ဖေဖေါ်ဝါရီ ၂၀ ရက်၊ ၂၀၁၄ ခု

ဘူးသီးတောင်မြို့နယ်၊ သြရမအုပ်စု ဘုန်းတော်ကြီးပညာသင်ကျောင်း ဖွင့်ပွဲမှာ တွိ့ရရေ မြို (ခေါ်) ခမီ အမျိုးသား၊ အမျိုးသမီးတိ
ရခိုင်ပြည်မှာ တိုင်းရင်းသားဝန်ကြီးတစ်နေရာရဟိဖို့အတွက် မြိုနန့် ခမီတိကို သန်းခေါင်စာရင်းကောက်ယူစော်မှာ မြိုလို့ရာ ထည့်သွင်းလားဖို့ဖြစ်တေလို့ မြို(ခေါ်) ခမီ အမျိုးသားညီညွှတ်ရီးအဖွဲ့က ဒု-ဥက္ကဌ ဦးကျော်ထွန်းခိုင်က ပြောကြား လိုက်တေလို့ လေးဝတီက သတင်းရဟိပါရေ။
သန်းခေါင်စာရင်းကောက်ယူစော်မှာ မြို (ခေါ်)ခမီလူမျိုးတိကို မြိုလို့ နာမယ်ပြောင်းပီးဖို့၊ ခမွီးဆိုရေ နာမယ်ကို တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲက ပယ်ဖျက်ပီးဖို့အတွက် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ရွီးကောက်ပွဲ ကော်မရှင် လူဝင်မှုကြီးကြပ်ရီးနန့် ပြည်သူ့အင်အားဦးစီးဌာနနန့် နိုင်ငံရေးပါတီ ၄၄ ခုကို တင်ပြထားရေလို့ သိရပါရေ။
ခမီဆိုရေလူမျိုးစော် လွန်ခရေ နှစ်ပေါင်း ၄၀ လောက်က ပေါ်ပေါက်လာရေလူမျိုးသတ်မှတ်ချက်တစ်ခုဖြစ်ပြီးကေ ခမီလို့ သတ်မှတ်ခံရရေလူတိမှာ မြိုလူမျိုးတိဖြစ်တေအတွက် ယင်းပိုင်တောင်းဆိုစော်ဖြစ်ပြီးကေ မြို့နန့် ခမီဘာသာစကား၊ ယိုင်ကျေးမှု အစစအရာရာ တူညီရေလို့ မြို(ခေါ်)ခမီ အမျိုးသားညီညွှတ်ရီးပါတီက ဆိုပါရေ။
“မြိုနန့် ခမီပေါင်းလိုက်ကေ လူဦးရေ ၂ သိန်းကျော်လောက်ရာဟိပါရေ။ ၀.၁ ရာခိုင်နှုန်းကျော်ရေအတွက် နိုင်ငံတော်ဥပဒေအရ တိုင်းရင်းသာဝန်ကြီးနိန်ရာ တောင်းဆိုလို့ ရရေ”လို့ ဒု-ဥက္ကဌ ဦးကျော်ထွန်းခိုင်က ဆိုပါရေ။
၂၀၁၀ ပြည့်နှစ်ရွီးကောက်ပွဲမှာ မြို့နန့်ခမီကို ခွဲထားရေအတွက် ယင်းအခွင့်အရေးတိလက်လွှတ်လိုက်ရဘနာ တိုင်းရင်းသားဝန်ကြီးနိန်ရာရမှရာ မြို (ခေါ်) ခမီ လူမျိုးစုတိအတွက် လိုအပ်နိန်ရေ ပညာရေး၊ ကျန်းမာရေးကိစ္စတိကို လုပ်ဆောင်လို့ရဖို့ဖြစ်တေလို့ သိရပါရေ။
ယင်းမြို(ခေါ်) ခမီ လူမျိုးတိပြန်လို့ပေါင်းစည်းဖို့အတွက် ၂၀၁၃ ခုနှစ်ဒီဇင်ဘာလကပင် ခမီကျေးရွာတိမှာ ဟောပြောမှုတိ လုပ်ဘနာ ရွာပေါင်း ၃၅၀ လောက်က ခမီနန့် မြိုတစ်ခုတည်းဖြစ်ကြောင်းလက်မှတ်ထိုးတင်ပြထားရေလို့ သိရပါရေ။
လေးဝတီ (ရန်ကုန်)
No comments:
Post a Comment