လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

2/25/2014

ဗိုလ်ရာဇာဖောင်ဒေးရှင်း နယ်သာလန်တွင်ထူထာင်


( ၂၄ ဖေဖေါ်ဝါရီလ ၂၀၁၄) / မောင်အေး
Bo-Raza-Foundation
နယ်သာလန်နိုင်ငံရောက်ရှိနေကြသော ရခိုင့်တပ်မတော် ရဲဘော်များမှ ကျဆုံးလေပြီဖြစ်သော ရခိုင်တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်ရာဇာကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ရာဇာဖောင်းဒေးရှင်းကို ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။
၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော (၁၆) နှစ်မြောက် ဗိုလ်ရာဇာက ကျဆုံးသည့် နှစ်ပတ်လည်နေ့တွင် ၎င်းရဲဘော်များက ဗိုလ်ရာဇာဖောင်းဒေးရှင်းကို ထူထောင်လိုက်ခြင်း ဖြစ်သည်။
နယ်သာလန်တွင် ရောက်ရှိနေကြသော ရခိုင်တပ်မတော်မှ ရဲဘော်များက ယခင် သူတို့ ဖွဲ့စည်းထားသော  “၂/၁၁ ရခိုင်မျိုးချစ်များ” အဖွဲ့ကို “ ဗိုလ်ရာဇာဖောင်ဒေးရှင်း” ဟု ၎င်းနေ့တွင် အမည်ပြောင်းလဲ ဖွဲ့စည်း ထူထောင်လိုက်ခြင်း ဖြစ်သည်။
ဖွဲ့စည်း ရသည့် ရည်ရွယ်ချက်များမှာ အဖက်ဖက်မှ ယိုယွင်းနေသည့် ရခိုင်လူမှုအဖွဲ့အစည်းနှင့် ရခိုင်လူမှုဘ၀ တိုးတက် မြင့်မား လာရေးကို တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ရန် အတွက် ဖြစ်သည်ဟု သူတို့အထဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသိန်းအောင်ကျော်က ပြောသည်။
ယင်းပြင် အိန္ဒိယအစိုးရမှ ဗိုလ် ရာဇာအပါအ၀င် ရခိုင်နှင့် ကရင်ခေါင်းဆောင် ၆ ဥိးကို လုပ်ကြံသတ်ဖြတ်ပြီး အလောင်းများကို စနစ်တကျ ဖျောက် ဖျက်ပစ်ခဲ့သော်လည်း ဗိုလ်ရာဇာအမည်သည် ရခိုင် ပြည်သူများ ရင်ထဲတွင် ယနေ့တိုင် စွဲမြဲကျန်ရစ် နေသည်သာမက သူလုပ်ရပ်အတွက် ရခိုင်တမျိုးသားလုံး ဂုဏ်ယူလျှက်ရှိနေကြောင်းကို အိန္ဒိယ အစိုးရအား အသိပေးလို၍ ဗိုလ်ရာဇာ ဖေါင်းဒေးရှင်း (Boraza Foundation) ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု သူကဆက်ဆိုသည်။
ဗိုလ်ရာဇာအပါအ၀င် ရခိုင်၊ ကရင် ခေါင်းဆောင် ၆ ဦးကို အိန္ဒိယ စစ်ထောက်လှမ်းရေးမှ လိမ်လည် ခေါ်ယူပြီး ၁၉၉၈ ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်ဒမန် ကျွန်းစုရှိ လန်ဖောကျွန်းတွင် သွေးအေးအေးဖြင့် သတ်ဖြတ်ပစ်ခဲ့ပြီး အလောင်းကိုပါ ဖျောက်ဖျက်ပစ်ခဲ့သည်။
ယင်းအပြင် ဗိုလ်ရာဇာတို့ ယူဆောင်လာသည့် ရာပေါင်းများစွာသော လက်နက် ခဲယမ်းမီးကျောက်များ၊ ခေတ်မီ အမြန် ရေယာဉ်များကိုလည်း အိန္ဒိယအစိုးရမှ အစအန မပေါ်အောင် ဖျောက်ဖျက်ပစ်ခဲ့သည်။
ဗိုလ်ရာဇာနှင့် အတူလိုက်ပါလာသည့် ရခိုင်၊ကရင် ရဲဘော် ၃၆ ဦးကိုလည်း (၁၄) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး ၂၀၂ ခုနှစ် မတ်လတွင်မှ ကာလကတ္တားအကျဉ်းထောင်မှ လွတ်ပေးခဲ့သည်။
ထောင်မှ လွတ်မြောက်လာသည့် ရဲဘော်များကို အိန္ဒိယတွင် တနှစ်ခန့်နေထိုင်ပြီး နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကူ အညီဖြင့် နယ်သာလန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုခဲ့သည်။
နယ်သာလန်နိုင်ငံသို့ ရောက်သွားသည့် ရဲဘော်များအနေဖြင့်  တတ်နိုင်သည့်ဘက်မှ ရခိုင်ပြည်သူများ အတွက် ဆက် လက်လုပ်ကိုင် ကူညီနိုင်ရန် ယခုကဲ့သို့ ဗိုလ်ရာဇာ ဖောင်ဒေးရှင်းကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ဖေါ်ပြထားသည်။
             နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ