
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်၏ မြန်မာ ခရီးစဉ်တွင် အဖွဲ့ဝင် ၃၂ ဦး လိုက်ပါလာမည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။
သူမ၏ ယခု ခရီးစဉ်သည် ဒုတိယ သက်တမ်း ရွှေးကောက်ခံရပြီးနောက် ပထမဆုံး ပြုလုပ်သော ပြည်ပ ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) အဖွဲ့သည် မြန်မာ၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလာဒေခ်ျ့၊ ထိုင်းနိုင်ငံ၊ ဘူတန်၊ သိရိလင်္ကာ နိုင်ငံ (၇) ခုဖြင့် ဖွဲ့စည်းထားသော နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်သည် မြန်မာ၊ ဘူတန်နှင့် နီပေါနိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးပွဲ ပြင်ပတွင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များကို သီးသန့် ဆွေးနွေးသွားမည်ဟု သိရသည်။ နိရဉ္စရာ-
No comments:
Post a Comment