လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/16/2014

မီးအိမ်

လောကဓံ၏နိယာမ
လှည့်စားမှုအရ
အကျွနုပ်၏ဘ၀မှာ
ကြားခံနယ်တစ်ခုကအမှောင်အတိ
ဖုံးလွှမ်းထားဗျာယ်။
ဝေေ၀၀ါးဝါးနန့်
မမြင်ရရေ လမ်းချေတခုလျှောက်ဖို့
ဇာခြီလှမ်းကိုလှမ်းရမေမသိ
နှစ်ပေါင်းများစွာမှီခိုလာရေ
သစ်ပင်ကြီးလေ့
အဂုဆို ပြိုလဲစပြုဗျာယ်။
အမှောင်ထု၏ ခြောက်လှန့်မှုကြောင့်
အကျွနုပ်၏နှုတ်ခမ်းမှာ ပြောစရာစကား
မဟိအောင် တုန်ရီနီမိပါရေ
အကျွနုပ်လျှောက်ဖို့လမ်းက
စမ်းတ၀ါးဝါးနန့် မမြင်ရရေ
ထိုနားက ရယ်သံတိက
ဘ၀လမ်းမှန်လား
ဒေနားကရယ်သံတိက၀ါ
ဘ၀လမ်းမှန်လား
အသံမကြားရဘဲတိတ်ဆိတ်နီရေ နီရာတိက၀ါ
အကျွနုပ်၏လမ်းအမှန်လား
ဇာလမ်းကိုလျှောက်ရဖို့မသိ
တွေဝေနီရေ စိတ်ချေကို
ခိုင်မာရေဆုံးဖြတ်ချက်အတွက်
အကျွနုပ်မမြင်ရရေ
အကျွနုပ်လားဖို့ဘ၀ခရီးချေအတွက်
အကျွနုပ်အား မီးအိမ်ချေတခုပီးသနားပါ။။
သူရိယမင်းသျှင်

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ