Pages

3/10/2014

ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသော ရွှေ့ပြောင်းဒုက္ခသည်များသို့ အလှူငွေများလှူဒါန်း

( ၁၀ မတ်လ ၂၀၁၄) / တင့်ဆွေမောင်  ဦးနေစိုး                                 ၀၉၇၃၀၉၅၆၃၁  (ရန်ကုန်)
ရခိုင်ပြည်နယ်မောင်တောမြို့သို့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ခိုလှုံရန်ရောက်ရှိနေကြသော ရွှေ့ပြောင်း ဒုက္ခသည်များအတွက် တောင်ကုတ်မြို့မှ ဦးဘသိန်းမှ အလှုငွေ ကျပ် ၁၅ သိန်းကို လှူဒါန်းခဲ့သည်ဟု သိရှိရပါသည်။
အဆိုပါ အလှူငွေ ၁၅ သိန်းကျပ်ကို ၂၀၁၄ ခု မတ်လ ၆ ရက်နေ့က မောင်တောမြို့မှ ဦးခင်မောင်အေးအား ဆက်သွယ်လှူဒါန်းခဲ့သည်။ ထိုမှတစ်ဆင့် အလှူငွေများကို လက်ခံရယူပြီး အလှူပစ္စည်းများကိုဝယ်ယူပြီးသွားရောက်လှူဒါန်းခဲ့ကြောင်း ဦးခင်မောင်အေးက နိရဉ္စရာသို့ ပြောသည်။
အလှူပစ္စည်းများကို မောင်တောမြို့ လေးမိုင်ရှိအမှတ် ၂ ရဲတပ်ရင်းတွင်ခိုလှုံနေကြသော မိသားစု ၁၇ စု ၊ ကန်သာယာအလယ်ရွာဘုန်းတော်ကြီးကျောင်းတွင်ခိုလှုံနေကြသော မိသားစု ၂၅ စု ၊ ကင်းချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ခိုလှုံနေကြသော မိသားစု ၁၃ စု ကိုယ်ရင်လေးတစ်ပါး ၊ ကညင်ချောင်း ရဲကင်းတွင် ခိုလှုံနေကြသောမိသားစု ၁၇ စုတို့အား ၂၀၁၄ ခု မတ်လ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ အမျိုးသမီးလူမှုကူညီရေးအသင်း ( မြတ်လေးအဖွဲ့ ) မှ ဥက္ကဌ ဒေါ်ခင်ဦးတို့ ဦးဆောင်သော အဖွဲ့နှင့်အတူ ဦးခင်မောင်အေးကိုယ်တိုင်ကြီးကြပ်ပြီး သွားရောက်လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။
ဦးခင်မောင်သန်း                      ၀၉၃၁၀၅၉၆၉၇  (ရန်ကုန် )
အလှူပစ္စည်းများကို တစ်မိသားစုလျှင် ဆန်အိတ်တစ်ဝက် ၊ ဆီ ၁ လီတာ နှင့် ငွေသား ၅၀၀၀ ကျပ်စီ လှူဒါန်းခဲ့ကြသည်။
ထို့အပြင်နောက်ထပ်ကျန်ရှိနေသော ဒုက္ခသည်များအလှူဒါန်းနိုင်ရန်အတွက်လည်း စာရင်းများပြုစု ကောက်ယူကာ အလှူငွေများကိုလည်း ဆက်လက်ကောက်ခံရှာဖွေနေကြောင်း ဦးခင်မောင်အေးက ဆက်လက် ပြောသည်။
ဆက်လက်ပြီး ၄င်းရွှေ့ပြောင်းဒုက္ခသည်များအတွက် အလှူငွေများနှင့် အလှူပစ္စည်းများ လှုဒါန်း လိုပါက အလှူရှင်များအနေဖြင့် အောက်ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်း ရရှိသည်။
ဦးနေစိုး ၀၉၇၃၀၉၅၆၃၁ (ရန်ကုန်)
ဦးခင်မောင်သန်း ၀၉၃၁၀၅၉၆၉၇ (ရန်ကုန် )  နိရဉ္စရာ-

No comments:

Post a Comment