ငါ့စကားဝယ်၊ ၀ိုးဝါးမပီ
မုန်တိုင်းမှီ၍၊ လှိုင်းဒီသံနှော
ခက်မာကြောစွ၊ သဘောထိုသို့ 
အသင်တို့ က၊ နှစ်မြို့ မရှိ
ကဲ့ရဲ့ ဘိလည်း၊ ပျောင်းအိငြိမ့်လှ
ဗေလုဝသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ....။
*
ငါ့စာပေ၀ယ်၊ မြေရိုင်းရုန့် ရင်း
တောင်ကျင်းပြောပြော၊ တောတိနက်ရှိုင်း
အလွန်ရိုင်းစွ၊ မနှိုင်းအပ်ရာ
နှိုင်းစရာကို၊ ရှာကြံသင်တို့ 
အပြစ်ဖို့ လည်း၊ ပျို့ ပျို့ သြဇ
နသုဒ္ဓသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ...။
*
ငါ့မြေချာဝယ်၊ လဟာသောင်ကျယ်
စိုက်ခွင်းကျယ်၍၊ ချစ်ဖွယ်သာယာ
ကင်းဝေးကွာစ၊ တန်ရာတန်ဖိုး
မသိနိုးသူ၊ သင်ညည်းညူလည်း
သူဇာ့သခင်၊ စိုးစံရွှင်ပ
အမရသို့ ၊ ငါ့တွင်ချမ်းမြ
သာလေစွ...။။
*****
အောင်စုံ
မှတ်ချက်။ ။ ၁၉၆၀ ခုထုတ် ရန်ကုန်တက္ကသိုလ် ရခိုင်တန်ဆောင်ရဲ့  အဖွင့်ကဗျာ
Saturday, May 29, 2010
တောတောင်စိမ့်စမ်း
မိုးသောက်ပန်းသို့ ၊ တင့်ဆန်းလှပ
ရွှီရိုးမနှင့်၊ ဓညကမ်းခြီ
လခြမ်းမြီမှာ၊ ဝတီလေးရပ်
ပေါင်းစပ်တည်ထား၊ သွီးမခြားဘဲ
စည်ကားခလီ ဓညတီ ။
မိုးသောက်ပန်းသို့ ၊ တင့်ဆန်းလှပ
ရွှီရိုးမနှင့်၊ ဓညကမ်းခြီ
လခြမ်းမြီမှာ၊ ဝတီလေးရပ်
ပေါင်းစပ်တည်ထား၊ သွီးမခြားဘဲ
စည်ကားခလီ ဓညတီ ။
*ကျွန်ရို့ ဌာနီ
လေးဝတီမှာ၊ ဇာတီပုထိုး
ကျုံးမြို့ ရိုးနှင့်၊ ပြအိုးစုံညီ
ရှေးအမွီနှစ်၊ ကျောက်ဆစ်လက်ရာ
မော်ကွန်းလွှာသည်
ကမ္ဘာတလွှား၊ ထင်ကျော်ကြား၏ ။
လေးဝတီမှာ၊ ဇာတီပုထိုး
ကျုံးမြို့ ရိုးနှင့်၊ ပြအိုးစုံညီ
ရှေးအမွီနှစ်၊ ကျောက်ဆစ်လက်ရာ
မော်ကွန်းလွှာသည်
ကမ္ဘာတလွှား၊ ထင်ကျော်ကြား၏ ။
*ကျွန်ရို့ နီထိုင်
ပြည်ရခိုင်မှာ၊ ဘာသာလူမှု
ယဉ်ကျေးမှုနှင့်၊ မုနိရှင်တော်
ထင်ရှားကျော်ကြောင်း၊ ဂူကျောင်းပုထိုး
မျိုးမျိုးရီု့ ၊ လက်ညှိုးမလွဲ
တည်ရှိဆဲပင်၊ ထူးကဲဂုဏ်ဆောင်
ဗုဒ္စရောင်ဝါ၊ ထွန်းလင်းဖြာသည်
ပြည်သာယာကြောင်း၊ ကျွန်ဆုတောင်းလျက်
ရိုးမသက်သီ၊ လေးဝတီ
အီးချမ်းပါဇီ၊ ဓညဝတီ ။
ပြည်ရခိုင်မှာ၊ ဘာသာလူမှု
ယဉ်ကျေးမှုနှင့်၊ မုနိရှင်တော်
ထင်ရှားကျော်ကြောင်း၊ ဂူကျောင်းပုထိုး
မျိုးမျိုးရီု့ ၊ လက်ညှိုးမလွဲ
တည်ရှိဆဲပင်၊ ထူးကဲဂုဏ်ဆောင်
ဗုဒ္စရောင်ဝါ၊ ထွန်းလင်းဖြာသည်
ပြည်သာယာကြောင်း၊ ကျွန်ဆုတောင်းလျက်
ရိုးမသက်သီ၊ လေးဝတီ
အီးချမ်းပါဇီ၊ ဓညဝတီ ။
*
ဟိန်းထက်ဇော်
ဟိန်းထက်ဇော်
မိဝေးဖပျောက် .. နောက်ရောက်နေသူ
ရခိုင်မူတို့  .. အယူတစ်ခြား
သူများအောက်ရောက် .. မြေတောင်မြှောက်သူ
ပေါင်းရှင်းသူလည်း ရှာမတွေ့ ..။
*
ခုဓလေ့မူ .. အတိတ်အယူနဲ့ ခြားနား
ယင်းစားပြန်မရ .. မူရင်းဘ၀နဲ့ ဝေးကွာ
အနေကြာလာရင် .. ဆွေးရိသွားတဲ့အရာလို
တစ်စတစ်စနဲ့  .. ယိုယွင်းသွားတော့မှာလား...
ရင်မှာခံစားမိစဉ် .. နာကြင်သိလား...
လက်လျှော့ခြင်းလား .. ခွဲခြားမရ
ဘ၀နဲ့ ထိုက်တန် .. တန်ရာ တန်ရာ
( အဖြေကတော့ ) သေချာသလောက်ဖြစ်နေပြီ..။
*
ဒီအဖြေကို ဒို့ ပြောင်းလဲ
နှောင်းခဲ့တာတွေကို နောက်ချန်
အမှန်အဖြေကို ထပ်ရွှေး
မှားနေသေးတယ်ထင်ရင် ထပ်ပြင်
အရင်က ဒို့ များရဲ့ ဘ၀ဟာ
နောက်များ မကျသေးပါဘူးနော...။။
*
ကောတုံကရစ်သား ( ဘင်္ဂလားကမ်းခြေ )
ဒုတ်တပြတ် ဒါးတပြတ်
အတ္တအစွယ် တလတ်လတ်နန့် 
မျော်လင့်ချက် ပြက္ခဒိန်တိကိုမွားစား
ရပ်တည်မှု ဗြားစားနီရေကာလမှာ
ဘောရိသာတ ဂေါင်းပေါင်းကိုပေါင်း
တဖက်စောင်း မျက်နှာစိမ်းနန့် 
ရက်လွန်အပြုံးတုတိကို လိမ်းကျံ
ဟန်ပြင်ခံ ချိုးကျကျဝတ်
ဒီဇိုင်းခတ်စကားတိ မပြတ်ဆို
ဝမ်းစာမလိုရေ အရုပ်ကြီးတစ်ရုပ် ။
*
ဘီယာကုလားထိုင်ထက် ငုတ်တုပ်ထိုင်
သူ့ အလုပ်စွာ စတိုင်ဆိုယင့်
အိုင်တိန် တခြင့်ခြင့်ခြင့်
“ ရက္ခိတ ” ဆိုစွာ ဇာယှင့်လဲ မီးရေသတ္တ၀ါ
ကိုယ်အဘာအမိ အမှန်းမသိရေသတ္တ၀ါ
ငါ ဇာသူဆိုစွာပင် မသိ
အဆင်ခြင်မဟိ မျက်စိနှိပ်ထားရေ သတ္တ၀ါ
ဖြားရွှန်းငါးပိုင် ရီပေါ်စား
ကပ်ဖားနှပ်ဖားခံ
ဖြားသတ်လမန် နှစ်ဖက်ခွန်
ဖေါက်ပြန်လွယ်ရေး သတ္တ၀ါ
အေသတ္တ၀ါတိကို
အသေအချာ ဆန်းစစ်
အမျိုးနွံမနစ်ဖို့  အလေးပြု
အမျိုးနွံမနစ်ဖို့  အလေးပြု...။။
*
နီရိုင်းနီ ( တောင်ရင်းကျွန်း )
မိုးကိုကြည့်လို့ 
မြင့်သည့်အာကာ၊ ထက်ဝဠာကို
စိတ်မှာကြောက်ရွံ့ နီရေလား...။
ငှက်ချေအရွယ်၊ ငယ်ပင်ငယ်လေ့
လေစွယ်ပြင်းထန် ထက်မိုးယံမှာ
အားမာန်ခဲပနာ ပျံရေဗျာယ်...။
မြီကိုကြည့်လို့ 
ကျယ်သည့်မြေလွှာ၊ မြီကမ္ဘာကို
စိတ်မှာတုန်လှုပ် နီရေလား...။
ကြွက်ချေအရွယ်၊ ငယ်ပင်ငယ်လေ့
ကြီးကျယ်ပံသု၊ မြီသားထုကို
ဥမင်ဖေါက်ပနာ ပြီးရေဗျာယ်...။
ရီပြင်ကြည့်လို့ 
ထန်သည့်လှိုင်းဖြာ ပင်လယ်ပြာကို
စိတ်မှာချောက်ချား နီရေလား...။
ငါးချေအရွယ်၊ ငယ်ပင်ငယ်လေ့
ပြောကျယ်မာန်ဆင်၊ သမုဒ်ပြင်ကို
စွမ်းအင်ပြပနာ ကူးရေဗျာယ်...။
အို... အမောင်
ယောင်ဝီ၀ိုးဝါး၊ တောင်လား မြောက်လား
စိတ်ထားအားငယ်၊ နွမ်းနယ်မဟိ
သတ္တိကိုသွီး၊ မျိုးမာန်မွီးဗျာယ်
အီးငြီမ်းသာယာ ကိုယ့်ပြည်ရွာမှာ
တာဝန်ကိုယ်ငှ ကျီကတ်စီ
မြီကမ္ဘာချစ်လို့  တီဖြစ်လီ...။။
*
ညိုဘန်း ( လေးဝတီ )
ဥသြရီသောက်
ဝင်မွှီနှောက်လည်း
မပျောက်ကျန်ခ၊ မျိုးဗီဇနန့် ..။
*
သဇင်ပန်းခိုင်
တမြိုင်မြိုင်လေ၊ တည်ခိုင်မြဲမြံ
မဖေါက်ပြန်ပဲ၊ နက်ဖန်များစွာ
ကမ္ဘာတည်သရွေ့ ၊ သို့ တိုင်ထိလေ..။
*
အမျိုး၏ဂုဏ်
သီလဂုဏ်ရို့ ၊ ခိုလှုံတည်မြဲ
ခိုင်မတ်ဆဲလေ..။
*
" မြီချစ် "
သွီးသစ်သမိုင်း၊ ဂုဏ်မရိုင်းဖို့ 
ဆနှိုင်းနိုးကြွ၊ မျိုးဗီဇနန့် 
ဘ၀တည်ရပ်၊ မျိုးမြင့်မြတ်မှ
နာဂါတ်ကမ္ဘာ၊ ထည်ဝင့်ဝါလိမ့်
' ငါနန့် ငါသာ ငါများစွာ '
ညီညာတူပြိုင်၊ တည်မတ်ခိုင်မှ
သာယာစွလေ.. သာစွလေ
ဖရခိုင်ပြည် မြိုင်စိမ့်လေ...။။
*
မြတ်စော ( ရခိုင်ပြည် )
ရက္ခမဏ္ဍိုင်၊ ပြည်ရခိုင်မာ
ဝမ်းစာစပါး၊ သားငါး ပုဇွန်
သယံဇာတ၊ ပြည်စုံကြ၏..။
*
မြတ်ဗုဒ္ဓမွီ၊ ဓါတ်စေတီရို့ 
ကိန်းဝပ်စံပျော်၊ တောင်များပေါ်မှာ
ဖူးမျှော်မဆုံး၊ ထုံးဖြူဖွေး၏..။
*
သို့ သော်တမူ၊ တချို့ လူများ
စိတ်မှားဝင်ရောက်၊ စေတီဖေါက်ချိုး
ပုထိုးကိုမွှီ၊ ရွှီငွီ ရတနာ
ရှာဖွေလာ၏..။
*
အော်... တထပ်စာကိုမြင်၊ ဆင်ခြင်နည်း၍
ရှီးကလက်ရာ၊ သာသနာကို
ညှာတာကင်းဝီး၊ ဖျက်စီးလီက
ကာလမကြာ၊ ရိုးရာကွယ်ပျောက်
အမျိုးပျောက်လို့ ၊ ဇာရောက်လားဖို့ 
စိုင်းစားကြည့်လျင်၊ ယင်းအမြင်ကို
အမှန်ပြင်ဖို့ ... သင့်နီဗျာယ်...။။
*
ခိုင်ချစ်သန်း ( ဖရုံကာကျွန်း )
No comments:
Post a Comment