Pages

2/09/2014

ရခိုင်ဆန် ပြည်ကို အဓိကတင်ပို့

ဖေဖေါ်ဝါရီ ၈ ရက်၊ ၂၀၁၄ ခု။
Rice Sack in Arakanပဲခူးတိုင်း ပြည် ကုန်စည် ဈီးကွက်ကို ရခိုင်ပြည် ရီထွက်ကုန်ပစ္စည်းတိ အဓိကတင်ပို့နိန်ရာကနိန် ဒေနှစ် နှစ်ဆန်း ပိုင်း လောက်က စလို့ဆန်ကို အဓိကထား တင်ပို့ နိန်ရရေလို့ လေးဝတီက သတင်းရဟိပါရေ။
အယင်က ရီထွက်ပစ္စည်း တိနန့် ဆန်းကို တွဲဘနာ တင်ပို့စော်ကနိန် ရီထွက် ကုန်ပစ္စည်းတင်ပို့မှု နည်း လာရေအတွက်ကြောင့်ရခိုင်ပြည် ကနိန်ပြည်ကိုလာကတ်တေ ကုန်တင်ကားတိရေ ရခိုင်ဖက်က ဆန်ကိုရာ ဦးစားပီးပို့လာကတ်တေလို့ ပြည်ပွဲရုံဒိုင်တိကတစ်ဆင့်သိရပါရေ။
ပြည်ဖက်ကနိန်ဘနာ ရခိုင်ပြည်ကို ပဲလုံး၊ ပဲခြမ်း၊ ထန်းညက်၊ ဆီးယို၊ ဆီးမှုန့်၊ စရေ ကုန်ပစ္စည်း တိကို တင်သွင်ပြီးကေ ရခိုင်ပြည်ဖက်ကတင်ပို့ကုန်ပစ္စည်းအနိန်နန့် ဆန်ကို အဓိက ထား တင်ပို့နိန်ရေလို့ သိရပါရေ။
“အယင်ကတော့ခါ ဗမာပြည်ဖက်ကို ရီထွက်ပစ္စည်းတိပို့ပါရေ။ အဂုတော့ခါ ပို့စရာ ပစ္စည်း တိက မဟိသလောက်ဖြစ်နိန်ပြီးကေ ကားသမားတိက သူရို့ကားတိအလာဟသ မဖြစ်ရအောင် ရခိုင်ပြည်ဖက်ကို အလာကို ယင်းဖက်က ကုန်ပစ္စည်းတစ်ချို့ကို သွင်းလာပြီးကေ ရခိုင်ပြည် ဖက်က ဆန်ကို အဓိကထား ပို့နိန်ရပါရေ။ အယင်ခါ တစ်ရက်ကိုကား ၅ စီးလောက် အလား အလာဟိပြီးကေအဂုတော့ခါတစ်ရက်ကိုတစ်စီးရာအလားအလာဟိပါရေ”လို့ တောင်ကုတ် အောင်သစ္စာ ကားဂိတ်က ကားဒရိုင်ဘာ ဦးကျော်မောင်က ဆိုပါရေ။
ရခိုင်က အဓိကထားတင်ပို့နိန်ရေ ဆန်က လုံးတီးသွယ်အမျိုးအစားဖြစ်ပြီးကေ တစ်လကို
ပျဉ်းမျှ အိတ် ၈၀၀ က နိန် ၁၀၀၀ ကြား တင်ပို့နိန်ရေလို့ သိရပါရေ။

လေးဝတီ   သတင်းမှကူးယူဖော်ပြသည် 

No comments:

Post a Comment