Pages

2/25/2014

တတိယနေ့မြောက် MSF ကို စစ်တွေတွင် ဆန္ဒပြ


( ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄)
Protest-against-MSF-AZG-Arakan
နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF (ခေါ်) AZG ရခိုင်ပြည်မှ ထွက်သွားရေး အတွက် သုံးရက်မြှောက်နေ့ ဆန္ဒပြပွဲကို စစ်တွေမြို့တွင် ယနေ့ ဆက်လက် ဆင်နွဲနေသည်ဟု သိရသည်။
ယနေ့ နေ့လယ် တစ်နာရီက စတင်ခဲ့သော ဆန္ဒပြ ထိုင်သပိတ် တိုက်ပွဲကို ကျောင်းတက်လမ်းသွယ် တစ်ခုဖြစ်သော ဦးအောင်ထွန်းဦး လမ်း အတွင်းရှိ MSF ရုံးရှေ့တွင် ဆင်နွှဲနေကြသည်ဟု ဆိုသည်။
“ ပထမတော့ လူ၂၀၀ လောက်က ထိုင်သပိတ်ဆင်နွှဲနေတာပါ။ အခုတော့ နေရာပေါင်းစုံက ချီတက်လာပြီး ပေါင်းလိုက်တော့ အင်အားက ၁၀၀၀ နီးပါးခန့် ဖြစ်သွားပါပြီ” ဟု ဆိုသည်။
Protest-against-MSF-AZG
တူညီ တီရှပ်များကို ၀တ်ဆင်ထားသော ဆန္ဒပြတိုက်ပွဲ ဆင်နွှဲနေသူများသည် MSF/AZG ထွက်သွား၊  MSF/AZG အလိုမရှိ ကြွေးကြော်ကာ သပိတ်တိုက်ပွဲ ဆင်နွှဲနေသည်ဟု သူက ပြောသည်။
MSF/AZG သည် စစ်တွေမြို့အနှံ့အပြားတွင် ရုံးခွဲများ ဖွင့်လှစ်ထားသဖြင့် ဆန္ဒပြသူများသည် နေရာရွှေ့ပြီး တစ်နေ့ တစ်နာရီနုန်းဖြင့် ၎င်းအဖွဲ့၏ ရုံးရှေ့သို့သွားကာ  ဆန္ဒပြနေကြရသည်ဟု သိရသည်။
                                                   နိရဉ္စရာ-

No comments:

Post a Comment