ဖေဖေါ်ဝါရီ ၁၈ ရက်၊ ၂၀၁၄ ခု။

ရခိုင်ပြည် အအီးခန်းစက်ရုံတစ်ရုံက ငါးပို့ကုန်တိ
၂၀၁၄ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်မှာ ငါးလုပ်ငန်းရေ တဖြည်းဖြည်းနန့် ထွက်နှုန်းလျော့နည်းလာရေလို့ ၂၀၁၂ခုနှစ်မှာ ဖြစ်ပွားခရေ ပဋိပက္ခတိကြောင့်ငါးလုပ်ငန်းကုန်သည်တိ အရှုံးပေါ်ရေ အခြေအနေဟိခရေလို့ သိရပါရေ။
“ကုန်ခရေနှစ်က စလို့ လုပ်ငန်းက စလို့ကောင်းလာပါရေ။ ငါးရနိုင်မှုကလည်း အရင်ကထက်ပိုလို့ ကောင်းလာပါရေ။ ပုစွန်ဈီးကလည်းကောင်းလာပါရေ။ပုစွန်မွီးမြူရေးကို လုပ်ငန်းရျင်တိက ပိုလို့ အာရုံစိုက်မှုတိများလာပါရေ” လို့ ဦးစံကျော်လှကဆိုပါရေ။
ရခိုင်ပြည်မှာ ငါးလုပ်ငန်းဈီးကွက်ရေ ၂၀၁၄ ခု နှစ်ကစလို့ ငါးရနိုင်မှုနည်းပါးလာရေအတွက်ကြောင့် လုပ်ကိုင်ရေလုပ်ငန်းရှင်တိ နည်းလာဘနာ ဒေနှစ်တိမှာငါးလုပ်ငန်းကိုလုပ်ကိုင်ရေ လုပ်ငန်းရှင်တိ များလာရေလို့ သိရပါရေ။
ငါးလုပ်ငန်းလုပ်ကိုင်ရေ လုပ်ငန်းရှင်တိရေ ပင်လယ်ပြင်ငါးဖမ်းဆီးမှုတိအပြင် ရီငန်ပုစွန်မွီးမြူရေးကို လုပ်ကိုင်လာကတ်တေလို့ သိရပါရေ။
“ကျွန်နော်ရို့ ဖက်မှာက ပုစွန်တိ ဈီးကောင်းရလာပါဗျယ်။ ကျွန်နော်ရို့အနိန်နန့် ပုစွန်တိ အဓိကပို့စော်က ရန်ကုန်က ဒိုင်တိကိုပို့ပါရေ။ ကုန်ခရေနှစ်ကပုစွန်တင်ပို့စော်က အမေရိကကို ပို့စော်များရေလို့ သိရပါရေ။ ဒေဂု နိုင်ငံတကာကလည်း စိတ်ဝင်စားနိန်ကတ်ဗျယ်ဆိုတော့ခါ ဂျပန်ဈီးကွက်၊ ဥရောပဈီးကွက်တိကိုပါပို့ကတ်ဖို့လို့ သိရပါရေ” လို့ ငါးနန့် ပုစွန် မွီးမြူရေးလုပ်ငန်းရှင် ဦးလူမော်က ဆိုပါရေ။
ရခိုင်ပြည်က ဖမ်းဆီးလို့ရရေ ငါးတိကို ရန်ကုန်ဖက်ကို တိုက်ရိုက်တင်ပို့ပြီးကေ ယင်းကတစ်ဆင့် နိုင်ငံခြားကို ပို့ရေလို့ သိရပါရေ။ ရခိုင်ရီလုပ်ငန်းရှင်တိအနိန်နန့်ဗမာပြည်ကို မပို့ဘဲ ရခိုင်ပြည်က တစ်ဆင့် ဂျပန်ဈီးကွက်၊ အမေရိက ဈီးကွက်၊ ဥရောပဈီးကွက်၊ အာရှိဈီးကွက်တိကို တိုက်ရိုက်တင်ပို့နိုင်ကေ အကျိုးအမြတ်များပြီးကေ
ကုန်သွယ်မှုတိ တိုးတက်လာနိုင်ရေလို့ သိရပါရေ။
လေးဝတီ (စစ်တွေ)
No comments:
Post a Comment