Pages

2/25/2014

မောင်တောမြို့နယ်တွင် ရဲစခန်း (၄)ခု ထပ်မံတိုးချဲ့မည်

(  ၂၅ ဖေဖေါ်ဝါရီ ၂၀၁၄) / မင်းဆက်ခိုင်
Police in Maungdaw
ရခိုင်ပြည်နယ် အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် နယ်မြေ ရဲစခန်း (၄) ခု ထပ်မံတိုးချဲ့မည်ဟု သိရသည်။
ရဲစခန်းများ တည်ဆောက်မည့် ကျေးရွာများသို့ တာဝန်ရှိသူများ ယမန်နေ့က သွားရောက်လေ့လာခဲ့ကြောင်း မောင်တောခရိုင်ရဲမှူးကြီး ဦးရွှေသန်းက နိရဉ္စရာသို့ ပြောသည်။
“ ရဲစခန်းတွေကို မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်၊ အလယ်သံကျော်၊ သရေကုန်ဘောင်ကျေးရွာနဲ့  မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျီးကန်းပြင်ကျေးရွာတွေမှာ တိုးချဲ့ ချသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရဲစခန်းတစ်ခုစီတွင် ရဲတပ်သား (၄၅) ဦးဖြင့် ဖွဲ့စည်းပုံပြည့်ချသွားမည် ဖြစ်ပြီး ခေတ်မှီလက်နက်များ တပ်ဆင်ရန်လည်း အထက်ကို တင်ပြထားကြောင်းသူက ပြောသည်။
ရဲစခန်းများတိုးချဲ့ရခြင်းသည် ဥပဒေစိုးမိုးမူကို ထိထိရောက်ရောက် ဆောင်ရွက်လို၍ ဖြစ်ကြောင်း သူက ဆိုသည်။
“  အဓိကတော့ တရားဥပဒေစိုးမိုးမူကို ထိထိရောက်ဆောင်ရွက်လိုတဲ့ အတွက် ဖြစ်ပါတယ်။ မောင်တောမြို့နယ် က ကျယ်ပြီး လူဦးရေထူထပ်တဲ့ အတွက် ရဲစခန်းတွေကို တိုးချဲ့ချထားခြင်း ဥပဒေစိုးမိုးရေးကို ထိထိရောက် ဆောင်ရွက်ဖို့ အတွက် ရည်ရွယ်ပါတယ်” ဟု သူက ဆိုသည်။
ရဲစခန်းသစ်များဖွင့်လှစ်ရန်အတွက် ရဲမှူးချုပ် တင်ကိုကိုဦးစီးလျှက် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံရေးကိစ္စ ရပ်များကို အလယ်သံကျော် အထက (ခွဲ) ကျောင်းခန်းမတွင် ယမန်နေ့က ဆွေးနွေးဟောပြော ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ယခင်က နစက တပ်ဖွဲ့မှ တာဝန်ယူခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် နစက တပ်ဖွဲ့၏ ပျော့ညံ့မူကြောင့် မလိုလားအပ်သော အကြမ်းဖက်တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သဖြင့် နစကကို ဖျက်သိမ်းပြီး နယ်စပ်လုံခြုံရေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။
မြန်မာရဲတပ်ဖွဲ့မှ နယ်စပ်လုံခြုံရေးကို တာဝန်ယူပြီးနောက် ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်းတွင် ပြသနာပေါ်ပေါက်ခဲ့ပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် နယ်မြေခံ ရဲစခန်း (၄) ခုကို သက်ဆိုင်ရာက တိုးချဲ့ရန် စီစဉ်လာခြင်း ဖြစ်သည်။
                                 နိရဉ္စရာ-

No comments:

Post a Comment