လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/18/2014

သံအရာရှိ ၂၀ ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို လာရောက်လေ့လာ


( ၁၈ ဖေဖေါ်ဝါရီလ ၂၀၁၄)
Shima-Bihar-Ramu
ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ သံရုံး (၂၃) ခုမှ သံတမန်များသည် ယနေ့တွင် မြန်မာနယ်စပ် အနီးရှိ ရာမူး (ပန်းဝါ)မှ အသစ်ဆောက်လုပ်ပြီးစီးသွားသော ဘုန်းတော်ကြီးကျောင်းများကို လာရောကလည်ပတ်ကြည့်ရှု့ခဲ့သည်ဟု သတင်း ရရှိသည်။
ယင်းသံတမန်များနှင့် အတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေးဝန်ကြီး MD Shaihriar Alam လည်း အတူ လိုက်ပါလာသည်ဟု သိရသည်။
လာရောက်ခဲ့ကြသော သံအရာရှိများမှာ ရုရှား၊ ဘရာဇီးလ်၊ မြောက်ကိုးရီးယား၊ တောင်ကိုးရီယား၊ မော်လဒိုက်၊ ပါကိစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ တူရကီ၊ နီပေါ၊ နယ်သာလန်၊ မြန်မာနှင့် ဘူတန်တို့ ဖြစ်ကြောင်း သိရသည်။
ရာမူးပန်းဝါရှိ ဘုန်းတော်ကြီးကျောင်း ၂၀ ခန့်သည် ၂၀၁၂ ခုနှစ်က ဘာသာရေး အစွန်းရောက်သူများ၏ မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။ ယင်းနောက်ပိုင်း အစိုးရမှ ၎င်းပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများကို ပြန်လည် တည်ဆောက်ပေးခဲ့သည်။
၎င်းကျောင်းများကို သံတမန်များက ယနေ့တွင် လာရောက် လည်ပတ်ကြည့်ရှု့ခဲ့ကြသည်။
                                                            နိရဉ္စရာ

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ