
စစ်တွေ-ကျောက်တော် ကားလမ်းမှာ လမ်းပြင်နိန်ကတ်တေ ရခိုင်သမချေတိ
လေးဝတီက သတင်းရဟိပါရေ။
နှစ်နိုင်ငံတာဝန်ဟိလူတိဖြစ်တေ အမျိုးသားစီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ဒု-၀န်ကြီး ဒေါ်လဲ့လဲ့သိန်းနန့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ရို့က လက်မှတ်ရီးထိုးခကတ်စော်ဖြစ်ပြီးကေ တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့ အထွေအထွေရောဂါကုဆီးရုံတိမှာ ဆီးပစ္စည်းကရိယာတိ ပိုလို့ကောင်းလာဖို့ စီမံချက်နန့် ဂျပန်ယန်းသိန်း ၉၇၈၀ အကူအညီပီးလားဖို့အတွက်နောက်ထပ် နားလည်မှုသဘာတူညီချက် စာချုပ်ကို ထပ်လို့ လက်မှတ်ရီးထိုးခကတ်တေလို့ သိရပါရေ။
ရခိုင်ပြည်မှာဟိရေ လမ်းတိ ဆောင်လုပ်ဖို့နန့် ပြုပြင်ထိန်းသိမ်းဖို့အတွက် လိုအပ်တေ စက်ပစ္စည်းကရိယာတိ ပိုလို့ကောင်းမွန်လာဖို့ဖြစ်ပြီးကေယင်းစက်ပစ္စည်းယန္တရားတိကို အမ်း၊ တောင်ကုတ် စရေနိန်ရာရို့မှာ အစီးရေ ၅၄ စီးကို ထားဟိလားဖို့ဖြစ်တေလို့ လေးဝတီက သတင်းရဟိပါရေ။
ဂျပန်အစိုးရအနိန်နန့် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနန့် တစ်ခြားဖွံ့ဖြိုးရေးလုပ်ငန်းတိမှာ ဂျပန်အပြည်အပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က တစ်ဆင့် ကူညီပီးနိန်ရေလို့ သိရပါရေ။
ယင်း အမျိုးသား စီမံကိန်းနန့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနိန်နန့် ဂျပန်နိုင်ငံက ကူညီငွေ ယန်း ၇၃၈၀ အတွက် စက်ပစ္စည်း ၅၄ စီးကို ရခိုင်ပြည်အတွက် ၀ယ်ယူပီးစော်မှာသယ်ယူခကုန်ကျစရိတ်တိ အားလုံးအပါအဝင် တစ်စီးကို ဂျပန်ယန်းငွေ သိန်း ၁၃၆ ကျရေလို့ သိရပါရေ။
ယင်းဝန်ကြီးဌာနအနိန်နန့် ရခိုင်ပြည်ကို အမှန်တကယ် စက်ပစ္စည်းတိ ရောက်မရောက်ဆိုစော်ကိုပြည်နယ် အစိုးရအဖွဲ့နန့် တာဝန်ဟိ လူတိက Follow up လိုက်နိန်ဖို့လိုရေလို့ သိရပါရေ။ ဇာဖြစ်လို့လဲဆိုကေ တစ်ချို့ရန်ပုံငွေတိရေ နာမယ်ကိန်း ဂဏန်းရာဟိပြီးကေ ရခိုင်ပြည်ကို အမှန်တကယ်မရောက်ဟိလို့အစိုးရဌာနဆိုင်ရာ သတင်းရပ်ကွက်တိအရ သိရပါရေ။
အထက်က ယင်းဝန်ကြီးဌာနက ချပီးထားရေ စက်ပစ္စည်း ၅၄ စီးအတွက် တစ်စီးကို ဂျပန်ယန်း ၁၃၆ သိန်းကျစော်ရေ အဆမတန်များပြားနိန်ရေလို့ သိရပါရေ။
နောက်ထပ် ယင်းဝန်ကြီးဌာနအနိန်နန့် ဂျပန်ကူညီငွေ ဂျပန်ယန်း သိန်း ၇၃၈၀ ကို ဇာပိုင်စီမံခန့်ခွဲဖို့ဆိုရေ ပွင့်လင်းမြင်သာမှုတိဟိစီချင်ရေလို့ ယင်းယှင့်နန့် ဆက်စပ်တေ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအချို့ အရသိရပါရေ။ လေးဝတီ (နေပြည်တော်)
No comments:
Post a Comment