လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/22/2014

အရုဏ်ဦးကို ကြိုဆိုခြင်း” ရခိုင်ကဗျာစာအုပ်ထွက်ဟိ


ဖေဖေါ်ဝါရီ ၂၂ ရက်၊ ၂၀၁၄ ခု။

အရုဏ်ဦးကို ကြိုဆိုခြင်း ကဗျာစာအုပ်အဖုံး
အရုဏ်ဦးကို ကြိုဆိုခြင်း ကဗျာစာအုပ်အဖုံး
၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၂၁ ရက်နိန့်က “အရုဏ်ဦးကို ကြိုဆိုခြင်း”လို့နာမယ်ပီးထားရေ ရခိုင်ကဗျာစာအုပ်ကို ထုတ်ဝီလိုက်ဗျယ်လို့ လေးဝတီက သတင်းရဟိပါရေ။
ကဗျာစာအုပ်မာ ကဗျာပုဒ်ရွီ တစ်ရာကျော်ကို ပုံနန့်တကွ ထည့်သွင်းထားပြီး ပြည်တွင်းပြည်ပဟိ ရခိုင်စာပီချစ်သူတို့က စီစဉ်ထုတ်ဝီခြင်းဖြစ်တေလို့ သိရပါရေ။ ခိုင်မင်းဇံ (ရခိုင်ပြည်)၊ တဂိုးခိုင်(အာရက္ခမြီ)၊ နှင်းနုခိုင်(မြောက်ဦး)၊ နာနို (Aryum)၊ ဝေဟင်အောင် စရေ ပြည်တွင်းပြည်ပ ကဗျာဆရာ/ဆရာမ ၂၀ ကျော်က စုစည်းရွီးသားထားရေလို့ သိရပါရေ။
ကဗျာစာအုပ်ကို ရခိုင်စာပီနန့် သမိုင်းသုတေသီဆရာကြီးမောင်ဗသိန်းနန့် ရခိုင်ဖတ်စာကော်မတီဝင် စာရီးဆရာ လေးဝတီခိုင်ကျော်ရို့က အမှာစာ ရီးပီးထားရေလို့ သိရပါရေ။
စာအုပ်ထုတ်ဝီရစော်နန့် ပတ်သကလို့ စာအုပ်ဖြစ်မြောက်ရီး စီစဉ်သူအဖွဲ့ဝင် ကဗျာဆရာ ကိုခိုင်ထွီးက “ရခိုင်ဖတ်စာကို အကျွန်ရို့ တောင်းတနီစွာ ကြာပါဗျာလ်။ စာပီဆိုစွာ ရခိုင်လူမျိုးရို့၏ အလင်းရောင်၊ အသက်သွီးကြောဖြစ်ပါရေ။။ အဂုပိုင် ရခိုင်ဖတ်စာသင်ရိုး ဖြစ်ပေါ်လာစွာကို ဝမ်းသာဂုဏ်ယူမိပါရေ။ ရခိုင်ဖတ်စာကို ကြိုဆိုရေ အနီနန့်
ဒေကဗျာ စာအုပ်ကို ထုတ်ဝီရစော်ဖြစ်ပါရေ” လို့ဆိုပါရေ။
ဒေကဗျာစာအုပ်ကို ရခိုင်ပြည်နန့် ရန်ကုန်၊ မလေးရှားရို့မှာ အဓိက ဖြန့်ချိလားဖို့ဖြစ်ပြီးကေ ရလာရေ အကျိုးအမြတ်တိကို ဆရာကြီးမောင်ဗသိန်း ဦးစီးရေ“အမင့်ပျိုးခင်း”အခလွတ်ရခိုင်စာသင်ကျောင်းသို့ လှူဒါန်းလားဖို့ဖြစ်ပါရေ။ လေးဝတီ (စစ်တွေ)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ