လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/20/2014

ရခိုင်ပြည်က အစ္စလမ်ဘာသာဝင် ကမန်လူဦးရေစာရင်းကို စစ်ဆီးပီးဖို့ သမ္မတဘားသို့ တင်ပြတောင်းဆို


ဖေဖေါ်ဝါရီ ၂၀ ရက်၊ ၂၀၁၄ ခု။

ကမန် အမျိုးသားတိုးတက်ရေးပါတီက ထုတ်တေ Statement တစ်ခု
ကမန် အမျိုးသားတိုးတက်ရေးပါတီက ထုတ်တေ Statement တစ်ခု

ရခိုင်ပြည်မှာ အစ္စလမ်ဘာသာဝင် ကမန်လူမျိုးလို့ နာမယ်ခံထားရေ လူတိများပြားလာရေအတွက် စစ်တွေမြို့မိမြို့ဖ အလုပ်အမှုဆောင်အဖွဲ့က နိုင်ငံတော်သမ္မတဘားကို ဖေဖေါ်ဝါရီလ ၁၄ ရက်နိန့် တင်ပြတောင်းဆိုထားရေလို့ လေးဝတီက သတင်းရဟိပါရေ။
လူဝင်မှုကြီးကြပ်ရီးနန့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ ရခိုင်ပြည်မှာ ကမန်လူဦးရေ ၈၀၀၀ ကျော်ဟိကေလည်း အဂုအချိန်မှာ ကမန်လူဦးရေ ၂ သိန်းလောက်ဖြစ်နိန်ဘနာ၊ တရားမ၀င် လာရောက်တေ ဘင်္ဂလီတိရေ ရခိုင်ပြည်က ကမန်တိနန့် ဘာသာတူရေအတွက် ကမန်အဖြစ်လူမျိုးကူးပြောင်လိုက်ပြီးကေ နိုင်ငံသား စိစစ်ရီးကပ်ပြားတိမှာလည်း လ၀က ၀န်ထမ်းတစ်ချို့၏ အဂတိလိုက်စားမှုကြောင့် အဂုပိုင် ကမန်လူဦးရေ ၂ သိန်းနီးပါး မြင့်တက်လာရေလို့ သိရပါရေ။
တရားမ၀င်နည်းလမ်းမျိုးစုံနန့် ရခိုင်ပြည်ကို ၀င်ရောက်လာကတ်တေ ဘင်္ဂလီမူဆလင်တိရေ ကမန်လူမျိုးစုကို အသုံးချဘနာ တိုင်းရင်းသားအဖြစ် အသွင်ကူပြောင်းဖို့အတွက်ကြိုးစားလာကတ်တေအတွက် စစ်တွေမြို့မိမြို့ဖတိက အဂုပိုင် သမ္မတဘားကိုအထိ တိုက်ရိုက်စာပို့တင်ပြစော်ဖြစ်တေလို့ သိရပါရေ။
ကမန်လူမျိုးလူဦးရေစာရင်းကို ၂၀၁၃ ဒီဇင်ဘာလမှာ စလို့ကောက်ယူလားဖို့ဖြစ်ပြီးကေ ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ဦးကျော်ငြိမ်းက ဆိုပါရေ။
အဂုလက်ရှိအနေအထားအရ ကမန်လူမျိုးတိရေ စစ်တွေမြို့နယ် သာယာကုန်း၊ သင်းကနက် ကျေးရွာ၊ ရမ်းဗြဲမြို့ နယ် ကျောက်နီမော်ကျေးရွာ ရို့မှာ ဘင်္ဂလီတိနန့်တတူ ရောနှောနိန်ထိုင်ကတ်တေလို့သိရပါရေ။
ရခိုင်လူမျိုးစုတိဖြစ်တေ မြို၊ သက်၊ ဒိုင်းနက်၊ ခမီး၊ စရေလူမျိုးစုတိအထဲမှာ ကမန်လူမျိုးကို  ထည့်ဝင်ဖို့ မထည့်ဝင်ဖို့ဆိုရေ စော်တိကိုလည်း ဒေသခံတိနန့် ဆွေးနွေးလာဖို့ဟိရေလို့လည်းသိရပါရေ။
                                          လေးဝတီ (စစ်တွေ)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ