Pages

2/26/2014

ဘင်္ဂလာဒေခ်ျ့ လူမျိုးရေး အဓိဂရုဏ်း ၆ ဦး ဒဏ်ရာရ၊ တစ်ဦးပျောက်ဆုံး


( ၂၆ ဖေဖေါ်ဝါရီလ ၂၀၁၄)
Chittagong_Hill_Tracts ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ခခါရာဆိုးရီးခရိုင် ဘူဂျောဆိုးရီတွင် ဘင်္ဂလီနှင့် သက်လူမျိုးများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ၆ ဦးဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ဘင်္ဂလီ ၄ ဦးနှင့် သက်အမျိုးသား ၂ ဦးဖြစ်ပြီး ပျောက်ဆုံးနေသူ တစ်ဦးမှာ ဘင်္ဂလီအမျိုး သား ဖြစ်ကြောင်း parbattanews.com သတင်းတွင် ဖေါ်ပြသည်။
ယမန်နေ့ နေ့လည်ပိုင်းက ခခါရာဆိုးရီမြို့တွင် ဘင်္ဂလီကျောင်းသားတစ်စုမှ ဒေသခံ သက်အမျိုးသား နှစ်ဦးကို တိုက်ခိုက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းက ပျောက်ဆုံးနေသည့် ဘင်္ဂလီတစ်ဦးကို ဘင်္ဂလီတစုက သက်အမျိုး သားများနေထိုင်သည့် ခရစ္စတန်ရွာအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ အဓိဂရုဏ်း  ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
                                                          နိရဉ္စရာ- 

No comments:

Post a Comment