Pages

2/26/2014

စစ်တွေ- အမြင့်ကျွန်းအနီး ဘတ်စ်ကားတိမ်းမှောက်၍ ခရီးသည် အများအပြား ဒဏ်ရာရ


( ၂၆ ဖေဖေါ်ဝါရီလ ၂၀၁၄)/ လင်းမြတ်
Sittwe,_new_clock_towerယနေ့နံနက်က စစ်​​တွေမြို့မှ ထွက်လာသော အောင်သစ္စာ ခရီးသည်တင် ဘတ်စ်ကားသည် အမြင့်​ကျွန်း အနီးတွင် တိမ်းမှောက်သွားသဖြင့် ယာဉ်မောင်း အပါအ၀င် ခရီးသည် (၇) ဦး ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။
အမြင့်ကျွန်းရဲစခန်းမှ ဒုရဲအုပ် နိုင်​လင်းမှ ယနေ့ နံနက်  ၆ နာရီ ၂၀ ​လောက်တွင် ကားတိမ်း​မှောက်​၍ ခရီးသည် (၇) ဦး ဒဏ်ရာ ရရှိသွားကြောင်းကို နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ ကားပေါ်မှာ ခရီးသည်​ ၁၁ ​ယောက်​ပါလာတယ်​။ ယာဉ်​​မောင်းအပါအ၀င်​ (၇) ​ယောက်​ဒဏ်​ရာရတယ်။ နောက်ထပ် အောင်သစ္စာကားတစ်စီး ရောက်လာပြီး အခု သူတို့ကို အဲဒီကားနဲ့ဘဲ ဆေးရုံကို ယူသွားပါပြီ” ဟု ဆိုသည်။
ကားဒရိုင်ဘာမှ ကားကို အရှိန်ဖြင့် ကွေ့ရာတွင် မထိန်းနိုင်​ဘဲ လမ်း​ဘေးကိုထိုးကျကာ တိမ်းမှောက် သွားသည်ဟု ဆိုသည်။နိရဉ္စရာ-

No comments:

Post a Comment