လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

4/15/2014

ရခိုင်မောင်မယ်အသင်း (၂၃) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ရန်ကုန်တွင် ကျင်းပမည်

(၁၅ ဧပြီလ ၂၀၁၄) / တင့်ဆွေမောင်
(၂၄) ကြိမ်မြောက်မဟုတ်ဘဲ (၂၃) ကြိမ်မြောက်ဟု သိရပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
(၂၄) ကြိမ်မြောက်မဟုတ်ဘဲ (၂၃) ကြိမ်မြောက်ဟု သိရပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရခိုင်မောင်မယ်အသင်း၏ (၂၃) ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲကို နှစ်ဆန်း (၁) ရက် ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယင်းသက်ကြီးပူဇော်ပွဲတွင် အသက် (၈၀) အထက် ရခိုင်အဖိုးအဖွားများကို ပူဇော်ကန်တော့သွားမည်ဟု ရခိုင်မောင်မယ် အသင်း၏ သက်ကြီး ပူဇော်ပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဌ ဦးခင်မောင်သန်းက ပြောသည်။
“ အသက် ၈၀ အထက် ရခိုင်အဖိုးရှင် အဘောင်ရှင် (အဖိုးအဖွား) တွေကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံမှာ ကန်တော့ ပူဇော်သွားမှာ ဖြစ်ပါတယ်။ နေ့လယ် တစ်နာရီကနေ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခု သက်ကြီး ပူဇော်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုလည်း သူက ယခုလို ပြောသည်။
“ သက်ကြီး ပူဇော်ပွဲဆိုတာက ရခိုင်ရိုးရာ အစဉ်အလာအရ ကြီးမြတ်သူ၊ ဂုဏ်မြတ်သူတွေကို ရိုသေကန်တော့တဲ့ ပွဲ ဖြစ်ပါတယ်။ ဒါက ရခိုင်အမျိုးသားတွေရဲ့ လေးစားစရာ ယဉ်ကျေးသိမ့်မွေ့တဲ့ ရိုးရာ အစဉ်အလာ ဖြစ်တဲ့ အတွက် လက်ဆင့်ကမ်း သယ်ယူတဲ့ အနေနဲ့ နှစ်စဉ် နှစ်တိုင်း နှစ်ဆန်း တစ်ရက်နေ့မှာ ကျင်းပ ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခင်နှစ်က ပြုလုပ်သော သက်ကြီး ပူဇော်ပွဲတွင် အဖိုးအဖွားများအားလုံး မတက်ရောက်နိုင်ခဲ့သဖြင့် ယခုနှစ်တွင် တစ်ဦးတစ်လေမှ မကျန်ရအောင် ဖိတ်ကြားသွားမည်ဟု ဆိုသည်။
အလားတူ နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ရှိသော စစ်တွေမြို့ သက်ကြီး ပူဇော်ပွဲကိုလည်း နှစ်ဆန်း တစ်ရက်နေ့တွင် ဦးဥတ္တမခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဖိုးရှင် အဘောင်ရှင် ၉၀၀ ခန့်အား ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
နှစ်စဉ် နှစ်တိုင်း ရိုးရာ အစဉ်အလာမပျက် နှစ်ဆန်း တစ်ရက်နေ့တွင် ကျင်းပသော သက်ကြီး ပူဇော်ပွဲကို ရခိုင်မြို့တိုင်း၊ ရွာတိုင်းတွင်လည်း ကျင်းပကြသည်ဟု သိရသည်။ နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ