လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

5/15/2013

မဟာစင်မုန်းတိုင်း နက်ဖန်စောစော ဘင်္ဂလာကိုဖြတ်ဖို့ တရားဝင်ကြေညာ

မေလ(၁၆)ရက် မိုးထစောစော မဟာစင်လို့ နာမေပီးထားရေ မုန်းတိုင်းကြီးရေ မြန်မာနိုင်ငံကို ထားပစ်ခပနာ ဘင်္ဂလာချေ့် နိုင်ငံသို့ အရှိန်ပြင်းစွာနန့်  ဖြတ်ကျော်လားဖို့လို့ ဘင်္ဂလာအစိုးရ မိုးလီဝါသနန့် ဇလဗေဒဌါနက တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း လေးဝတီကသတင်းရဟိပါသည်။

မုန်းတိုင်ဖြတ်ကျော်စဉ်အတွင်း တနာရီကို မိုင်(၈၀-ကနီ ၉၀ )နုန်းနန့် လီပြင်းတိုက်ခတ်လာနိုင်ကြောင်း လီပြင်းနန့်အတူ အမြင့်ပေ(၅-ပေကနီ ၇-ပေ)ထိ ရီပါ တက်လာနိုင်ရေလို့ ကြေညာချက်မှာဆိုသည်။

အဓိကဖြတ်ကျော်လားဖို့နီရာတိက မြစ်ကမ်းနားဒေသတိဖြစ်တေ တက္ကနာ ဖလောင်းချစ် စစ်တကောင်းမြို့   ဘောရီးချတ်(ခေါ်) ဘင်္ဂလားအဝကျွန်း (ကံဆိပ် ရခိုင်လူမျိုးတိနီထိုင်ရေ) ဒေသတိကို စိုးရိမ်သတိပီးချက်အမှတ် အနီရောင်အဆင့်(၇)ပီးထားကြောင်းနန့် မောင်လ(ခူလ်းနာ) ကမ်းခြီကို အဆင့်(၅)သတိပီးထားရေလို့ ဆိုပါရေ။

မဟာစင်မုန်းတိုင်းကိုရင်ဆိုင်ဖို့ ဘင်္ဂလာအစိုးရက ကြိုတင်ပျင်ဆင်ချက်တိနန့် ပတ်သက်လို့ လူ့အခွင့်အရီးစောင့်ရှောက်ရီး အဖွဲ့ဝင် ဖလောင်းချိတ်တာဝန်ခံ ကိုကျော်ဇောအောင်ကို လေးဝတီကမီးရေခါ ” အစိုးရက ကမ်းခြီဒေသတိကို အရီးစိုက်ပနာ ကယ်ဆယ်ရီးလုပ်သား ဆရာဝန် မုန်းတိုင်းအထူးသတိပီးရေ လက်ကိုင်မိုက် လော်စပီကာကြီးတိနန့် နာရီဝက်တခါ ကျေညာပြီးကေ လုံခြုံရီးအဖွဲ့ဝင်တိပါ ဆက်တိုက်ကူညီနီကတ်ပါရေ ပင်လယ်နားမာနီထိုင်ကတ်တေ လူတိကို ဘေးလွတ်ရာ ကယ်ဆယ်ရီး ဆိုင်ကလုန်စင်တာတိကို ပို့ဆောင်ပီးနီပါရေ ဈီဆိုင်တိနန့် ကွန်ပျူတာဆိုင်တိ ပိတ်နီကတ်ပါဗျာယ် လီကြောင်းပျံသန်းမှူတိကို ဂနိန့်ည(၄)နာရီကပင် တနိုင်ငံလုံး ပိတ်ဖို့လို့ ကျေညာနီပါရေလို့” ပြောသည်။

တနိုင်ငံလုံးဟိ ဆိုင်ကလုန်ဆင်တာတိကို အသက်ကြီးတိ အချေအငယ်တိနန့် ကျွဲနွားတိရစ္ဆာန်တိကို ပြောင်းရွှိနီကြောင်း ဗုဒ္ဓဘာသာရခိုင်လူမျိုးတိ နီထိုင်ရေ ဖလောင်းချိတ်ခရိုင် ကယုချောင်း မြစ်နားရွာ နီလာ ခြံချောင်း ဖလောင်းချိတ် မဟာဇော သော်ဒီဂျာ အစဟိရေ ရွာတိကို လူမျိုးရေးအရ သီးသန့်ကူညီပီးစွာတိ အားနည်းနီရေလို့ သူကဆက်ပြောပါရေ” ကျွန်တော်ရို့  ရခိုင်သားတိကို မုန်းတိုင်းအတွက် ကာကွယ်ပြင်ဆင်ဖို့  သီးသန့်လားရောက် ကူညီပီးစွာတိမဟိပါ ကိုယ်ရို့အသိနန့် ကိုယ်ရို့နီးစပ်တေ ကယ်ဆယ်ရီးစင်တာတိကို လားနီကတ်ပါရေလို့ ”ပြောလားပါရေ။

မုန်းတိုင်းသတိပီး ကျေညာစွာတိမာ ခြောက်သွိရေအစားအစာတိနန့် သောက်ရီဗူးကြီးတိကို ကိုယ့်အိမ်ခြံဝိုင်းမာ အနက်ပေ(၁)ပတ်လည်တူးပနာ ပလပ်စတစ်အထပ်ထပ်အုပ်လို့ မြီမြုတ်ထားဖို့ ဓါတ်မီး ဂစ်ဆ်မီးဆွဲ ခြုံထည်ပဆိုးပါးပါးချေ သတိပီးအနီရောင်အလံတခု ရီနံဆီမှန်အိမ်တလုံး သံပလွီတလုံး မိုဘိုင်းဖုန်းစရေစွာတိကို အားသွင်း ဆီဖြည့်ထားကတ်ဖို့ အိမ်နားကသစ်ပင်ကြီးတိကို ခွတ်ပနာရှင်းထားဖို့ ဝမ်းပျက်ရောက်ဂါ အတွက်ဆလိုင်ရည် ဖျော်သောက်ဖို့ ဆီးပစ္စည်းတိစုထားကတ်ဖို့ စရေ သတိပီးချက်တိနန့် ကျေညာပီးနီကြောင်းလေးသိရပါသည်။

ဘောရီးချတ်(ခေါ်)ဘင်္ဂလားအဝကျွန်းက ရခိုင်ဖွဲဖြိုးရီးဥက္ကဌ ကိုအေးမောင်ကို လေးဝတီကဆက်သွယ်ရေခါ ”ကျွန်တော်ရို့ အဝကျွန်းမာ နီကတ်တေ ရခိုင်သားတိက မုန်းတိုင်းနန့် မစိမ်းကတ်ပါယာ ခေတ်အဆက်ဆက် မုန်းတိုင်းတိကို ရင်ဆိုင်ဖူးခပါရေ အေဂုအစိုးရက မြို့နယ်လေးခုမာ ဆိုင်ကလုန်စင်တာ(၆၀)လောက်ဆောက်လို့ဟိပါရေ ကုလားတိ

က ဂွကျစွာ စင်ကလုန်စင်တာကို မလားကတ်ပါ ယေနန့် လွန်ခရေ နာရ့်ဂစ်ဆ်မာ ကုလားလးမျိုးတိ အများကြီးသီဆုံးလားပါရေ အေနိကပင်အဝကျွန်း ကံဆိပ်ကျွန်းမာ လီပြင်းချေတိနန့် ပင်လယ်လှိုင်းအော်သံ ကျွက်ကျွက်ဆူနီပါယာလို့ ” ပြောပြပါသည်။

ဘင်္ဂလာအစိုးရ ရုပ်သံတိမာ တရားဝင်ကျေညာပီးနီစွာတိက မဟာစင်မုန်းတိုင်းရေ မြန်မာနိုင်ငံကို ချန်ပစ်ခပနာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို နက်ဖန်မိုးထစောစော ဝင်ေ

ရာက်ဖြတ်ကျော်ဖို့လို့ အတိအကျမီဒီယာတိက ထုတ်လွှင့်နီကတ်စွာနန့် ပတ်သက်လို့ (C 24) ရုပ်သံသတင်းထောက်ကို လေးဝတီကဆက်သွယ်ရေခါ သူကအေဂုပိုင်ရှင်းပြပါသည်။” ဇလနန့်မိုးလေဝါသက တိုင်းစွာရေ တနာရီကို(၂၈)မိုင်နှုန်းနန့် ရွိလာရေခါ ကီလိုမီတာရီမိုင်တိကို ပျမ်းမျှအသေးစိပ်တွက်ချက်ကေ နောက်(၁၆)နာရီမာ မုန်းတိုင်းဝင်ဖို့ ပြီးကေဖလောင်းချိတ် ခရိုင်တခုလုံးမာ ဆိုက်ကလုန်စင်တာပေါင်း (၁၀၈၆)ခုဟိနီခါ ပြဿနာမဟိပါ ရာသီဥတုကမိုးထကပူနီပြီးကေ တနားချေမာ မိုးရိပ်အုံးလားပါရေ  အေဂုမိုးရွာနီပါဗျာယ် မြစ်ကမ်းခြေတိနန့် အပြင်မာထွက်လားနီကတ်တေလူတိကို အိမ်ထဲမာနီဖို့ လုံခြုံရီးတိက လားခိုင်းနီပါရေ ကားတိနန့် အလံအနီချိုင်ပနာ အပင်တိတိုက်တာအဆောက်အဦးတိမာ အားလုံးအလံအနီတိ ထောင်ခိုင်းထားပါရေ”လို့ဆိုသည်။

မြန်မာနိုင်ငံကလွတ်တေဆိုကေလေး ရခိုင်ပြည်ကမ်းရိုးတန်း ဒေသတိဖြစ်တေ မောင်တောမြို့ နယ် စစ်တွေမြို့ နယ်တိ လွတ်လီဖို့လားလို့ မောင်တောကို ဆက်သွယ်ရေခါ ဒေသခံတယောက်က” ကျွန်တော်ရို့ မောင်တောမာ အစိုးရနန့် (NGO)အဖွဲ့ဝင်တိကတော့ ကားတိနန့် ဘေးလွတ်ရာကို ပြောင်းပီးနီပါရေ ဂွကျစွာက မုန်းတိုင်းကယ်ဆယ်ရီး အဆောက်အဦးမဟိရေ အတွက် ဘုန်းကြီးကျောင်းတိမာ ပြောင်းပီးနီကတ်ပါရေ သုံးမိုင်လေးမိုင် ဖက်တိကျခါ ဝီးပါရေ ကားတိကလေး မလောက် အစိုးရလေးမပီးနိုင်ရေခါ လိုက်မမီနိုင်ပါလို့” ပြောသည်။

ရခိုင်ပြည်တခုလုံးမာ နီထိုင်ကတ်တေ ဒေသခံတိကို ဆရာတော်ကြီးတပါးက သဘာဝဘေးအန္တရယ်အတွက် ပန်း နံသာ ဆီမီး ကုက္ကါး ကြက်ယှာ ရီ အစဟိရေ ပစ္စည်းတိနန့် ဘုန်းကြီးကျောင်းကို လားပနာ ပူဇော်ပသကေ အန္တရယ်ကလွတ်ဖို့လို့ ပြောရေအတွက် အေဂုပိုင် ယတြာယာယီလုပ်နီရေလို့ မြေပုံမြို့ နယ်ကဒေသခံ တယောက်က ရှင်းပြပါရေ။

ကြိမ်ချောင်း င/ခူရအစဟိရေ နီရာတိမာတော့ မုန်းတိုင်းလာကေ ဇာကိုလားရဖို့ ဇာနီရာမာ ခိုလှုံရဖို့စွာကို အစိုးရက သတိပီးစွာတိ လုံးဝမဟိလို့ ကြိမ်ချောင်းက ဒေသခံတယောက်ကပြောပါသည်။ တိုးတက်လို့ ဆက်သွယ်ရီးအားကောင်းရေ ခေတ်မာ အိမ်နီးချင်းဘင်္ဂလာဒေခ်ျ့ နိုင်ငံနန့် အတူ ဆိုင်ကလုန်စင်တာ ဆောက်လုပ်ပီးစွာမျိုး လုံးဝမဟိသိမ့်ရေ အတွက် ဒေသခံတိက အထူးစိုးရိမ်နီရေလို့ ပြောပြကြောင်း သိရပါသည်။      လေးဝတီမှတဆင့်  လင်း <a href="


http://www.arakanlaywaddy.com/?p=2905


မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ