လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/19/2014

စစ်တွေကနိန် မောင်တောတစ်လျှောက် လားရေလမ်းမှာ ခရီးသည်တိကို တတင်းကျကျပ်စစ်ဆီး


ဖေဖေါ်ဝါရီ ၁၉ ရက်၊ ၂၀၁၄ ခု။
ဘူးသီးတောင်-မောင်တော ကားလမ်းက ခရီးသည်တင် ကားတစ်စီးကို တွိ့ရဇိုင်
ဘူးသီးတောင်-မောင်တော ကားလမ်းက ခရီးသည်တင် ကားတစ်စီးကို တွိ့ရဇိုင်
စစ်တွေ-ဘူးသီးတောင်-မောင်တော တစ်လျှောက် ရီလမ်း၊ ကုန်းလမ်းတိမှာ ခရီးသည်တစ်ချို့ဘားက မူးယစ်ဆီးဝါးတိ ဖမ်းဆီးရမိရေအတွက် ယင်းလမ်းကြောင်းကို အသုံးပြုရေ ခရီးသည်တိကို သက်ဆိုင်ရာက တတင်းကျကျပ် စစ်ဆီးမှုတိ ဟိနိန်ရေလို့ လေးဝတီက သတင်းရဟိပါရေ။
စစ်တွေကနိန် မောင်တောနယ်စပ်နန့် အ၀တ်အထည်တိကို ကုန်သွယ်နိန်ရေ စစ်တွေကုန်တန်းက ကုန်သည် ဒေါ်စံလှမေက “စစ်တွေကနိန် မောင်တောတောက်လျှောက်စစ်ပါရေ။ စစ်တွေဆိပ်ကမ်းမှာ တစ်ခါ၊ ဘူးသီးတောင် ဆိပ်ကမ်း အတက်မှာတစ်ခါ၊ မောင်တော-ဘူးသီးတောင် ကားလမ်းမှာ ဘူးသီးတောင်ကအထွက် စစ်တပ်ဟိရေ ဂိတ်မှာတစ်ခါ၊ မောင်တောကိုအ၀င် နစက ဂိတ်မှာတစ်ခါ စစ်ပါရေ။ အားလုံးစစ်စော် စုစုပေါင်း စစ်တွေကနိန်ဆိုကေ ၄ ခေါက်ကျပါရေ။”လို့ ကုန်ပစ္စည်းတိ စစ်ဆီးမှုတိနန့်ပတ်သတ်လို့ လေးဝတီကို ပြောပါရေ။
ခရီးသည်တိကို လမ်းတစ်လျှောက်စစ်ဆီးမှုတိဟိနိန်ရေအတွက် ခရီးသည်တိလားလာမှုတိမှာ အချိန်ကြန့်ကြာမှုတိဟိပြီးကေ စိတ်အနှောက်အယှက်ဖြစ်စီရေလို့လည်း ခရီးလားခရီးသည်တိဘားက တစ်ဆင့် သိရပါရေ။
“ယင်းစစ်ဆီးစော်ကတော့ခါ ကောင်းရေလုပ်ရပ်တစ်ခုပါ။ ယေကေလည်း ခရီးသည်တိကို စုံအောင်မစစ်ဘဲ မျက်နှာကိုကြည့်ဘနာစစ်ပါရေ။ အဓိကဖြစ်စီချင်စော်က ခရီးသည်တိလည်း လားရလာရ အဆင်ပြေအောင်၊ အနံခံခွီးတိကိုသုံးဘနာ နည်းစနစ်တကျ စစ်ဆီးဖို့ဆိုကေ ခရီးသည်တိအတွက်လည်း ကောင်းပါရေ။ မူးယစ်ဆီးဝါးတိကို ဖမ်းဆီနိန်ရေ အစိုးရအနိန်နန့်လည်းကောင်းပါဖို့။ အဓိက ဒိုင်တိ၊ ဒိုင်ကြီးတိ၊ ဖြန့်ဖြူးရေလူတကို ကိုင်လိုက်ကေ ဒေပြဿနာက အီးလားဖို့စော်ပါ။”လို့ မောင်တော နန့် ဘင်္ဂလာနန့်ကို ကုန်သွယ်နိန်ရေ မောင်တော မြို့မဈီးက အလှကုန်ဆိုင်ပိုင်ရှင် ဦးထွန်းမြတ်သာ က ဆိုပါရေ။
လွန်ခရေ ဇန်နဝါရီလက စစ်တွေမြို့ ဘူးသီးတောင် ဆိပ်ကမ်းမှာ ခရီးသည်တစ်ယောက်ဘားက မူးယစ်ဆီးဝါးဖမ်းဆီးရမှုနန့် ပတ်သတ်လို့ သက်ဆိုင်ရာတိက အဂုပိုင် ခရီးလားပြည်သူတိကိုစစ်ဆီးမှုတိ ဟိလာရေလို့ သိရပါရေ။
                                          လေးဝတီ (မောင်တော)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ