လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/18/2014

MSF ရခိုင်မှ ထွက်သွားရန် သမ္မတထံသို့ စာတင်သည်သာမက ထိုင်သပိတ်တိုက်ပွဲပါ ဆင်နွှဲမည်

(၁၈ ဖေဖေါ်ဝါရီလ ၂၀၁၄)
Arakan-Protest-NGO-INGO-AZG
MSF ခေါ် နယ်စည်းမခြားဆရာဝန် အဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်ခွာသွားရန် သမ္မတ ဦးသိန်းစိန်ထံသို့ စာရေး တင်ပြသည်သာမက သပိတ်တိုက်ပွဲကိုပါ ဆက်လက် ဆင်နွဲသွားမည် ဖြစ်ကြောင်း စစ်တွေ မြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
မြန်မာ အစိုးရနှင့် MSF အကြား လက်မှတ်ရေးထိုးထားသော နားလည်မူ စာချွန်လွှာကို ဖျက်သိမ်းရန် ယခုအခါ ရခိုင်လူမူ အဖွဲ့အစည်း (၄) ဖွဲ့မှ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ စာရေးသားတင်ပြထားသည်သာမက ထိုင်သပိတ်တိုက်ပွဲကိုပါ ဆက်လက် ဆင်နွှဲမည်ဟု သူက ဆိုသည်။
“ MSF ခေါ် AZG ကို စစ်တွေမြို့မှာ ၀ိုင်းဆန္ဒပြတယ်။ ၇ ရက်အတွင်း ထွက်သွားဖို့ ဆန္ဒပြကြတယ်။ သူတို့ဆီက တစ်စုံတစ်ရာ လူပ်ရှား ဆောင်ရွက်တာကို မတွေ့ရပါ။ MSF ခေါ် AZG  ဟာ ဘင်္ဂလီတွေကို အကြီးအကျယ် ထောက်ပံ့တယ်။ သတင်းအမှားတွေ ပေးနေတယ်။ ဒီအဖွဲ့ကြောင့်ပင်လျှင် ရခိုင်ပြည်နယ်မှာ ထပ်မံပဋိပက္ခ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် သူတို့ကို ရခိုင်ပြည်နယ်ကနေ ထွက်ကို ထွက်မှ ဖြစ်မယ်ဆိုတဲ့ သံဓိဌာန်အတိုင်း အစိုးရဆီကို ပဋိပက္ခ ပြန်မဖြစ်ပေါ်နိုင်အောင် MSF ထိုးထားတဲ့ MoU နားလည်မူ စာချုပ်ကို ဖျက်သိမ်းပေးဖို့ တင်ပြ တောင်းခံထားတယ်။ တချိန်တည်းမှာ ပိုမို ဖိအားပေးတဲ့ အနေနဲ့ ထိုင်သပိတ်တိုက်ပွဲကို ဆက်လက် ဆင်နွှဲသွားပါမယ်။”
MSF ရုံးရှေ့တွင် ထိုင်သပိတ်မှောက်မည့် အစီအစဉ်ကိုလည်း ယခုလို ရှင်းပြ ပြောဆိုသည်။
“ အခု (၅) ရက်တိတိ သူတို့ရုံးရှေ့မှာ ထိုင်သပိတ်မှောက်ဖို့ ရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တင်ထားပါပြီ။ ခွင့်ပြုချက်ကျတာနဲ့ တစ်နေ့ကို လူ အယောက် (၂၀) နုန်းနဲ့ ထိုင်သပိတ်မှောက်ပွဲကို စတင်မှာ ဖြစ်ပါတယ်။ သူတို့ကို ထွက်သွားအောင်ကို နည်းလမ်းပေါင်းစုံနဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။”
MSF ကြောင့် ရခိုင်ပြည်နယ်အတွင်း ရှုတ်ထွေးမူများ ပေါ်ပေါက်နေပြီး ပဋိပက္ခများ ထပ်မံ ဖြစ်ပွားလာနိုင်သဖြင့် ရခိုင်မှ ထွက်သွားရန် ရခိုင်ဒေသခံများက လိုလားနေကြဟု ဆိုသည်။ ထိုသို့ လိုလားနေသဖြင့် အဖွဲ့ ၄ ဖွဲ့က စာရေးပြီး နိုင်ငံတော် သမ္မတ စာရေးတင်ပြထားကြောင်း သူက ဆိုသည်။
“ ကျနော်တို့ နိုင်ငံတော်သမ္မတကို စာရေးတင်ပြတောင်းဆိုတဲ့ အဖွဲ့ ၄ ဖွဲ့ရှိတယ်။ တစ်ဖွဲ့က စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ စစ်တွေမြို့မိမြို့ဖ အဖွဲ့နဲ့ အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ရခိုင်လူမူကွန်ယက် (စစ်တွေ) တို့ ဖြစ်ကြပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဖိအားပေး လုပ်ဆောင်ရခြင်းမှာ ပဋိပက္ခ မဖြစ်ပွားရအောင် ထပ်မံ ရှောင်ရှားလို၍ ဖြစ်ကြောင်း သူက ဆိုသည်။
“ ကျနော်တို့ ပြောချင်စွာက ယူအန်၊ အိုင်အန်ဂျီအိုတွေ အားလုံးနီးပါးဟာ ဘင်္ဂလီတွေကိုဘက်လိုက် ဆောင်ရွက်တာကို တွေ့ရတယ်။ သို့သော် အဲဒီအထဲမှာ ထူးထူးခြားခြား MSF  ဟာ ဘက်လိုက် ဆောင်ရွက်တဲ့ အပြင် သတင်းလိမ်တွေ ဖန်တီး လုပ်ပြီး နိုင်ငံတကာကို ရုပ်မျိုးကိုးဆယ် ပြောတယ်။ နောက်တစ်ခါ ဘင်္ဂလီတွေကို ရိုဟင်ဂျာအဖြစ် နိုင်ငံသား ဖြစ်အောင် ၀ိုင်းဝန်း အထောက်အကူ ပြုတယ်။ စသည်ဖြင့်— နောက်ဆုံး ဒုချီးရားတန်း အောင်ကျော်သိန်း ရဲတပ်ကြီးကိစ္စမှာ မမှန်သတင်းကို လုပ်ကြံဖန်တီးမူ လုပ်တဲ့ အတွက် ဒီအဖွဲ့ ရှိခြင်းအားဖြင့် ရခိုင်ပြည်မှာ ပဋိပက္ခ ငြိမ်းဖို့ အစား ရခိုင်ပြည်မှာ ထပ်ပြီး ဖြစ်ပွားလာဖို့ အနေအထားရှိတဲ့ အတွက် MSF အဖွဲ့ကို ရခိုင်ပြည်နယ် က ထွက်ခွာသွားဖို့အတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် စစ်တွေရှိ MSF သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။
                                        နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ