လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/18/2014

အနာဂတ် အရည်အခြင်းပြည့် လူငယ်များပေါ်ထွန်းရေး ALD မှ တောင်ကုတ်တွင် သင်တန်းပေး

(၁၈ ဖေဖေါ်ဝါရီ ၂၀၁၄) / တင့်ဆွေမောင်
ALD flagအရည်အခြင်းရှိသည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များပေါ်ထွန်းရေးအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးဆောင်ပြီး ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အရည်အခြင်းမြင့် ခေါင်းဆောင်မှု သင်တန်းတခုကို ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။
၎င်းသင်တန်းမှာ ၃ရက်ကြာမြှင့်မည်ဟု ALD ဗဟိုကော်မတီဝင် ဦးမျိုးဆွေက နိရဉ္စရာ သို့ပြောသည်။
သင်တန်းက ALD နှင့် ရခိုင်လူမှုကွန်ယက် (တောင်ကုတ်) တို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၀ရက်နေ့အထိ တောင်ကုတ်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းသင်တန်း၏ ရည်ရွယ်ချက်မှာ ရခိုင်အမျိုးသားပါတီ အသက်ဝင်လာတဲ့အချိန်မှာ ထက်မြက်သော လူငယ်ခေါင်းဆောင်များ ပေါ်ပေါက်လာရေးကို ရည်မျှော်ကြောင်း သူက ဆိုသည်။
“ အဓိက ကတော့ အရည်အခြင်းပြည့်ဝတဲ့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေ ပေါ်ထွန်းစေဖို့ရယ်၊ နောက်တချက်က ANP (ရခိုင်အမျိုးသားပါတီ) အသက်ဝင်လာတဲ့အချိန်မှာ လူငယ်ခေါင်းဆောင်တွေ ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။
သင်တန်းအတွက် သင်တန်းသား ၄၀ သတ်မှတ်ထားပြီး သံတွဲ၊ ဂွ၊ တောင်ကုတ် မြို့နယ်များမှ သင်တန်းသားများ ခေါ်ယူထားကြောင်း ဦးမျိုးဆွေက ပြောသည်။
ယခုသင်တန်းအတွက် တောင်ကုတ်မြို့သို့ ALD မှ ပါတီဥက္ကဌ ဦးအေးသာအောင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးမျိုးဆွေနှင့် ဦးထွန်းရွှေသိန်းတို့လည်း ရောက်ရှိနေကြောင်း သိရသည်။

                                           နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ