လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/24/2014

ရှိဟောင်းဒေသဖြစ်တေ မြောက်ဦးထိန်းသိမ်းရေးစော်ရေ ရခိုင်တိမှာ အဓိကတာဝန်ဟိရေလို့ အမျိုးသားလွှတ်တော်ဥက္ကဌ ပြော




ဖေဖေါ်ဝါရီ ၂၄ ရက်၊ ၂၀၁၄ ခု။

Mrauk-U-Damages-photo
ရခိုင်ပြည် မြောက်ဦး ရှိဟောင်းဒေသထိန်းသိမ်းရေးလုပ်ငန်းတိစော်ရေ ရခိုင်တိမှာအဓိက တာဝန်ဟိရေလို့ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကဖေဖေါ်ဝါရီလ ၁၉ ရက်နိန့်က လုပ်တေ အမျိုးသား လွှတ်တော် အစည်းအဝေး မှာ ပြောကြားလိုက်တေလို့ လေးဝတီက သတင်းရဟိပါရေ။
ရခိုင်ပြည် မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ရခိုင်ရှိဟောင်း မြို့တော် ဖြစ်တေ မြောက်ဦး ယိုင်ကျေးမှုနယ်မြေကို ထိန်းသိမ်းမှုညံ့ဖျင်းရေအတွက်ကြောင့် အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနန့် ရင်ဆိုင်နိန်ရရေ ရှိဟောင်းအမွီအနှစ် ၁၀ ခု စာရင်းမှာ မြောက်ဦးကို ၅ နေရာမှာ ထည့်သွင်းသတ်မှတ်ထားရေအတွက်ကြောင့် ယင်းစိုးရိမ်ဖွယ်ရာ အခြေအနေက ကင်းလွတ်လာရေ အထိ ပြည်ထောင်စုအစိုးရက ပြုပြင်မွမ်းမံထိန်းသိမ်းလုပ်ဆောင်ပီးဖို့ အစီအဇိုင်ဟိမဟိ ဆိုရေ မိန်းခွန်းကို ယိုင်ကျေးမှုဝန်ကြီး ဌာန ဒု-၀န်ကြီး ဦးသန်းဆွေက ၀န်ကြီးဌာန၏ ယိုင်ကျေးမှုနယ်မြေတိမှာ ဆောင်ရွက်နိန်မှုတိနန့် ရှိဆက်လို့ လုပ်ဆောင်လားဖို့
အခြေအနေတိကို ရှင်းလင်းပြောပြီးရေနောက်ပိုင်းမှာ လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ယင်းပိုင်ပြောကြားလိုက်စော် ဖြစ်ပါရေ။
မြောက်ဦးရှိဟောင်းဒေသကို မိမိအနိန်နန့် ယိုင်ကျေးမှုဝန်ကြီးအနိန်နန့် တာဝန်ထမ်းဆောင်ခရေအတွက် အယင်ကပင်စိတ်ဝင်စားပါကြောင်း၊ ယင်းဒေသကို ပစ်ထားရေဆိုရေစကားမှားကြောင်း၊ မိမိဗိုလ်မှူးအဆင့် ဟိရေအခါကပင် သုတေသနအရာရှိ။ ရုံးခန်း၊ ပြတိုက်တိဟိရေအတွက် ပစ်ထားစော်မဟုတ်ကြောင်း။ ယင်းဒေသရေ ကမ္ဘာရှိဟောင်း အမွီအနှစ်စာရင်း မ၀င်သိမ့်ကြောင်း၊ မြန်မာနိုင်ငံ ကမ္ဘာ့အမွီအနှစ်စာရင်းဝင်ဖို့အတွက်ကြိုးပမ်းနိန်စော် ပုဂံဒေသဖြစ်ကြောင်း၊ ယင်းပိုင်လုပ်ဆောင်ကြိုးပမ်းစော်မှာ ပုံဂံဒေသက လူနိန်အိမ်ခြီတိကို ရွိ့ပြောင်းလို့ မြို့သစ်တည်ရေအထိ လုပ်ဆောင်ခကေလည်း ယူနက်စကိုက ကြေနပ်လက်ခံခြင်းမဟိဘဲ အသစ်ထင်ထားရေ ဘုရားထီးတိကို ဖြုတ်စော်တိ၊
ကားလမ်းတိ အစဟိရေစော်တိကို ဖျက်သိမ်းစော်တိကို လုပ်ဆောင်စီချင်ရေအနေအထားဟိကြောင်း၊ ရှင်းလင်းပြောဆိုလိုက်ပါရေ။
“အစိုးရဘက်ဂျက်ကချပီးရေ ဘတ်ဂျက်ကို ပြန်ကြည့်ကေလည်း နှစ်ပေါင်းများစွာကို ပြန်ကြည့် သိန်းထောင်ဂဏန်းရာဟိရေလို့ သိရပါရေ၊ တစ်နှစ်ဘတ်ဂျက်မဟုတ်ပါ။ ယိုင်ကျေးမှုနန့်ပတ်သက်လို့ အလေးထားလား မထားလားဆိုစော် ကို ပြန်သုံးသပ်ဖို့လိုရေ” ဒေါက်တာအေးမောင်ကဆိုပါရေ။
ဒေပိုင် ရှိဟောင်းအမွီအနှစ်တိကို တစ်နိုင်ငံတည်းမှာဟိပါလျက် ပုဂံကိုကျကေ ယူနက်စကို  စာရင်းဝင်အောင်ကြိုးပမ်းပြီးကေ ရခိုင်ပြည် မြောက်ဦးကျတေ ချန်လစ်ထားစော်ရေ ပြည်ထောင်စုဆိုရေ မြန်မာနိုင်ငံမှာတိုင်းရင်းသားဆို ရေ စကားလုံးအောက်မှာ လူတိကိုသာမက ဗုဒ္ဓဘုရားစေတီ၊ ပုထိုးတော်တကိုပါ ခွဲခြားဆက်ခံနိန်ရရေ အနေအထားမှာဟိရေသိရပါရေ။
ယင်းအတွက်ကြောင့် ရခိုင်လူမျိုးအနိန်နန့် အမျိုးသားရေးတာဝန်၊ တိုင်းပြည်တိုးတက်ရေး တာဝန်တိရေ ပြည်ထောင်စုဆိုရေ အနေအထားကို အားကိုးစရာတစ်ခုအဖြစ်နန့် မမြင်ဘဲ ကိုယ့်ခြီထောက်ကိုယ်ရပ်တည်နိုင်ရေအထိ ကြိုးစားရုန်းကန် ကတ်ရဖို့ အခြေအနေဖြစ်တေလို့ ရခိုင်ပြည် ရှိဟောင်းယိုင်ကျေးမှုပြတိုက်တစ်ခုက နာမယ်မဖေါ်လိုရေ အရာရှိ တစ်ယောက်က လေးဝတီ ကို အဂုပိုင်သုံးသပ်ပြပါရေ။
“ယူနက်စကို စာရင်းဝင်ဖို့ဆိုစော်က ယင်းသူရို့မှာပြထားရေ အချက်အလက်တိနန့် အကျုံးဝင်မှ ယူနက်စကို ဝင်ဖို့။ ယင်းသူရို့ ပြောထားရေ အချက်အလက်တိက လုံးဝ ရှိဟောင်းပုံစံတစ်ခုကို ပြောင်းလဲပစ်ဖို့စော်၊ ယင်းစော် မှာ ဗမာတိက သူရို့လုပ်ထားစော်တိ ပျက်လားဖို့စော်ကြောက်တေ။ သူရို့ ဇာက ဆင်းသက်လာလဲဆိုစော် သိလားဖို့စော်ကြောက်တေ အနေအထားပါ။ ရခိုင်လူမျိုးတိအနိန့် ဇာပိုင်ပင်ဖြစ်ဖြစ် Stone Age လို့ ဆိုရေ မြောက်ဦးအနေအထားအရ လမ်းတိဖေါက်ဖို့ ဆိုလို့ တံတိုင်းကို ဖြို၊ နန်းကိုတူး၊ ရစရာမဟိအောင်လုပ်ပိုက်တေ။ ဂျပန်ရှိဟောင်းယိုင်ကျေးမှုအနေအထားမှာဆိုကေ ဖုန်ချေတိ၊ သဲမှုန့်ချေတိကို လုံးဝ ဂရုတစ်စိုက်နန့် Brush တိနန့် အနုစိတ်၊ အသေးစိတ် အားလုံးကို အသေအချာလုပ်တေ။ ပြန်ဖေါ်ရေ၊ ဓါတ်ပုံရိုက်တေ။ ပြီးကေ မြန်လို့ မြီမြုပ်ပိုက်တေ။ အပြင်မှာထားစော်ထက် မြီထဲက အမွီအနှစ်ကို မြီထဲမှာထားစော်က ပိုစိတ်ချရရေ။ ပိုလုံခြုံရေ။ အဂုက ရစရာမဟိ မိုးပြင်မှာပစ်ထားရေ။ ဘုရားတိဆိုကေ ခေါင်းကျိုး၊ ခြီကျိုး။ ယင်းသူရို့ ဘုရားကန်သင့်ဖို့” လို့ သုံသပ်ပြပါရေ။
အမျိုးသားလွှတ်တော်ဥက္ကဌ ပြောရေပိုင် ရခိုင်ပြည်အတွက် ရခိုင်လူမျိုးရို့တာဝန်ဖြစ်တေဆိုစော် ငြင်းစရာမဟိရေ တိုက်တွန်းချက်တစ်ခုဖြစ်ပါရေ။ 
လေးဝတီ (နေပြည်တော်)

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ