လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/20/2014

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့မထည့်ဖို့ လ၀က၀န်ကြီးကို စစ်တွေမြို့မိမြို့ဖတိတင်ပြ


ဖေဖေါ်ဝါရီ ၂၀ ရက်၊ ၂၀၁၄ ခု။

လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စစ်တွေမြို့မိမြို့ဖနန့် တွိ့ဆုံဇိုင်
လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စစ်တွေမြို့မိမြို့ဖနန့် တွိ့ဆုံဇိုင်

လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့ဆက်ဆံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနန့် စစ်တွေမြို့ မိမြို့ဖရို့ က ဖေဖေါ်ဝါရီလ ၁၇ ရက်နိန့်မှာ ရခိုင်ပြည်မှာ သန်းခေါင်စာရင်းကောက်ယူဖို့နန့်ပတ်သက်လို့ တွိ့ဆုံ ဆွေးနွေးခရေ လို့ လေးဝတီက သတင်းရဟိပါရေ။
ယင်းတွိ့ဆုံဆွေးနွေးစော်မှာ “ရိုဟင်ဂျာလို့ ပြောရေလူတိကို တစ်ခြားစာရင်းမှာ ထည့်လို့ဟိကေ ကုတ်နံပ် ၉၁၄ အပြင် ဘေးမှာ ရိုဟင်ဂျာလို့ ထပ်ဖြည့်ရဖို့ဆိုကေ ယင်းယှင့်စော်ရေ မလုပ်သင့်ရေ ကိစ္စတစ်ခုဖြစ်တေ။ ရိုဟင်ဂျာဆိုစော်ကို လုံးဝ စကားထဲတောင်၊ စာထဲတောင် ထည့်လို့ မသုံးသင့်။ ကျွန်နော်ရို့ တစ်ခုခု မှားယွင်းလားကေ ယင်းစော်ရေ မှတ်တမ်းမှတ်ရာဖြစ်
လားဖို့။ ယင်းသူရို့က အသေးအဖွဲ့က အစ လျှောက်လုပ်တေ။” လို့ ယင်းအစည်းအဝေးမှာ တင်ပြဆွေးနွေးလူတစ်ယောက်က ဆိုပါရေ။
သန်းခေါင်စာရင်းကောက်ယူစော်မှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၈ ခု မှာ မပါဝင်ရေ ပြည်ပနိုင်ငံသားတိကို ကုတ်နံပတ် ၉၁၄ သတ်မှတ်ထားပြီးကေ မျိုးနွယ်စုနိနရာမှာ အခြားလို့ သတ်မှတ်ထားဖို့ဖြစ်တေလို့ သိရပါရေ။ ဘင်္ဂလီမူဆလင်တိ အနိန်နန့် ရိုဟင်ဂျာလို့ ပြောကေလည်း ပြောဆိုရေအတိုင်းဖြည့်စွက်လားဖို့ဖြစ်တေလို့ လူဝင်မှုကြီးကြပ်ရေးနန့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဆိုကေလည်း ဒေတွိ့ဆုံဆွေးနွေးပွဲက စစ်တွေမြို့မိမြို့ဖရို့၏ တင်ပြချက်ကြောင့် ရိုဟင်ဂျာလို့ အသုံးအနှုန်းကို လာဖို့သန်းခေါင်းစာရင်းကောက်ယူစော်မှာ မထည့်သွင်းဖို့အတွက် စိုင်းစားစရာတစ်ခုဖြစ်တေလို့ ဝန်ကြီး ဦးခင်ရီက သုံးသပ်ပြောဆိုထားရေလို့ သိရပါရေ။        လေးဝတီ (စစ်တွေ)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ