Pages

2/23/2014

ဘင်္ဂလာဒေ့ခ်ျ ၀န်ကြီးချုပ် ယနေ့ မြန်မာနယ်စပ်ကို လာမည်


(၂၃ ဖေဖေါ်ဝါရီ ၂၀၁၄)/ မောင်အေး
Prime minister Hasina visit Coxsbazar
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့သို့ ယနေ့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဝန်ကြီးချုပ်သည် ယနေ့ နေ့လည်ပိုင်းတွင် ဒက္ကးမြို့တော်မှ တဆင့် ရောက်ရှိမည် ဖြစ်သည်။
သူမသည် ကော့စ်ဘဇားတွင် တည် ဆောက်ထားသည့် နိုင်ငံတကာ ခရိတ်ကတ် Cricket အားကစားကွင်း၊ ကော့စ်ဘဇား နိုင်ငံတကာ တက္ကသိုလ် (International University) နှင့် မဟားဇိုးကျွန်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံအပါအ၀င် တခြား အဆောက်ဦး များကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
ယခု သူမ၏ ကော့စ်ဘဇား ခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပြုလုပ်သည့် ခရီးစဉ်အတွင်း သူမ၏ အစိုးရမှ ပြန်လည် တည်ဆောက်ပေးသော ရားမူး (ခေါ်) ပန်းဝါမြို့မှ ဗုဒ္ဓဘာသာ အဆောက်အဦးများကို ဖွင့်လှစ်ပေးခဲ့သည်။
၂၀၁၂ ခုနှစ် စက်တင်္ဘာ နောက်ဆုံးအပတ်က ရာမူးမြို့တွင် ဘာသာရေး အစွန်းရောက်သူများ၏ မီးရှို့ ဖျက်ဆီး တိုက်ခိုက်မူကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း ပျက်စီးခဲ့ရသည်။
ယခု ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ လာရောက်လည်ပတ်သော ကော့စ်ဘဇား ခရိုင်သည် အတိုက်အခံ ဘီအန်ပီ ပါတီ ကြီးစိုးသောနေရာဖြစ်ပြီး ဘာသာရေး အစွန်းရောက်သမားများ ခိုအောင်းရာ မြန်မာ နယ်စပ်နှင့်လည်း နီးကပ်သော နေရာဖြစ်သဖြင့် သူမ၏ ခရီးစဉ် အတွင်း လုံခြုံရေးကို အထူး တင်းကျပ်ထားသည်ဟု သိရသည်။
                                                     နိရဉ္စရာ-

No comments:

Post a Comment