ဖေဖေါ်ဝါရီ ၁၉ ရက်၊ ၂၀၁၄ ခု။
ရခိုင်ပြည် စစ်တွေမြို့က ရခိုင့်ရိုးရာ ရထားဆွဲပွဲတစ်ခုကို တွိ့ရဇိုင်
စစ်တွေမြို့မှာကျင်းပရေ ရထားဆွဲပွဲကို ပရိသတ်ပေါင်း သောင်းနန့်ချီဘနာ လာရောက်အားပီးပြီးကေ ရထားဆွဲပြိုင်ပွဲဝင် အသင်းပေါင်း ၂၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခရေလို့ သိရပါရေ ယင်းရထားဆွဲပွဲနန့်ပတ်သက်လို့ လာရောက်အားပီးလာရေ စစ်တွေ ဆင်ကူးလမ်းက ဦးလှကျော်မောင်က ” ဒေနှစ်ကတော့ အင်တန်စည်ပါရေ။ လူလည်း အင်တန်အများရောက်ပါရေ။
ရခိုင်ပြည်မှာ သင်္ကြန်ပြီးကေ ဒုတိယအစည်ကားဆုံးလို့တောင် ပြောလို့ရပါရေ။ နှစ်စဉ်နှစ်တိုင်း တပို့တွဲလမှာ ကျင်းပပါရေ။ ဒေနှစ်မှာ ညမထွက်ရအမိန့်က ည ၁၂ နာရီအထိဖြစ်တေအတွက် လားလို့လာလို့ အဆင်ပြေပါရေ။” လို့ လေးဝတီကို ပြောပါရေ။
ဒေနှစ် ရခိုင်ရိုးရာရထားဆွဲပွဲကို စစ်တွေမြို့မှာ စစည်ကကား ကျင်းပနိုင်ကေလည်း မောင်တောမြို့မှာ လုံခြုံရေးအရ မကျင်းပနိုင်ပြီးကေ အခုဆိုကေ ရိုးရာအစဉ်အလာပျက်ဘနာမကျင်းပနိုင်စော် ၂၀၁၃ နန့် ၂၀၁၄ နှစ်နှစ်ရှိဗျယ်ဖြစ်တေလို့ သိရပါရေ။
ရခိုင်ပြည်မှာ ရခိုင်ရိုးရာရထားဆွဲပွဲကို ရိုးရာအစိုင်အလာအရ စိုင်ဆက်မပြတ် မောင်တောတစ်မြို့တည်းရာကျင်းပခပြီးကေ အဂုအချိန်မှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ စရေ မြို့တိမှာကျင်းပလာဗျယ်ဖြစ်တေလို့ သိရပါရေ။
လေးဝတီ (စစ်တွေ)
No comments:
Post a Comment