လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/28/2014

သမိုင်း နန့် ပရိယာယ်




အေအကြောင်းအရာကို မပြောခင် ပထမဆုံးပြောချင်စွာက အကျွန်သည် သမိုင်းနန့် ပတ်သက်လာကေ မူကြိုအဆင့်ရာဟိကြောင်း သိစီချင်ပါရေ။

အဂုနောက်ပိုင်း ရခိုင်ပြည်ထွက် အချို့သောမဂ္ဂဇိန်းတိ၏ သမိုင်းကြောင်းဆိုင်ရာ ဆောင်းပါးတိမာ ကိုယ်ရို့မျိုးရိုးဂုဏ်သိက္ခာ နိမ့်ပါးစီရေ အကြောင်းအရာတိကို ရီးရေလူကလည်း ရီးကတ်ပြီးကေ ထည့်ပီးရေလူကလည်း ထည့်ပီးနီကတ်တေလို့ တွိလာရပါရေ။အေချင့်ဖြစ်ရခြင်း၏ အရင်းအမြစ်ကို လိုက်ကြည့်ရေခါ ကိုယ့်သမိုင်းကြောင်းကို ကိုယ်ရို့ဖာသာ သုတေသနလည်းမလုပ်ကတ်၊ အခြားလူမျိုးတိရီးရေ ကျမ်းတိ၊ စာတန်းတိကို ကိုးကားခါ ကိုးကား၊ တိုက်ရိုက် ဘာသာပြန်ဗျာလ် ကူးချခါ ကူးချဗနာ ကိုယ့်ပြည်ထုတ်စာအုပ်တိမာ ထည့်လာကတ် လို့ဖြစ်တေ ဆိုစွာတွိလာရပါရေ။

ဒေကမ္ဘာမှာ လူမျိုးပေါင်း ထောင်နန့်ချီလို့ ဟိလီရေ။ ယင်းချင့်ထဲမာ ကိုယ်ရို့လူမျိုးနန့် ပေါင်းသင်းဆက်ဆံဖူးခရေ လူမျိုးတိလည်း ပါလီဖို့။ ဇာလူမျိုးကမှ ကိုယ့်လူမျိုးကလွဲလို့ တခြားလူမျိုးတိအကြောင်း မနှိမ့်ချကေရာဟိလီဖို့၊ ဂုဏ်တင်ဗျာလ်ရီးဖို့ဆိုစွာ မေသေပိုင်လေ့မဖြစ်နိုင်ပါ။

ပင်လယ်ပြင်ကို စိုးမိုးခရေ ဒေလူမျိုးကို ကြောက်လို့ ပင်လယ်ပြင်မာ ထင်တိုင်းကြဲးခွင့်မရခရေ အခြားလူမျိုး တစ်မျိုးက ကိုယ့်ဖာသာနှိမ့်ချဗျာလ် ရီးဖို့ထင်ပါလာ။

ရွှီမြို့တော်က ညလင်ကွင်း မာ “One man, One rupee” အော်ဗျာလ် အရောင်းခံခရရေ မျိုးနွယ်တိက ဒေလူမျိုးကို အမွှန်းတင်ဗျာလ် ရီးပါဖို့သိ့လား။

ဒေကပြည်သားတိကို ပြည်ပကကုန်သည်တိ ဈီးနှိမ်ချင်ပိုင်နှိမ်၊ သူရို့ဘက်က တင်သွင်းရေပစ္စည်း အရည်အသွီးမပြည့်မမှီ ချင်တိုင်းပျင်ခွင့်မရအောင် ဘုရင်က ကုန်သွယ်မှုအားလုံးကို ဘုတ်အဖွဲ့တိဖွဲ့ဗျာလ် တိုင်းပြည်နီရာအနှံ့မာ ထားပီးခရေ။ သူရို့ချင်တိုင်း ပျင်လို့မရခရေ ဒေလူမျိုးကို သူရို့သမိုင်းမာ ဂုဏ်တင်ဗျာလ် မှတ်တမ်းရီးကတ်လီဖို့လား။

ယင်းချင့်တိကို ကိုယ်ရို့လူတိက ဘာသာခြားစာတိ တတ်တေဆိုဗျာလ် ဗန်းရ ရလို့ ကိုယ်ရို့သမိုင်းမာ ရောထည့်ဖို့ လုပ်နီကတ်လီရေ။ ယင်းပိုင်ရီးရေလူ အချင်းချင်းတောင် ကိုယ့်စွာမှန်ရေ၊ သူ့စွာမှားရေဆိုဗမနာ တစ်ခါတစ်ခါ စာရွက်ထက်မာ ရန်ဖြစ်ကတ်သိ့ရေ။ ယင်းပိုင်ဆောင်ပါးတိ ဖတ်ဖူးကတ်တေ လူတိက ဘဇောင်ပိုင်ဟိလီလေမသိ၊ အကျွန်ကတော့ခါ ကကောင်းဒေါသဖြစ်တေ။ ယင်းချင့်တိကို အဂုခောတ် နောက်ပေါက်အချေတိရာ ဖတ်ရကေ ကိုယ့်သမိုင်းကို အထင်မကြီးရေအပြင် အမြင်ဆိုးတိနန့် မြင်လားနိုင်ပါရေ။

သမိုင်းရီးရေဆိုစွာ နယူကလီးယားဗုံးက စနက်တံကို မှင်တံလုပ်ဗျာလ်ရီးရစွာနန့်တူရေ။ ဆကေလောက် လွဲလားစွာနန့် ကိုယ်ရို့မျိုးဆက်တိ ခောတ်အဆက်ဆက် နီထိုင်လားဖို့ ဒေမြီစွာ ရေဒီယိုသတ္တိကြွတိနန့် နီဖို့မရလောက်အောင် ဒုက္ခကျလားနိုင်ရေ။ ယေတွက်နန့် ပရိယာယ် ဟိကတ်ဖို့တော့ခါ လိုပါလိ့မေ။

အယင်ခေါက်ကလေ့ အင်္ဂလိပ်သမိုင်းပညာသျှင်တိ၊ ဟိန္ဒုတ်ကျောက်စာဝန်တိ ပျင်ကတ်စွာ ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်တေ ယေဓမ္မာဂါထာကို ဂေါင်းထက်ပန်ထားရေ ဝေသာလီကျောက်လှီကားတိုင်းပြည်ကိုတောင်မှ အုပ်စိုးရေလူတိသည် ဟိန္ဒုတ်တိ၊ ဗြဟ္မဏ၀ါဒနန့် မဟာယနဗုဒ္ဓဘာသာ ရာထွန်းကားပါရေ ဆိုဗနာဖြစ်လားဖို့ တတားချေရာ လိုရေ။ ကိုယ့်လူမျိုးပညာသျှင်တိ ဆွဲတင်ခလို့ရာမလား။

အယှင်းဆုံးဥပမာ ပြရဖို့ဆိုကေ.....
ရွင့်ဗြာသတ်တိ ရာဇလိမ်တစ်ခုလုပ်ဗျာလ် နှစ်အင်တန်လောက် ကမ္ဘာ့မီဒီယာတိမာ ၀ါဒဖြန့်လိုက်စွာ အဂု ကိုယ်ရို့ရင်ဆိုင်နီကတ်ရရေ ပြသနာအကြီးသန် ဖြစ်ပါလားရေ။ ဆရာကြီးမောင်ဗသိန်း၊ ဒေါက်တာအေးချမ်းရို့ပိုင် ပုဂ္ဂိုလ်တိ ရှိက ခံတိုက်နီလို့တောင် အားလုံးယှင်းဖို့အတွက် မေသေလောက်ကြာလိ့မေ မဆိုနိုင်ပါသိ။

ကကောင်းမကြာသိ့ခင် ဆယ်စုနှစ်တိကလည်း ရိုးတောင်တစ်ဖက်ပုဂ္ဂိုလ်တိနန့် စာမျက်နှာထက်မာ သမိုင်းစစ်ထိုးခကတ်စွာတိ တွိဖူးလိုက်ရရေ။ ယေတွက်နန့် လူများမဖျက်နိုင်အောင် ကိုယ့်သမိုင်းကို ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားကတ်ပါ။ ကိုယ်ရို့ကပါ ကိုယ့်သမိုင်းအုတ်ရိုးမာ ညောင်ပိုင် မစိုက်ကတ်ပါကေ့။ ကိုယ့်လက်နန့် ကိုယ့်သမိုင်းပုရပိုက်ကို အက်ဆစ်တချက် မပစ်ကတ်ပါကေ့။

ဒေဂုခောတ်မာ ကိုယ်ရီးဖို့ကြောင်းအရာတစ်ခုကို စိစုံအောင်သိပြီးမှ ရီးရေဆရာကြီးတိ ဟိရေပိုင်၊ စာဖြစ်ကေ ကျီယာဆိုရေပုဂ္ဂိုလ်က ပိုများနီပါရေ။ ယေတွက်နန့် သမိုင်းကြောင်းနန့် ပတ်သက်ရို့ ရီးဖို့ဆိုကေ ၊ ဦးစံရွှေပု၊ ဦးအောင်သာဦး၊ ဦးစံသာအောင် နန့် အဖိုးဦးသာထွန်း ရို့ပိုင် တောင်ကြို၊ မြောင်ကြားက ဘုရားအပျက်၊ ဇာတီအပြိုတိကို အရောက်လားဗျာလ် သမိုင်းခြီရာ ကောက်ပြီးယာလား။ ကျောက်စာ၊ ပီစာ နန့် ပုရပိုက်တိကြားမာ ဘ၀ကိုမြှုတ်နှံပြီးမှ ထွက်လာရေ သမိုင်းသုတေသီတိ ဖြစ်စီချင်ပါယင့်။ မဟုတ်ကေ ဟိုသူ့စွာကို ဒေသူ ကိုးကား။ ဒေလူ့စာကို ဟိုလူ ကူးချနန့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ထဲမာ မွိနီကတ်စွာ နှစ်မနည်းပါယာ။

နောက်ဆုံးပြောချင်စွာက ကိုယ့်မိ၊ ကိုယ့်ဖကို ထိုင်ဆဲနီရေလူကို နားရင်း၊ ပါးရင်း ပိတ်မသတ်ဘဲ လက်ခုပ်၊ လက်ဝါးတီးလို့ အားပီးဗျာလ်၊ ထပ်လို့ အကျယ်ကြီးဆဲရို့ရအောင် ခရာဝ ပီးစွာနန့် တူနီပါကြောင်း သိစီလိုပါရေ။

Research ဟိမှ Develop ဖြစ်ပါဖို့။ မျိုးဆက်ပြတ်ဖို့ပျင်နီရေ သမိုင်းချစ်လူငယ်ပညာသျှင်တိ ပေါ်ပေါက်လာဖို့ မျှော်လင့်ပါယင့်။

ဂျော်ဂျီ(ရခိုင်ပြည်)
(Feb.2014)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ