
ဘင်္ဂလာနယ်ခြားစောင့်တပ်မှ
ယခုလို RPG နောက်ပွင့် လောင်ချာများဖြင့် စစ်ရေး လေ့ကျင့်နေချိန်တွင်
မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်မှီလက်နက်များကို
လူတိုင်းစေ့ မကိုင်နိုင်သေး။ (photo-Internet)
“ နယ်ခြားစောင့်စခန်းများကို တိုးချဲ့ရခြင်းမှာ လက်နက်မှောင်ခိုမှုနှင့် တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို တိုက်ဖျက်ရန်ဖြစ်ကြောင်း” ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Abul Hasnat Md Khairul Bashar က ပြောဆိုသည်။
ယင်းကင်းစခန်းများကို ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆရီမြို့နယ်၊ လမားမြို့နယ်နှင့် ရုံမော်မြို့နယ်တို့တွင် တည်ဆောက်သွားမည်ဟုဆိုသည်။
ယင်းဒေသများသည် မြန်မာနိုင်ငံဘက်မှ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့တို့နှင့် ထိစပ်နေသော နယ်မြေများ ဖြစ်ကြပြီး အလွန်တောတောင် ထူထပ်ကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များသည် နယ်စပ် ကင်းစခန်းများကို မြန်မာနယ်စပ်တွင်သာမက အိန္ဒိယနှင့် ထိစပ်နေသော နယ်စပ်တလျှောက်တွင်လည်း နယ်စပ် ကင်းစခန်း (၅၀) ကို တိုးချဲ့သွားမည်ဟု ဆိုသည်။
ကီလိုမီတာ ၄၄၂၇ ရှည်လျားသော မြန်မာ-အိန္ဒိယ ဆက်စပ်သော နယ်စပ်တလျှောက်တွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် စခန်းပေါင်း ၅၅၀ ရှိကြောင်း သိရသည်။
ယခု အစီအစဉ်သည် ၂၀၁၁ နှစ်ကတည်းက ဘင်္ဂလာအစိုးရမှ ချမှတ်ထားသော အစီအစဉ် တစ်ခု ဖြစ်ကြောင်း၊ ယခုအခါ လက်တွေ့အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ အချို့စခန်းများကို စတင် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ယင်းဗိုလ်ချုပ်က ဆိုသည်။ နိရဉ္စရာ-
No comments:
Post a Comment