လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/13/2014

ရမ်းပြည့်ကျွန်းက ဇမ်းကဗျာ (2)

တခွန်းခေါ် ခေါ်လို့မထူး
နှစ်ခွန်းခေါ် ခေါ်လို့မထူး
တရွာနီ တပြည်သားကို စိတ်ခြားလို့လား
မချစ်ဆို မလိုလို့လား...ပုချေ --။

ဇာက လာကေ
ဇာရွာသားရောင် ...။
စကားအရာ
ပျားသကာ
ချိုပါရေကား
ပျိုသက်ထားလေ --။

မောင့်လက်ကိုကိုင်
မေ့လက်ကိုဆွဲ
ငွေတူပင်မှာ
ရွှေတူရစ်ယောင်
ရစ်ပစ်ကတ်မေ ပုချေ --။

မျက်စိကမြင် ဝမ်းကကြင်
စိတ်တွင်ကချစ်
ပုချေမောင်ကို မိတ္တာရစ်လို့
အချစ်စွဲကာ ကြားကလူတိ
အောင်သူဖျက်လို့ ဖျက်ရဖို့လား ပုချေ --။

ဆံစကေညို
လှနဂိုလေ
ပျိုနှမမှာ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိထားရေလား ပုချေ --။

သခြင်းဆို လူပျိုမောင်ယေ
ကိုယ့်ရပ်ရွာ ကိုယ့်ရွာထက်မှာ
လက်ဖျားတင် ကြင်သူများက
ဟိမထားပါ ပုချေ --။

ဒေတောခေါင် ဒေတောင်ယေကြားမှာ
စကားသာချို ဒေမေဆို ပျိုစကား
ကြားရရေခါ စိတ်ဝမ်းသာ ထဗျာကလို့
ကြည့်ရဖို့ယာ --။

ဥဒေါင်းယေကြိုးကြာ သာရကာကေ
ဟင်္သာငှက်မ
အခါခါ မောင့်ကိုတမ်းလို့
လွမ်းတငိုခါ မောင်ရောက်ရာ ထဗျာကလို့
ကြည့်ရဖို့ယာ --။

မှတ်ချက် ။ ။ ကျောက်ဖြူမြို့တည် (၁၈၀) ပြည့်အထိမ်းအမှတ် “ကျောက်ဖြူ” ၂၀၀၉ မဂ္ဂဇင်း “ဇာနီအောင် (ရမ္မာဝတီ)” ရွီးသားပြုစုသည့် “ရမ်းဗြဲကျွန်းက ချစ်ခွန်းတီတာ တေးကဗျာ” ဆောင်းပါးက ဇမ်းကဗျာကို တင်ပြပီးလိုက်ပါသည်။

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ