( ၇ မတ်လ ၂၀၁၄)

မြန်မာ
အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ညှိနိုင်းရေးအဖွဲ့ NCCT ရဲ့ ခေါင်းဆောင် ဦးနိုင်ဟန်သာနဲ့ ရက္ခိုင်တပ်မတော်က
ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ဟာ ဒီကနေ့ တာချီလိတ်ကနေ ရန်ကုန်မြို့ကို
ရောက်ရှိလာပါတယ်။
သူတို့အဖွဲ့ကို ရခိုင်အမျိုးသား ၁၀၀ နီးပါးခန့်က လေဆိပ်မှာ ပိုစတာတွေ၊ ပန်းစည်းတွေကို ကိုင်ပြီး ကြိုဆို နုတ်ဆက်ခဲ့ကြပါတယ်။
သူတို့ရောက်ရှိလာတဲ့ အချိန်မှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက
လေဆိပ်ကြိုဆိုနေသူတွေကို ရှောင်ကွင်းပြီး လေဆိပ် VIP အခန်းကနေ
ခေါ်ထုတ်သွားတဲ့ အတွက် ကြိုဆိုသူတွေနဲ့ လွဲသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း
ဦးနိုင်ဟံသာနဲ့ ဒုဗိုလ်မှူးကြီးကျော်ဟန်တို့ဟာ လေဆိပ် အ၀မှာ ကြိုဆိုနေတဲ့
ရခိုင်အမျိုးသား အမျိုးသမီးတွေဆီကို လာရောက်နုတ်ဆက်ခဲ့ကြပါတယ်။
ကြိုဆိုနေကြတဲ့ ရခိုင်အမျိုးသမီးတွေကတော့ ပန်းစည်းတွေကို
ပေးအပ်ခဲ့ကြပါတယ်။
အဖွဲ့ခေါင်းဆောင်ဦးနိုင်ဟန်သာကတော့ သူတို့အဖွဲ့ဟာ လောခီးလာ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကနေ ထွက်ရှိလာတဲ့
ဆုံးဖြတ်ချက်တွေကို အစိုးရကို တင်ပြထားတဲ့ အတွက် ဒီအပေါ်မှာ အစိုးရရဲ့
တုန့်ပြန်မူတွေ ဘယ်လို ရှိမလဲဆိုတာကို လာရောက်နားထောင်တာ ဖြစ်တယ်လို့
ပြောဆိုသွားပါတယ်။

သူတို့အဖွဲ့မှာ
ကိုယ်စားလှယ် ၁၂ ဦး ပါဝင်မှာ ဖြစ်ပြီး ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ
အစိုးရတာဝန်ရှိသူတွေ၊ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့
တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာတော့
နိုင်ငံခြား သံတမန်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက်က ခေါင်းဆောင်တွေနဲ့
တွေ့ဆုံ ဆွေးနွေး သွားမယ်လို့ ပြောပါတယ်။
နိရဉ္စရာ-
No comments:
Post a Comment