင်နိုင်သေး။ (photo-Internet)
မြန်မာနှင့် ထိစပ်နေသည့် နယ်စပ် တစ်လျှောက်တွက် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် ကင်းစခန်း (၂၈) ခုကို တိုးချဲ့ တည်ဆောက်သွားမည်ဟု သိရသည်။
“ နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။
ယင်းကင်းစခန်းများကို ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီမြို့နယ်၊ လမားမြို့နယ်နှင့် ရုံမော်မြို့နယ်တို့တွင် တည်ဆောက်သွားမည်ဟုဆိုသည်။
ယင်းဒေသများသည် မြန်မာနိုင်ငံဘက်မှ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့တို့နှင့် ထိစပ်နေသော နယ်မြေများ ဖြစ်ကြပြီး အလွန်တောတောင် ထူထပ်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များသည် နယ်စပ် ကင်းစခန်းများကို မြန်မာနယ်စပ်တွင်သာမက အိန္ဒိယနှင့် ထိစပ်နေသော နယ်စပ်တလျှောက်တွင်လည်း နယ်စပ် ကင်းစခန်း (၅၀) ကို တိုးချဲ့သွားမည်ဟု ဆိုသည်။
ကီလိုမီတာ ၄၄၂၇ ရှည်လျားသော မြန်မာ-အိန္ဒိယ ဆက်စပ်သော နယ်စပ်တလျှောက်တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် စခန်းပေါင်း ၅၅၀ ရှိကြောင်း သိရသည်။
ယခု အစီအစဉ်သည် ၂၀၁၁ နှစ်ကတည်းက ဘင်္ဂလာအစိုးရမှ ချမှတ်ထားသော အစီအစဉ် တစ်ခု ဖြစ်ကြောင်း၊ ယခုအခါ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ အချို့စခန်းများကို စတင် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ယင်းဗိုလ်ချုပ်က ဆိုသည်။ နိရဉ္စရာ-
မြန်မာတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ရာတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးပျောက်ဆုံးနေဟုဆို
(၂၉ မေလ ၂၀၁၄)/ မောင်အေး guardမြန်မာနယ်စပ် လုံခြုံရေး တပ်ဖွဲ့နှင့် ဗုဒ္ဓဟူးနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့ (ဘီဂျီဘီ) မှ အရာရှိ အဆင့်ရှိသူ တစ်ဦးပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ယနေ့ ရေးသား ဖေါ်ပြသည်။
ပျောက်ဆုံးနေသူမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ ဘင်ဒရာဘင်ခရိုင်၊ နတ်ကျောက်ဆိုးရီးမြို့နယ်၊ ဒူဆောရီ နယ်ခြားစောင့်စခန်းမှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမာန် ဖြစ်ကြောင်း သတင်းစာများက ဆိုသည်။
မေလ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၅၂ နယ်ခြားမှတ်တိုင်အနီးတွင် ဘင်္ဂလာနယ်ခြားစောင့် တပ်မှ ပုံမှန်စစ် ဆေးမှုများ ပြုလုပ်နေစဉ် မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်မှုကြောင့်  ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ အင်အားသုံးပြီး ပျောက်ဆုံးနေသူ သူအား နယ်စပ်တလျှောက်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ နယ်စပ်အရာရှိများတွေ့ဆုံရန် မြန်မာဘက်သို့ အကြောင်းကြား သော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။
ယခုအခါ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တင်းမာမူများ ရှိနေပြီး နှစ်ဘက်တပ်များကို တိုးချဲ့ချထားကြောင်း သိရသည်။
လာမည့် ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မောင်တောမြို့တွင် နှစ်နိုင်ငံနယ်ခြားစောင့် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲပြုလုပ်မည်ဟု  အတည်မပြုရသေးသော သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။ နိရဉ္စရာ-
5/14/2014
U-12 International Football ပြိုင်ပွဲအတွက် ဂျပန်အသင်းတွင် ရခိုင်လူငယ်တဦး ရွေးချယ်ခံရ
မင်းဆက်ခိုင် (၁၄-၅-၂၀၁၄) U-12-International-Football-Myanmar
ဂျာမဏီနိုင်ငံတွင် လာမည့် သြဂတ်စ်လ ၁ရက်နေ့မှ ၉ရက်နေ့အထိ ပြုလုပ်မည့် U-12 International ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန် လူငယ် လက်ရွေးစင်အသင်းတွင် ရခိုင်လူငယ်တစ်ဦး ရွေးချယ်ခံရကြောင်း သိရှိရသည်။
ရွေးချယ်ခံရသည့် ရခိုင်လူငယ်မှာ ရခိုင်အမျိုးသား ဦးမြတ်သူ၏သား အသက် (၁၂) အရွယ် မောင်ကောင်းဇံမြ ဖြစ်သည်။
နိုင်ငံတကာအဆင့်ရှိသည့် ဂျပန်အသင်းတွင် သားဖြစ်သူ ရွေးချယ်ခံရသည့်အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း ဦးမြတ်သူက နိရဉ္စရာသို့ပြောသည်။
“ဂျပန် အမျိုးသားဘောလုံးအသင်းရော၊ အမျိုးသမီးအသင်းပါ အာရှတိုက်မှာဆိုရင် အဆင့်(၁) နေရာမှာ ရှိသလို ကမ္ဘာ့အဆင့်မှာဆိုရင်လည်း အဆင့်အတန်းရှိတဲ့ အသင်းတွေဖြစ်ပါတယ်။ အဲလို ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ရခိုင်လူမျိုးတယောက် ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။”
ဂျပန်နိုင်ငံတဝှမ်းမှ ဝင်ရောက် အရွေးချယ်ခံသည့် အသက် (၁၂နှစ်) အောက် လူငယ် အားကစားသမား ၉၀၀ကျော်ထဲမှ ရွေးချယ်သည့် ၂၃ဦးစာရင်းတွင် ဂျပန်လက်ရွေးစင် (Goal Keeper) အဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။
ရခိုင်လူငယ် ကောင်းဇံမြကို ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဦးမြတ်သူတို့ မိသားစုမှာ ဂျပန်နိုင်ငံတွင် နိုင်ငံသား အဖြစ် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူများ ဖြစ်ကြသည်။
12 International Football
မောင်ကောင်းဇံမြ ဘောလုံးစကစား ဖြစ်ပုံနှင့် ပတ်သက်၍လည်း ဦးမြတ်သူက “အစကတော့ တင်းနစ် ကစားပါတယ်။ တင်းနစ် ကစားနေရာကနေ နောက်ပိုင်း သူဘောလုံးကစားတာကို ရွေးချယ်လိုက်ပါတယ်။ တော်တော်ကြိုးစားပါတယ်။ နောက် Buddy ဆိုတဲ့ ကလပ်အသင်းကို ဝင်တယ်။ အသင်းထဲမှာ ဆုတွေ ခဏ ခဏရပါတယ်။ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။” ဟု သူက ပြောသည်။
ကောင်းဇံမြ ဘောလုံးကစားသည့် ကာလ တောက်လျှောက်တွင် ဖခင်ဖြစ်သူအနေဖြင့် ပံ့ပိုး အားပေးခဲ့ပြီး အနာဂတ်တွင်လည်း ဘောလုံးသမားကောင်း တစ်ယောက်ဖြစ်အောင် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဦးမြတ်သူက ပြောသည်။
ဦးမြတ်သူမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ဇာတိဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစား သမားဟောင်း တစ်ဦးလည်းဖြစ်သည်။ နိရဉ္စရာ-
ရခိုင်အမျိုးသားနေ့ ရန်ကုန်အပါအဝင် ရခိုင်မြို့များတွင် ပြုလုပ်
မင်းဆက်ခိုင် (၁၄-၅-၂၀၁၄)
ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ - နိရဉ္စရာ)
ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – နိရဉ္စရာ)
မေလ ၁၄ရက်နေ့တွင် ကျရောက်သည့် ပထမအကြိမ် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ရှိ ရခိုင်ဓမ္မာရုံတွင် နံနက်၈နာရီအချိန်တွင် ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း အသီးသီး ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်တွင်ပြုလုပ်သော အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များက စုပေါင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က “အမျိုးသားနေ့ သတ်မှတ်တာ ကျနော်တို့ နောက်ကျပေမယ့်လည်း နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်သွားရမှာကတော့ ကျနော်တို့ ရခိုင်တစ်မျိုးသားလုံးမှာ တာဝန်ရှိပါတယ်။” ဟု အခမ်းအနားတွင် ပြောကြားသွားသည်။
အခမ်းအနားတွင် ရခိုင်အမျိုးသားပါတီ ပ-ခေါင်းဆောင် ဦးအေးသာအောင်၊ ဒု-ခေါင်းဆောင် ဒေါက်တာ အေးမောင်နှင့် ဖိတ်ကြားထားသော နိုင်ငံခြားသားများအပါအဝင် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့သည်။
စစ်တွေမြို့
စစ်တွေမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ - ကျော်ဝင်း)
စစ်တွေမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – ကျော်ဝင်း)
ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ယနေ့ နံနက် ၇ နာရီက အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးတွင် စည်းကားစွာ ကျင်းပခဲ့သည်။
၎င်းအခမ်းအနားကို ရက္ခိုင့်တပ်မတော်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်၊ ဒု-ဗိုလ်မှူးကြီး ကျော်ဟန် နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
မြောက်ဦး
 မြောက်ဦးမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ - အောင်စိုးမြင့်)
မြောက်ဦးမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – အောင်စိုးမြင့်)
မြောက်ဦးမြို့တွင် ကျင်းပသော ရခိုင်အမျိုသားနေ့ကို မေလ ၁၄ရက် နေ့လည် (၁) နာရီအချိန်တွင် နန်းတော်ကုန်း တတိယအထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်မင်္ဂလာစည်တော်အဖွဲ့နှင့် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က ရခိုင်ရိုးရာ ယိမ်းအက များနှင့် တင်ဆက် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို စာပေပညာရှင်များ၊ သံဃာတော်များက ရခိုင်အမျိုးသားနိ ပေါ်ပေါက်လာပုံနှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။
မောင်တောမြို့
 မောင်တောမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ - Western Gate Guard)
မောင်တောမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံ – Western Gate Guard)
ပထမအကြိမ် ရခိုင်အမျိုးသားနေ့အား ရခိုင်ပြည်နယ် နယ်စပ်မြို့ ဖြစ်သော မောင်တောမြို့တွင်လည်း ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို မြို့မပရိယတ္တိစာသင်တိုက်တွင် နံနက် ၉နာရီအချိန်တွင် ပြုလုပ်ခဲ့ကြပြီး ဆရာတော်ကြီးများ၊ ရခိုင်အမျိုးသားပါတီ (မောင်တော)မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ အသီးသီး တက်ရောက်ခဲ့ကြသည်။
ရခိုင်အမျိုးသားနေ့အား နှစ်စဉ်နှစ်တိုက် စဉ်ဆက်မပြတ် ကျင်းပရန်အတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ရခိုင်အမျိုးသားနေ့ အခမ်းအနားများကို ဘူးသီးတောင်၊ ကျောက်တော်၊ ကျောက်ဖြူ စသည့်မြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်။
ကျောက်ဖြူမြို့တွင် ကျင်းပသည့် ရခိုင်အမျိုးသားနေ့ကို လွန်ဆွဲပွဲ စသည့် ပျော်ပွဲ ရွင်ပွဲများဖြင့်လည်း ကျင်းပခဲ့ကြကြောင်း ဒေသခံများက ပြောသည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်အတွက် စကာတင် သုံးရက်အဖြစ် မဟာမုနိရုပ်ရှင်တော် သွန်းလုပ်ပူဇော်သောနေ့၊ ရခိုင်အမျိုးသားညီလာခံ ကျင်းပသည့်နေ့၊ ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို တည်ထောင်သော နေ့များကို ရခိုင်အမျိုးသားညီလာခံတွင် ရွေးချယ်ခဲ့ကြသည်။
ထိုထဲမှ မဟာမုနိရှင်တော်မြတ်အား သွန်းလုပ်ပူဇော်ခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ဧပြီလ ၂၇ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကျောက်ဖြူတွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့ကြသည်။          နိရဉ္စရာ-   
5/13/2014
မဒေးကျွန်းတွင် လူထုစည်းဝေးပွဲလုပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ပေးရန်တောင်းဆို
(၁၄ မေလ ၂၀၁၄)
Madae
ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် မေလ ၁၃ ရက်နေ့က  ဒေသခံ ပြည်သူ ၂၀၀ ကျော်မှ လူထု အစည်းအဝေး ပြုလုပ်ပြီး မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကို ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ယင်းလူထု အစည်းအဝေးအား မဒေးကျွန်းရွာမ ဘုန်းတော်ကြီးကျောင်းတွင် နေ့လည်ပိုင်းမှ စတင်ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် အထွေထွေ ဒုဦးစီးမှူး ဦးကျော်နု၊ စီအန်ပီစီ တရုတ်ကုမ္ပဏီမှ ဘာသာပြန်များ၊ တခြား ကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအ၀င် လူပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့သည်ဟု လူမူရေး လူုပ်ရှား ဆောင်ရွက်နေသူ ဦးထွန်းကြည်က ပြောကြားသည်။
“ ကျွန်တော်တို့ တောင်းဆိုတာက ကျေးရွာချင်းဆက်လမ်းတွေကို ဖေါက်လုပ်ပေးထားပေမယ့် ကွန်ကရစ်လမ်း ဖေါက်လုပ် မပေးဘဲ မြေသားလမ်းသာ ဖြစ်တဲ့ အတွက် မိုးရွာရင် အကုန်လုံး ပျက်စီးနိုင်တယ်။ ဒါကြောင့် လမ်းတွေကို ကွန်ကရစ်ခင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။
ဒုတိယအနေဖြင့် မဒေးကျွန်းတွင် လျှပ်စစ်မီး ဖြန့်ဝေရာတွင် မီတာအိုးများကို တရုတ်စီအန်ပီစီ ကုမ္ပဏီမှ အခကြေးငွေ မယူဘဲ အိမ်တိုင်းတွင် တပ်ဆင်ပေးရန်နှင့် မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင်များတွင် ဒေသခံ အလုပ်သမားများကိုသာ အထူးဦးစားပေး ခန့်အပ်ရန် တောင်းဆိုခဲ့ကြသည်ဟု သူက ပြောသည်။
Madae
ဖေါက်လုပ်ပေးထားသော ကျေးရွာချင်းဆက် မြေသားလမ်း။ (ဓါတ်ပုံ- နိရဉ္စရာ)
ယင်းပြင် စီမံကိန်းများနှင့် ပတ်သက်ပြီးလည်း မပြုလုပ်မှီ ကြိုတင်ပြီး ကျွန်းပေါ်နေ ဒေသခံများအား အသိပေး ချပြရန်လည်း တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
လုထု အစည်းအဝေးသို့ တက်ရောက်လာသူ အစိုးရ တာဝန်ရှိသူများမှ သက်ဆိုင်ရာကို တင်ပြပေးမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
“ သူတို့ကတော့ ကျေးရွာသားတွေ တင်ပြတာကို အထက်ကို တင်ပြပေးမယ်။ သူတို့အနေနဲ့ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဲသလို ပြောပါတယ်။ ကျနော်တို့ကလည်း တင်ပြပါ။ လူထုတွေ တောင်းဆိုတာကို မလုပ်ပေးဘူးဆိုရင် ကျွန်းသူ ကျွန်းသားတွေ အနေနဲ့ ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုသွားမယ်လို့တော့ ပြောလိုက်ပါတယ်” ဟု ဆိုသည်။
မဒေးကျွန်းတွင် မီးရရှိရေး၊ ကျေးရွာချင်းဆက် လမ်းများ ဖေါက်လုပ်ပေးရေး၊ ကျန်းမာရေး- ပညာရေး တိုးမြှင့် ပေးရန် ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုထားသည်မှာ တနှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ကျေးရွာချင်းဆက် မြေသားလမ်းဖေါက်လုပ်ပေးသော်လည်း လျှပ်စစ်မီးမှာ ယနေ့ထိ မရရှိသေးကြောင်း သိရသည်။          နိရဉ္စရာ-
မြန်မာနယ်ခြားစောင့်တပ်နှင့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တိုက်ပွဲဖြစ်ပွား
( ၁၄ မေလ ၂၀၁၄) / မောင်အေး Restricted area
ဘင်္ဂလား မြန်မာနယ်စပ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့စ်ဘဇားနယူးတွင် ဖေါ်ပြသည်။
ယင်းပစ်ခတ်မှုသည် နံနက် ၆ နာရီခန့်မှ စတင်ပြီး ၇ နာရီတွင် ပြီးဆုံးကာ  နယ်စပ်မှတ်တိုင် အမှတ် ၃၇- ၃၈ အနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။
ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ မှန်ကန်သော်လည်း မည်သည့်အဖွဲ့နှင့်ဖြစ်သည်ကို မသိရှိရသေးကြောင်း၊  ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့မှလည်း အနီးကပ် စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေ့ခ်ျ နယ်ခြား စောင့်တပ်မှ အရာရှိတစ်ဦးကပြောဆိုသည်ဟု သတင်းတွင် ဆက်လက်ဖေါ်ပြသည်။
ဘင်္ဂလားဒေခ်ျ့နှင့် မြန်မာနယ်စပ်တွင် တည်ရှိသည့် ဘင်္ဂလာဘက်ခြမ်း ဘိုင်ချာဘာရီရွာသားများက ညနေ ၃ အချိန်အထိ ပစ်ခတ်သံများ ကြားနေရသည်ဟု ပြောဆိုကြောင်းလည်း ယင်းသတင်းတွင် ဆက်လက် ရေးသားသည်။
၎င်းသတင်း ရရှိပြီးနောက် နယ်စပ်သို့ စုံစမ်းရာ တိုက်ပွဲ ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာအနီးတတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယခုကဲ့သို့ နယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် မောင်တောမြို့တွင်လည်း လုံခြုံရေးများ တိုးချထား ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။
“  မနေ့မနက်က နယ်မြေ ၁ မှာ တိုက်ပွဲဖြစ်တယ်လို့သိရတယ်။ ဘယ်အဖွဲ့ ဆိုတာတော့မသိဘူး။ အာရ်အက်စ်အိုလို့တော့ လူတွေ ပြောနေကြတယ်။ မြို့ထဲ မှာ လည်း ခြုံရေးတွေချထားတာ တွေ့ရတယ်။ နယ်တွေမှာလည်း လုံခြုံရေးတိုးချထားတယ်လို့ ကြားပါတယ်။”
နယ်စပ်တွင်တည်ရှိသည့် အောင်ဗလ ကျေးရွာသားတစ်ဦးက သူတို့ရွာလုံခြုံရေးနှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်တို့ ရွာမှာတော့ လုံခြုံရေးတပ်ဖွဲ့ အယောက် ၁၀ ကျော်ရှိတယ်။ ဒီဘက်မှာတော့ ပုံမှန်အတိုင်းပါ။ ထူးထူး ခြားခြားမရှိပါဘူး” ဟု ဆိုသည်။
ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အသေအပျောက်တချို့ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မြန်မာ အာဏာပိုင်များမှ ယင်းပစ်ခတ်မူနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖေါ် ပြောဆိုမူ မရှိသေးကြောင်း သိရသည်။
မြန်မာ နယ်ခြားစောင့်တပ်နှင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လက်ကိုင်အဖွဲ့မှာ မည်သည့် အဖွဲ့အစည်း ဆိုသည်ကို အတိကျ မသိရသေးသော်လည်း မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ခိုက်နေသည့် ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် ခိုအောင်းနေသော အာရ်အက်စ်အို အဖွဲ့ ဖြစ်နိုင်ကြောင်း နယ်စပ်တွင် နေထိုင်သူများက ပြောသည်။ နိရဉ္စရာ-
အာရက္ခဖေါင်ဒေးရှင်းတည်ထောင်သူ ဦးဆန်းမြင့် အောက်မေ့ဖွယ်အခမ်းအနား နယူးယောက်တွင် ကျင်းပ
( ၁၃ မေလ ၂၀၁၄)
Buddhist Missionary Association
(အခမ်းအနား ပြုလုပ်နေစဉ်။)
မေလ (၁)ရက်နေ့က ကွယ်လွန်သွားခဲ့သည့်  အာရက္ခဖေါင်ဒေးရှင်းကို စတင်တည်ထောင် သူများထဲမှ တစ်ဦးဖြစ်သူ ဦးဆန်းမြင့်အား သတိရအောက်မေ့ ဖွယ်အခမ်းအနားတစ်ရပ်ကို  အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် မေလ ၁၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းအခမ်းအနားအား ရခိုင် အသိုင်းအ၀ိုင်း (နယူးယောက်)မှ ကြီးမှူးပြီး နယူးယောက်မြို့ရှိ Buddhist Missionary Association (New York) တွင်  ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ကိုခိုင်ဘခိုင်က ပြောသည်။
အခမ်းအနားကိုစီစဉ်သူ ကိုဇော်မင်းဦးက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက် နှင့်ပတ်သက်၍ ယခုလို ရှင်းပြ ပြောဆိုသည်။
“ ဦးဆန်းမြင့်ဟာ ရခိုင်လူမျိုးတွေနဲ့ တသွေးတည်း တသားတည်း တစ်ထပ်တည်း ဖြစ်တယ်။ ဦးဆန်း မြင့်နဲ့ ရခိုင် လူမျိုးတွေက ခွဲခြားလို့မရဘူး။ ဒါကြောင့် သူသေသွားပေမယ့် သူကို သတိရတဲ့ အနေနဲ့ ဒီအောက်မေ့ဖွယ် အခမ်း အနားကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။
ဦးဆန်းမြင့်သည် အဖွဲ့အစည်း အများအပြားတွင် ပါဝင် လူပ်ရှား ဆောင်ရွက်ခဲသူ တစ်ဦးဖြစ်ပြီး သူသည်  Rakhaing Buddhist Culture Association တွင် ဦးသာလှ၊ ဒေါက်တာအေးကျော်၊ ဦးကျော်သာ စသည့် ပုဂ္ဂိုလ်များနှင့်  လက်တွဲ လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Oversea Burma Foundation, Buddhist Missionary Society (New York)စသည့် အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ဦးဆန်းမြင့်သည် သူ့ကိုယ်သူ ဆရာတော်ဦးစန္ဒာ၏မွေးစားမြေးဟုလည်း မကြာခဏထုတ်ဖေါ် ပြောဆိုလေ့ရှိကြောင်း ဒေါက်တာ အရှင်နာယကမှ မိန့်ကြားသည်။
ဦးဆန်းမြင့်၏ အောက်မေ့ဖွယ် အခမ်းအနားကျင်းပခြင်း အပေါ် ဇနီးဖြစ်သူ ဒေါ်တင်လှိုင်ကလည်း ကျေးဇူးတင် စကား ယခုလို ဆိုသည်။
“ အခုလို ရခိုင်လူမျိုးတွေအနေနဲ့ ဦးဆန်းမြင့်အား အောက်မေ့ဖွယ်နေ့ အခမ်းအနား လုပ်ကြတာကို ၀မ်းသာ ဂုဏ်ယူမိတယ်။ ကျေးဇူးလည်းတင်တယ်။ သူဟာ ရခိုင်တမျိုးသားလုံးကို စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှိစေချင်တယ်။ ရခိုင်လူမျိုးတွေ တိုးတက်စေချင်တယ် ဆိုပြီး သူပြောတာတွေကို ကျမ အမြဲတမ်း ကြားနေခဲ့ရတယ်။”
ဦးဆန်းမြင့် မရှိတော့မယ့် သူကို ကျေးဇူးဆပ်သည့် အနေဖြင့် သူရှိစဉ်အခါက လုပ်ကိုင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဆက်လက်ပြီး အကောင်အထည်ဖေါ်လုပ်ဆောင်ကြဖို့ ကိုလည်း တက်ရောက်လာသူများအား သူမက တိုက်တွန်းသွားခဲ့သည်။
“ ဦးဆန်းမြင့်ကို သတိရအောင့်မေ့ဖွယ် အခမ်းအနားပြုလုပ်ပေးကြတဲ့အတွက် ကျေးဇူးတင် ပါတယ်။ အကိုဆန်းမြင့် အတွက် ဂုဏ်လည်းယူမိပါတယ်။ ရပ်ဝေးကနေပြီး သတင်းမေးကြတဲ့ သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဦးဆန်းမြင့်၏ ညီမဖြစ်သူ ဒေါ်မသိန်းတင်က ပြောသည်။
ဦးဆန်းမြင့်ကို ရခိုင်ပြည်၊ မြေပုံမြို့တွင် ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွေးဖွားခဲ့ပြီး၊ မွေးချင်း (၂) ယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၈၄-ခုနှစ်တွင် အမေရိကသို့ ရွေ့ပြောင်းအခြေချခဲ့ကြောင့် သိရှိရသည်။ ဦးဆန်းမြင့်သည် ရခိုင်လူမျိုးများအတွက်သာမက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင်လည်း တတ်အားသရွေ့ ပါဝင် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး လူချစ် လူခင် ပေါများသူ တစ်ဦးလည်း ဖြစ်သည်။
ဦးဆန်းမြင့်အား သတိရ အောင့်မေ့ဖွယ်အခန်းအနားသို့ တက်ရောက်လာသူများကို ရခိုင် အသိုင်းအ၀ိုင်း (နယူးယောက်)မှ ရခိုင်ထမင်း ရခိုင်ဟင်း တို့ဖြင့် ကျွေးမွေးဧည့်ခံကာ  နေ့လည် ၁ နာရီခန့်တွင် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြပြီး ထိုအခမ်းအနားသို့ ဦးဆန်းမြင့် မိသားစုအပါအ၀င် လူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။            နိရဉ္စရာ-
ရခိုင်အမျိုးသားနေ့ ဂုဏ်ပြုသည့် ရခိုင်ရိုးရာ“ကျင်” ပွဲရန်ကုန်တွင်ကျင်းပ
(- ၁၃ မေလ ၂၀၁၄) / မင်းဆက်ခိုင်
လိုင်သာယာရှိ အောင်မြေသာယာကျောင်းတွင် ရခိုင်ရိုးရာ ကျင်ပွဲကို မေလ ၁၃ ရက်နေ့က ဆက်လက် ကျင်းပနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
လိုင်သာယာရှိ အောင်မြေသာယာကျောင်းတွင် ရခိုင်ရိုးရာ ကျင်ပွဲကို မေလ ၁၃ ရက်နေ့က ဆက်လက် ကျင်းပနေစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
မေလ ၁၄ရက်နေ့တွင် ကျရောက်မည့် ရခိုင်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ရိုးရာ အားကစားတခုဖြစ်သော “ကျင်” ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အောင်မြေသာယာ ဘုရားဝင်းတွင် ရခိုင်အမျိုးသား လူမှုရေး အသင်း (လှိုင်သာယာ)မှ ဦးဆောင်ပြီး ကျင်းပလျှက်ရှိသည်။
“ရခိုင်အမျိုးသားညီလာခံက သတ်မှတ်လိုက်တဲ့ မနက် ဖြန်ကျရောက်မယ့် ရခိုင်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အားဖြင့် ကျနော်တို့ ပွဲတခုခု လုပ်ရင် ကောင်း မယ်ဆိုပြီးတော့ လုပ်ကြတာပါ ” ဟု ရခိုင်အမျိုးသား လူမှုရေးအသင်း (လှိုင်သာယာ)မှ ဥက္ကဌ ကိုစံညွန့်က နိရဉ္စရာသို့ ပြောသည်။
လှိုင်သာယာတွင် ရခိုင်ဓမ္မာရုံတစ်ရုံ ဆောက်လုပ်ထားရာ ဆွမ်းချက်ဆောင်တွင် အမိုးမကာနိုင်သေးသည့် အတွက်ကြောင့်လည်း ရန်ပုံငွေရရှိရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ရန်ပုံငွေအတွက် လက်မှတ်များ ရောင်းချထားကြောင်းဖြင်လည်း သူက ပြောသည်။
၎င်းပွဲကို ပထမနေ့အဖြစ် ယမန်နေ့ နေ့လည် ၃နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၆နာရီအထိ ဆင်နွဲခဲ့ကြကာ နောက်ဆုံးနေ့အဖြစ် ယနေ့တွင် နံနက် ၉နာရီခွဲမှ ညနေ ၆နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။
ကျင် ပွဲစဉ်များကြည့်ရှု့ရန်အတွက် လက်မှတ်တစ်စောင်ကို ကျပ်ငွေ ၁၀၀၀ နှုန်းဖြင့် စောင်ရေ ၁၀၀၀ခန့် ရောင်းချထားပြီး ဖြစ်သည်ဟု သူက ဆိုသည်။
ယခု ဂုဏ်ပြုကြိုဆိုပွဲအား ရခိုင်အမျိုးသားနေ့ မတိုင်မှီ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍လည်း သူက “ရခိုင် အမျိုးသားနေ့မှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ ဦးဆောင်ပြီးတော့ တခြားပွဲတွေ လုပ်ဖို့ အစီစဉ် တွေရှိပါတယ်။ ကျနော်တို့လည်း အဲဒီနေ့မှာ လုပ်ရင် ပွဲတွေက ထပ်နေမယ်၊ ဆိုတော့ ဟိုမှာလည်းလုပ် ဒီမှာ လည်းလုပ်ဆိုတော့ တက်ရောက်မယ့်လူတွေက တနေရာတစုစီ ဖြစ်နေမယ်။ အဲဒါကြောင့်မို့လို့ အခုလို လုပ်ဖြစ်တာပါ။”
ပြိုင်ပွဲတွင် ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟု ပြိုင်ပွဲအမျိုးအစား၂မျိုးပါဝင်ပြီး ရွှေမောင်းတန်းတွင် ပထမဆု – ရွှေတစ်ကျပ်သား၊ ဒုတိယဆု – ရွှေငါးမူးသား (ကျပ်ခွဲ)၊ တတိယဆု – ကျပ်ငွေတစ်သိန်း တို့ဖြစ်ပြီး ငွေမောင်းတန်းတွင် ပထမဆု – ရွှေငါးမူးသား (ကျပ်ခွဲ)၊ ဒုတိယဆု – ရွှေတစ်မတ်သား၊ တတိယဆု – ကျပ်ငွေ ၈သောင်း အသီးသီး ချီးမြှင့်သွားမည်ဟု သိရသည်။
မဟာမုနိရှင်တော်မြတ်အား သွန်းလုပ်ပူဇော်ခဲ့သည့် ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ဧပြီလ ၂၇ရက်နေ့မှ မေလ ၁ရက်နေ့အထိ ကျောက်ဖြူတွင် ကျင်းပခဲ့သော ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့ကြသည်။
ပထမအကြိမ်အဖြစ် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်မြို့ရှိ ရခိုင်ဓမ္မာရုံ၌ မေလ ၁၄ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီး)နှင့် ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့များက စီစဉ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။       နိရဉ္စရာ
ရှစ်သောင်းဘုရားပွဲ ရိုးရာကျင်ဆုများ ဒေသအတွင်းအလှူရှင်များက ချီးမြှင့်မည်
( ၁၃ နိရဉ္စရာ ၂၀၁၄) rakhine_traditional_wresting
မေလ ၁၃ ရက် ယနေ့ စတင်ကျင်းပမည့် မြောက်ဦးမြို့ ရှစ်သောင်း ဘုးရားပွဲတော်၌ ထည့်သွင်း ကျင်းပသွားမည့် ရခိုင်ရိုးရာ ကျင်ပွဲတွင် ချီးမြှင့်မည့် ရွှေမောင်းတန်း၊ ငွေမောင်းတန်းနှင့် ကြေးမောင်တန်း ဆုများကို ဒေသအတွင်းမှ အလှူရှင်များက တစ်ဦးချင်းစီ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ရှစ်သောင်းဘုရားပွဲတော်ကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးစောရွှေမောင်က ပြောသည်။
“ အခုလောလောဆယ် အနေနဲ့ ရွှေမောင်းတန်း ပထမဆုအတွက် သတ်မှတ်ထားတဲ့ ငွေကျပ် ၅၃၅၀၀၀ အတွက် အလှူရှင်ကတော့ မပေါ်သေးဘူး။ ဒါပေမယ့် ရွှေမောင်းတန်း ဒုတိယအတွက် သတ်မှတ်ထားတဲ့ ငွေကျပ် ၂၆၇၅၀၀၀ အတွက်ကတော့ မြောက်ဦးမြို့ တောင်ရပ်က ဦးမောင်သာဦးက ချီးမြှင့်သွားပါမယ်။ တတိယဆုအတွက်က သတ်မှတ်ထားတာ ကျပ် ၁၃၃၈၀၀ ကလည်း အလှူရှင် မပေါ်သေးဘူး။ ဒါပေမယ့် စတုတ္ထဆု ၆၆၈၀၀ အတွက် ပန်းထိမ်ဆရာ ဦးမောင်မောင်သန်းက ချီးမြှင့်သွားပါမယ်” ဟု သူကဆိုသည်။
ငွေမောင်းတန်း (ဒုတိယတန်း) တွင် ပထဆုအတွက် ကျပ်ငွေ ၂၆၇၅၀ သတ်မှတ်ထားရာ ယင်းဆုကို ရွှေသဇင်ဟိုတည်ပိုင်ရှင်မှ ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ဒုတိယဆုအတွက် ၁၃၅၅၀၀ သတ်မှတ်ထားရာ ယင်းဆုကို ၀င်းရွှေဆိုင် ပိုင်ရှင် ဦးခင်မောင်သန်းက ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း၊ တတိယဆု အတွက် ကျပ် ၇၅၂၀၀ ကို ဦးမောင်ကျော်ဇံ (ဇီးကုန်း)မှ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ စတုတ္ထဆုအတွက် ကျပ် ၃၃၅၀၀ သတ်မှတ်ထားရာ အေးအေး ရွှေပန်းထိမ်ဆိုင်မှ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
ကြေးမောင်းတန်း (တတိယတန်း) အတွက် ပထမဆု ၁၅၀၅၀၀ သတ်မှတ်ထားရာ ယင်းဆုကို စစ်တွေမှ ဦးထွန်းအေးကျော်က ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဒုတိယဆုအတွက် ကျပ် ၉၁၉၀၀၀ အတွက် အလှူရှင် မပေါ်သေးကြောင်း၊ တတိယဆုအတွက် ၅၈၅၀၀ သတ်မှတ်ထားရာ ထွန်းအေးကျော် (ရွှေဆိုင်)မှ၎င်း၊ စတုတ္ထဆုအတွက် ကျပ် ၃၃၅၀၀ သတ်မှတ်ထားရာ ယင်းဆုအတွက် မောင်ချေ ပန်းထိမ်ဆိုင်မှ၎င်း အသီးသီးချီးမြှင့်သွားမည်ဟု ဆိုသည်။
စတုတ္ထတန်း အတွက် ပထဆုကို ကျပ် ၉၁၉၀၀ သတ်မှတ်ထားရာ အလှူရှင် မပေါ်သေးကြောင်း၊ ဒုတိယဆုအတွက် ၆၆၉၀၀ အတွက် ဦးထွန်းဝေ (ပန်းထိမ်ဆရာ)မှ၎င်း၊ တတိယဆုအတွက် ၅၀၂၀၀ ကျပ်နှင့် စတုတ္ထဆုအတွက် ၃၃၅၀၀ ကျပ်တို့အတွက် အလှူရှင် မပေါ်သေးကြောင်း သိရသည်။
ကျန်ရှိနေသေးသော ရွှေမောင်းတန်း ပထမဆုနှင့် တခြားဆုများအတွက် ကူညီလှူဒါန်းလိုသူများသည် ဦးစောရွှေမောင် (ဖုံးနံပတ် – ၀၉၂၅၀ ၄၅၂၈၅၆ )သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ယခုနှစ် ရှစ်သောင်းဘုရားပွဲတော်သို့ အမေရိကန်ရောက် မြောက်ဦး ရခိုင်လူငယ်များက  အမေရိကန် ဒေါ်လာ ၂၄၄၀ ကျပ်ငွေ အားဖြင့် ၂၂၉၉၅၀၀ ကျပ်ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရပါသည်။
 နိရဉ္စရာ-
5/12/2014
★★ Office 2013 Product Key Finder Ultimate 14.04.1 + Final ★★
ဒီကောင်လေးကတော့ office 2013 အတွက် licenses Key Finder ဆော့စ်ဝဲလေးပဲဖြစ်ပါတယ်။
ဒီကောင်လေးကိုအသုံးပြုရင်တော့ Net Framework 2.0 ကိုမိမိစက်ထဲမှာအင်စတောလုပ်ပြီးသားဖြစ်
နေရပါမယ်။ဒီကောင်လေးကိုအသုံးပြုရလွယ်ကူပါတယ်။အင်စတောလုပ်ပြီးသုံးရုံပါပဲ။
 ဒေါင်းဖို့ ဆော ၀ှဲ ချေက    တောခါ အေမှာပါဒေ      ဒေါင်းပါ
                                          နည်းပညာမြို့တော်မှ
Folder တိကို အလှပချေလုပ်ပီးရေဆောဝှဲ - Lovely Folders v4.3.0.887 (Full Version)
http://www.dl.ir-dl.com/user13/May.2014/pic/Lovely.Folders.v4.3.0.887.www.IR-DL.com.c.jpg
အခုတင်ပေးလိုက်တဲ့ Software လေးကတော့ အတော်လေးကိုလန်းတယ်ဗျာ။ ကွန်ပြူတာထဲမှာရှိတဲ့ Folder များရဲ့ ပုံစံကိုပြောင်းပေးနိုင်ပါတယ်။ အောက်ကပုံမှာမြင်ရတဲ့အတိုင်း Folder အရောင်လေးတွေအများကြီး ကိုမိမိစိတ်ကြိုက်ထားနိုင်ပါတယ်။ Folder Icon တွေကလည်းအများကြီးပါဝင်ပါတယ်။ ဒါ့အပြင် Folder Name ကိုလည်းစိတ်ကြိုက်အရောင်သတ်မှတ်ပြီးထား နိုင်ပါသေးတယ်။ Folder အတွင်းမှာရှိတဲ့ Background ကို လည်းပုံတွေနဲ့ ထားနိုင်ပါသေးတယ်ဗျာ။ ကျွန်တော် လည်းစမ်းသုံးကြည့်ပြီးသဘောကျတာနဲ့ ဘော်ဒါတွေ သုံးနိုင်အောင်တင်ပေးလိုက်တာပါ။ Serial Key , Patch , Crack တွေမလိုပါဘူး Double Click နှိပ်ပြီး အသုံးပြု ရုံပါဘဲ။
http://www.fullprogramlarindir.com/wp-content/uploads/2014/05/2dif3vn.png
http://i39.tinypic.com/2l8yp9d.png
http://www.dl.ir-dl.com/user13/May.2014/pic/Lovely.Folders.v4.3.0.887.www.IR-DL.com.s.jpg
  ညီနေမင်း ပုံကို    
ကူးယူဖော်ပြထားပါသည်
      ဆောဝှဲ    အေမှာ 
ဒေါင်းပါ
တရုတ်အမျိုးသမီး လီကွေ့ရှန်း ကျောက်ဖြူတွင် မြေဂရမ်ဖေါက်မူ ဒေသခံတို့ကန့်ကွက်
(၁၃ မေလ ၂၀၁၃)
Oil-tanker
တရုတ်မှ ကျောက်ဖြူတွင် တည်ဆောက်နေသော တရုတ်ရေနံတင်ကီများ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြိုင်ချောင်းကျေးရွာ အနီးတွင် တရုတ်အမျိုးသမီး တစ်ဦးဖြစ်သူ လီကွေ့ရှန်းက မြေဂရမ်ဖေါက်မူ အပေါ် ဒေသခံများက ပယ်ဖျက်ပေးရန် အထက်အာဏာပိုင်များသို့ စာရေးတောင်းဆိုလိုက်သည်ဟု ကျောက်ဖြူမှ လူမူရေး လူပ်ရှားသူ ဦးသန္တာမောင်က ပြောသည်။
ကျောက်ဖြူ-ကူမင်း ရထားဘူတာ တည်ဆောက်မည်ဟု နာမည်ထွက်နေသော ပြိုင်ချောင်းကျေးရွာအနီးတွင် တရုတ်အမျိုးသမီး လီကွေ့ရှန်းက မြေဧက (၁၈၀)ကို ဂရမ်ဖေါက်ထားကြောင်း၊ ထိုသို့ ဂရမ်ဖေါက်သည်ကို ရုတ်သိမ်းပေးရန် ကျေးရွာသား (၁၁၀) က လက်မှတ်ရေးထိုးပြီး ကျောက်ဖြူ မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ တိုင်ကြားလိုက်ကြောင်း သူက ပြောသည်။
“ ဘယ်လိုက ဘယ်လို ဖြစ်သွားမှန်း မသိဘူး။ တရုတ်အမျိုးသမီး လီကွေ့ရှန်းကရွာသားတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေဧက (၁၈၀) ကို ဂရမ်ဖေါက်ထားတယ်ဆိုပြီး သတင်းထွက်လာတယ်။ ဒါနဲ့ ရွာသား (၁၁၀) က စုပေါင်းလက်မှတ်ရေးထိုးပြီး မြေစာရင်း ဦးစီးဌာနကို ဂရမ်ဖေါက်ထားတာကို ပယ်ဖျက်ပေးဖို့ ဧပြီလ ၂၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ကျွန်တော်တို့ဆီကို မိတ္တူပေးတဲ့စာကိုတော့ မနေ့ကဘဲ လက်ခံရရှိပါတယ်” ဟု ဆိုသည်။
မြေစာရင်း ဦးစီးဌာသို့ ရေးသားပေးပို့သောစာအား ကျေးရွာသားများက ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ထံသို့၎င်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့လည်း မိတ္တူရေးသား ပေးပို့ခဲ့သည်ဟု ဆိုသည်။
နိရဉ္စရာမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်အား မေးမြန်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကျောက်ဖြူမြို့ ပြင်ဘက်သို့ ရောက်နေသဖြင့် ဖုံးလိုင်းမမိ၍ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရရှိခဲ့ပါ။
အမည် မဖေါ်လိုသူ ကျေးရွာသား တစ်ဦးကမူ မြေဧက (၁၈၀) ကို တရုတ် အမျိုးသမီး တစ်ဦးဖြစ်သူ လီကွေ့ရှန်း နာမည်ဖြင့် ဂရမ်ထွက်လာမူ အပေါ် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ပြောသည်။
“ ဒီမြေတွေက ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် မှီခို လုပ်ကိုင်စားသောက်လာတဲ့ မြေတွေ ဖြစ်ကြပါတယ်။ အဲဒါကို မြေဂရမ်ဖေါက်မယ်ဆိုပြီး အဲဒီတရုတ်မက ဧပြီလဆန်းက ရောက်လာပါတယ်။ သူမက မြန်မာလို မပြောတတ်တော့ စကားပြန်က တဆင့် ပြောပါတယ်။ မြန်မာနိုင်ငံသူလား၊ တရုတ်နိုင်ငံသူလားဆိုတာကိုတော့ မသိဘူး။ သူ့နာမည်နဲ့ ဂရမ်ဖေါက်ထားတယ်ဆိုပြီး မြေတွေကို တိုင်းထွာသွားပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှ ဒေသခံ တောင်သူ လယ်သမားများမှာ သူတို့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လုပ်ကိုင်စားသောက်လာသော မြေများကို ဂရမ်ဖေါက်လေ့မရှိကြောင်း၊ ဒေသ ထုံးစံအရ တစ်ဦးကို တစ်ဦး အသိအမှတ်ပြုကာ လုပ်ကိုင်စားသောက်လာကြကြောင်း၊ ယင်းမြေများတွင် ခြံများထိုးကာ နှစ်ရှည် နှစ်တို သီးနှံပင်များ စိုက်ပျိုးထားကြကြောင်း၊ ယခုအခါ ၎င်းမြေများကို မြေစာရင်းဦးစီးဌာနနှင့် ပူးပေါင်းကာ ချမ်းသာသူများ၊ အာဏာရှိသူများက ဂရမ်ဖေါက်လာကြကြောင်း၊ သို့အတွက် ကျောက်ဖြူဒေသတွင် မြေယာ အငြင်းပွားမူများ အထူး ပေါ်ပေါက်နေကြောင်း ဦးသန္တာမောင်က ဆိုသည်။
ယခု တရုတ်အမျိုးသမီး လီကွေ့ရှန်း ဂရမ် ဖေါက်သည့် မြေနေရာမှာ ကျောက်ဖြူ-ကူမင်းရထားလမ်းအတွက် ဘူတာဆောက်မည်ဟု နာမည်ထွက်နေသော နေရာဖြစ်ကြောင်း၊ ဂျပန် ကုမ္ပဏီ တစ်ခုမှလည်း ရေတိုင်ကီများဆောက်ရန် စီစဉ်နေကြောင်း၊ ယင်းနေရာတွင် မြန်မာနိုင်ငံမှ အထင်ကရ ပုဂ္ဂိုလ် တစ်ဦးကလည်း သူ၏ သားမက်အမည်ဖြင့် မြေ(၉၀) ဧကကို ဂရမ်ဖေါက်ထားသည်ဟု သတင်းများရရှိသည်။ နိရဉ္စရာ-
မြောက်ဦး ရှစ်သောင်းဘုရားပွဲ မေလ ၁၃ ရက်နေ့ စတင်မည်
( ၁၂ မေလ ၂၀၁၄) DSC_0561
ရခိုင်ပြည်မှ နာမည်ကြီး အထင်ကရ ဘုရားပွဲတော် တစ်ခု ဖြစ်သော မြောက်ဦးမြို့ ရှစ်သောင်းပွဲကို မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ (၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ယခုနှစ် ရှစ်သောင်း ဘုရားပွဲတော်တွင် ကျေးရွာအလိုက် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ဘော်လုံးပွဲ၊ လှေပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်သာမက ရခိုင်ရိုးရာ အကပဒေသာများ၊ ဇာတ်ပွဲများဖြင့်လည်း ဖြေဖျော်သွားမည်ဟု မြောက်ဦးဒေသခံ ဆရာ ဦးဘလိုင်က ပြောသည်။
“ ဘော်လုံးပွဲ၊ ရခိုင်ရိုးရာ ကျင်ပွဲ၊ လှေ (လောင်း) ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမယ်။ မြောက်ဦးရိုးရာနဲ့ ဇာတ်အဖွဲ့ကလည်း တစ်ဖွဲ့ နှစ်ရက်စီ ကပြ ဖြေဖျော်သွားကြမယ်။ ရှစ်သောင်း ဘုရားပွဲကတော့ အထူး စည်ကားမယ်လို့ မျှော်လင့်ရပါတယ်” ဟု သူက ပြောသည်။
ကျေးရွာအလိုက် ဘော်လုံးပြိုင်ပွဲတွင် အသင်း(၄၆) ခု ပါဝင်ယှဉ်ပြိုင်နေကြကြောင်း ဦးအေးမောင်သန်းက ပြောသည်။
“ စုစုပေါင်း ၄၆ သင်း ပါဝင် ကစားတဲ့ အထဲက ကျောင်းတောင်၊ တိမ်ညိုကျေးရွာ (တောင်ပိုင်း)၊ မြက်ရိတ်ကျွန်း၊ ရွာဟောင်းတော၊ အိုးထိန်းကျေးရွာ၊ စတဲ့ အသင်းတွေ ကွာတားဖိုင်နယ်ကို တက်လာတာကို တွေ့ရတယ်။ မေလ ၁၄ ရက်နေ့မှာ ကွာတားဖိုင်နယ်ကို ၈ သင်းရောက်ပါမယ်။ အခုတော့ ကန်နေတုန်းပါဘဲ” ဟု သူက ဆိုသည်။
ဘော်လုံး ဗိုလ်လုပွဲအား မေလ ၁၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ ဘော်လုံးပြိုင်ပွဲတွင် ပထမဆုံး ကျပ် ၇ သိန်း၊ ဒုတိယ ကျပ် ၄ သိန်း၊ တတိယ (၂) သိန်း၊ စတုတ္ထ (၁) သိန်း အပါအ၀င် အကောင်းဆုံး ရွှေဘိနပ်ဆု၊ အကောင်းဆုံး ဘော်လုံးသမားဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဘော်လုံးပွဲကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးကျော်ဇောလှက ပြောသည်။
ယခုအခါ လှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျေးရွာအသင်းများလည်း စုံစုံညီညီ ရောက်ရှိနေပြီး ၁၂ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ ကျပ်(၆) သိန်း- ဒုတိယ ၄ သိန်း၊ ၈ လံ အရှည် လှေပြိုင်ပွဲတွင် ပထမ (၅) ကျပ်သိန်း ဒုတိယကို (၄) ကျပ်သိန်း ၊ ၆ လံ လှေအရှည် ပြိုင်ပွဲ ပထမ ကျပ်(၄) သိန်း၊ ဒုတိယ ကျပ်(၃) သိန်း အသီးသီး ချီးမြှင့် သွားမည်ဟု သိရသည်။
ရှစ်သောင်း ဘုရားပွဲတော်ပါဝင်ဆင်နွဲရန်အတွက် ရပ်ဝေး ရပ်နီးမှ ပြည်သူ ထောင်ထောင်ပေါင်းများစွာ မြောက်ဦးမြို့တွင် စုရုံးရောက်ရှိနေကြပြီကြောင်း သိရသည်။
             နိရဉ္စရာ-
အန်ဂျီအိုရုံးတိုက်ခိုက်သူများအား ဆက်ဖမ်းမည်ဆိုသောသတင်းကြောင့် စစ်တွေတွင် လူအချို့ ရှောင်တိမ်းနေရ
( ၁၂ မေလ ၂၀၁၃)
Photo Internet
Photo Internet
မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက စစ်တွေတွင် အခြေစိုက်သော နိုင်ငံတကာ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ပတ်သက်ပြီး ဆက်စပ်သူများ၊ သင်္ကာမကင်းသူများကို ဆက်လက် ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် စစ်တွေ ဒေသခံအချို့ ရှောင်တိမ်းနေကြရသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။
“ ကျွန်တော်လည်း ဖမ်းမယ့် စာရင်းထဲမှာ ပါနေတဲ့ အတွက် ခဏ ရှောင်နေပါလို့ ပြောလာတာကြောင့် အခု စစ်တွေကနေ တခြားနေရာ တစ်ခုကို ရောက်နေပါတယ်။ ကျွန်တော်လိုဘဲ တခြား လူအချို့လည်း ခုလို ရှောင်တိမ်းနေကြရပါတယ်” ဟု နိရဉ္စရာသို့ ဖုံးထဲမှ တဆင့် သူက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မာတေဇာ နိုင်ငံခြားအန်ဂျီအိုမှ အမျိုးသမီး တစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်ကြောင့် သတင်းများ ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်တွေတွင် အခြေစိုက်ထားသော နိုင်ငံတကာ အိုင်အန်ဂျီအိုရုံးများကို လူအုပ်စုများ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့များက ၀ိုင်းဝန်းတိုက်ခိုက် ဖြိုဖျက်ခဲ့သည်။
“ ကျွန်တော်က အန်ဂျီအိုရုံးတွေကို တိုက်ခိုက်တဲ့ အထဲမှာ ပါဝင်တာ မဟုတ်ပါဘူး။ ပြဿနာ မကြီးထွားရအောင် ကြားဝင် ဖျဉ်ဖြေပေးခဲ့သူ ဖြစ်ပါတယ်။ အခုတော့ ဖမ်းမယ့် စာရင်းထဲမှာ ပါနေတယ်လို့ သတင်းထွက်နေတဲ့အတွက် စစ်တွေမနေမှာဘဲ တစ်ခြားဒေသ တစ်ခုကို ရောက်နေပါတယ်” ဟု ဆက်ဆိုသည်။
စစ်တွေမြို့တွင် အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရပြီးနောက် သက်ဆိုင်ရာမှ စစ်တွေမြို့ ဓည၀တီ ရပ်ကွက်မှ အမျိုးသမီးများ အပါအ၀င် လူ (၁၂) ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီးနောက် ဦးမောင်သိန်း (၅၄) နှစ်မှာ စစ်တွေ ထောင်ထဲတွင် ကွယ်လွန်သွားခဲ့သည်။
ယင်းနောက်ပိုင်းတွင် အမျိုးသမီး တစ်ဦးကို ပြစ်မူ မသေချာသဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ယခုအချိန်ထိ ၁၀ ဦးကို ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ ဆက်လက်ဖမ်းဆီးမူများ ပြုလုပ်မည်ဟု ဆိုသဖြင့် လူအချို့မှ ရှောင်တိမ်းနေကြသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ မသိရှိကြောင်း စစ်တွေ ရဲမှ တာဝန်ကျ ၀န်ထမ်း တစ်ဦးက ပြောသည်။
                             နိရဉ္စရာ-
5/11/2014
မယူကမ်းမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရန် အစိုးရမှအမြန်ဆုံးစီစဉ်ရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေပြော
( ၁၁ မေလ ၂၀၁၄) 60764_428500957224726_2005080378_n
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကိုသာ အာရုံစူးစိုက်ပြီး ကာကွယ်ရေး အစီအမံများ လုပ်ဆောင်နေသော  ပြည်ထောင်စု အစိုးရအနေဖြင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မယူကမ်းဒေသမှ ဗုဒ္ဓဘာသာကျေးရွာများ မပြိုပျက်ရေးအတွက်ကိုလည်း အစီအစဉ်များ စနစ်တကျ ချမှတ်ကာ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ယင်းဒေသသို့ များမကြာမီက သွားရောက်ခဲ့သူ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ရသေ့တောင်မြို့နယ်ကို သွားရောက်လည်ပတ်ပြီးနောက် မေလ ၁၀ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာစဉ် သူမ ခရီးစဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းရာ ဒေါ်ခင်စောဝေက ထိုသို့ ထုတ်ဖေါ် ပြောဆိုခြင်း ဖြစ်သည်။
“ အခု အစိုးရက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကိုဘဲ အာရုံစိုက်ပြီး အကူအညီတွေကအစ လုံခြုံရေး အဆုံး ဆောင်ရွက်နေတာတွေရှိတယ်။ ရသေ့တောင်မြို့နယ်ကျတော့ သူတို့က တည်ငြိမ်တဲ့ ဒေသဆိုပြီး ဘာမှ လုပ်ကိုင်ပေးတာတွေ မတွေ့ရဘူး။ ကျွန်မ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးက ချွတ်ပြင်ဆိုတဲ့ ကျေးရွာကို ကိုယ်တိုင်သွားကြည့်တော့ အဲဒီအနီးအနားက ရွာတွေ လုံခြုံရေး စိတ်မချရတဲ့ အတွက် ပြိုပျက်လုနီးပါး ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ချွတ်ပြင်ရွာမှာဆိုရင်  အရင်ကအိမ်ခြေ ၆၀ ရှိတဲ့ အထဲမှာ အခု ၂၈ ဆောင်ဘဲ ကျန်တော့တယ်။ လုံခြုံရေး စိတ်မချရတဲ့ အတွက် တခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်” ဟု သူမက ဆိုသည်။
စေတီပြင်ကျေးရွာတွင် ရဲစခန်း၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များရှိသော်လည်း ယင်းမှ ၃ မိုင်ခန့် အကွာတွင် တည်ရှိသော ချွတ်ပြင်ကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ကျေးရွာသား အများစုမှာ ပြောင်းရွှေ့သွားခဲ့ကြသည်ဟု ဆိုသည်။
“ အဲဒီ ချွတ်ပြင်ရွာအနီးမှာ ချင်းရွာ၊ အထက်နန်းရာစတဲ့ ဘင်္ဂလီရွာကြီးတွေ ရှိတယ်။ တစ်ခုခု ဖြစ်လို့ကတော့ ရွာသားတွေအနေနဲ့ ဘယ်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မ ချွတ်ပြင်ရွာကိုသွားတော့ အဲဒီဒေသက လူကြီးတွေ လာတွေ့ကြတယ်။ ဒီလို မလုံခြုံမူတွေနဲ့ အတူ စိတ်ဖီးစီးခံစားနေရတဲ့ ရွာတွေအထဲမှာ ချွတ်ပြင်ရွာသာမကဘူး တခြားရွာတွေ ဖြစ်ကြတဲ့  အတွင်းပြင်၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ အောင်ဇေယျစတဲ့ ရွာတွေပါဝင်ပါတယ်။ သူတို့က လုံခြုံရေး တိုးမြင့်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု သူမက ဆက်ဆိုသည်။
ထိုရွာများအထဲတွင် ပိတောက်မြိုင်နှင့် သဇင်မြိုင်မှာ အစိုးရမှ တည်ဆောက်ထားသော စံပြ နတလ ကျေးရွာများဖြစ်ကြပြီး လုံခြုံရေး အခြေအနေကြောင့် လူများ စွန့်ခွာသွားကြသဖြင့် အများစု ကျေးရွာများ၏ အိမ်ခြေမှာ (၅၀) တက်မပိုကြောင်း သိရသည်။
“ ကျွန်မကတော့ ဒီတခေါက်လွှတ်တော်မှာ အဲဒီ ရသေ့တောင်မြို့နယ် အနောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်နဲ့ ဆက်စပ် တည်ရှိတဲ့ မေယူကမ်းမှ ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် တင်ပြတောင်းဆိုသွားပါမယ်။ ဒီဒေသမှာ လုံခြုံရေးကို တိုးမြှင့် ချထားမပေးဘူးဆိုရင် ဒီဗုဒ္ဓဘာသာရွာတွေ အကုန်လုံး ပြိုပျက်သွားနိုင်ပါတယ်” ဟု ဆက်ဆိုသည်။
ယင်းပြင် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အကြား တည်ရှိသော ဒိုင်းနက် လူမျိုးမှာ နေထိုင်ရာ တောင်မော်ရွာတွင်လည်း ယခင်အိမ်ခြေ ၉၀ ခန့် ရှိရာမှ ယခုအခါ ၆၀ ခန့်သာကျန်တော့သည်ဟု သိရသည်။
လုံခြုံရေး ကင်းမဲ့နေသဖြင့် ပြိုပျက်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသော ကျေးရွာများမှာ ဖက်လိပ်ပေါက်တော၊ အိုးသည်မ၊ မောင်နှမ၊ ဒိုင်းနက်တောင်မော်၊ သိမ်တောင်၊ ပြင်ရှည်၊ ကျိန်ကျောင်၊ သာစည် စသည့်ကျေးရွာများလည်း ပါဝင်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ ဒီဒေသမှာ လူတွေက တောင်ကိုမှီပြီး လုပ်ကိုင်စားသောက်ရသူတွေများပါတယ်။ အရေးအခင်း ဖြစ်ပြီးတဲ့ ကတည်းက လူတွေက တောင်ကိုသွားပြီး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ခုလို အခြေအနေကြောင့် စီးပွားရေးကျပ်တည်းပြီး လုံခြုံရေးပါ စိတ်မချရတော့ လူတွေက ဟိုပြောင်း၊ ဒီရွှေ့ဖြစ်ကုန်တာပေါ့” ဟု ချွတ်ပြင်ရွာမှ ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးအောင်သိန်းမျှက ပြောသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ များစွာ အရေးကြီးကြောင်း၊ အနောက်ဘက်တံတိုင်း လုံခြုံရေးမှာ ရခိုင်အမျိုးသား တစ်ခုတည်းတွင် တာဝန်ရှိသည်မဟုတ်ဘဲ ပြည်ထောင်စုသား တိုင်းရင်းသားများ အားလုံးတွင် တာဝန်ရှိကြောင်း  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကျောက်ဖြူမြို့တွင် ကျင်းပသော ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့တွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ပြည်ထောင်စု အစိုးရသည် ရခိုင်ပြည်နယ် အနောက်ဘက်တံတိုင်း လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ရေတို ရေရှည် စီမံကိန်းများ ချမှတ်ကာ အလေးအနက်ထား ဆောင်ရွက်မူများ မရှိဘဲ ဖြစ်နေကြောင်း၊ သို့အတွက်လည်း ယင်းဒေသတ၀ိုက်တွင် တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး ဓါးပြတိုက်မူများ၊ လူသတ်မူများ မကြာခဏ ပေါ်ပေါက်နေကြောင်း ရခိုင်ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။      နိရဉ္စရာ-
ကြံတိုင်းအောင်ခရီးသည်တင်ကား ရခိုင်တွင် တိမ်းမှောက်၍ ၁၅ ဦး ဒဏ်ရာရ
(၁၁ မေလ ၂၀၁၄)
Car-over-turn
(ဓါတ်ပုံ- ကိုဇော်-မင်းပြား)
စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်း ရရှိသည်။
“ စုစုပေါင်း ၁၅ ဦး ဒဏ်ရာ ရပါတယ်။ ၁၃ ဦးကတော့ မနေ့က မင်းပြားကနေ စစ်တွေ ဆေးရုံကြီးကို ယူလာပါတယ်။ နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် မင်းပြားမြို့ဆေးရုံမှာကျန်နေခဲ့ပါတယ်” ဟု စစ်တွေသွေးလှူရှင်များအသင်းမှ ကိုမောင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း  ကိုမောင်မောင်က ဆက်ပြောသည်။
ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်းမှ ရွှေပြည်တန် ရှပ်ပြေးအမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်းတာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့နယ် နရမ်းရွာ အနီး  မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင်လာစဉ် တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။     နိရဉ္စရာ-
5/10/2014
ဘူးသီးတောင်တွင်ရခိုင်နှင့်ဘင်္ဂလီပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ရန် ပြည်ထောင်စုဝန်ကြီးများတိုက်တွန်း
( ၁၁ မေလ ၂၀၁၄) Buthidaung
ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးလှမောင်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ နော်ဝေနှင့် ဆွစ်ဇာလန် သံအမတ်ကြီးတို့သည် မေလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်နှင့် ဘင်္ဂလီတစ်ဘက်မှ ကိုယ်စားလှယ် (၁၅) ဦးစီကို ခေါ်ယူ တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရခိုင်နှင့် ဘင်္ဂလီ နှစ်ဘက်ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတက်ရေးကို ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားသွားခဲ့သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဦးကိုအောင်က ပြောသည်။
“ အဓိကတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးကို ရခိုင်နဲ့ ဘင်္ဂလီ အတူတကွ အသင်းအဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ကိုင်ကြဖို့ ၀န်ကြီး ဦးစိုးသိန်းကပြောတယ်။ စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီး ၀န်ကြီးဦးတင်နိုင်သိန်းက ရှင်းပြပါတယ်” ဟု သူက ပြောသည်။
ယခုကဲ့သို့ ၀န်ကြီးများနှင့် အနောက်နိုင်ငံ သံအမတ်ကြီးများ ဘူးသီးတောင်နှင့် မောင်တောမြို့ကို လာရောက်ခြင်းမှာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများက တောင်းဆိုထားသဖြင့် လာရောက်ကြည့်ရှု့ခြင်း ဖြစ်ကြောင်း သူက ဆက်ဆိုသည်။
ဘင်္ဂလီတွေကို ရခိုင်တွေနဲ့ အတူ ခေါ်တွေ့တဲ့ အပေါ် သဘောထားကို ဦးကိုအောင်က ယခုလို ရှင်းပြသည်။
“ အဓိကတော့ ကျွန်တော်ယူဆချက်ပေါ့လေ။ သူတို့က ဘူးသီးတောင်ဒေသမှာ ရခိုင်နဲ့ ဘင်္ဂလီက ဒီအဖွဲ့နှစ်ဖွဲ့ကို ဘာမှ ပြဿနာ မရှိဘူး။ အတူ အလုပ် အလုပ်လို့ရတယ်။ ပေါင်းပြီးတော့ လုပ်လို့ရတယ်။ ဒါကို အနောက်နိုင်ငံ သံအမတ်ကြီးတွေကို ခေါ်ပြတဲ့ သဘောလို့ အဲသလို ထင်မြင် ယူဆပါတယ်။”
ရခိုင်တွေဘက်ကရော၊ ဘင်္ဂလီဘက်ကရော ဘာတွေတင်ပြကြပါသလဲလို့ ဆက်မေးတော့ သူက……..
“ အဓိက တင်ပြတာဆိုတာက အဲဒီဟာပါဘဲ။ ပြောရလို့ရှိရင် သူတို့ ပြောချင်တာ ပြောတာပါဘဲ။ ဒီဘက်က တင်ပြဖို့ ကိစ္စကလည်း  ကြီးကြီးမားမားလည်း မရှိဘူး။ ဘင်္ဂလီနဲ့ ရခိုင် နှစ်ဖွဲ့ ပေါင်းပြီး စီးပွားရေး အစုအအဖွဲ့ တစ်ခု ဖွဲ့ဖို့၊ အဲဒီ အုပ်စုကနေ ပီးတော့ လိုအပ်တဲ့ လုပ်ငန်းတွေကို ဆိုင်ရာ ဆိုရင် လုပ်ကိုင်နိုင်အောင် လုပ်ဖို့။ စက်မူဆိုရင်လည်း စက်မူ၊ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုး၊ ကုန်သွယ်ဆိုရင်လည်း ကုန်သွယ်၊ အုပ်စုဖွဲ့ပြီး လုပ်ဖို့။ အကောင်အထည်ဖေါ်ဖို့။ လိုအပ်တဲ့ ငွေကြေးကို နိုင်ငံတော် အစိုးရနဲ့ နိုင်ငံတကာက ကူညီဖို့ အဲသလို ပုံစံမျိုး သဘောမျိုးချပြပါတယ်။”
ရခိုင်တွေဘက်က ဒီအပေါ် ဘယ်လို တုန့်ပြန်ခဲ့ပါသလဲလို့ မေးမြန်းတော့ ဦးကိုအောင်က ယခုလို ပြောသည်။
“ ဒီဘက်က ထောက်ခံတယ်လို့ မရှိဘူး။ ဘာလို့လည်း ဆိုတော့ သူတို့ မေးတဲ့ မေးခွန်းတွေကို ဒီဘက်က  ပြန်လှန် ဆွေးနွေးနိုင်တဲ့ အနေအထား၊ အလားအလာ မရှိဘူး။ ထောက်ခံတဲ့ အလားအလာလည်း မရှိဘူး။ ပြောရလို့ ရှိရင်  စိတ်ဝင်စားမူလည်း မရှိဘူး။ အဲဒါကို ရခိုင်တွေဘက်ကလည်း စိတ်ဝင်စားမူ မရှိဘူး။ ဘင်္ဂလီတွေဘက်ကလည်း စိတ်ဝင်စားမူ မရှိဘူး။”
“ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က ယူဆတာကတော့  ဒီပုံစံမျိုးနဲ့ အရင်ကလည်း လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ သမ၀ါယမ ဒုဝန်ကြီးကိုယ်တိုင်လာရောက်ပြီး ဒီကိစ္စနဲ့ လာပြောဖူးတယ်။ ဒီကိစ္စလိုပေါ။ သမ၀ါယမ ၀န်ကြီးဌာနကနေ အစုအဖွဲ့တွေ ဖွဲ့ပြီး ရန်ပုံငွေ ချပေးမယ်။ ချေးငွေ ချပေးမယ်။ ဒီပုံစံမျိုးနဲ့ စည်းရုံးခဲ့တာလည်း ရှိတယ်။ အဲဒီတုန်းကလည်း ပြောခဲ့တာတော့ရှိတယ်။ တကယ်တန်း အလုပ်လုပ်ဖို့ ဆိုတဲ့ အခါ အဆင်မပြေဘူး။ အဲလို ဟာမျိုးတွေရှိတော့ အများက စိတ်မ၀င်စားကြပါဘူး” ဟု သူက ဆိုသည်။
ဝန်ကြီးများနှင့် အနောက်နိုင်ငံသံအမတ်ကြီးများ ဘူးသီးတောင်ထိ လာရောက်ခြင်းမှာ ရခိုင်နှင့် ဘင်္ဂလီအကြား ပူးပေါင်းဆောင်ရွက်နိုင်အတွက် ရည်ရွယ်လာရောက်ခြင်း ဖြစ်နိုင်ကြောင်း၊ ဘူးသီးတောင်တွင် ရခိုင်နှင့် ဘင်္ဂလီ လူမျိုးအကြား ဆက်ဆံရေးမှာ မည်သို့ ရှိပါသနည်းဟု မေးမြန်းရာသူက ယခုလို ဆက်ဆိုသည်။
“ အဲဒီကိစ္စက ရခိုင်နဲ့ ဘင်္ဂလီဘယ်လိုမှ အဆင်ပြေနိုင်တဲ့ နည်းလမ်းမရှိဘူး။ အဲဒီနေ့ အခမ်းအနားမှာ ၀င်လာချင်းချင်းပေါ့လေ ၀န်ကြီး ဦးစိုးသိန်းက တောင်းဆိုမူ တစ်ခု လုပ်ပါတယ်။  အခမ်းအနားမှာ ဘင်္ဂလီက ဘယ်ဘက်တခြမ်း။ ရခိုင်တွေက ညာဘက်တခြမ်း၊ အဲသလို ထိုင်နေကြတယ်။ သူက အတူ ထိုင်ဖို့ ပြောတယ်။ သူက ဘင်္ဂလီ တစ်ယောက် ရခိုင်တစ်ယောက် အဲသလို ရောပီး ထိုင်ဖို့တောင်းဆိုတယ်။ ရခိုင်တွေကလည်း ဘင်္ဂလီတွေ အကြား သွားမထိုင်ချင်ဘူး။ ဘင်္ဂလီတွေကလည်း ရခိုင်တွေ အကြား လာမထိုင်ချင်ဘူး။ ဒါပေမယ့် အစိုးရ နဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးက နှစ်ယောက် သုံးယောက်က အားနာပါးနာနဲ့ ဘင်္ဂလီတွေကြား သွားထိုင်တယ်။ ဘင်္ဂလီ နှစ်ယောက် သုံးယောက်ကလည်း အဲသလိုမျိုး ရခိုင်ဘက်ကို လာထိုင်တယ်။ ဖြစ်တော့ ဖြစ်သွားတယ်။ ဒါပေမယ့် ဒီပွဲကတော့ ရုပ်ပျက်ဆင်းပျက်ကြီးပေါ့” ဟု ဆိုသည်။
ယခု တွေ့ဆုံပွဲမှာ နိုင်ငံ တကာ သံတမန်ရှေ့တွင် ရခိုင်နှင့် ဘင်္ဂလီများအကြား လောလောဆယ် ပြသနာ တစ်စုံတစ်ရာ မရှိကြောင်း၊ အေးအေးဆေးဆေးရှိကြောင်း၊ ရခိုင်နဲ့ ဘင်္ဂလီများအကြား အတူယှဉ်တွဲပြီး နေထိုင်နိုင်ကြောင်း၊ အလုပ်လုပ်၍ရနိုင်ကြောင်း ပြသလိုသည့် သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဦးကိုအောင်က သုံးသပ် ပြောဆိုသွားသည်။    နိရဉ္စရာ-
ရခိုင်အမျိုးသားပါတီညီလာခံ စက်တင်္ဘာလတွင် ပြုလုပ်မည်
( ၁၀ မေလ ၂၀၁၄) / မင်းဆက်ခိုင် ALD-and-RNDP(2)ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးသော ပါတီညီလာခံကို ယခုနှစ် စက်တင်္ဘာလတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ပ-ခေါင်းဆောင် ဦးအေးသာအောင်က နိရဉ္စရာသို့ပြောသည်။
“ ဒီကြားထဲမှာတော့ မြို့နယ် ကော်မီတီတွေကို ဖွဲ့မယ်။ ပီးရင် မြို့နယ် ညီလာခံတွေ လုပ်မယ်။ အကုန်လုံးပြီးမှပဲ ပါတီ ဗဟိုညီလာခံကို ကျင်းပမယ်။ စက်တင်္ဘာလ နောက်ဆုံးအပတ်ထဲမှာ လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း ညီလာခံပြုလုပ်မည့် နေ့ရက်နှင့် နေရာကိုမူ ယခုအချိန်ထိ မသတ်မှတ်ရသေးကြောင်း သူက ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ ပထမဆုံး ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အစည်းအဝေးကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၃ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဥက္ကဌ ရွှေးချယ်ရေးနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲမူများ ပေါ်ပေါက်ခဲ့ပြီး ပါတီဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး စသည့်ရာထူးများအတွက် ရွေးချယ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပါတီတွင်းကလာသော သတင်းများအရ သိရသည်။
သို့အတွက် ပ-ခေါင်းဆောင်အဖြစ် ဦးအေးသာအောင်၊ ဒု-ခေါင်းဆောင်အဖြစ် ဒေါက်တာအေးမောင်တို့အား  ရွေးချယ်မှုဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။
ယခင် ရခိုင်ပါတီကြီး ၂ခုဖြစ်သည့် ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)နှင့် RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) တို့ တစ်ပါတီအဖြစ် ပူးပေါင်းဖို့ ရခိုင်လူထု၏ တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် ရခိုင်အမျိုးသားပါတီ (ANP) တည်ထောင်ရန် နှစ်ဘက်ပါတီခေါင်းဆောင်များက ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းနောက်ပိုင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရခိုင်အမျိုးသားပါတီ တည်ထောင်ခွင့်ကို ၂၀၁၄ခုနှစ် မတ်လ ၆ရက်နေ့က တရားဝင် ခွင့်ပြုခဲ့သည်။
ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) သည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် တတိယ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။     နိရဉ္စရာ-
5/08/2014
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ နယ်စပ် တပ်မှူးအဆင့်ဆွေးနွေးပွဲ ကော့စ်ဘဇားတွင် ပြုလုပ်
( ၉ မေလ ၂၀၁၄) / မောင်အေး
BGB_flag meeting
( ဓါတ်ပုံ- အင်တာနက်)
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ  နယ်စပ် တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားမြို့တွင် ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် စိတ်ကြွဆေးပြားများ မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်နေမူကို တားဆီးကာကွယ်ရန် အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မြန်မာတာဝန်ရှိသူများ အနေဖြင့် မြန်မာဘက်မှ ၀င်ရောက်နေသော စိတ်ကြွဆေးပြားများ ၀င်ရောက်နေမူကို တားဆီးပေးရန်  ဘင်္ဂလာနယ်ခြားစောင့် တပ်မှ တောင်းဆိုခဲ့သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ဆွေးနွေးပွဲမှာ  မြန်မာဘက်မှာ တည်ရှိနေတဲ့  စိတ်ကြွဆေးပြား စက်ရုံများကို ပိတ်ပေးဖို့နဲ့ မြန်မာဘက်မှ စိတ်ကြွ ဆေးပြားများ ဘင်္ဂလာသို့ ၀င်ရောက်နေတာတွေကို တားဆီးရာမှာ မြန်မာဘက်က  ကူညီပူးပေါင်းပါဝင်ရန်စတဲ့ အချက်တွေကို ဘင်္ဂလာအရာရှိတွေက တောင်းဆို ခဲ့ကြပါတယ်” ဟု ဆိုသည်။
၎င်းအပြင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
ဆွေးနွေးပွဲကို မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုဦးဆောင်သော ရဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိများ၊ အကောက်ခွန်အရာရှိများအပါအ၀င် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့သည်။
ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ဖလောင်းချိတ်ခရိုင် Depurty Director General, Khondoker Farid Hassan ဦးဆောင်ပြီး ၂၂ ဦးတက် ရောက်ခဲ့သည်။
နံနက်ပိုင်း ၁၁ နာရီခန့်က စတင်ခဲ့သော ဆွေးနွေးပွဲမှာ နေ့လည် ၂ နာရီကျော်တွင်ပြီးဆုံးသွားပြီး မြန်မာဘက်မှဆွေးနွေးပွဲ တက်ရောက်လာသူများမှာ ညနေ ၅ နာရီခန့်တွင် ပြန်သွားကြောင်း သိရသည်။                နိရဉ္စရာ-
မောင်တောနယ်မှ အိန္ဒိယ ကသည်းလူမျိုး (၃၃၇) ဦးတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်း
(- ၉ မေလ ၂၀၁၄) Khathay
အိန္ဒိယနိုင်ငံမှ လာရောက်ပြီး မြန်မာနိုင်ငံ အနောက်ဘက်နယ် စပ် မောင်တောမြို့နယ်တွင် ရွာတည်ပြီးနေကြသော ဘာသာမဲ့ ကသည်းလူမျိုး (၃၃၇) ဦးတို့သည် မေလ (၆) ရက်နေ့က ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြသည်ဟု သတင်း ရရှိသည်။
၎င်းဘာသာကူးပြောင်းသော အခမ်းအနားအား ရခိုင်ပြည်နယ်၊ မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
၎င်းကသည်းလူမျိုးတို့သည် ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တအရိယ၀ံသ၏ မေတ္တာရိပ်ကို ခိုလှုံကာ ဗုဒ္ဓ၏ အဆုံးအမတော်ကို ခံယူခဲ့ကြခြင်း ဖြစ်ကြောင်း အရှင်ကုမာရခေါ် ဦးဇင်းဘီလူးက ပြောသည်။
ကသည်းလူမျိုး (၃၃၇) ဦးထဲမှ အမျိုးသား (၁၈) ဦးသည် ရဟန်းဝတ်ခဲ့ကြသည်ဟု သိရသည်။
Khathay
ယင်းအခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီး ဦးလှမောင်တင်၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင် တိုင်းမှူး နှင့် ပြည်နယ်အစိုးအရအဖွဲ့ဝင်းများ ဌာနဆိုင်ရာ အရာရှိများနှင့်အတူ ဒေသခံပြည်သူ ၁၂၀၀ ကျော်တက်ရောက်ခဲ့ကြောင်း ဦးဇင်းက ဆက်လက် ပြောဆိုသည်။
၎င်းကသည်းလူမျိုးများအား ဗိုလ်ချုပ်ခင်ညွှန့် ထောက်လှမ်းရေး အကြီးအကဲဘ၀ဖြင့် ရှိနေစဉ် ၁၉၉၅ ပတ်ဝန်းကျင်က မောင်တောမြို့နယ် မြောက်ပိုင်း ငရံ့ချောင်းတွင် နေရာချပေးထားခဲ့သည်။
နေရာချပေးထားသည့် ရည်ရွယ်ချက်ကိုမူ ယခုအချိန် သဲကွဲစွာ မသိရှိရသေးကြောင်း မောင်တော ဒေသခံတို့က ပြောသည်။               နိရဉ္စရာ
သံတွဲနှင့် တောင်ကုတ်မြို့ကို ဇွန်လအတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး စပေးမည်
(- ၇ မေလ ၂၀၁၄) / မောင်အေး
( တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား တည်ဆောက်ထားသော မဟာဓါတ်အားလိုင်း ဓါတ်တိုင်တစ်ခု။)
( တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား တည်ဆောက်ထားသော မဟာဓါတ်အားလိုင်း ဓါတ်တိုင်တစ်ခု။)
အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄ သန်းနှင့် မြန်မာကျပ်ငွေ သန်းပေါင်း ၈၈၅၀၈ သန်း အကုန်ကျခံ တည်ဆောက်နေသော ရခိုင်ပြည်နယ် မဟာဓါတ်အားလိုင်း လျှပ်စစ် စီမံကိန်း ပထမ အဆင့် အနေဖြင့် သံတွဲနှင့် တောင်ကုတ်မြို့တွင် ဇွန်လမှ စတင်ကာ လျှပ်စစ်မီး စတင်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မီတာခ တယူနစ် ကျပ် ၅၀၀ ခန့်ပေးနေရရာမှ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိပါက ၃၅ ကျပ်ဈေးဖြင့် ရခိုင်ပြည်သူများ သုံးစွဲနိုင်ကြတော့မည် ဖြစ်သည်။
သံတွဲနှင့် တောင်ကုတ်မြို့အား မဟာဓါတ်အားလိုင်းမှ တဆင့် ဇွန်လအတွင်း လျှပ်စစ်မီး စတင် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်းကို ဧပြီလ ၂၀ ရက်နေ့က ယင်းဒေသသို့ ရောက်ရှိလာသူ လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောဆိုခဲ့သည်ဟု သံတွဲဒေသခံ ဦးမောင်တင်ဦးက ပြောသည်။
“ ၀န်ကြီးက သံတွဲမြို့နယ် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ တောင်ကုတ် ပင်မ ဓါတ်အားခွဲရုံကို ဧပြီလ ၂၀ ရက်နေ့က ရောက်ခဲ့စဉ်မှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့ကို လာမယ့်ဇွန်လမှာ မီးရရှိမယ်လို့ ပြောဆိုသွားခဲ့ပါတယ်” ဟု ဆိုသည်။
ယခုအခါ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် ဓါတ်မီးတိုင်များကို တောင်ကုတ်နှင့် သံတွဲဒေသတွင်သာမက ရခိုင်ပြည်နယ် အနှံ့အပြားတွင် စိုက်ထူနေပြီ ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်ဒေသခံ တစ်ဦးကမူ  ဇွန်လအတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးကို ၃၅ ကျပ်ဖြင့် သုံးစွဲခွင့်ရမည်ဟု ကြားသိရသော်လည်း လက်တွေ့သုံးစွဲခွင့်ရမှ ယုံကြည်နိုင်မည်ဟု ဆိုသည်။
“ ဒီလိုတော့ ကြားနေပါတယ်။ အခုအချိန်ထိတော့ မြို့ထဲမှာ ဘာမှ မတွေ့ရသေးဘူး။ ပုံမှန်အတိုင်းပါဘဲ ။ မြို့ပြင်ဘက်မှာတော့ မဟာဓါတ်အားလှိုင်း သွယ်တန်းနေတာ တွေ့တယ်။ အစိုးရက တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းပေးမယ်ဆိုရင်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရောက်လာမှဘဲ ဟုတ်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ဓါတ်အားစနစ်နှင့် ဆက်သွယ်မည့်  စီမံကိန်းတစ်ခုအား ဆောင်ရွက်နေပြီး စီမံကိန်း ပြီးစီးပါက သံတွဲ၊စစ်တွေ၊မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ အမ်း၊ မောင် တော၊ မအီ၊ ကျောက်ဖြူ ရမ်းဗြဲနှင့် မဒေး ကျွန်းတို့ကို ဖြန့်ဖြူပေးနိုင်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ငွေ အပါအ၀င် အိန္ဒိယနိုင်ငံမှ ချေးငွေများနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖေါ် တည်ဆောက်နေပြီး စက်တပ်ဆင်မှုစွမ်းအား ၁၁၁ မီဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ၃၈၆ ကီလိုဝပ်ထုတ်လုပ်မည်ဖြစ်သည်ဟု သိရသည်။
ယခုအခါ စီမံကိန်း ၃၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်သူများကမူ ရွှေဂတ်(စ်)စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံးကို လျှပ်မီး ၂၄ နာရီပေးရန် လိုလားနေကြသည်ဟု သိရသည်။ နိရဉ္စရာ
ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည့်ကိစ္စ ဘူးသီးတောင်ဒေသခံတို့မေးမြန်း
(နိရဉ္စရာ- ၇ မေလ ၂၀၁၄) Arakan Army (AA)
ရက္ခိုင့်တပ်မတော်- Arakan Army ( AA) မှ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်ဦးစီးသော ကိုယ်စားလှယ်အဖွဲ့နှင့် ဘူးသီးတောင်မြို့ ဒေသခံတို့ ယနေ့ နေ့လယ်က တွေ့ဆုံရာ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်ဆိုသည်မှာ ဟုတ်မှန်ပါသလားဟု ဒေသခံတစ်ဦးက မေးမြန်းခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဗေဒါပျံက နိရဉ္စရာသို့ သတင်း ပေးပို့သည်။
ရက္ခိုင်တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေလယ်က ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ ဆိုက်ရောက်လာခဲ့ကြရာ ပြည်သူ တစ်ထောင်ခန့်က စီတန်းကြိုဆိုခဲ့ကြသည်။ ယင်းနောက်ပိုင်း ဘူးသီးတောင်မြို့၊ အေးစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတွင် မြို့လူထုနှင့် တွေ့ဆုံရာဒေသခံ ပြည်သူတစ်ဦးက“ ကမန်လူမျိုးများကို ရက္ခိုင့်တပ်မတော်တွင် တပ်ဖွဲ့ဝင်များအဖြစ် လက်ခံမည်ဟု Facebook တွင် တွေ့ရှိကြောင်း၊ ၎င်းကိစ္စ မှန် မမှန် ရှင်းလင်းပေးစေလိုကြောင်း” မေးမြန်းခဲ့သည်ဟု ဆိုသည်။
ယင်းသို့  ပြည်သူတစ်ဦး၏ မေးမြန်းချက်ကို ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဟန်က
“ ရခိုင့်တပ်မတော်အနေနဲ့ တင်ပြရဖို့ဆိုရင် ကမန်လူမျိုးဆိုတာ ရခိုင် တစ်ပြည်နယ်လုံးမှာ အမှန် သုံးသောင်းလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ရန်ကုန်တစ်ခုတည်းမှာ ကမန်အမည်ခံပြီး နေထိုင်သူ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်ကလည်း ကမန်လူမျိုးဆိုတာ တိုင်းရင်းသား (၁၃၅)မျိုးထဲမှာ ပါနေသလို ရှေးယခင် ရခိုင်မင်း အဆက်ဆက် ကလည်း လေးသည်တော်အဖြစ်ခန့်အပ်ပြီး ရခိုင်မျိုးနွယ်စုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရှောင်ရှုခန်ဗလီဆိုပြီး ဆောက်ပေးခဲ့တာတောင်ရှိတယ်။ နောက်တစ်ဖက်က ဘင်္ဂလီတွေဟာ သူတို့လိုချင်တဲ့ နာမည်အသုံးအနုန်း အတိုင်း သုံးခွင့်မရခဲ့တဲ့အခါ ကမန် ဆိုတဲ့ လူမျိုး အမည်ကို ပြောင်းသုံးဖို့ စိတ်ပြင်းပြလာကြပါတယ်။ ဒီတော့ သုံးသောင်းလောက်ရှိတဲ့ ကမန်လူမျိုးတွေကို ကျွန်တော်တို့ ဘက်ကို သွင်းမလား၊ ဒါမှမဟုတ် သန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလီတွေကို ကမန် လူမျိုးအမည်ခံဖို့ အသုံးပြုခွင့် ပေးမလားဆိုတာ တော်တော်ကြီးကို အလေးအနက်ထား စဉ်းစား ရပါလိမ့်မယ်။ တကယ်လို့သာ သူတို့ကို ကျွန်တော်တို့ ရင်ခွင်ထဲကို မစည်းရုံးနိုင်ခဲ့ရင် ကမန်တွေက ဘင်္ဂလီတွေဘက် ပါသွားခဲ့ပြီး ကမန်အတုလုပ်သူ ဘင်္ဂလီတွေကို ကမန်မျိုးနွယ်စုပါလို့ ထောက်ခံလာခဲ့မယ်ဆိုရင် အန္တရာယ်ဟာ ပိုကြီင်္းထွားလာနိုင်ပါတယ်။ ဒါကို အလေးအနက်ထား စဉ်းစားရပါမယ်။ ဒါက ကျွန်တော့်ရဲ့ သဘောထားပါ။ ဒါကို ရက္ခိုင်တပ်မတော်မှာ လက်ခံဖို့ကို တင်ပြသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ သူတို့ကို စစ်သည်တော်အဖြစ် လက်ခံစေချင်တာလဲဆိုရင် ဒီနေ့နိုင်ငံရေးအခင်းအကျင်းမှာ အိုအိုင်စီ အပါအ၀င် သူရဲ့ အဖွဲ့ဝင် နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေကို ကျွန်တော်တို့ ရခိုင်တွေက တိုက်ခိုက်နေတယ်လို့ စွပ်စွဲနေကြတယ်။ ကျွန်တော်တို့က အစ္စလာမ်ဘာသာကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က မတရားကျူးကျော်သူ ဘင်္ဂလီတွေကို ခုခံနေတာသာဖြစ်တယ်။ ကမန်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံခြင်းအားဖြင့် အစ္စလာမ်ဘာသာဝင်တွေကို ဦးတည် တိုက်ခိုက်တာမဟုတ်ကြောင်း ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်း တစ်ခု ဖြစ်လာပါမယ်”ဟု ဖြေဆိုသည်။
Arakan Army (AA)
သို့သော်လည်း သူက လက်ခံမည့် ဆိုရာတွင် အကန့်အသတ်ကြောင်း၊ မိမိလုံခြုံရေးအတွက် အချိုးကျ လက်ခံနိုင်မည့် အင်အားကို သတ်မှတ်ရမည် ဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်၏ အခြေအနေ၊ နိုင်ငံတကာ၏ နိုင်ငံရေး အခင်းအကျင်းအရ သုံးသပ်ချက် ဖြစ်ကြောင်း၊ ယင်းကို  ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြခဲ့ပြီ ဖြစ်ကြောင်း၊  ဒီကပြန်ရင် ရခိုင့်တပ်မတော်မှာ တင်ပြသွားမည် ဖြစ်ကြောင်း ဖြေဆိုသွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA နှင့် အမြန်ဆုံး ပူးပေါင်းနိုင်ရန် ညှိနှိုင်းမှုများ ရှိနေပြီဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
ရက္ခိုင့်တပ်မတော်သည် ရခိုင်ပြည်နယ်စပ် လုံခြုံရေးအတွက် တာဝန်ယူသွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအများကြီးရှိကြောင်း၊  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆွေးနွေးပွဲများတွင်လည်း တင်ပြ ဆွေးနွေးနေကြာင်း၊ အစိုးရနှင့်ရော တပ်မတော်နှင့်ပါ ညှိနှိုင်းနေကြောင်း ဗိုလ်မှူးကြီး ကျော်ဟန်က ရှင်းပြပြောဆိုသည်။
ရက္ခိုင့်တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်(၁၄)ဦးပါဝင်ပြီး ယနေ့ နေ့လယ် ၃ နာရီခွဲခန့်တွင် မောင်တောမြို့သို့ ဆက်လက် ထွက်ခွါသွားခဲ့ကြသည်ဟု သိရသည်။
5/06/2014
မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသူ ရွှေချောင်း (၆)ချောင်းနှင့်ဖမ်းမိ
( ၆ မေလ ၂၀၁၄) / မောင်အေး
gold-bar
(ဖမ်းမိသောရွှေချောင်းများ)
ဘင်္ဂလာဒေခ်ျ့သို့ အလည်ပတ်သွားရောက်သူများကို ထုတ်ပေးသည့် မြန်မာနိုင်ငံကူး လက်မှတ်အတုဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုး တစ်ဦးကို ရွှေချောင်း (၆) ချောင်းနဲ့အတူ စစ်တကောင်းမြို့တွင် ဘင်္ဂလာရဲက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီး ခံရသူမှာ မိုဟာမတ် ဆာလာမ် (၄၅) နှစ်ဆိုသူဖြစ်ပြီး၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဖြစ်ကြောင်း စစ်တကောင်းရဲတာဝန်ရှိသူက သတင်းထောက်များသို့ ပြောကြားသည်။
စစ်တကောင်းမြို့ ရှောဟောလ်အာမင် တံတားအနီးတွင် မသင်္ကာမကင်းရာမှ ရဲကစစ်ဆေးစဉ် သူစီးလာသော  ဖိနပ်အထဲမှ အလေးချိန် ၁၀ ဂရမ်စီရှိသော ရွှေချောင်း ၆ ချောင်းကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
သူသည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ကို တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ၀င်ရောက်လာသူ ဖြစ်သည်ဟု ဆိုသည်။     နိရဉ္စရာ-
စစ်တွေသို့ ရောက်ရှိနေသောရက္ခိုင့်တပ်မတော်ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
( ၆ မေလ ၂၀၁၄) / မောင်အေး
111
(ဓါတ်ပုံ- Ray Lum Kyaw)
စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော် (AA)မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရဟန်း သံဃာတော်များအပါအ၀င် ဒေသခံ စစ်တွေလူထုနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။
တွေ့ဆုံပွဲကို ယင်းနေ့ နံနက်ပိုင်းက စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ အောင်မြေကုန်းဘုန်းတော်ကြီး ကျောင်းတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပြုလုပ်ခဲ့သည်။
စစ်တွေလူထုနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြသည့် အကြောင်းအရာများကို ရက္ခိုင့် တပ်မတော်မှ ဒုဗိုလ်မှူးကြီး ကျော်ဟန်က ယခုကဲ့သို့ပြောသည်။
“ ကျွန်တော်တို့က ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံရဲ့ အတွေ့အကြုံ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနဲ့ လုံခြုံရေးအတွက် ဘာတွေလုပ်သင့်တယ်၊ အဲဒီနေရာမှာ လုံခြုံရေးအတွက် ရက္ခိုင့်တပ်မတော်အနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ အသင့်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောဆိုဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တွေ့ဆုံပွဲကို စစ်တွေမြို့မိမြို့ဖများ၊ ရခိုင်လူမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ရဟန်းသံဃာတော်များနှင့် လူငယ်များ တက်ရောက် ခဲ့ကြသည်။
ရက္ခိုင့်တပ်မတော် အပေါ်အမြင် သဘောထားများကိုလည်း မေးမြန်းခဲ့ကြကြောင်း ဒုဗိုလ်မှူးကြီးကျော်ဟန်ကပြောသည်။
“ ဘာကြောင့် ရက္ခိုင့်တပ်မတော်ကို တည်ထောင်ရသလဲ။ ရက္ခိုင့်တပ်မတော် သဘောထားက ဘယ်လိုရှိလဲ။ ရက္ခိုင့်တပ်မတော်ရဲ့ ရပ်တည်ချက်တွေကဘာတွေလဲ စသဖြင့်ပေါ့လေ တက်ရောက်လာတဲ့သူတွေက မေးကြတာတွေရှိပါတယ်။ လူထုက ကျနော်တို့ရဲ့ အခြေအနေကို အရမ်းသိချင်ကြတယ်။ ကျနော်တို့ကလည်း  ပြန်လည် ရှင်းပြ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်သူများနှင့် ရက္ခိုင့်တပ်မတော်သားများ တွေ့ဆုံခွင့်ရသည့်အတွက် ရက္ခိုင့်တပ်မတော်နှင့် ပြည်သူ ကြား တွင်ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလန်းတစ်ခု ဖြစ်ကြောင်းလည်း သူကဆိုသည်။
(ဓါတ်ပုံ- Ray Lum Kyaw)
(ဓါတ်ပုံ- Ray Lum Kyaw)
“ ကျွန်တော်တို့က ရခိုင်ပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေ၊ မျှော်လင့်ချက် တွေကိုလဲ သိရသလို ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်သူတွေအပေါ် ဘယ်လို သဘောထား ရှိတယ်။ ပြည်သူနဲ့ ရက္ခိုင့် တပ်မတော် တသားတည်းရှိတယ်ဆိုတာကို ပြောပြခွင့်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ ရပ်တည်ချက် ကိုလည်း ပြည်သူတွေသိခွင့်ရတယ်။ ပြည်သူတွေရဲ့ ဘဘောထားတွေကိုလည်း သိခွင့်ရတဲ့အတွက် အပြန်အ လှန် နှစ်ဘက်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလန်းရရှိခဲ့ပါတယ်” ဟု ဆိုသည်။
ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များအနေဖြင့် ယခုခရီးစဉ်တွင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီ အစဉ် တချို့ရှိကြောင်း၊ အစိုးရအနေဖြင့် သူတို့အပေါ် မည်သို့သဘောထားမည်ကို မသိရှိကြောင်း၊ ရက္ခိုင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်သူများလိုလားသည့် လုံခြုံ၊ တိုးတက်ရေး အချက်များကို အစိုးရကို တင်ပြ တောင်းဆို ထားမှုများရှိကြောင်း၊ အစိုးရအနေဖြင့် ယင်းတောင်းဆို အချက်များအပေါ် မည်သို့ အကောင်အထည် ဖော်မည်ဆိုသည်မှာ အစိုးရနှင့်သာသက်ဆိုင်မည်ဖြစ်ကြောင်း သူကပြောဆိုသွားသည်။
ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များမှာ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံတက်ပြီး မေလ ၄ ရက်နေ့က စစ်တွေမြို့ သို့ ရောက်ရှိလာခြင်းဖြစ်သည်။
စစ်တွေမြို့သို့ ရောက်ရှိလာသည့် ရက္ခိုင့်တပ်မတော် ကိုယ်စားလှယ်များကို ထောင်ပေါင်းများစွာသော စစ်တွေ မြို့ခံများက ကြိုဆိုခဲ့ကြသည်။ နိရဉ္စရာ-
DPA နှင့် NUPA ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မီတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံ
( ၆ မေလ ၂၀၁၄) DPA & NUPA
ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA)နှင့် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေး ပါတီ(NUPA) တို့မှ ခေါင်းဆောင်များသည် ယမန်နေ့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် ရန်ကုန်မြို့ MPC ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ DPA  ခေါင်းဆောင်များ ဖြစ်ကြသော ဦးသိန်းဖေ၊ ဦးထွန်းအောင်ကျော်၊ ဦးညီညီလွှင်နှင့် NUPA ခေါင်းဆောင်များဖြစ်ကြသော ခိုင်မြ၀ါနှင့် ဦးမောင်အေးချမ်းတို့ အတူတကွ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
တနိုင်ငံလုံး အပတ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးတည် ဆောက်ရေးလုပ်ငန်းစဉ်များဖြစ်သော ကျယ်ပြန့်သည့် အမျိုးသားညီလာခံဖြစ်ပေါ်ရေး ထိုမှတဆင့်ဖက်ဒရယ်မူ ပေါ်တွင်အခြေခံ ပြီး အမျိုးသားသဘောတူ ပဌိညာဏ်စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မီတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မီတီအဖွဲ့ဝင်များနှင့် နှင့် မေလ (၅)ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် MPC အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့များမှ ယမန်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
ယင်းပြင် ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် DPA နှင့် NUPA တို့ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရရှိ ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်း ကျေညာချက်တွက် ဖေါ်ပြသည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာဖြစ်သော ပြည်တွင်းစစ်နှင့် နှစ်ရှည်လများဖြစ်ပွားလျှက်ရှိသောပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေး နိုင်ငံရေးအရဖြေရှင်းရန် နည်းလမ်းကောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ကျေညာချက်က ဆိုသည်။
ဆွေးနွေးပွဲတွင် MPC ဘက်မှ အောက်ပါအချက်အလက်များအား သဘောတူညီမှု ရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။
၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် မပါဝင်နိုင်သော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြု လုပ်သွားမည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီအဖွဲ့အစည်းများအဖြစ် အသိအမှတ်ြ့ပုသည်။
၂။ နိုင်ငံရေးသဘောတူညီချက် ဆွေးနွေးပွဲများ မစတင်နိုင်မီကြားကာလတွင် DPA နှင့် NUPA ခေါင်းဆောင် များအား ရခိုင်ပြည်နယ်အတွင်း သွားလာခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများအား အကြောင်းကြား၍ သွားလာ ခွင့် ပြုလိုက်သည်။
၃။ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ခွင့်ပြုသည်။ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းကလည်း ပါတီနှစ်ရပ်စလုံးမှ ပါတီခေါင်းဆောင်များအား တနိုင်ငံလုံးး အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ကြားကာလတွင်ပင် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော AA(Sourth), AA(North),
ALP, DPA နှင့် NUPA တို့သည် တစုတစည်းတည်း အများ သဘောတူညီသည့် အဖွဲ့အစည်းခေါင်းစဉ် တခုအောက်တွင် စုစည်းသွားနိုင်မည်ဆိုက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ပိုမိုထိရောက်သွားမည် ဖြစ်သောကြောင့် ပါတီများအားလုံးစုစည်း အဖြေရှာသွားရန် အထူးအလေးထား တိုက်တွန်း သွားကြောင်း ဖေါ်ပြသည်။
DPA & NUPA
အဆိုပါကိစ္စများအား ဆောင်ရွက်ရန်သဘောတူညီချက် ရသည်ဆိုပါက မိမိတို့ အစိုးရ အနေဖြင့် အစွမ်းကုန်ကူညီ သွားမည်ဖြစ်သည်ဟု ကတိက၀တ်ပြုခဲ့ကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။
DPA ပါတီသည်ယခင် ရခိုင်ပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းများ တည်ထောင်ထားသည့် အဖွဲ့ဖြစ်ပြီး နှစ်ပေါင်း(၅၁)နှစ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းကော်မီတီ(UPWC) ဒုတိယ ဥက္ကဌ ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကိစ္စများကို ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
၁၉၆၃-ခုတွင် တော်လှန်ရေးကောင်စီ ဥက္ကဌ ဦးနေ၀င်း နှင့်လည်း အလားတူ ဆွေးနွေးခဲ့သော်လည်း ရခိုင်ပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဖြစ်သူ ဦးကျော်စံရွှီမှ ရခိုင်ပြည် သမ္မတ နိုင်ငံ ထူထောင်ရန် တောင်းဆိုမူကြောင့် ဆွေးနွေးပွဲမှာ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။
NUPA သည် ၁၉၉၄-ခုနှစ် ဖွဲ့စည်းတည်ထောင်ပြီး နှစ်(၂၀)ကျော်အတွင်း နိုင်ငံတော်အစိုးရနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပါတီ ကိုယ်စားလှယ်များသည် ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ပြီးနောက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရမှ ဖွဲ့စည်းပေးထားသော ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။         နိရဉ္စရာ-
5/05/2014
ကျားနက်ကန်သား/သူ ချေတိ
ကျား နက်ကန်သားချေ  သူချေ  တိပါ ပါရေပိုင် ကျားနက်ကန်က အကြီးကဲတိနှင့် 
ကျားနက်ကန်  ရွှာကပုံတိနှင့်   နှိုင်ငံခြားကိုရောက်နီကပ်တေ  ကျားနက်ကန် သူ သား ချေတိ
ပါဝင်ပါရေ    ထိုင်း မြန်မာ မလေးသျှား  အမေရိက  ကိုးရီးယား နယူးယောက် ဒူပိုင်း  အစပါဝင်ပါရေ
စာတိကိုတောေ၇းလို မထားလိုက်ပါယာ   မှတ်လို့ မရရေပုံတိရှိကေ မီးကြည့် လို့ ရပါရေ
ကျေးဇူးတင်ပါရေ         ကျားနက်ကန် သားချေ ဇေယျာ ကျနှော် FACEBOOK အကောက်ပါဒေ
         ZAY YAR TUN     အကောက်   youtube မှာ ကြည့် ချင်ကေ ကျားနက်ကန်သားချေတိ
လုပ်ထားစော်တိ ဒေ မှာပါဒေ
ကျားနက်ကန် သားချေ             ဇေယျာထွန်း လုပ်ထားစော်  အေမှာ နှစ်ပါ
ကျားနက်ကန်သားချေ       ကိုအောင်အောင်လုပ်ထားစော်  အေမှာ နှစ်ပါ
ကျားနက်ကန်သားချေ       ကို နေမျိုးမင်းလင်း :P               အေမှာ နှစ်ပါ
FACEBOOK     GROUP  ကျားနက်ကန်သားချေတိ    အေမှာနှစ်ပါ             အေမှာနှစ်ပါ
 အေချင့်ကတောခါ  ကျားနက်ကန်သားချေ ဇယျာထွန်းပါ  K.N.K  ZAY YAR TUN 
 ကျနှော် သူငယ်ချင်းချေတိနင့် ကျားနက်ကန် သူချေတိ 
 ရွှာမှာ ဆွန်းကျွေးပွံအမှတ်တရပါ   soe kochay
 စေတီ ကို ပြုပြင်ထားရေ နှစ်ကပုံပါ soe kochay
 ဆွမ်းကျွေးပွဲ အမှတ်တရ     soe kochay
            ကျားနက်ကန် ရွှာ သီးရွှေစေတီ  ပုံ soe kochay
   ကျားနက်ကန် သား/သူချေတိ ပုံ Zခေတ္တမလေးသျှား   ZAY YAR TUN
 ကျားနက်ကန် သားချေတိ ခေတ္တမလေးသျှား   ပုံ ZAY YAR TUN
 ကျားနက်ကန် သားချေတိ ခေတ္တမလေးသျှား   ပုံ ZAY YAR TUN
 ကျားနက်ကန်  win aung zaw
 ကျားနက်ကန်  win aung zaw
ကျားနက်ကန်  win aung zaw
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ