Pages

3/02/2014

စစ်တွေကောလိပ် ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာ ပူဇော်ပွဲကျင်းပမည်

( ၂ မတ်လ ၂၀၁၄) Sittway University Sittwe Rakhine State Myanmar
စတုတ္ထအကြိမ်မြှောက် စစ်တွေ ကောလိပ် ကျောင်းသားကျောင်းသူဟောင်းများ၏ အာစရိယ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ မတ်လ ၂ ရက်နေ့ နံနက် (၉) နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ My Garden စားသောက်ဆိုင်တွင် စစ်တွေကောလိပ် ကျောင်းသူ ကျောင်းသားများ တွေ့ဆုံပွဲတွင် ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ကျောင်းသားဟောင်းတစ်ဦးက နိရဉ္စရာက ပြောသည်။
လာမည့် မတ်လ ၈ ရက်နေ့တွင် ရွှေတိဂုံ အရှေ့မုတ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ၎င်းအခမ်းအနားနှင့် ပတ်သက်ပြီး ပိုမိုကျယ်ပြန့်သော ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူဟောင်းများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊  ကျောင်းသား ကျောင်းသူဟောင်းများ အနေဖြင့် မဖြစ်မနေ တက်ရောက်ကြစေလိုကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။
စစ်တွေ ကောလိပ် အာစရိယ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေခဲ့သည်မှာ (၄) နှစ်ခန့် ရှိနေပြီဟု သိရသည်။          နိရဉ္စရာ-

No comments:

Post a Comment