လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

3/11/2014

ပိုးအိမ်နားက သဇင်ပန်းချေ ဘဝ

ပိုးအိမ်နားက သဇင်ပန်းချေ ဘဝ


အို...မောင်ကြီးသျှင်ရို့

ဥသြငှက်ချေတိလေ့ ရီချေကိုသောက်

လောက်ထိုးထားရေ သစ်ပင် အခြောက်ချေ အောက်က

မလှပရေ သဇင် ပန်းခြောက်ချေရို့၏ အဖြစ်ကို

အို..အို..ဆိုပနာ ရောက်နီကတ်တေ နရာချေတိက

ယောင်ပြီးကေ တခါ လာဖူး ကတ်ပါယင့်လား

သတိတရ လမ်းချေထက်က............

အိုမောင်ကြီးသျှင်ရို့

ပျောက်ခြင်း မလှ တယောက်ပြီး တယောက် ပျောက်

ဇာတိကို ရောက်နီ ကတ်ပါလည်း

ထိုဖက် ကုလား ဒေဖက် အောက်သား

လှောင်ရယ်သံတိ ကြားမှာ

နာကြင်နီရေ ရင်ချေကို ကွဲအောင်ထုပြီး

ဝေတနာ တထွီးနန့် အနာကြီးရေ ဒေ မျက်ရည်ချေတိကြောင်း

ပြောချင်ပါယင့် မောင်ကြီးသျှင်ရို့က အထီးကျန်ရေလို့ ဆိုကေ

“အမ“ကျန်နီရေ မေထွီးချေရို့၏ အဖြစ်ဆိုးကို

အို...ဟောင်းနီရေ သီအိုရီချေကို ကိုင်

မှိုင်ပြီး ကြည့်မနီကတ်ပါကေ့ မောင်ကြီးသျှင်ရို့.................

အို..မောင်ကြီးသျှင်ရို့

ဘာသာနန့်အမျိုး သာသနာ အကျိုးတွက် ကိုယ်ကျိုးစွန့်ဖို့

အားကောင်းရေ အတောင်ချေတိကိုတပ် ပျံလားကတ်ယင့်ထော

လီဟုန်ချေ စီးပြီး အဝီးကြီးကို

လိုရာတိကိုရောက် ဦးတည်ချက် ပျောက်ပြီး

ရမ္မက်အဖေါ်နန့် ဘီယာနန်းတော် ထက်မှာ

အဖေါ်စုံရေ အပျော်ချေတိနန့် နဗန်းချေ လုံးပြီး

အဖေါ် မဟိ အထီးကျန်ရေလို့ အော်သူကအော်

အမျိုးချစ်ကြောင်း လှပရေ စာတန်းချေတိကို ကိုင်

ထိုယိုင် ဒေယိုင်နန့် ယိုင်ပနာ

မျိုးခြားသူကို လက်ထပ်လားစွာက တမျိုး

တထွာဝမ်းချေကို အလိုတော်ဖြည့်ဖို့

မြင့်မြတ်တေ သဇင်ပန်းချေကို ကိုင်ပြ

မလှပရေ အသက်ရှူခြင်းတိနန့်

အသက်ရှူနီကတ်တေ လူတိက တဖုံ

အမျိုးမျိုး အဖုံဖုံ တိကြား

အသက်ရှူ မဝရေ အဖပြည်ကြီးနန့်

ကမ်းနားသစ်ပင်“အမ“ကျန် မေထွီးချေရို့၏ အဖြစ်

ရင်ထုပြီး ကျလာရေ ဒေ ကြွီကွဲမျက်ရည်စက်တိကို

မောင်ကြီးသျှင်ရို့၏ လက်ချေတိက ဇာခါသုတ်ဖြစ်ပါဖို့လည်း..................

အို..မောင်ကြီးသျှင်ရို့

ဒေဝေတနာ အမြိုက်ချေပြတ်ဖို့ ဒေ ဆီးချေတခွက်က

လှပညီညာရေ ခြီလှမ်းချေတိနန့် မောင်ကြီးသျှင်ရို့၏အား

အားကောင်းရေ ဒေ ဆီးပေါင်းချေ တခွက် သောက်ခွင့်ရဖို့

မျှော်လင့်ခြင်း ရောင်နီဦး အလင်းတန်ထက်

လှပရေ သဇင်ချေကိုပန် ဟိန်းနီရေ ဗဟိုရ် စည်သံကြီးနန့်

မီးခွက်ချေ ကိုင်ထားရေ မေထွီးချေရို့၏ လက်

ကကောင်းကြီး မျှော်နီပါဗျာလ်ထော

မောင်ကြီးသျှင်ရို့ ပြန်လာဖို့ ရက်ချေကို...............၊၊

လေးစားစွာဖြင့်   
................ 

အစ်မချေ  လှလေးနွယ်  (တတမ်းချေ  ပြောစရာရှိရေ fbမှာ
Taw Thu May နှာမည်နှင့် ပုန်းနီရေ လူတယောက်ကို သတိမပီးချင်လို့ ပါလတ်

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ