လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/14/2014

မောင်တော လ၀ကဝန်ထမ်းတိဘားက လက်နက်တိကို ပြန်သိမ်း


ဖေဖေါ်ဝါရီ ၁၄ ရက်၊ ၂၀၁၄ ခု။ La Wa Ka 1
ရခိုင်ပြည် မောင်တောမှာ ဒုန်းချရားတန်း ဖြစ်စိုင်ကြောင့် တာဝန်ထမ်းဆောင်နိန်ကတ်တေ လ၀က ၀န်ထမ်းတိဘားက လက်နက်တိကို ရဲစခန်းမှာ ပြန်လို့ အပ်နှံရရေလို့ လေးဝတီက သတင်းရဟိပါရေ။
ထောက်လှမ်းရေးခေတ်ကာလမှာအချင်းချင်းပြဿနာဖြစ်ဖို့စော်ကို စိုးရိမ်ရေ အကြောင်းပြချက် နန့် လဝက ဝန်ထမ်းတိကိုင်ဆောင်ထားရေ လက်နက်တိကို သက်ဆိုင်ရာရဲစခန်းမှာအပ်နှံထား ရပြီးရေ နောက်ပိုင်းမှာ လ၀က ဝန်ထမ်းတိကို ပြန်လို့ လက်နက်ကိုင်ဆောင်ခွင့်ပြုခရေလို့
သိရပါရေ။ယေကေလည်း အဂုအခါ ဒုန်းချရားတန်းကိစ္စကြောင့် လက်နက်တိကို ပြန်လို့ အပ်နှံရစော်ဖြစ်ပါရေ။
“မောင်တောမှာ အလုပ်လုပ်ရစော် သိရေအတိုင်း လုံခြုံမှုတိက မကောင်းပါ။ နယ်တိကိုထွက် ကေ ပိုဆိုးပါရေ။ ရဲတိကို လုံခြုံရေးအနိန်နန့်ခေါ်လားကေလည်း တခါတခါ ရဲတိမှာ ကိုင်ထား ရေ သနတ်တိကလည်းသိရေအတိုင်းပါ။ အရေးကြုံလာကေ ယင်းလက်နက်တိက အဆင်သင့် ဖြစ်ဖို့လိုပါရေ။ ရဲတိမှာလည်း ကိုယ့်အလုပ်နန့်ကိုယ်ပါ။ ကောင်းမကြာခင်က ထောက်လှမ်းရေး ခေတ်က သိမ်းထားရေသနတ်တိကို ပြန်ထုတ်ပီးပါရေ။ အဂု ဒုန်းချရားတန်းကိစ္စကြောင့် လက်နက်တိကို ပြန်သိမ်းပါရေ။” လို့ မောင်တော လ၀က ဒု-ဦးစီးမှူးဖြစ်တေဦးဝဏ္ဏကျော်က လေးဝတီကို ပြောပါရေ။
လ၀က၀န်ထမ်းတိအနိန်နန့် လက်နက်တိကို ဒု-ဦးစီးမှုးကနိန် ဦးစီးအရာရှိအထိ ကိုင်ဆောင်ခွင့် ဟိပြီးကေ အဂုအချိန်မှာ ရဲတပ်ကြပ်ဖြစ်စဉ်ကြောင့်  ယင်းလက်နက်တိကို ပြန်လို့ အပ်နှံရရေလို့ သိရပါရေ။

                                          လေးဝတီ (မောင်တော)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ