Pages

3/07/2014

OIC ဘင်္ဂလာဒေ့ခ်ျနိုင်ငံကို လာမည်

( ၇ မတ်လ ၂၀၁၄) / မောင်အေး Madani_OICOIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ် အဖွဲ့ တစ်ခုသည် မတ်လ ၄ ရက်နေ့တွင် မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိမည်ဟု သတင်း ရရှိသည်။
၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၅ ဦးပါဝင်မည်ဖြစ်ပြီး အိုင်ယက်အာမီမာဒါနီ ဦးဆောင်မည်ဟု ဘင်္ဂလာက သတင်းများတွင် ဖေါ်ပြသည်။
၎ ရက်ကြာမည့် သူတို့၏ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဘင်္ဂလားအာဏာပိုင်များက ထုတ်ဖော် ပြောဆိုသည်။
OIC ကိုယ်စားလှယ် အဖွဲ့အား ဦးဆောင်သူ အိုင်ယက်အာမီမာဒါနီသည် ဆော်ဒီနိုင်ငံသားဖြစ်ပြီး ယခုလက်ရှိ OIC အဖွဲ့အကြီးအကဲရာထူးကို လွန်ခဲ့သည့်နှစ် ဇန်န၀ါရီလက ရရှိလာသူ ဖြစ်ကြောင်း သိရသည်။
အိုင်ယက်အာမီမာဒါနီမှာ OIC အဖွဲ့အကြီးအကဲဖြစ်ပြီးနောက် ယခုဘင်္ဂလာဒေခ်ျ့  ခရီးစဉ်သည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သတင်းများက ဆိုသည်။          နိရဉ္စရာ-

No comments:

Post a Comment