အိမ်နီးချင်းနိုင်ငံ
နှစ်ခုမှ ဘ၀တူ ညီအစ်မ နှစ်ဦးပါဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား တင်စားပြောဆိုသူ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်
ရှိတ်ဟာဆီးနာသည် သူမ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံသွားမည်ဟု သိရသည်။
ထိုသို့ တွေ့ဆုံမည်ကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင်
နာမည်ကြီးသတင်းဌာနတခုဖြစ်သည့် BD News24 အွန်လိုင်းစာ မျက်နှာတွင်
ဘင်္ဂလီဘာသာဖြင့် ယနေ့ ရေးသားဖေါ်ပြသည်။“ တနင်္လာနေ့ညနေ ၄ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီးနာတို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု သတင်းက ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖခင် ရှိတ်မူဂျီဘူရာဟာမန်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လွတ်လပ်ရေး ဖခင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာ့ လွတ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်။
ယင်းပြင် သူမ၏ ဖခင် ရှိတ်မူဂျီဘူရာဟာမန်သည် လွတ်လပ်ရေး ရပြီး (၄) နှစ်အကြာ ၁၉၇၅ ခုနှစ် သြဂတ်စ်လ ၁၅ ရက်နေ့တွင် မသမာသူ စစ်ဗိုလ်တစ် တစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း လွတ်လပ်ရေး မရမီ တနှစ်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ၁၉၉၁ ခုနှစ်က သူမ အတိုက်အခံ ခေါင်းဆောင်ဘ၀နှင့် ရှိနေစဉ် ၈၈ အရေးအခင်းကြောင့် ဘင်္ဂလာသို့ ထွက်ပြေးလာကြသူ ရခိုင်ပြည်နယ် ကျောင်းသား လူငယ်များနှင့် ဒက္ကားမြို့ သူမနေအိမ်တွင် တွေ့ဆုံစဉ် “ ဒေါ်အောင်ဆန်းစုကြည်မှာ မိမိနှင့် ဘ၀တူ အိမ်နီးချင်းနိုင်ငံ နှစ်ခုမှ ညီအစ်မ နှစ်ဦးပါ” ထုတ်ဖေါ်ပြောကြားခဲ့သည်။
ထိုအချိန်က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်မြို့တွင် အကျယ်ချုပ်ဘ၀ဖြင့် ထိန်းသိမ်းခံနေခဲ့ရသည်။ နိရဉ္စရာ-
No comments:
Post a Comment