လင်း လင်း


လမ်းမှားလို့ ရောက်လာကတ်တေ ရခိုင်သူရခိုင်သားလို့  အပြုံသဘောနှင့် ကြိုဆိုနီပါရေ ကျားနက်ကန်သားချေ ဇေယျာ

3/11/2014

ရွာမအထကတွင် ဆယ်တန်းဖြေမည့် ကျောင်းသားတစ်ဦးထံမှ ငွေငါးထောင်စီကောက်ခံမူ အမြင်မတူမူများ ပေါ်ပေါက်

(၁၁ မတ်လ ၂၀၁၄) / တင့်ဆွေမောင် Wrama-school-Arakanရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမ အထက်တန်းကျောင်းတွင် ဆယ်တန်းစာမေးပွဲ ဖြေကြမည့် ကျောင်းသားများထံမှ တစ်ဦးလျှင် ကျပ် ၅၀၀၀ ထောင်ကျစီ ကောက်ယူမူ အပေါ် ကျောင်းသားမိဘများအကြား အမြင်မတူ သဘောထား ကွဲလွဲမူများ ပေါ်ပေါက်နေသည်ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာကို ပြောဆိုသည်။
“ ဒီစနစ်ကြီးက ဟိုအရင် န၀တ၊ နအဖ ခေတ်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာပါ။ ဒါကို ခုအချိန်ထိ ကျင့်သုံးနေပါတယ်။ ဒါကို တားမြစ်ပေးစေချင်ပါတယ်” ဟု အမည် မဖေါ်လိုသူ ကျေးရွာသား တစ်ဦးက ပြောသည်။
ကျောင်းသား တစ်ဦးစီမှ ကျပ် ငါးထောင်စီကို စာမေးပွဲ ဖြေဆိုရန် အတွက် ဖေါင်ထုတ်ပေးစဉ် ကောက်ခံသည်ဟု သူက ပြောဆိုသည်။
ယခုကဲ့သို့ ကောက်ခံနေမူမှာ မိမိတို့နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ရွာမ အထက လက်ရှိ တာဝန်ခံ ဆရာမ စောစန္ဒာသန်းက ပြောသည်။
“ ဒါက ကျွန်မတို့နဲ့ တစ်စုံတစ်ရာ ပတ်သက်မူ မရှိပါ။ ကျွန်မတို့မှာ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းတွေလည်း ရှိပါတယ်။ ဘာကြောင့် ကောက်တယ်ဆိုတာလဲ ကျွန်မတို့နဲ့ သက်ဆိုင်မူ မရှိတဲ့ အတွက် မပြောနိုင်ပါဘူး။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကိုသာ ဆက်သွယ်မေးကြည့်ပါ” ဟု သူမက ဆိုသည်။
ရွာမ အထက ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးကိုကြီးမှ ယခုကဲ့သို့ ငွေကောက်ခံရခြင်းမှာ အစိုးရဆီမှ ထုတ်ပေးသော ငွေနှင့် မလုံလောက်သဖြင့် လိုအပ်သည့် နေရာများတွင် အသုံးပြုရန် ကောက်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“ ကျွန်တော်တို့က ဆယ်တန်း စာမေးပွဲ စစ်တဲ့ အခါ အထက်က လူကြီးတွေ လာတဲ့ အခါ ဧည့်ခံ ကျွေးမွေးရပါတယ်။ လုံခြုံရေး ယူပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ကျွေးမွေးရပါတယ်။ မေးခွန်းသွားထုတ်တဲ့ အခါလည်း ခရီးစရိတ် ကုန်ကျမူတွေ ရှိပါတယ်။ ဒီလို လိုအပ်တဲ့ ငွေတွေကို ဘယ်သူကမှလည်း ထည့်ဝင် လှူဒါန်းတာ မရှိတဲ့ အတွက် ကျောင်းသားတွေဆီက ငွေကောက်ခံရတာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျောင်းသား မိဘတွေက ကြည်ကြည်ဖြူဖြူနဲ့ ထည့်ဝင်ကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သို့သော်လည်း ယခုကဲ့သို့ ဆယ်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား တစ်ဦးစီမှ ကျပ်ငွေ ၅၀၀၀ ကျစီ ကောက်ခံမည်ကို ကျောင်းသားမိဘ အများစုနှင့်မူ တိုင်ပင် ညှိနိုင်းမူများ ပြုလုပ်ခဲ့ခြင်း မရှိဟု ဦးကိုကြီးက ဆိုသည်။
“ ကျွန်တော်တို့ ဒီိလို တိုင်ပင်တာတော့ မရှိဘူး။ အဓိက လူကြီး ၂၀ ခန့်က အစည်းအဝေး လုပ်ပြီး ဒီလို ကောက်ခံကြဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးအတွက် အဆင်ပြေအောင်လုပ်တာကို မနာလိုတဲ့ လူတစ်စုက တိုင်းတန်းတာပါ” ဟု သူက ပြောသည်။
ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကျင်းပမည့် ဆယ်တန်းစာမေးပွဲတွင် ရွာမ အထက်တန်းကျောင်းတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာ ၄၁၉ ဦးရှိကြောင်း သိရသည်။          နိရဉ္စရာ-

No comments:

Post a Comment

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ